• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

ကရင်နီစစ်ဆင်ရေးတွင် တာဝန်ရှိသော တိုင်းမှူးနှင့် တပ်မမှူး တချို့ကို အနားပေး

by ဧရာဝတီ
11 January 2024
in သတင်းတို
A A
ကရင်နီစစ်ဆင်ရေးတွင် တာဝန်ရှိသော တိုင်းမှူးနှင့် တပ်မမှူး တချို့ကို အနားပေး

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၆၁ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် တွေ့ရသော တိုင်းမှူး ဗိုလ်ချုပ်လှမိုး/MWD

13.8k
VIEWS
Share on FacebookShare on Twitter

ကရင်နီ( ကယား)ပြည်နယ်တွင် စစ်ဆင်ရေးတာဝန်ယူထားရသော အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တိုက်ခိုက်ရေး တာဝန်ယူရသော တပ်မမှူးအချို့အား မကြာသေးခင်က စစ်ဘက်ရာထူးမှ အနားပေးလိုက်ကြောင်း သတင်းရရှိသည်။

စစ်တက္ကသိုလ်အပတ်စဉ် ၃၇ ကျောင်းဆင်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ( ရပခ ) တိုင်းမှူး ဗိုလ်ချုပ်လှမိုးကို စစ်ဖက်ရာထူးမှ အနားပေးကာ အရန်အင်အားသို့ပြောင်းလဲတာဝန်ပေးလိုက်ပြီး လစ်လပ်သွားသော တိုင်းမှူးနေရာတွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်ချုပ် ဇော်မင်းလတ်အားတာဝန်ပေးလိုက်သည်ဟု သိရသည်။

ဆက်လက်၍ ကရင်နီပြည်နယ်တွင် စစ်ဆင်ရေးတာဝန်ယူထားသော အမှတ် ( ၆၆ ) ခြေမြန်တပ်မမှူးကိုလည်း အနားပေးလိုက်ကြောင်း ဧရာဝတီသတင်းရင်းမြစ်များက ပြောသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.5k
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
661
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
3.8k

ထိုကဲ့သို့စစ်ဆင်ရေးတာဝန်ယူထားရသော တိုင်းမှူးနှင့်တပ်မမှူးများအား အနားပေးခြင်းသည် ၎င်းတို့တာဝန်ယူထားရသော ဒေသ၌ စစ်ရေးအရ ရှုံးနိမ့်နေခြင်းကြောင့်ဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသူများက ဆိုသည်။

ထို့ပြင်ငွေစက္ကူထုတ်လုပ်ရေးလုပ်ငန်းအပါအဝင် လုံခြုံရေးနှင့်သက်ဆိုင်သောပုံနှိပ်လုပ်ငန်းများ ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးဗိုလ်ချုပ် ထင်ကျော်သူကိုလည်း စစ်ဘက်ရာထူးမှအနားပေးလိုက်ပြီးစစ်ကောင်စီရုံးဝန်ကြီးဌာန ( ၂ ) တွင် ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်လိုက်ကြောင်း ဇန်နဝါရီလ ၁၀ ရက်ထုတ် စစ်ကောင်စီအာဘော် သတင်းစာတွင် ဖော်ပြထားသည်။

ဇန်နဝါရီလ ၅ ရက်နေ့ ညနေက ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ( လောက်ကိုင်) ရှိ ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူနှင့် ကိုးကန့်ဒေသ စစ်ကောင်စီအဖွဲ့၏ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်တို့အပါ ဗိုလ်မှူးချုပ် ၆ ဦးသည် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA )ထံလက်နက်ချခဲ့ပြီး ဇန်နဝါရီလ ၆ ရက်နေ့တွင် လားရှိုးမြို့သို့ ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်ခဲ့ကာ လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အချုပ်ခန်းတွင် ချုပ်နှောင်ခဲ့ပြီးနောက် ၎င်းတို့အား စစ်ဥပဒေများဖြင့် အရေးယူရန်စီစဉ်နေကြောင်း ယင်းအဖြစ်အပျက်နှင့် နီးစပ်သူ စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်တဦးက ဧရာဝတီကို ပြောသည်။

အလားတူ ဒီဇင်ဘာ ၁၅ ရက်တွင် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်ရှိ နမ့်ဆန်ဗျူဟာကုန်းအား တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ခြေမြန်တပ်မဌာနချုပ် (ခမရ) ၁၀၁ မှ တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းကို ဖမ်းဆီးမိခဲ့သည်။

Your Thoughts …
Tags: ကရင်နီစစ်ဆင်ရေးတိုင်းမှူးရပခလက်နက်ချလောက်ကိုင်ဒကစအနားပေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.4k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

လောက်ကိုင်၌ လက်နက်ချခဲ့သော ဗိုလ်မှူးချုပ် ၆ ဦးကို အရေးယူရန် စစ်ကောင်စီ ပြင်ဆင်

လောက်ကိုင်၌ လက်နက်ချခဲ့သော ဗိုလ်မှူးချုပ် ၆ ဦးကို အရေးယူရန် စစ်ကောင်စီ ပြင်ဆင်

by ဧရာဝတီ
12 January 2024
20k

ကိုးကန့်တပ်ဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ထားသည့် အခြေအနေများကိုလည်း စစ်ရုံးချုပ်သို့ တင်ပြခဲ့ရာတွင် သဘောတူခဲ့သဖြင့် လက်နက်ချခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

လောက်ကိုင်တွင်လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ်​များနေရာ အစားထိုးခန့်အပ်

လောက်ကိုင်တွင်လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ်​များနေရာ အစားထိုးခန့်အပ်

by ဧရာဝတီ
19 January 2024
18.2k

အသစ်ခန့်အပ်လိုက်သောတပ်မှူးအများစုမှာ စစ်တက္ကသိုလ်အပတ်စဉ် ၃၉၊ ၄၁နှင့် အလုပ်သင် ၂၄ သင်တန်းဆင်းများဖြစ်ပြီး စစ်မတိုက်ရဘဲ ရထူးရလာခဲ့ကြသူများဖြစ်သလို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏လူရင်းများဖြစ်ကြောင်း

ကျောက်တော် ခမရ ၅၃၉ တပ်ရင်း AA ထံ လက်နက်ချ

ကျောက်တော် ခမရ ၅၃၉ တပ်ရင်း AA ထံ လက်နက်ချ

by ဧရာဝတီ
16 January 2024
17.3k

ဇန်နဝါရီ ၁၁ ရက်မှ စတင်ကာ ထိုးစစ်ဆင်ခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်တွင် အမြောက်တပ်ရင်းအား အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက် အနီးရှိ ခမရ ၅၃၉ တပ်ရင်းမှ လက်နက်ချ အညံ့ခံလာခြင်း

စစ်ကောင်စီ တပ်မ ၅၅ မှတပ်ဖွဲ့များ MNDAA ထံ လက်နက်ချ

စစ်ကောင်စီ တပ်မ ၅၅ မှတပ်ဖွဲ့များ MNDAA ထံ လက်နက်ချ

by စောရယ်
25 December 2023
14.3k

လောက်ကိုင်ဝန်းကျင်တွင် စစ်ကောင်စီ၏ တပ်မ ၅၅ လက်အောက်ခံတပ်ဖွဲ့ဝင်များသည် မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) ထံ လက် နက်ချသွားကြောင်း

Next Post
မင်းပြားတိုက်ပွဲ လက်နက်ကြီးနှင့် လေကြောင်းကြောင့် အရပ်သားထိခိုက်မှုရှိ

မင်းပြားတိုက်ပွဲ လက်နက်ကြီးနှင့် လေကြောင်းကြောင့် အရပ်သားထိခိုက်မှုရှိ

ဖယ်ခုံမြို့ တဝက်ခန့် ကရင်နီပူးပေါင်းတပ်များ စိုးမိုးထား

ဖယ်ခုံမြို့ တဝက်ခန့် ကရင်နီပူးပေါင်းတပ်များ စိုးမိုးထား

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved