• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖားဆောင်းတိုက်ပွဲ စစ်တပ် အပြင်းအထန်ဗုံးကြဲ

by ဧရာဝတီ
27 June 2025
in သတင်း
A A
ဖားဆောင်းတိုက်ပွဲ စစ်တပ် အပြင်းအထန်ဗုံးကြဲ

ဖားဆောင်းနှင့် နယ်မြေထိစပ်နေသည့် ထိုင်း မယ်ဟောင်ဆောင်ခရိုင်၊ ခွန်ယွမ်ဆေးရုံအနေဖြင့် တိုက်ပွဲအတွင်းမှ လူနာအများအပြားအား လက်ခံကုသပေးနေ/ ThaiPBS North

1.2k
VIEWS
Share on FacebookShare on Twitter

ကယားပြည်နယ် (ကရင်နီ) မြောက်ပ်ိုင်းကို စစ်ကောင်စီနှင့် မဟာမိတ် ပအိုဝ်ပြည်သူစစ်တို့က ထိုးစစ်ဆင်နေချိန် ကရင်နီ တပ်ပေါင်းစုကလည်း တောင်ပိုင်းရှိ ဖားဆောင်းမြို့မှ စစ်ကောင်စီတပ်ရင်း ၂ရင်းကို ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲများပြင်း ထန်နေပြီး ထိခိုက်ဒဏ်ရာရသူ များပြားကြောင်း စစ်ရေးသတင်းအရင်းအမြစ်များနှင့် ထိုင်းသတင်းများက ဖော်ပြသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလကစ၍ သံလွင်မြစ်အရှေ့ခြမ်း မယ်စဲ့တွင် စစ်တပ်ကင်းစင်ခဲ့သော်လည်း အနောက်ခြမ်းရှိ ဖားဆောင်းတွင်မူ ကရင်နီတပ်များက မြို့ပေါ်ကို ထိန်းချုပ်န်ိုင်သော်လည်း ခလရ ၁၃၄ နှင့် ခလရ ၁၃၅ ခြေလျင် တပ်ရင်းများကို အပြီးအပြတ်ရှင်းလင်းနိုင်ခြင်းမရှိခဲ့ပေ။

ယခုအခါ ကရင်နီတပ်ပေါင်းစုက ထိုတပ်ရင်းများကို ပိတ်ဆို့တိုက်ခိုက်နေခြင်းကြောင့် စစ်တပ်ဘက်မှ လေကြောင်းဖြင့် ဗုံးကြဲခုခံနေခြင်း ဖြစ်သည်။

ဖားဆောင်းတိုက်ပွဲနှင့် ပတ်သက်၍ ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က “လေယာဉ်တအား လာ တယ်၊ ဗုံးတအားလာကြဲတယ်။ တခါကြဲ အလုံး ၂၀၊ ၃၀ မကဘူးထင် တယ်။ တိုက်ပွဲအခြေအနေ အသေးစိတ်တော့ ပြောလို့မရသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ကရင်နီပြည် တောင်ပိုင်းရှိ မော်ချီး၊ ဘော်လခဲ၊ ဖားဆောင်း နယ်မြေပြ မြေပုံ (ဧရာဝတီ)

ThaiPBS (North) သတင်းဌာနကလည်း ဖားဆောင်းတွင် တိုက်ပွဲများ ဆက်ပြင်းထန်နေပြီး စစ်တပ်မှ ထပ်ဆင့် ပေါက်ကွဲစေသည့် ကလပ်စတာဗုံးများ (Cluster Bombs)ဖြင့် ဗုံးကြဲမှုကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ နှင့် အရပ်သား သေဆုံးဒဏ်ရာရမှုများရှိနေကြောင်း ယနေ့ ထိုင်းဘာသာဖြင့် ဖော်ပြသည်။

ထို့အပြင် ထိုင်းဘက်ခြမ်း မယ်ဟောင်ဆောင်ခရိုင်၊ ခွန်ယွမ် ဒေသန္တရဆေးရုံသို့ ဒဏ်ရာရသူ ၃၈ ဦး ရောက်ရှိလာကြောင်း၊ ဆေးရုံအနေဖြင့် လူနာအများအပြား လက်ခံကုသပေးနေရ၍ အချို့ကို ချင်းမိုင်နှင့် မယ်ဟောင် ဆောင်သို့ ပို့ဆောင်ပေး လျက်ရှိကြောင်း၊ ယမန်နေ့ကလည်း ချင်းမိုင်မြို့၊ နခွန်းပင် ဆေးရုံမှ ဆရာဝန် ၂ ဦး၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူ ၁ ဦးနှင့် သူနာပြု ၂ ဦး ပါဝင်သည့် အရေးပေါ်ကုသရေး အဖွဲ့တဖွဲ့ ခွန်ယွမ်ဆေးရုံသို့ သွားရောက်ကူညီကုသပေးနေသည်။

ယမန်နေ့က ဖြစ်ပွားသည့် ဖားဆောင်းတိုက်ပွဲတွင် ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ရင်းအမှတ်-၆၂၆ မှ ရဲဘော်သော်ဇေယံ ကျဆုံးခဲ့ပြီး ဇွန် ၂၅ ရက် တိုက်ပွဲ၌လည်း ကလလတ တပ်ရင်းအမှတ်-၉၄၂၅၊ တပ်ခွဲ(၃)မှ တပ်ခွဲမှူး ရဲဘော်ကလိတို (ခ) ဆရာတိုဆိုသူကျဆုံးခဲ့ကြောင်း သက်ဆိုင်ရာတပ်ရင်းများက ထုတ်ပြန်ထားသည်။

ဖားဆောင်းနှင့် နယ်မြေထိစပ်နေသည့် ထိုင်း မယ်ဟောင်ဆောင်ခရိုင်၊ ခွန်ယွမ်ဆေးရုံအနေဖြင့် တိုက်ပွဲအတွင်းမှ လူနာအများအပြားအား လက်ခံကုသပေးနေ/ ThaiPBS North

ဖားဆောင်းမြို့ပေါ်ကို ကာလအတန်ကြာ ထိန်းချုပ်စိုးမိုးထားသည့် ကရင်နီတပ်ပေါင်းစုအနေဖြင့် လက်ကျန်စစ်စခန်းအား အပြီးသတ်သိမ်းပိုက်ရန် မကြာသေးမီရက်ပိုင်းက စတင်ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး တပ်ရင်းစခန်းအတွင်းထိ စီးနင်းတိုက်ခိုက်နေကြောင်း စစ်ရေးသတင်းအရင်းအမြစ်တဦးက ပြောသည်။

စခန်းလက်မလွှတ်ရရေး လေကြောင်းမှ အပြင်းအထန် ဗုံးကြဲခုခံနေသည့် စစ်တပ်သည် အဆိပ်ငွေ့ဗုံး အသုံးပြုမှုများ ရှိနေကြောင်း စစ်ရေးသတင်းအရင်းအမြစ်များက ပြောသော်လည်း ဧရာဝတီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ဇွန် ၂၅ ရက်ကလည်း ဖားဆောင်းမြို့အနီး ကရင်နီတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မော်ချီးဒေသ ခဲထုတ်လုပ် ရေးလုပ်ကွက်တခုကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ခဲလုပ်သား ၇ ဦးထက်မနည်း သေဆုံးခဲ့ရသည့်အပြင် ၂၀ ကျော် ဒဏ်ရာရခဲ့သည်။

You may also like these stories:

သုံးနှစ်အကြာ တကြော့ပြန်လာတဲ့ ဥကရစ်ထတိုက်ပွဲ

RelatedPosts

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
1
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
14
စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

11 January 2026
26

နောင်ချိုပြန်ရရေး စစ်ကောင်စီ အင်အားသုံး စစ်ဆင်လာ

စစ်ကောင်စီထိုးစစ်ကြောင့် ကော့ကရိတ်နှင့် ဖာပွန်၌ တိုက်ပွဲပြင်းထန်

Your Thoughts …
Tags: ကရင်နီတပ်ပေါင်းစုဖားဆောင်းမော်ချီး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရှားတောမြို့ကို ကရင်နီတပ်ပေါင်းစု သိမ်းပိုက်

ရှားတောမြို့ကို ကရင်နီတပ်ပေါင်းစု သိမ်းပိုက်

by ဧရာဝတီ
14 February 2024
6.3k

တိုက်ပွဲ ဖြစ်စဉ်များအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့် သေဆုံးပြီး လက်နက်ကြီး၊ လက်နက်ငယ် ၁၅၀ ခန့် သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီစစ်ဘက် သတင်းအရင်းအမြစ်က ပြောသည်။

မယ်စဲ့တွင် စစ်ကောင်စီတပ် ကင်းစင်သွားပြီ ဟု KNPP ဆို

မယ်စဲ့တွင် စစ်ကောင်စီတပ် ကင်းစင်သွားပြီ ဟု KNPP ဆို

by စောရယ်
24 November 2023
5.1k

မယ်စဲ့မြို့ အနောက်ဘက် ၆ မိုင်အကွာရှိ ပန်တိမ်းရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၂၃ ရက်တွင် သံလွင် မြစ်အနောက်ဘက်ကမ်းရှိ ဖားဆောင်းမြို့သို့ တပ်ဆုတ်သွား

ကရင်နီပြည် မော်ချီးမြို့ကို KNDF ပူးပေါင်းအဖွဲ့များ ထိန်းချုပ်

ကရင်နီပြည် မော်ချီးမြို့ကို KNDF ပူးပေါင်းအဖွဲ့များ ထိန်းချုပ်

by ဧရာဝတီ
28 January 2024
2.6k

မော်ချီးမြို့ရှိ စစ်ကောင်စီ၏ တောင်ပေါ်ကျောက်ကြားစခန်းနှင့် မြို့အဝင် အမှတ် ၂ စခန်းတို့ကို KNDF တပ်ဖွဲ့များက ဇန်နဝါရီ ၂၇ ရက်က တိုက်ခိုက် သိမ်းပိုက်

ဖားဆောင်းမှ တပ်ရင်းနှစ်ရင်း ကရင်နီပူးပေါင်းတပ် သိမ်းပိုက်

ဖားဆောင်းမှ တပ်ရင်းနှစ်ရင်း ကရင်နီပူးပေါင်းတပ် သိမ်းပိုက်

by ဧရာဝတီ
3 July 2025
1.7k

ကရင်နီပြည် (ကယားပြည်နယ်)၊ ဖားဆောင်းမြို့တွင် တိုက်ပွဲများပြင်းထန်ပြီး လေကြောင်းပစ်ကူများကြားမှ စစ်ကောင်စီ တပ်ရင်းနှစ်ရင်းကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သလို တိုက်လေယာဉ်တစီးလည်း ပျက်ကျမှု ဖြစ်ပွားခဲ့ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

စစ်ကောင်စီ ရဟတ်ယာဉ် ပစ်ချခံရတဲ့ သက်သေမှတ်တမ်း ထွက်ပေါ်လာ (ရုပ်/သံ)

စစ်ကောင်စီ ရဟတ်ယာဉ် ပစ်ချခံရတဲ့ သက်သေမှတ်တမ်း ထွက်ပေါ်လာ (ရုပ်/သံ)

by ဇော်မြတ်ခန့်
10 May 2024
1.4k

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ် ခလရ ၁၃၄ နဲ့ ၁၃၅ တပ်ကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ်ရဲ့ Mi 17 ရဟတ်ယာဥ် ပစ်ချခံရပြီးတဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီး အတည်ပြုချက်အချို့ကို ဧရာဝတီက ရရှိထားပါတယ်။

Black Box တွေ ဘယ်မှာလဲ

Black Box တွေ ဘယ်မှာလဲ

by ဧရာဝတီ
22 July 2025
1.4k

လေယာဉ် တစီး ပျက်ကျပြီ ဆိုရင် Black Box ကို ဝိုင်းပြီး ရှာကြရတာ ဖြစ်ပါတယ်။ ဒါကို ဖွင့်ကြည့်ရင် ပျက်ကျရတဲ့ အကြောင်းရင်း ဒါမှမဟုတ် သဲလွန်စကို ရနိုင်လို့ပဲ ဖြစ်ပါတယ်။

Next Post
စစ်ခေါင်းဆောင်ရဲ့ နိုင်ငံရေးကတိကဝတ်တွေကို ယုံကြည်ကြသလား (ရုပ်/သံ)

စစ်ခေါင်းဆောင်ရဲ့ နိုင်ငံရေးကတိကဝတ်တွေကို ယုံကြည်ကြသလား (ရုပ်/သံ)

နေပြည်တော်က ငြိမ်းချမ်းရေးဖိုရမ် ဘယ်ကိုဦးတည်သလဲ (ရုပ်/သံ)

နေပြည်တော်က ငြိမ်းချမ်းရေးဖိုရမ် ဘယ်ကိုဦးတည်သလဲ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved