• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

by စွယ်တော်
5 July 2025
in သူ့အတွေး သူ့အမြင်
A A
စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

၂၀၂၁ ခုနှစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မွေးနေ့ ဆန္ဒပြသူများ

11.1k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့သည့် ဇူလိုင် ၃ ရက်နေ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ၆၉ နှစ်ပြည့် မွေးနေ့ဖြစ်သည်။ ထို့ကြောင့် ပြီးခဲ့သည့် ဇွန်လအတွင်းက စစ်ခေါင်းဆောင်၏ ဘယ်လာရုစ် ခရီးစဉ်နှင့်ပတ်သက်၍ စစ်လော်ဘီများက စစ်အာဏာသိမ်းခေါင်းဆောင်ကို အသက်အရွယ်နှင့်မမျှအောင် နိုင်ငံအတွက် လုပ်ဆောင်နေသူဟု လော်ဘီ လုပ်လာကြသည်ကို တွေ့ရသည်။

စစ်လော်ဘီများအနေဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မွေးနေ့နှင့် မရှေးမနှောင်း ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်က ကျရောက်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ကို အားကျ၍ထင်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် သူ့ကို ချစ်ခင်လေးစားကြသူများက မွေးနေ့ဆုမွန်ကောင်း တောင်းသည့် ဗီဒီယိုများ ဂင်းနစ်စံချိန်အဆင့် ရောက်သွားသောကြောင့် စစ်လော်ဘီများ ကြိတ်မနိုင်ခဲမရ ဖြစ်ကြသည်ထင့်။ ထို့ကြောင့်လည်း အရပ်ပုသည့် စစ်ခေါင်းဆောင်ကို ခုံခုပေးသလို အဆီအငေါ်မရှိ မြှောက်ပင့်နေခဲ့ကြသည်ကို တွေ့ရသည်။

စစ်သားဟောင်း တယောက်ဖြစ်သည့် စာရေးသူအနေဖြင့်မူ စစ်လော်ဘီများ၏ လုပ်ရပ်ကို ရယ်စရာကောင်းလှသည့် အပြုအမူဟုသာ မြင်မိပါသည်။ စစ်ခေါင်းဆောင်အနေဖြင့် သူ့ထက် အသက် ၁၀ နှစ်ကျော်ကြီးသည့် အမျိုးသမီး၊ ပြည်သူအများစု ယုံကြည်လေးစားကြသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားချိန် ယခုကဲ့သို့ ချီးကျုး အမွှမ်းတင်နေကြခြင်းကြောင့်လည်း ဖြစ်သည်။

စစ်သားဟောင်း တယောက်ဖြစ်သည့် စာရေးသူအနေဖြင့်မူ စစ်လော်ဘီများ၏ လုပ်ရပ်ကို ရယ်စရာကောင်းလှသည့် အပြုအမူဟုသာ မြင်မိပါသည်။ စစ်ခေါင်းဆောင်အနေဖြင့် သူ့ထက် အသက် ၁၀ နှစ်ကျော်ကြီးသည့် အမျိုးသမီး၊ ပြည်သူအများစု ယုံကြည်လေးစားကြသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားချိန် ယခုကဲ့သို့ ချီးကျုး အမွှမ်းတင်နေကြခြင်းကြောင့်လည်း ဖြစ်သည်။

စစ်လော်ဘီများ၏ ယခုကဲ့သို့ အမွှမ်းတင်မှုများက “ယိုသူမရှက် မြင်သူရှက်” ဆိုသလို ဖြစ်နေသည်။ ယခုလို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံတကာနှင့်ပတ်သက်၍ တိုင်းပြည်အတွက် စွမ်းဆောင်နေကြောင်း ဝါဒဖြန့်မှုများသည် ရှေ့က စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ်နှင့် ရုရှားခရီးစဉ်များကတည်းကပင် ဖြစ်သည်။

“စစ်ခေါင်းဆောင်ကို သောင်းသောင်းဖြဖြ ကြိုဆိုကြသည်”၊ “စစ်ခေါင်းဆောင်က လူငယ်တွေအတွက် အနာဂတ် သယ်ဆောင်လာသည်” ဆိုတာမျိုးတွေနှင့် မဘသ အစွန်းရောက်၊ စစ်တပ်ထောက်ခံသူများကို ဂျင်းထည့်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။

စစ်သားဟောင်းတယောက် အမြင်အရဆိုရလျှင် သက်မှတ်ထားသည့် ကာကွယ်ရေးဦးစီးချုပ် သက်တမ်းတခုထက်ပို၍ အာဏာရယူထားသူတဦး ဖြစ်သောကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လေးစားဖွယ်ရာ မရှိပေ။

၎င်း၏ အသက်အရွယ် အိုပြီဟု ယူဆလျှင် နောက်လူကို တပ်ချုပ်ရာထူးလွှဲပေးပြီး အနားယူနိုင်သည်။ သူ့ကို တပ်မတော်တရပ်လုံး သဘောထားဖြင့်လည်း ရွေးကောက်ထားခြင်း မဟုတ်ဘဲ သူကိုယ်တိုင် ဆက်ပြီး ရယူထားသည့် ရာထူးဖြစ်သည်။

ထို့ကြောင့် ‘အသက်နှင့်မမျှ’ ဆိုသည့် စကားလုံးက အတော့်ကို လွဲနေသည်ဟုဆိုနိုင်သည်။ သက်တမ်းပြည့်ခါနီးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မြန်မာ့တပ်မတော်အတွင်း၌ သူ့နေရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးအတွက် အရည်အချင်း ကိုက်ညီသူ မရှိသေးကြောင်း ဗြောင်ပြောထားသည်။

ထိုအကြောင်းပြချက်နှင့်ပင် တပ်ချုပ်ရာထူးအတွက် အသက်ကန့်သတ်ချက်တိုးကာ နေရာဖယ်မပေးဘဲ အာဏာရယူထားခြင်းကို တွေ့နိုင်သည်။ ၂၀၁၁ ခုနှစ်တွင် တပ်ချုပ်ရာထူး ရယူခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၁၆ ခုနှစ်တွင် အသက် ၆၀ ပြည့်ပြီး အငြိမ်းစားယူရမည် ဖြစ်သည်။

သို့သော် အငြိမ်းစားယူရန် နှစ်နှစ်အလို ၂၀၁၄ ခုနှစ်တွင် ကာကွယ်ရေးဌာန ကောင်စီညွှန်ကြားလွှာ ၄/၂၀၁၄ ကို ထုတ်ပြန်ခဲ့သည်။ ထိုညွှန်ကြားလွှာအရ အသက် ၆၀ တွင် အနားယူရမည့်အစား လက်ရှိရာထူးကို ၆၅ နှစ်အထိ ဆက်ယူထားရန် သက်တမ်းတိုးခဲ့ခြင်း ဖြစ်သည်။ သူ့နေရာအား ဆက်ခံမည့် အရည်အချင်း ပြည့်ဝသည့် စစ်ဘက်အရာရှိကြီးများ မရှိသေး၍ ဖြစ်သောကြောင့်ဟု အကြောင်းပြချက်ပေးခဲ့သည်။

ထိုအကြောင်းပြချက်သည် နောက်လူတွေ သူ့လောက် အသုံးမကျသဖြင့် အာဏာယူထားဦးမည်ဆိုသည့်သဘော ဖြစ်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် အသက်အရွယ်နှင့်မမျှ တိုင်းပြည်အကျိုး ဆောင်ရွက်လိုခြင်းထက် အရွယ်နှင့်မမျှ အာဏာယစ်မူးနေခြင်းကြောင့်ဟု ဆိုနိုင်သည်။

စစ်တပ်၏ အမြင့်ဆုံးရာထူး ရယူထားရုံမျှမက ပြည်သူရွေးချယ်တင်မြှောက်မှ ရနိုင်သည့် အစိုးရအဖွဲ့ခေါင်းဆောင် နေရာအတွက် ခေတ်နောက်ပြန် အာဏာသိမ်းပြီး မရ ရအောင် ယူထားပြန်သည်။

ပြည်သူက ရွေးချယ်ထားသည့် ခေါင်းဆောင်များကို ဖမ်းဆီးအကျဉ်းချကာ နိုင်ငံ့ခေါင်းဆောင်နေရာ လုထားသူက တကယ်ပဲ နိုင်ငံ့အရေးကို အသက်အရွယ်နှင့်မလိုက်အောင် စွမ်းဆောင်နေခြင်းလား ဆိုသည်မှာ ပြေးကြည့်စရာမလို၊ တွေးကြည့်ရုံနှင့်ပင် သိနိုင်သည်။

ပြည်သူက ရွေးချယ်ထားသည့် ခေါင်းဆောင်များကို ဖမ်းဆီးအကျဉ်းချကာ နိုင်ငံ့ခေါင်းဆောင်နေရာ လုထားသူက တကယ်ပဲ နိုင်ငံ့အရေးကို အသက်အရွယ်နှင့်မလိုက်အောင် စွမ်းဆောင်နေခြင်းလား ဆိုသည်မှာ ပြေးကြည့်စရာမလို၊ တွေးကြည့်ရုံနှင့်ပင် သိနိုင်သည်။

အမှန်က အရွယ်နှင့်မလိုက်အောင် ရာထူး အာဏာ တပ်မက်နေခြင်းဟုသာ ဆိုနိုင်သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲပေးချိန်တွင် စစ်ခေါင်းဆောင်က ရွေးကောက်ပွဲအပြီးတွင် ပြည်သူ့ဆန္ဒနှင့်အညီ ထွက်ပေါ်လာမည့်ရလဒ်ကို လက်ခံကြောင်းနှင့် နိုင်ငံသူ နိုင်ငံသားများ ခံစားနေရသည့် သောကများကို ဖြေသိမ့်နိုင်ရေး အမြဲစဉ်းစားနေရန်၊ လုပ်ဆောင်နေရန် လိုအပ်ပြီး အလွန် အရေးကြီးသောကိစ္စဖြစ်သည့်အတွက် မလွဲမသွေ လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

တကယ်တမ်း ရွေးကောက်ပွဲရလဒ် ထွက်ပေါ်ချိန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အပြတ်အသတ် အနိုင်ရသည့်အခါ ထိုပြောကြားမှုနှင့် ဆန့်ကျင်ဘက်အလုပ်များကို လုပ်ဆောင်ခဲ့သည်။ ကိုဗစ်နိုင်တင်း ကပ်ရောဂါကြောင့် ပြည်သူ အများအပြား စိတ်ဒုက္ခရောက်နေချိန်တွင် မဲစာရင်း မှားယွင်းကြောင်း ရမယ်ရှာပြီး အစိုးရကို အကျပ်ကိုင်ခဲ့သည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
737
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
3.3k
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
670

အဖက်မလုပ်သည့်အခါ ပြည်ထောင်စုလွှတ်တော် မခေါ်ယူမီ နာရီပိုင်းအလိုတွင် NLD ပါတီ ခေါင်းဆောင်များကို ဝင်ရောက်စီးနင်း ဖမ်းဆီးကာ နောက်တရက်တွင် တိုင်းပြည်အာဏာ သိမ်းယူခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ထိုသမိုင်းကြောင်းကို ဖုံးဖိလိုသဖြင့် စစ်လော်ဘီများသည် စစ်ခေါင်းဆောင်ထက် အသက် ၁၀ နှစ်ကျော် ကြီးပြီး မိန်းမသားဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို ကျော်ကာ အသက်အရွယ်အကြောင်းပြပြီး အမွှမ်းတင်နေကြသည်ဟု ဆိုနိုင်သည်။

သို့သော် မည်မျှ အမွှမ်းတင်စေကာမူ ပြည်သူက အကြောင်းသိဖြစ်သောကြောင့် အမြင်ကြည်စရာ မရှိပေ။ ဥပမာ – အမေရိကန်ရောက် ဆိုရှယ်မီဒီယာ ဆယ်လီ ထွန်းခင်နှင့် ခါဥတို့က ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေက လှူခဲ့သလို ဘဘကြီး ၆၉ နှစ်ပြည့် မွေးနေ့ကြာဇံဟင်း လှူပါသည်ဆိုပြီး လူမှုကွန်ရက်တွင် ပို့စ်တင်လိုက်ရာ Follower အတော်များများက Unfollow လုပ်သွားကြသည်ကို တွေ့ရသည်။ ဘဘကြီးကို ပြည်သူတွေ မည်မျှထောက်ခံသည်ကို တခါတည်း တွေ့လိုက်ရလေသည်။

တခါ စစ်ခေါင်းဆောင်၏ မွေးရက် ဇူလိုင်လ ၃ ရက်သည် မြန်မာအမျိုးသမီးများနေ့နှင့် တိုက်ဆိုင်နေပြန်သည်။ ယခုနှစ်တွင် သူ့မွေးနေ့နှင့် တိုက်ဆိုင်သည့် မြန်မာအမျိုးသမီးများနေ့ကို တရက်ကြို၍ ကပွဲခုန်ပွဲနှင့် ပြုလုပ်ခဲ့သည်။

သူ့ဇနီးဖြစ်သူ ဒေါ်ကြူကြူလှလည်း ထိုပွဲကို သွားရောက်ပျော်ပါးခဲ့ကြောင်း တွေ့ရသည်။ ထိုနေ့ ညပိုင်းတွင် စစ်ခေါင်းဆောင်က မြန်မာအမျိုးသမီးနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့်ဆိုပြီး အမျိုးသမီး ၁၅၀ ဦးကို ဝဏ္ဏကျော်ထင်ဘွဲ့ အပါအဝင် ဂုဏ်ထူးဆောင်တံဆိပ်များ ပေးအပ်ပြန်သည်။

ဘွဲ့တံဆိပ်ရရှိသူများတွင် နအဖ လက်ထက်က စစ်ဗိုလ်ချုပ်ကြီးများ၏ ဇနီးများ အပါအဝင် စစ်တပ်ထောက်ခံသူ အနုပညာသမားများ၊ ပြည်သူ့စစ်‌ခေါင်းဆောင်နှင့် စစ်တပ် မိသားစုဝင် ရဲမေများကိုလည်း ဂုဏ်ထူးဆောင်တံဆိပ်များ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ဘွဲ့တံဆိပ်ရရှိသူများတွင် နအဖ လက်ထက်က စစ်ဗိုလ်ချုပ်ကြီးများ၏ ဇနီးများ အပါအဝင် စစ်တပ်ထောက်ခံသူ အနုပညာသမားများ၊ ပြည်သူ့စစ်‌ခေါင်းဆောင်နှင့် စစ်တပ် မိသားစုဝင် ရဲမေများကိုလည်း ဂုဏ်ထူးဆောင်တံဆိပ်များ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အနုပညာသမားများတွင် ဆွေဇင်ထိုက်ကို အနုပညာထူးချွန် ပထမအဆင့်၊ စိုးမြတ်သူဇာနှင့် မေသဉ္ဇာဦးကို လူမှုထူးချွန် ပထမအဆင့်၊ မြင်းခြံ ပြည်သူစစ်ခေါင်းဆောင် သီတာယုမွန်ကို ရဲဗလတံဆိပ်၊ သေဆုံးသွားပြီဖြစ်သည့် အဆိုတော် လီလီနိုင်ကျော်ကိုလည်း ရဲဗလတံဆိပ် ပေးအပ်ခဲ့သည်ကို တွေ့ရသည်။

အမျိုးသမီးများနေ့ အထိမ်းအမှတ်ထက် သူမွေးနေ့ အထိမ်းအမှတ်ဖြစ် စစ်တပ်ထောက်ခံသူများနှင့် စည်းရုံးရေးအတွက် ပေးရန် လိုအပ်သူများကို စိတ်တိုင်းကျ ရွေးချယ်ကာ ပေးနေခြင်းဟုဆိုနိုင်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ကိုယ်သူလည်း “သတိုးသီရိသုဓမ္မ” နှင့် “သတိုးမဟာသရေစည်သူ” ဆိုကာ ဘွဲ့နှစ်ခု ပြန်ပေးထားသည်။ အလားတူ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှကိုလည်း “အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ” ဘွဲ့ ပေးထားသေးသည်။

ထိုသို့ ‘ကိုယ်ကိုကိုယ်ဖော် မသူတော်’ ဆိုသကဲ့သို့ ကိုယ်အာဏာရူးသည်ကို ပြန်ဂုဏ်ပြုနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသက်အရွယ်နှင့်မမျှအောင် နိုင်ငံအတွက် လုပ်ဆောင်နေသူဟု ဆိုလာသည့် စစ်လော်ဘီများအတွက် ကျနော့်အနေဖြင့် ဟဟသာ ပေးရန်ရှိပါသည်။

(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)

You may also like these stories:

စစ်ခေါင်းဆောင်မွေးနေ့ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့ ဆန္ဒပြခွင့် မရ

ဒေါ်စုကို မင်းအောင်လှိုင် ဘာကြောင့်ကြောက်သလဲ

စစ်ဗိုလ်ချုပ်တွေ မချေမှုန်းနိုင်တဲ့ သူ

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်း ဂင်းနစ်စံချိန်ဝင်မှာလား (ရုပ်/သံ)

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

Your Thoughts …
Tags: NLDSliderစစ်ကောင်စီစစ်တပ်လော်ဘီစစ်အာဏာသိမ်းမှုဒေါ်အောင်ဆန်းစုကြည်မင်းအောင်လှိုင်မဘသရွေးကောက်ပွဲ
စွယ်တော်

စွယ်တော်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဖားဆောင်းစခန်းသိမ်းတိုက်ပွဲ (ရုပ်/သံ)

ဖားဆောင်းစခန်းသိမ်းတိုက်ပွဲ (ရုပ်/သံ)

စက်ချို့ယွင်းနေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

စက်ချို့ယွင်းနေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved