• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မိုးဗြဲမြို့တွင်း နေရာတချို့ စစ်ကောင်စီတပ် ဝင်ရောက်နေရာယူ

by ဧရာဝတီ
2 July 2025
in သတင်း
A A
မိုးဗြဲမြို့တွင်း နေရာတချို့ စစ်ကောင်စီတပ် ဝင်ရောက်နေရာယူ

မိုးဗြဲတိုက်ပွဲတွင် ပါဝင်နေသော မိုးဗြဲ PDF များ/ မိုးဗြဲ PDF

2.2k
VIEWS
Share on FacebookShare on Twitter

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့၌ တော်လှန်ရေးတပ်များနှင့် တနေကုန်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပြီးနောက် စစ်ကောင်စီတပ် များက မြို့ပေါ်နေရာတချို့သို့ ဝင်ရောက်နေရာယူလာသည်။

ဇွန် ၃၀ရက်က စစ်ကောင်စီတပ်များက အင်အားအလုံးအရင်းဖြင့် လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ကူဖြင့် ဝင်လာ ခြင်းဖြစ်ပြီး ပြည်ထောင်စု လမ်းမကြီးနှင့်နီးသည့် ဈေးကုန်း ၊ သာယာကုန်းရပ်ကွက်များအပါအဝင် မြို့ပေါ် နေရာ အများစု တွင် နေရာယူထားကြောင်း ကရင်နီတပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းအောင်က ပြောသည် ။

“ကွက်သစ်အပေါ်ဘက်ကဘောလုံကွင်းတဝိုက်မှာ ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်ခဲ့ပြီး ပြည်ထောင်စု လမ်းမ ကြီး ဘေး မြို့ပေါ် ရပ်ကွက်နားတွေထိ သူတို့ရောက်လာတယ် သူတို့က ပြည်ထောင်စု လမ်းမကြီးကို ထိန်းချုပ်ဖို့ကြိုးနေတာကြောင့် ရှေ့ဆက်တိုးလာရင် တိုက်ပွဲက အပြင်းအထန်ဆက်ဖြစ်နိုင် တယ်” ဟု သူက ပြောသည် ။

မိုးဗြဲမြို့တွင်းသို့ စစ်ကောင်စီဝင် လာခြင်းကြောင့် မြို့တွင်း အဓိကလမ်းမကြီးအား လုံးဝဖြတ်သန်းသွားလာခြင်း မပြုရန်နှင့် အနီးနားရှိ ရွာလူထုများအနေဖြင့် စစ်ရေးသတိဖြင့် သွားလာနေထိုင်ကြရန် ရှမ်းတောင် (ကယား) ကရင်နီတပ်ပေါင်းစု မှ ဇွန် ၃၀ ညပိုင်း အရေးပေါ်အထူးသတိပေးချက် ထုတ်ပြန်သည်။

မိုးဗြဲတိုက်ပွဲတွင် ပါဝင်သည့် ကယန်းအမျိုးသားတပ်တော် KNA ပြောရေးဆိုခွင့်ရှိသူ ခွန်းဆောင်ဒူက “ကျနော်တို့ တာဝန် ယူထားတဲ့ ကင်းပေါက်တော်တော်များများ တချို့ပြန်ပေးရတာရှိနေပြီ။ ပြည်ထောင်စုလမ်းမကြီးက တအားကြီးနီးကပ်သွား တဲ့ အနေအထားဖြစ်တော့ ဒီရက်ပိုင်း ပြည်သူလူထုကို ဖြတ်သန်းခွင့် ပိတ်ထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မိုးဗြဲ၊ လွိုင်ကော်၊ ဖယ်ခုံဒေသ တိုက်ပွဲဖြစ်ပွားမှု မြေပုံ (ဧရာဝတီ)

ပြီးခဲ့သည့် ဒီဇင်ဘာနှောင်းပိုင်းကတည်းကစစ်ကောင်စီက မိုးဗြဲမြို့ မြောက်ဘက် ၂ မိုင်ကျော်အကွာရှိ ခြေမြန်တပ်ရင်း ခမရ ၄၂၂ တွင် အင်အားဖြည့်ကာ ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက ခုခံထားနိုင်သော်လည်း ဤတကြိမ် ထိုးစစ်တွင် တော်လှန်ရေးပူးပေါင်းတပ်များ ကာကင်းတချို့မှ ဆုတ်ခွာပေးလိုက်ရပြီးနောက် စစ်ကောင်စီက မြို့ပေါ်နှင့် မိုးဗြဲ- လွိုင်ကော်ပြည်ထောင်စု လမ်းမကြီးကို ထိန်းချုပ်နိုင်ရန် အပြင်းအထန် လုပ်ဆောင်လာခြင်းဖြစ်သည်။

မိုးဗြဲတိုက်ပွဲတွင်းရှိပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက “အင်အား အရမ်းများတယ်။ လက်နက်ကြီးလေကြောင်း အရမ်းသုံးထားတယ်” ဟု ပြောသည်။

စစ်ကောင်စီက ဒရုန်း၊ လေယာဉ်၊ လက်နက်ကြီး စသည့် ပစ်ကူအင်အား အလွန်အကျွံသုံး တိုက်ခိုက်သောကြောင့် ပူးပေါင်းတပ်များဘက်မှ ထိခိုက်မှုများရှိနေသည်။

ဇွန်လအတွင်းက တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ တပ်ဖွဲ့ဝင် ၄၀ ကျော်ကျဆုံးခဲ့ ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF စာရင်းများအရ သိရသည်။

ကရင်နီပြည်တွင်းသို့ အဓိက ဝင်ပေါက်ဖြစ်သည့် လွိုင်ကော်- မိုးဗြဲ- ဖယ်ခုံ- ပင်လောင်းလမ်းကြောင်းကို ထိန်းချုပ်နိုင်ရန်နှင့် ရှမ်း- ကယားနယ်စပ် ဖယ်ခုံမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများ စိုးမိုးထားသည့်နေရာများကို ပြန်လည်ရယူရန် စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်းများအပါအဝင် ပအိုဝ်းပြည်သူ့စစ် ( PNO)အင်အားထောင်ချီ အသုံးပြု၍ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

မိုးဗြဲတိုက်ပွဲတွင် ပါဝင်နေသော မိုးဗြဲ PDF များ/ မိုးဗြဲ PDF

စစ်ရေးအခြေအနေကို စောင့်ကြည့်နေသည့် လွိုင်ကော်မြို့ခံက “အခုက သူတို့ တောင်ကြီးက လွိုင်ကော်တက်ရင် မိုင် ၂၀၀ကျော် သွားရတယ်၊ မိုးဗြဲနဲ့ ပင်လောင်းလမ်းပွင့်သွားရင် သူ့လမ်းကြောင်းက ၉၆ မိုင်ပဲရှိတယ်။ အခု သူတို့ ဆီဆိုင် ဘက်က သွားနေရတာ၊ ခရီးမိုင်ပြန်တွက်ရင် ဆီဆိုင်ဘက်က မိုင် ၂၀၀ ကျော်ရှိတော့ သယ်ယူရေး အဆင်မပြေဘူး။ လွိုင်ကော်-ဆီဆိုင်လမ်းကြား မိုင် ၄၀ က တွဲကားသွားလို့ မရဘူး ။ တွဲကားသွားရင် ရှောင်လို့မရဘူး စောင့်ရတယ် ။ အဲဒါကြောင့် သူတို့က လွိုင်ကော်- မိုးဗြဲ- ပင်လောင်းလမ်းပွင့်အောင်ချမှာ” ဟု ပြောသည်။

လွိုင်ကော်- မိုးဗြဲ- ဖယ်ခုံပြည်ထောင်စု လမ်းမကြီးအပါအဝင် ကရင်နီပြည်သို့ ရိက္ခာထောက်ပို့ရေးလမ်းကြောင်းငယ်များစွာ ရှိနေသည့် ဖယ်ခုံမြိုနယ်ကို စစ်ကောင်စီက မိုးဗြဲစစ်မျက်နှာအပြင် ပအိုဝ်းပြည်သူ့စစ် PNO နှင့်ပူးပေါင်း၍ ပင်လောင်း နယ်စပ်ဘက်မှ ဖယ်ခုံအရှေ့ပိုင်းကျေးရွာဘက်၊ ညောင်ရွှေမြို့နယ်ဘက်မှ ဖယ်ခုံအင်းအရှေ့ခြမ်းကျေးရွာများသို့ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

မိုးဗြဲမြို့ နှင့် ပြည်ထောင်စုလမ်းမကြီး အပါအဝင် ဖယ်ခုံမြို့နယ်ကို စစ်ကောင်စီက ထိန်းချုပ်သွားနိုင်ပါက ဒေသခံများ၊ စစ်ရှောင်များနှင့် တော်လှန်ရေးအင်အားစုများ၏ ရိက္ခာထောက်ပို့လမ်းကြောင်းများ ပြတ်တောက်သွားမည်ကို ဒေသခံတို့က စိုးရိမ်နေကြသည်။

You may also like these stories:

ရွေးကောက်ပွဲအတွက် နယ်မြေရှင်းမည့် ကရင်နီထိုးစစ် ပိုပြင်းထန်လာ

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
38
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
765
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
219

ကရင်နီ၌ စက်သုံးဆီပြတ်လာ

ဘောလခဲနှင့် လွိုင်ကော်တိုက်ပွဲ စစ်တပ် အကျအဆုံးများ

Your Thoughts …
Tags: ကရင်နီစစ်ကောင်စီပအိုဝ်းပြည်သူ့စစ်မိုးဗြဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်တပ်ထိုးစစ် နောင်ချိုမြို့အနီး ချဉ်းကပ်လာ

စစ်တပ်ထိုးစစ် နောင်ချိုမြို့အနီး ချဉ်းကပ်လာ

အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာမူဝါဒတွေ ပြောင်းလဲဖို့ မြန်မာပြည်ဖွားတွေ ကြိုးပမ်းနေ (ရုပ်/သံ)

အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာမူဝါဒတွေ ပြောင်းလဲဖို့ မြန်မာပြည်ဖွားတွေ ကြိုးပမ်းနေ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved