• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖားဆောင်းမှ တပ်ရင်းနှစ်ရင်း ကရင်နီပူးပေါင်းတပ် သိမ်းပိုက်

by ဧရာဝတီ
3 July 2025
in သတင်း
A A
ဖားဆောင်းမှ တပ်ရင်းနှစ်ရင်း ကရင်နီပူးပေါင်းတပ် သိမ်းပိုက်

ဖားဆောင်း ခလရ ၁၃၄ သိမ်းပိုက်အပြီး တွေ့ရသည့် ကရင်နီပူးပေါင်းတပ်များ/ JCS

1.7k
VIEWS
Share on FacebookShare on Twitter

ကရင်နီပြည် (ကယားပြည်နယ်)၊ ဖားဆောင်းမြို့တွင် တိုက်ပွဲများပြင်းထန်ပြီး လေကြောင်းပစ်ကူများကြားမှ စစ်ကောင်စီ တပ်ရင်းနှစ်ရင်းကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သလို တိုက်လေယာဉ်တစီးလည်း ပျက်ကျမှု ဖြစ်ပွားခဲ့ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

လွိုင်ကော်မြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ လွိုင်ကော်) လက်အောက်ခံ ဖားဆောင်းမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၁၃၄ နှင့် ၁၃၅ တို့ကို ကရင်နီပူးပေါင်းတပ်များက ပြီးခဲ့သည့် ဇွန်လနောက်ဆုံးပတ်၌ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ရက်သတ္တပတ်ကျော်အကြာတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ပူးပေါင်းတပ်မှ တပ်ဖွဲ့ဝင်တဦးက “တပ်ရင်းနှစ်ခုလုံးကို ဒီနေ့မှာပဲ အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပါတယ်။ လောလောဆယ် ဒီလောက်ပဲ အတည်ပြုပြောလို့ရပါတယ်။ ရှင်းလင်းစရာတွေနဲ့ အားလုံးလုံခြုံစိတ်ချရတဲ့ အနေအထားရောက်ရင်တော့ သက်ဆိုင်ရာတပ်တွေက အသေးစိတ် ထုတ်ပြန်ပါလိမ့်မယ်ဗျ” ဟု ဇူလိုင် ၂ ရက်တွင် ပြောသည်။

ဖားဆောင်းမြို့ တောင်ပေါ်ရပ်ကွက်ရှိ ခလရ ၁၃၄ တပ်နှင့် မြို့တွင်းရှိ ခလရ ၁၃၅ တပ်တို့ကို ပူးပေါင်းတပ်များက ဝန်းရံပိတ် ဆို့ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဟုလည်း တော်လှန်ရေးတပ်များနှင့် နီးစပ်သည့် ဒေသခံအမျိုးသမီးတဦးက ဆိုသည်။

CDM ဗိုလ်ကြီးဇင်ယော်က “ဒီတပ်ရင်းနှစ်ခုက ဒီးမော့ဆို-ဖားဆောင်းကားလမ်းဘေးမှာကိုရှိတာ။ ၁၃၅ ဆိုရင် ကားလမ်း ဘေးကပ်လျက်။ ၁၃၄ ကတော့ အချက်အချာကျတဲ့ ခပ်လှမ်းလှမ်းနေရာမှာ။ အရင်တုန်းကဆိုရင် ဖားဆောင်း၊ ဘောလခဲ၊ မယ်စဲ့သွားရင် ဒီတပ်တွေက နှောင့်ယှက်ပစ်ခတ်လို့ ကျနော်တို့တွေ ရှောင်ကွင်းသွားရတာ။ အခုဆိုရင် လမ်းမကြီးကို ပြန်အသုံးပြုလို့ရသွားပြီ” ဟု ပြောသည်။

ဖားဆောင်းမြို့သိမ်း စစ်ဆင်ရေးကို ကရင်နီပူးပေါင်းတပ်များက ၂၀၂၄ ဖေဖော်ဝါရီလကတည်းကစတင်ခဲ့ပြီးနောက် ယင်းနှစ် အတွင်း ကာကင်းများအားလုံးကို သိမ်းပိုက်နိုင်ကာ မြို့ကိုထိန်းချုပ်နိုင်ခဲ့သလို လက်ကျန်တပ်ရင်းနှစ်ရင်းကိုလည်း ပိတ်ဆို့ ဖြတ်တောက်ထားခဲ့သည်။

လက်ကျန်တပ်ရင်းများအား ပူးပေါင်းတပ်များက ထိုးစစ်ဆင်ရာတွင် စစ်ကောင်စီသည် မြေပြင်စစ်ကူမပေးနိုင်သောကြောင့် လေကြောင်းပစ်ကူများကို နေ့စဥ်အကြိမ်ရေဆယ်ချီ ပြုလုပ်ခဲ့သလို ဘောလခဲဗျူဟာမှလည်း လက်နက်ကြီး၊ ဒရုန်းပစ်ကူ များပေးခဲ့ကြောင်း ပူးပေါင်းတပ်များထံမှ သိရသည်။

ထို့ပြင် ဇူလိုင် ၁ ရက် ည၌ တိုက်ခိုက်ရေးလေယာဉ်တစီးသည် လေ့ကျင့်ပျံသန်းစဉ် နေပြည်တော်၏ အရှေ့တောင်ဘက် ၁၃၀ ကီလိုမီတာအကွာတွင် စက်ချို့ယွင်း (သို့မဟုတ်) ရုတ်တရက် ရာသီဥတုဆိုးရွားမှုကြောင့် ရေဒါပျောက်ကာ ဆက်သွယ် ၍ မရတော့ကြောင်း ယမန်နေ့၌ စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပျက်ကျလေယာဉ်အား ကရင်နီ-ကရင်နှင့် ပဲခူးတိုင်းနယ်စပ် ကျောက်လုံးကြီးကျေးရွာအနီး တွေ့ရှိပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ အတည်ပြုပြောဆိုသည်။

ဖားဆောင်းမြို့နယ်သည် အရှေ့ဘက်တွင် မယ်စဲ့၊ တောင်ဘက်တွင် ဖာပွန်၊ အနောက်ဘက်တွင် သံတောင်၊ မြောက်ဘက်တွင် ဘောလခဲ စသည့် မြို့နယ်များနှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး ဖားဆောင်းမြို့ရှိ တပ်ရင်းများကို သိမ်းပိုက်လိုက်နိုင်ခြင်းသည် ဖရူဆို၊ ဘောလခဲတို့မှ စစ်ကောင်စီတပ်များကို ဆက်လက်ထိုးစစ်ဆင်နိုင်ရန် အလားအလာ ပိုကောင်းသွားပြီဖြစ်ကြောင်း CDM အရာရှိများနှင့် စစ်ရေးလေ့လာသူများက သုံးသပ်ပြောဆိုသည်။

You may also like these stories:

ဖားဆောင်းတိုက်ပွဲ စစ်တပ် အပြင်းအထန်ဗုံးကြဲ

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
9
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
90

ဘောလခဲနှင့် လွိုင်ကော်တိုက်ပွဲ စစ်တပ် အကျအဆုံးများ

ကရင်နီ၌ စက်သုံးဆီပြတ်လာ

Your Thoughts …
Tags: ကရင်နီပူးပေါင်းတပ်ခလရ ၁၃၄ခလရ ၁၃၅စစ်ကောင်စီဖားဆောင်းလေကြောင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ကောင်စီ လေယာဉ်အပျက် ကရင်နီတော်လှန်ရေးတပ်တွေ ထုတ်ပြန် (ရုပ်/သံ)

စစ်ကောင်စီ လေယာဉ်အပျက် ကရင်နီတော်လှန်ရေးတပ်တွေ ထုတ်ပြန် (ရုပ်/သံ)

စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်သည့် အထူးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ

စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်သည့် အထူးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved