• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မယ်စဲ့တွင် စစ်ကောင်စီတပ် ကင်းစင်သွားပြီ ဟု KNPP ဆို

by စောရယ်
24 November 2023
in သတင်း
A A
မယ်စဲ့တွင် စစ်ကောင်စီတပ် ကင်းစင်သွားပြီ ဟု KNPP ဆို

ကရင်နီ အမျိုးသားများတိုး တက်ရေးပါတီ (KNPP) ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ကရင်နီတပ်မတော် (KA) တပ်ဖွဲ့ဝင်များ

5.1k
VIEWS
Share on FacebookShare on Twitter

ကယား (ကရင်နီ) ပြည်နယ် မယ်စဲ့မြို့နယ်တွင် စစ်ကောင်စီတပ်များ ကင်းစင်သွားပြီဖြစ်ကြောင်း ကရင်နီ အမျိုးသားများတိုး တက်ရေးပါတီ (KNPP) ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ဧရာဝတီကို ပြောသည်။

မယ်စဲ့မြို့ အနောက်ဘက် ၆ မိုင်အကွာရှိ ပန်တိမ်းရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၂၃ ရက်တွင် သံလွင် မြစ်အနောက်ဘက်ကမ်းရှိ ဖားဆောင်းမြို့သို့ တပ်ဆုတ်သွားခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီး ဘုန်းနိုင်က ဧရာဝတီကို ပြော သည်။

၎င်းက “တပ်က ပန်တိန်းကနေ ပြန်ဆုတ်တာကို သုံးသပ်ပါက ဖားဆောင်းမှာ လုံခြုံရေးပြန်ယူတယ်လို့ ပြောလို့ရပါတယ်။ ဖားဆောင်းတပ် ခလရ ၁၃၄ ၊ ခလရ ၁၃၅ က နှစ်ရင်းစလုံး ရှေ့တန်းတာဝန်ထမ်းဆောင်နေလို့ လုံခြုံရေးပြန်ယူတာ ဖြစ်ပါ တယ်။ အားလုံးပြန်သွားပါတယ်။ အင်အားကတော့ မသိရပါဘူး” ဟု ဆိုသည်။

ပြန်ဆုတ်သွားသည့် စစ်ကောင်စီတပ်သည် တပ်မ ၅၅ လက်အောက်ခံ ခမရ – ၅၁၂တပ်နှင့် တပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ တပ်တို့ဖြစ်ကြောင်း ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောသည်။

RelatedPosts

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
7
စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

11 January 2026
20
ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

11 January 2026
12

စစ်ကောင်စီတပ်သည် ပန်တိမ်းရွာဝန်းကျင်ရှိ ၁၀၀၄ နယ်ခြားစောင့်တပ်စခန်းနေရာတွင် စစ်အာဏာသိမ်းမှု မဖြစ်မီက တည်းက တပ်စွဲထားခြင်း ဖြစ်သည်။

အဆိုပါ တပ်စခန်းကို ဇွန်လ ၁၃ ရက်တွင် ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) က ကရင်နီ တော်လှန်ရေးပူးတပ်များ၏ အကူအညီဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်။ စခန်း၏နေရာအများစုကို ပူးပေါင်းတပ်က ရလိုက်သော်လည်း တပ်ရင်း၏ ဗဟိုကင်းနေရာကို မရခဲ့ပေ။

နောက်ပိုင်းတွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် တပ်စခန်းကို ပြန်လည်အားဖြည့်၍ အထိုင်ချတပ်စွဲလိုက်သောအခါ ယင်းတပ်စခန်းသည် သံလွင်မြစ်အရှေ့ခြမ်းရှိ မယ်စဲ့မြို့နယ်တွင် စစ်ကောင်စီတပ်ခြေချနိုင်သည့် တခုတည်းသော နေရာဖြစ် လာသည်။

မယ်စဲ့မြို့နယ်သည် ကရင်နီ (ကယား) ပြည်နယ်၏ အရှေ့တောင်ဘက်၊ သံလွင်မြစ်၏ အရှေ့ဘက်ခြမ်း ထိုင်းနယ်စပ်တွင် တည်ရှိသည်

အဆိုပါတပ်စခန်းအနီးရှိ ကာကင်းကုန်းအချို့ကို မကြာသေးသည့် စက်တင်ဘာ ၁၁ ရက်တွင် ကလလတ၊ KA၊ ကရင်နီအမျိုး သားများကာကွယ်ရေးတပ် (KNDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

ပန်တိမ်းရှိ စစ်ကောင်စီတပ်ကို တိုက်သည့် စစ်ဆင်ရေးကို “Operation 1107” ဟု အမည်ပေးထားပြီး မြောက်ပိုင်း မဟာ မိတ် ညီနောင် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကို အားပေးသည့်အနေနှင့် ဖော်ဆောင်ခြင်းဖြစ်ကြောင်း ကလလတ တွဲဖက် အထွေထွေ အတွင်းရေးမှူး ရဲဘော် လောရင်းစိုးက ဧရာဝတီကို ပြောဖူးသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးပြီး MA ချေမှုန်းရေးရိုင်ဖယ် ၁၃ လက်၊ စနိုက်ပါရိုင်ဖယ် ၁ လက်၊ RPG ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်နှင့် ခဲယမ်းအမြောက်အမြား ရရှိခဲ့သည်။

“Operation 1107” စတင်ပြီးနောက် ကရင်နီပူးပေါင်းတပ်များက စစ်ကောင်စီတပ်၏ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) အခြေစိုက်ရာ ပြည်နယ်၏ မြို့တော် လွိုင်ကော်ကို နိုဝင်ဘာလ ၁၁ ရက်တွင် ဦးတည်တိုက်ခိုက်လာသည်။

၁ လေးလုံး စစ်ဆင်ရေးဟု လူသိများသည့် လွိုင်ကော်တိုက်ပွဲ၌ စစ်ကောင်စီတပ်များ အရေးနိမ့်လာသည့်နောက် ၁၂ ရက်အကြာတွင် စစ်တပ်သည် ပန်တိမ်းကို စွန့်ခွာသွားကြခြင်းဖြစ်သည်။

မယ်စဲ့မြို့နယ်တွင် စစ်ကောင်စီတပ်များ ကင်းစင်သွားသော်လည်း သံလွင်မြစ်ကူးတံတားရှိသည့် ဖားဆောင်းမြို့ကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားသည်။

ထို့ကြောင့် မယ်စဲ့မြို့နယ်ကို စစ်ကောင်စီတပ်သည် ဖားဆောင်းမြို့မှတဆင့် ကားလမ်းအတိုင်း အချိန်မရွေးလာနိုင်နေသည့် အနေအထားရှိနေဆဲ ဖြစ်သည်။

ယင်းပြင် မယ်စဲ့မြို့နယ်မြောက်ဘက်တွင်လည်း စစ်ကောင်စီ၏ ခမရ ၅၁၉ ၊ ခမရ ၃၃၄ နှင့် ခမရ ၅၁၀ တပ်ရင်းများရှိနေဆဲ ဖြစ်သည်။

သံလွင်မြစ်အရှေ့ဘက်တွင် စစ်ကောင်စီတပ်များ လုံးဝ ကင်းစင်နိုင်ရန်အတွက်ဆိုပါက ကျန်ရှိသည့် စစ်ကောင်စီတပ်များကို ဆက်လက် တိုက်ထုတ်ရဦးမည်ဖြစ်ကြောင်း KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်၏ ပြောဆိုချက်အရ သိရသည်။

You may also like these stories:

မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ

မယ်စဲ့ကို ကရင်နီပူးပေါင်းတပ်တွေ ထိန်းချုပ်လိုက်ပြီ

စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

Your Thoughts …
Tags: KAKNPPကယားကရင်နီစစ်ကောင်စီတပ်ဖားဆောင်းမယ်စဲ
စောရယ်

စောရယ်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

ဖမ်းမိသည့် လေယာဉ်မှူး စကားက သေဆုံးရသူများ၏ မိသားစုများ ဒေါသကို ဆွ

ဖမ်းမိသည့် လေယာဉ်မှူး စကားက သေဆုံးရသူများ၏ မိသားစုများ ဒေါသကို ဆွ

by ယုဇန
18 December 2023
28.2k

သူ၏စကားများကြောင့် လူမှုကွန်ရက်တွင် ဝေဖန်မှတ်ချက်ပေးသူများ ဒေါသထွက်ကြပြီး လူသားချင်းစာနာမှု ကင်းမဲ့သူအဖြစ် ဝေဖန်ပြီး ဆဲဆိုကြသည်။

သတိပြုစရာ သေးဆူလဲတိုက်ပွဲ

သတိပြုစရာ သေးဆူလဲတိုက်ပွဲ

by မိုးစက်ငြိမ်းချမ်း
16 September 2023
22.4k

သေးဆူလဲတိုက်ပွဲနှင့် ပတ်သက်၍ KNDF ၏ ထုတ်ပြန်ချက်တွင် မီဒီယာနှင့်ပတ်သက်၍ အထူးအလေးထား ဖော်ပြထားသည်ကို တွေ့ရ၏။

ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

by စောရယ်
3 December 2023
14.6k

လွိုင်ကော်ကို ရသွားရင် ကျန်တဲ့မြို့တွေမှာရှိတဲ့ စစ်ကောင်စီတပ်တွေကိုပါ ချေမှုန်းသွားနိုင်တော့မှာလို့ ယုံကြည်တာကြောင့် စစ်ပွဲကို ဆင်နွှဲနေတာလည်းဖြစ်ပါတယ်။

ကရင်နီစစ်ဆင်ရေးတွင် တာဝန်ရှိသော တိုင်းမှူးနှင့် တပ်မမှူး တချို့ကို အနားပေး

ကရင်နီစစ်ဆင်ရေးတွင် တာဝန်ရှိသော တိုင်းမှူးနှင့် တပ်မမှူး တချို့ကို အနားပေး

by ဧရာဝတီ
11 January 2024
13.8k

စစ်ဆင်ရေးတာဝန်ယူထားရသော တိုင်းမှူးနှင့်တပ်မမှူးများအား အနားပေးခြင်းသည် ၎င်းတို့တာဝန်ယူထားရသော ဒေသ၌ စစ်ရေးအရ ရှုံးနိမ့်နေခြင်းကြောင့်ဖြစ်နိုင်ကြောင်း

သံလွင်မြစ်ကို ကူးလာသည့် UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ အပိုင်း  ၃

သံလွင်မြစ်ကို ကူးလာသည့် UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ အပိုင်း ၃

by ကိုဦး
16 July 2024
13.8k

သံလွင်အနောက်ခြမ်းသို့ ဝင်ရောက်လာသော UWSA ၏ ပါးနပ်မှုမှာ သုံးကြိမ်လုံးတွင် မဟာမိတ်ဖြစ်သူ SSPP နှင့် ပူးပေါင်း၍ ဝင်ရောက်ခြင်း ဖြစ်သည်ကို တွေ့ရ၏။

Next Post
ပြည်တွင်းဆန်ဈေး အဆမတန်မြင့်တက်နေ

ပြည်တွင်းဆန်ဈေး အဆမတန်မြင့်တက်နေ

ကျင်စန်းကျော့ဂိတ် တိုက်ခိုက်ခံရမှု ကျပ် ၃၀ ဘီလီယံကျော် ဆုံးရှုံး

ကျင်စန်းကျော့ဂိတ် တိုက်ခိုက်ခံရမှု ကျပ် ၃၀ ဘီလီယံကျော် ဆုံးရှုံး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved