• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပေါက်ခေါင်းတိုက်ပွဲအပြီး ရိုးမဖြတ်လမ်းများ စစ်ကောင်စီ ဖျက်ဆီး

by ဧရာဝတီ
3 July 2025
in သတင်း
A A
ပေါက်ခေါင်းတိုက်ပွဲအပြီး ရိုးမဖြတ်လမ်းများ စစ်ကောင်စီ ဖျက်ဆီး

ဖျက်ဆီးခံထားရသည့် ပေါက်ခေါင်း-အုတ်တွင်းမှ ကျေးရွာချင်းဆက်လမ်းများ/ CJ

1.8k
VIEWS
Share on FacebookShare on Twitter

ပဲခူးတိုင်း အရှေ့ခြမ်းနှင့် အနောက်ခြမး်ကို ဆက်ထားသည့် ပေါက်ခေါင်း – အုတ်တွင်း ရိုးမဖြတ်လမ်းပေါ်ရှိ စစ်တပ်စခန်းများ ပြီးခဲ့သည့် မေလနှင့် ဇွန်လက ပြည်သူ့ကာကွယ်ရေးတပ် (PDF)များ၏ တိုက်ခိုက်ခြင်းခံရပြီးနောက် ယခုအခါ စစ်ကောင်စီ က ပေါက်ခေါင်းမြို့နယ်တွင်းမှ ကျေးရွာချင်းဆက်လမ်းများကို မြေတူးစက်များဖြင့် ဖျက်ဆီးနေသည်။

မေလ ၁၀ရက်က ပေါက်ခေါင်း- အုတ်တွင်းလမ်းရှိ ကြက်မနက်စစ်တပ်စခန်းကို ဒေသခံ PDF တပ်များက ၄နာရီကြာ တိုက်ခိုက်၍ သိမ်းခဲ့ရာ စစ်တပ်ကလည်း ပေါက်ခေါင်းမြို့နယ်အတွင်း ရွာစဉ်လှည့် စစ်ကြောင်းထိုးသလို ရွာများကို မီးရှို့ပြီး နောက် ထိစပ်နေသည့် ပေါင်းတည်မြို့နယ်တွင်းပါဝင်၍ စစ်ကြောင်းထိုးသဖြင့် အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ခဲ့သည်။

ထို့နောက် ပြီးခဲ့သည့် ဇွန် ၃၀ ရက် ညနေက ပေါက်ခေါင်း-အုတ်တွင်းလမ်းပိုင်းရှိ နီပါးဆေးရွာနှင့် တောင်လည်ရွာကြား ဂွေးပင်ကုန်းနေရာနှင့် ဇူလိုင် ၁ ရက်၌ ညောင်ကုန်းနှင့် စမ်းကုန်းကျေးရွာ ကြားနေရာများကို တောင်လည်တာဝါတိုင် ရဲကင်းမှ ဗိုလ်ကြီး အောင်မြင့်မြတ် ဦးစီးပြီး ပေါက်ခေါင်း-အုတ်တွင်းလမ်းပိုင်းအား စက်ယန္တရားများဖြင့် ဖျက်ဆီးခဲ့ခြင်းဟု ဒေသခံများက ဆိုသည်။

“အဓိက မိန်းလမ်းကြီးပေါ့။ တောအရပ်ဘက်ကနေ မြို့ပေါ်ကိုတက်ပြီး ရောင်းရေးဝယ်တာလုပ်၊ တောထွက် ပစ္စည်းလေး တွေ၊ ဟင်းသီးဟင်းရွက်ကလေးတွေကအစ ဈေးသွားဘာညာလုပ်နေတဲ့လမ်းပါ။ ပြောမယ်ဆိုရင် တောင်ပေါ်ထိ သွားတဲ့ လမ်းပိုင်းပေါ့၊ ဘတ်ဟိုးတွေနဲ့ ကုတ်သွားတာ။ လမ်းပိုင်းကြီးက အရမ်းရှည်လွန်း တော့ တကယ့်အဓိကျတဲ့နေရာတွေကို ပိတ်ဖျက်သွားတာ” ဟု နီပါးဆေးဒေသခံတဦးက ပြောသည်။

ထိုသို့ လမ်းပိုင်းဖျက်ဆီးမှုများကြောင့် ပေါက်ခေါင်းမြို့နယ်တွင်းမှ နီပါးဆေး၊ ညောင်ဝန်း၊ ပေါ်လံကြီး၊ ဘော်ဒါ၊ ဂုံမင်းခုံ၊ လှည်းကူး၊ ကောင်းစီ၊ ကျောက်ပြင်သာ၊ ဖလံပင်၊ ဂျင်းစိမ်း၊ လယ်တီ၊ တောင်လည်၊ ဂွေးပင်ခုံ၊ ပျားဆိုး၊ သပြေတုံး၊ ထူးပေါက်၊ သီးကုန်း၊ ကုတင်မ၊ ဒုံးတောင်အပါ ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံများ၏ ကျန်းမာရေး၊ ပညာရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးများ အခက်တွေ့နေရသည်ဟုလည်း ၎င်းက ဆိုသည်။

ညောင်ဝန်း ကျေးရွာသားတဦးကလည်း “အကုန်လုံး ဒုက္ခရောက်နေကြပြီ။ အခုနေအချိန်မှာ ပဲတို့ဘာတို့ မြို့ကို ပို့နေတဲ့ အချိန်။ အဓိကတော့ ကျနော်တို့ တောသူ တောင်သားတွေကိုလာပြီး တိုက်ရိုက်ထိတာပေါ့။ “မြို့သွား၊ ဆေးရုံဆေးခန်းသွား ဈေးဝယ်လည်း အဲဒီလမ်းပဲ။ အခုတော့ကားတွေဘာတွေ ဖြတ်မောင်းလို့ မရတော့ဘူး။ ဒီလမ်းကိုသုံးပြီး ပေါက်ခေါင်းကို ဆိုင်ကယ်နဲ့ သွားရင် ၄၅ မိနစ်ကျော်ပေါ့၊ အခု ရွာတွေထဲကနေ ပတ်မောင်းနေရတာ အနည်းဆုံး ၂ နာရီကျော်ကြာတယ်၊ အကုန်လုံး သွားရေးလာရေး၊ ကျန်းမာရေးကအစ ခက်ခဲကုန်တယ်” ဟု ပြောသည်။

RelatedPosts

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က တောကျွဲအင်းမြို့ကို PDF ထိန်းချုပ် (ရုပ်/သံ)

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က တောကျွဲအင်းမြို့ကို PDF ထိန်းချုပ် (ရုပ်/သံ)

9 January 2026
2
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
51
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
158

အဆိုပါလမ်းပိုင်းမှာ ကျောက်ခင်းလမ်းအဖြစ်မှ ဒေသထွက်ကုန်များ စီးဆင်းနိုင်ရေးအတွက် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်တွင် ဖွံ့ဖြိုးရေးလမ်းအဖြစ် အဆင့်မြှင့်တင်ခဲ့ရာမှ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခဲ့ကာ လက်ရှိ ဒေသခံ ပြည်သူ အများဆုံး အသုံးပြုနေသည့်လမ်းဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်မှစ၍ ပဲခူးတိုင်း အနောက်ခြမ်း ပြည်ခရိုင်၊ သာယာဝတီခရိုင်တို့တွင် ပြည်သူ့ကာကွယ်ရေးတပ်များ ဖွဲ့စည်းပြီး ပြည်ခရိုင်တွင် ပေါက်ခေါင်းနှင့် ပေါင်းတည်မြို့များတွင် တပ်ရင်း ၃၆၀၁၊ တပ်ရင်း ၃၆၀၂ တို့ဖွဲ့စည်းကာ အဆိုပါ မြို့နယ်များ တွင် လှုပ်ရှားလျှက်ရှိသည်။

ယခုကဲ့သို့ စစ်ကောင်စီက ရိုးမဖြတ်လမ်းအား ဖျက်ဆီးမှုအပေါ် ပြည်ခရိုင် ၃၆၀၂ တပ်ရင်း သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ Red Star က “အဓိက တော်လှန်ရေးတပ်ဖွဲ့တွေ ရိုးမထဲကနေ ပေါက်ခေါင်းကို ကားလမ်းအတိုင်း ဆင်းလာမှာ စိုးတဲ့အတွက် စစ်ရေးအရ သူတို့ ကြောက်လို့ လမ်းတွေကို ဖျက်ဆီးတာ၊ ရှောင်ဖို့ကွင်းဖို့မလွယ်တဲ့ လမ်းဖြတ်တွေကို ကားတွေ၊ ဆိုင်ကယ် တွေ လုံးဝသွားလို့ မရအောင်ထိ ဖျက်ဆီးပစ်ခဲ့ကြတာပါ။ အခုသူတို့ဖျက်တာ ကျနော်တို့ကိုထက် ဒေသခံပြည်သူလူထုကို အဓိက ထိတာပါ။ ဘေးကနေ ကွင်းသွားရအောင်လည်း မိုးတွင်းဆိုတော့ ဘယ်လိုမှ အဆင်မပြေကြဘူး” ဟု ပြောသည်။

ဖျက်ဆီးခံထားရသည့် ပေါက်ခေါင်း-အုတ်တွင်းမှ ကျေးရွာချင်းဆက်လမ်းများ/ CJ

ပဲခူးတိုင်း အနောက်ခြမ်းရှိ ပြည်သူ့ကာကွယ်ရေးတပ်များ၏ စစ်ရေးလှုပ်ရှားမှုများ ခပ်စိတ်စိတ်ဖြစ်လာရာ ဇွန်လအတွင်း မင်းလှမြို့နယ် စစ်ကွင်းတာဆုံတိုက်ပွဲ၌ ဒုတိယဗိုလ်မှူကြီးအဆင့်ထိ သေဆုံးမှုရှိခဲ့ပြီး ရိုးမဖြတ်လမ်းအား စစ်ကောင်စီက ထိန်းချုပ်နိုင်ခြင်းမျိုး မရှိတော့သဖြင့် ရိုးမအရှေ့ခြမ်းနှင့် အနောက်ခြမ်း စစ်ရေးအရပူးပေါင်းမှုအတွက် အဟန့်အတားဖြစ်စေ ရန် ယခုကဲ့သို့ ဖျက်ဆီးခြင်းမျိုးဟုလည်း စစ်တပ် CDM အသိုင်းအဝိုင်းက မှတ်ချက်ပြုသည်။

CDM ဗိုလ်ကြီးဇင်ယော်က “ဖျက်လိုက်တာက ရိုးမဖြတ်လမ်းဆိုတော့ ရွာပေါင်း ၃၀ ကျော်လောက် အားထား အသုံးပြု နေရတဲ့လမ်းဖြစ်တယ်။ ဒေသခံတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတွေ ထိခိုက်သွားတဲ့အပြင် ရိုးမအရှေ့ခြမ်းနဲ့ အနောက်ခြမ်း စစ်ရေးအရပေါင်းစပ်မှု ကန့်သတ်ချက်ရှိလာ စေဖို့ ရည်ရွယ်ဖြတ်တောက်တဲ့ အနေအထားတရပ်လို့ ပြောရမှာပဲ” ပြောသည်။

အလားတူ အုတ်တွင်းမြို့နယ်အပိုင် တောက်တဲ့နေရာတွင်ပါ လမ်းပိုင်းအား ဖျက်ဆီးထားကြောင်း၊ ပြီးခဲ့သည့်နှစ်အတွင်း ကလည်း ရန်ကုန်-ပြည်လမ်းပေါ် အုတ်ဖို-ကြို့ပင်ကောက်လမ်းပိုင်းမှ ချောင်တင်းကွင်း-သာလိကာလမ်း၊ သဲကုန်း-ဒေါင်ကြီးလမ်းများကို စစ်ကောင်စီက ဖျက်ဆီးခဲ့သေးကြောင်း သိရသည်။

၁၉၅၉ ခုနှစ်ခန့်မှစ၍ ၁၉၇၅ ခုနှစ်တိုင် ဗမာပြည်ကွန်မြူနစ်ပါတီက ပဲခူးရိုးမကို ဌာနချုပ်ပြုလုပ်ကာ ပဲခူး၊ တောင်ငူ၊ ပြည် နှင့် သာယာဝတီခရိုင်တို့ကို အခြေပြုကာ စစ်တပ်အား တိုက်ခိုက်ခဲ့သည် နေရာဖြစ်သလို ဖြတ်လေးဖြတ် စစ်ဆင်ရေးဖြင့် ကွန်မြူနစ်များနှင့် ကရင်အမျိုးသားအစည်းအရုံး (KNUP)တို့ကို အမြစ်ပြုတ် ချေမှုန်းခံခဲ့ရသည့် နေရာဖြစ်သည်။

ပဲခူးရိုးမနှင့် ထိစပ်နေသည့် ပေါက်ခေါင်းမြို့နယ်တွင် ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၅၃ အုပ်စု၊ ကျေးရွာပေါင်း ၂၄၇ ရွာ ပါဝင်ပြီး အရှေ့ဘက်၌ အုတ်တွင်း၊ တောင်ငူ၊ ဖြူး၊ နတ္တလင်းမြို့နယ်၊ တောင်ဘက်၌ ပေါင်းတည်၊ သဲကုန်းမြို့နယ်၊ အနောက်ဘက်၌ ပြည်မြို့နယ်၊ မြောက်ဘက်၌ မကွေးတိုင်း အောင်လံမြို့နယ်များနှင့် နယ်နိမိတ်ထိစပ်နေသည်။

လက်ရှိတွင် ပဲခူးရိုးမအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီဘက်မှ အထိနာနေသဖြင့် တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ)မှ ဒုတိုင်းမှူးကိုယ်တိုင်ဦးစီးပြီး စစ်ရေးဖော်ဆောင်နေလျက်ရှိကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

စစ်ရေးလေ့လာသူများကမူ လက်ရှိ တော်လှန်ရေးက လူထုထောက်ခံမှု မြင့်နေသဖြင့် စစ်တပ်က ယခင်လို ပဲခူးရိုးမမှ တော်လှန်ရေးတပ်များကို ချေမှုန်းရန် လွယ်ကူမည်မဟုတ်ကြောင်း သုံးသပ်ကြသည်။

You may also like these stories:

စစ်တပ်ထိုးစစ် နောင်ချိုမြို့အနီး ချဉ်းကပ်လာ

မိုးဗြဲမြို့တွင်း နေရာတချို့ စစ်ကောင်စီတပ် ဝင်ရောက်နေရာယူ

ဖားဆောင်းတိုက်ပွဲ စစ်တပ် အပြင်းအထန်ဗုံးကြဲ

Your Thoughts …
Tags: ကျေးရွာချင်းဆက်လမ်းစစ်တပ်တော်လှန်ရေးတပ်ဖွဲ့ပေါက်ခေါင်း-အုတ်တွင်းလမ်းပဲခူးရိုးမ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရွှေဘုန်းပွင့်၊ ခရိုနီ ဂိုဏ်းချုပ် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်

ရွှေဘုန်းပွင့်၊ ခရိုနီ ဂိုဏ်းချုပ် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်

by စိုင်းခမ်းယွမ်း
26 May 2025
22k

အခု လက်ရှိ လက်နက်ကိုင် စစ်ကောင်စီ တပ်နဲ့ သေအတူ ရှင်မကွဲ ဆက်ပြီး ပေါင်းနေတဲ့ ခရိုနီ ကြီးငယ်လတ်တွေ ထဲမှာတော့ ခရိုနီ ဂိုဏ်းချုပ်ကြီးလို့ အခေါ်ခံရတဲ့ ဦးအောင်ကိုဝင်းပဲ ဖြစ်ပါတယ်။

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

by ကြာဖက်နှင်း
7 April 2024
14.9k

စစ်တပ်က ကြီးကြီးမာစတာဟု ခေါ်သော ဗိုလ်ချုပ် အထက်တွေ အားလုံး သူ့ရဲ့ အိတ်ကပ်ထဲမှာ။ ညနေခင်း ဆိုလျှင် ဂေါက်ရိုက်နေကြ။ ပြီးလျှင် ဈေးကြီးကြီး ဝီစကီ ပုလင်းတွေ ထောင်ကြ။ Louis 13 ဆိုလား။

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

by ဧရာဝတီ
19 May 2024
13.6k

ဘီလီယံနာ အငြိမ်းစား တယောက် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂေါက်သွား ရိုက်တာ မဆန်း။ အဲဒီထဲမှာ မြန်မာပြည်က သူဌေးကြီး ဦးအောင်ကိုဝင်းလည်း ပါသည်။

စစ်တပ်လိုလားသူ အမာခံများ တရုတ်ခရီးစဉ်မှာ ပါ

စစ်တပ်လိုလားသူ အမာခံများ တရုတ်ခရီးစဉ်မှာ ပါ

by မောင်ကဝိ
24 July 2024
10.7k

USDP ကိုယ်စားလှယ်တွေမှာ စစ်ကောင်စီအမာခံ သဘောထားတင်းမာသူတွေလို့ ထင်ရှားသူတွေ ပါဝင်ပါတယ်။

နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဆရာတော် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဆရာတော် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

by ဧရာဝတီ
19 June 2024
10.5k

ဆရာတော်ကြီး၏ ရုပ်ကလပ်ကို ပဲခူးမြို့သို့ ပြန်လည် သယ်ဆောင်ရန် တာဝန်ရှိသူများက ခွင့်မပြု၍ ဆရာတော် တချို့နှင့် အချေအတင် ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီက ပဲခူးမြို့သို့ ပြန်လည် သယ်ယူခွင့်ပြုလိုက်ကြောင်း သိရသည်။

ပဲခူးရိုးမကို စစ်မျက်နှာ ဖွင့်ပြီ အပိုင်း ၁

ပဲခူးရိုးမကို စစ်မျက်နှာ ဖွင့်ပြီ အပိုင်း ၁

by အေးချမ်းဆု
25 February 2025
9.9k

၂၀၂၁ နွေဦးတော်လှန်ရေး ဖြစ်ပွားသည့်အခါ ပဲခူးရိုးမသည် ပြောက်ကျားတော်လှန်ရေး တပ်ဖွဲ့များအတွက် ဘူမိနက်သန်အဖြစ် ပြန်လည် ထွက်ပေါ်လာသည်ကို တွေ့ရပြန်၏။

Next Post
ဖားဆောင်းမှ တပ်ရင်းနှစ်ရင်း ကရင်နီပူးပေါင်းတပ် သိမ်းပိုက်

ဖားဆောင်းမှ တပ်ရင်းနှစ်ရင်း ကရင်နီပူးပေါင်းတပ် သိမ်းပိုက်

စစ်ကောင်စီ လေယာဉ်အပျက် ကရင်နီတော်လှန်ရေးတပ်တွေ ထုတ်ပြန် (ရုပ်/သံ)

စစ်ကောင်စီ လေယာဉ်အပျက် ကရင်နီတော်လှန်ရေးတပ်တွေ ထုတ်ပြန် (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

2 days ago
1k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved