ရွေးကောက်ပွဲကို ကာကွယ်စောင့်ရှောက်တဲ့ အထူးဥပဒေတရပ်ကို စစ်ကောင်စီ ပြဋ္ဌာန်းဖို့ ရှိနေတယ်လို့ နိုင်ငံရေးပါတီတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
နိုင်ငံရေးပါတီတွေဘက်က အဲ့ဒီလို ဥပဒေ ပြဋ္ဌာန်းပေးဖို့ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံချိန်မှာ တောင်းဆိုခဲ့ကြတာလို့ ဆိုပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းမှာ စစ်တပ်ကို အားပေး၊ ထောက်ခံသူတွေ သတ်ဖြတ်ခံရမှုဖြစ်ရပ်တွေထဲ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေး ပါတီဝင် ၃၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ပါတီတာဝန်ရှိသူတွေက ထုတ်ဖော် ပြောဆိုထားပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ရွေးကောက်ပွဲဝင်ကြမယ့် နိုင်ငံရေးပါတီတွေအနေနဲ့လည်း စိုးရိမ်ချက် ကြီးကြီးမားမား ရှိနေကြတာဖြစ်ပါတယ်။
တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးမှာ ရှုံးနိမ့်နေပြီး နယ်မြေတော်တော်များများကို လက်လွတ်ထားရတဲ့ စစ်ကောင်စီအနေနဲ့လည်း ရွေးကောက်ပွဲ ကျင်းပဖို့ နယ်မြေလုံခြုံရေး ဆိုင်ရာ စိုးရိမ်ချက်တွေရှိနေတာပါ။
#မြန်မာ #ဧရာဝတီ #ရွေးကောက်ပွဲ #အထူးဥပဒေ #နိုင်ငံရေးပါတီ #လုံခြုံရေး #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR