• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်းဝန်ကြီးချုပ် ရာထူးဆိုင်းငံ့ခံရပြီးနောက် ဘာဖြစ်မလဲ

by ဧရာဝတီ
3 July 2025
in သတင်း
A A
ထိုင်းဝန်ကြီးချုပ် ရာထူးဆိုင်းငံ့ခံရပြီးနောက် ဘာဖြစ်မလဲ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့က ဘန်ကောက်တွင် ရာထူးမှ ဆိုင်းငံ့ခံရပြီးနောက် တွေ့ရသည့် ထိုင်းဝန်ကြီးချုပ် မစ္စ ပေတောင်တန် ရှင်နာဝပ် /AFP

1.4k
VIEWS
Share on FacebookShare on Twitter

အထက်လွှတ်တော်အမတ် ၃၆ ဦးက ထိုင်းဝန်ကြီးချုပ် မစ္စ ပေတောင်တန် ရှင်နာဝပ်ကို ဖြုတ်ချရန် တောင်းဆိုမှုကို ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက စဉ်းစားသုံးသပ်နေစဉ် သူ့ကို ဇူလိုင်လ ၁ ရက်နေ့တွင် ရာထူးမှ ဆိုင်းငံ့လိုက်သည်။

အသက် ၃၈ နှစ်အရွယ် ဝန်ကြီးချုပ် မစ္စ ပေတောင်တန် ရှင်နာဝပ်သည် မရိုးသားဘဲ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် ဖုန်းဆက်သွယ်မှု ပေါက်ကြားရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ကျင့်ဝတ်စံနှုန်း ချိုးဖောက်သည်ဟု အထက်လွှတ်တော်အမတ်များက စွပ်စွဲသည်။

ထိုင်းအစိုးရကို မည်သူ ဦးဆောင်မည်နည်း

ဝန်ကြီးချုပ်ရာထူးမှ ဆိုင်းငံ့ခံရစဉ် ဒုဝန်ကြီးချုပ်နှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး ဆူရီယာ ဂျွန်ဂရွန်ဂရုအန်ကစ်သည် အိမ်စောင့်အစိုးရခေါင်းဆောင် ဖြစ်လာသည်။

အသက် ၇၀ နှစ်အရွယ် ဆူရီယာသည် ထိုင်းနိုင်ငံရေးလောကသို့ ၁၉၉၀ ပြည့်နှစ်များက ဝင်ရောက်ပြီး ဝါရင့် ထိုင်းနိုင်ငံရေးသမားဖြစ်သည်။ အာဏာရ ဖွေထိုင်းပါတီ၏ ယခင်ပါတီ အပါအဝင် အစိုးရရာထူး နေရာအများအပြားတွင် ထမ်းဆောင်ခဲ့သည်။

ဒုဝန်ကြီးချုပ်နှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး ဆူရီယာ ဂျွန်ဂရွန်ဂရုအန်ကစ်သည် အိမ်စောင့်အစိုးရခေါင်းဆောင် ဖြစ်လာသည်/ Bangkok Post

တရားရုံးအမှုတွင် မည်သို့ ဖြစ်နေသနည်း

တရားရုံးက ဆုံးဖြတ်ချက် ချပြီးသည်အထိ မစ္စ ပေတောင်တန် တာဝန်ထမ်းဆောင်မှု ရပ်ဆိုင်းထားရန် အမိန့်ချသည်။ တောင်းဆိုသူများ၏ စွပ်စွဲချက်များကို တုံ့ပြန်ရန် တရားရုံးက ဝန်ကြီးချုပ်ကို ၁၅ ရက် အချိန်ပေးထားပြီး စီရင်မှု ဆက်လက်လုပ်မည်ဟု ကြေညာချက်တစောင်တွင် တရားရုံးက ပြောသည်။

ကြားကာလတွင် ပေတောင်တန် ဘာလုပ်နိုင်သနည်း

တရားရုံး၏ ကြေညာချက် မတိုင်မီ ဇန်နဝါရီလ ၁ ရက်နေ့ အစောပိုင်းက အစိုးရအဖွဲ့အတွင်း အပြောင်းအလဲ တစိတ်တပိုင်းအဖြစ် မစ္စ ပေတောင်တန်ကို ယဉ်ကျေးမှုဝန်ကြီး ခန့်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ရာထူးဆိုင်းငံ့ထားသော်လည်း ဇူလိုင်လ ၃ ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုသောအခါ သူသည် ဝန်ကြီးအဖြစ် အစိုးရအစည်းအဝေး တက်ရောက်နိုင်မည် ဖြစ်သည်။

ပါလီမန်က ဘာတွေ လုပ်နေသနည်း

ထိုင်းပါလီမန်ကို ဇူလိုင်လ ၃ ရက်နေ့တွင် ပြန်လည် ခေါ်ယူမည်ဖြစ်သည်။

မစ္စ ပေတောင်တန်၏ အာဏာရ ညွန့်ပေါင်းအစိုးရ အဖွဲ့ဝင်ဟောင်း ဘုမ်ဂျိုင်ထိုင်းပါတီက ဝန်ကြီးချုပ်နှင့် သူ့အစိုးရကို ဇူလိုင်လ ၃ ရက်နေ့တွင် အယုံအကြည်မရှိအဆို တင်သွင်းမည်ဟု ခြိမ်းခြောက်ထားသည်။

သို့သော် ဝန်ကြီးချုပ်ကို ရာထူးမှ ဆိုင်းငံ့ထားသောကြောင့် ထိုသို့ လုပ်ဆောင်ရန် မဖြစ်နိုင်တော့ပေ။ မည်သို့ဆိုစေ ထိုအဆိုတင်သွင်းမှု အောင်မြင်ရေးအတွက် ဘုမ်ဂျိုင်ထိုင်းပါတီသည် အကြီးမားဆုံး အတိုက်အခံပါတီ ပြည်သူ့ပါတီ (PP) ၏ ထောက်ခံမှု ရယူရမည်ဖြစ်ပြီး ပြည်သူ့ပါတီက ထောက်ခံမည့် သဘောထား မပြပေ။

အခြားအမှုများ ရှိ၊ မရှိ

လုပ်ပိုင်ခွင့် ကျယ်ကျယ်ပြန့်ပြန့်ရှိသော အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (NACC) ကလည်း ပေတောင်တန်သည် ဟွန်ဆန်နှင့် ဖုန်းပြောဆိုမှု ပေါက်ကြားခြင်းနှင့် ပတ်သက်သည့် ကျင့်ဝတ်ချိုးဖောက်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးနေသည်။

ထိုစုံစမ်းစစ်ဆေးမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးသို့လည်း တောင်းဆိုသည့် အထက်လွှတ်တော်အမတ် ၃၆ ဦးအပေါ် အခြေခံသည်။

အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးမှုကို မည်သည့်အချိန်တွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း ရှင်းလင်းစွာ မသိရသေးသော်လည်း ထိုအမှုသည် တရားရုံးချုပ်အတွက် နောက်ထပ် အမှုတခု ဖြစ်လာနိုင်ပြီး တရားရုံးချုပ်က မစ္စ ပေတောင်တန်ကို နိုင်ငံရေးမှ ပိတ်ပင်နိုင်သည်။

လူထုဆန္ဒပြပွဲများ

ပေတောင်တန် နုတ်ထွက်ရန် ဘန်ကောက်တွင် ဆန္ဒပြကြစဉ်/BBC

၂၀၂၃ ခုနှစ်တွင် ဖွေထိုင်းပါတီ အာဏာရပြီးနောက် အကြီးမားဆုံး လူထုဆန္ဒပြပွဲများ ဇွန်လ ၂၈ ရက်နေ့က ထိုင်းမြို့တော်တွင် ပြုလုပ်စဉ် လူထောင်ပေါင်းများစွာ ပါဝင်သည်။

မစ္စ ပေတောင်တန် နုတ်ထွက်ရန် တောင်းဆိုသည့် ဆန္ဒပြပွဲစီစဉ်သူများက သူ မနုတ်ထွက်ပါက ဆန္ဒပြပွဲများ အရှိန်အဟုန် မြှင့်တင်မည်ဟု ခြိမ်းခြောက်ထားသည်။

ဇွန်လ ၂၈ ရက်နေ့က ဆန္ဒပြပွဲကို ဦးဆောင်သူအချို့သည် မစ္စ ပေတောင်တန်၏ ဖခင် မစ္စတာ သက်ဆင် ရှင်နာဝပ်နှင့် အဒေါ်ဖြစ်သူ ယင်လတ် ရှင်နာဝပ်တို့ ဦးဆောင်သည့် အစိုးရများကို ဖြုတ်ချရာတွင် အခန်းကဏ္ဍတခုမှ ပါဝင်သည့် ဝါရင့်များဖြစ်သည်။

သက်ဆင် ဖိအားပေးခံနေရလား

ထိုင်းနိုင်ငံတွင် သြဇာအကြီးမားဆုံးဖြစ်သော်လည်း သဘောထားကွဲစေသည့် နိုင်ငံရေးသမားဖြစ်သော ဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်သည် ရာဇဝတ်တရားရုံးအမှုတခု ရင်ဆိုင်နေရပြီး ထိုအမှုတွင် သူသည် ၂၀၁၅ ခုနှစ်က မီဒီယာ တွေ့ဆုံမေးမြန်းမှုအတွင်း ဘုရင်စနစ်ကို ကာကွယ်သောဥပဒေ ချိုးဖောက်သည်ဟု စွပ်စွဲခံထားရသည်။

ထိုင်းနိုင်ငံသည် ဘုရင်စနစ်ကို ကာကွယ်သည့် အပြင်းထန်ဆုံးဥပဒေရှိ နိုင်ငံတခုဖြစ်ပြီး ဘုရင် မဟာ ဝဇီရာလောင်ကွန်းနှင့် မိသားစုကို အသရေဖျက်၊ စော်ကားမှု၊ ခြိမ်းခြောက်မှုအတွက် မည်သူ့ကိုမဆို ထောင် ၁၅ နှစ်အထိ ချနိုင်သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
2
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
7
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
13

ပြည်ပတွင် သွားရောက်နေထိုင်ပြီး ၂၀၂၃ ခုနှစ်တွင် နိုင်ငံသို့ ပြန်လာသောအခါ မစ္စတာ သက်ဆင်သည် ထောင်အစား ဆေးရုံတွင် ကာလကြာမြင့်စွာ နေထိုင်သည့် အမှုကိုလည်း တရားရုံးချုပ်က ကြားနာနေသည်။

ထိုအမှုစီရင်ချက်သည် အသက် ၇၅ နှစ်ရှိပြီဖြစ်သော မစ္စတာ သက်ဆင်ကို ထောင်ပြန်ချနိုင်သည်။

ကိုးကား ။ ။ Reuters သတင်း What’s next after Thai PM Paetongtarn’s suspension and who’s taking over?

You may also like these stories:

ထိုင်းဝန်ကြီးချုပ် ရာထူးက ယာယီ ဆိုင်းငံ့ခံရ (ရုပ်/သံ)

ထိုင်းဆန္ဒပြပွဲတွေထဲ ရွှေ့ပြောင်းလုပ်သားတွေမပါဖို့ သတိပေး (ရုပ်/သံ)

ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် ချောင်ပိတ်မိနေ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

မြန်မာ စစ်ရာဇဝတ်ကောင်ကို လက်မခံဖို့ ထိုင်းတွေတောင်းဆို (ရုပ်/သံ)

Your Thoughts …
Tags: NACCကမ္ဘောဒီးယားထိုင်းပေတောင်တန် ရှင်နာဝပ်ဖွေထိုင်းပါတီဖွဲ့စည်းပုံအခြေခံဥပဒေ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.4k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

Next Post
ရွေးကောက်ပွဲဝင်မယ့်ပါတီတွေကို တရုတ်ကွန်မြူနစ်ပါတီ ဆက်တိုက်ခေါ်တွေ့နေ (ရုပ်/သံ)

ရွေးကောက်ပွဲဝင်မယ့်ပါတီတွေကို တရုတ်ကွန်မြူနစ်ပါတီ ဆက်တိုက်ခေါ်တွေ့နေ (ရုပ်/သံ)

ပေါက်ခေါင်းတိုက်ပွဲအပြီး ရိုးမဖြတ်လမ်းများ စစ်ကောင်စီ ဖျက်ဆီး

ပေါက်ခေါင်းတိုက်ပွဲအပြီး ရိုးမဖြတ်လမ်းများ စစ်ကောင်စီ ဖျက်ဆီး

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved