• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရှမ်းမြောက် ရမခ စစ်အင်အား ပြန်ဖြည့်နေသည်

by မိုးစက်ငြိမ်းချမ်း
27 June 2025
in ဆောင်းပါး
A A
ရှမ်းမြောက် ရမခ စစ်အင်အား ပြန်ဖြည့်နေသည်

စစ်ကောင်စီသည် ရှမ်းမြောက်တွင် စစ်အင်အား ဖြည့်တင်းခြင်းနှင့် စစ်ဆင်ရေး ဆောင်ရွက်ခြင်းကို မရပ်တန့်ပေ

3.1k
VIEWS
Share on FacebookShare on Twitter

၂၀၂၄ ခုနှစ်၊ ဩဂုတ်လဆန်း လားရှိုးကျပြီးသည်အထိ စစ်ရေးအရှိန်တက်နေချိန်တွင် တရုတ်အစိုးရ ဗြောင်အတိအလင်း ဝင်ရောက်စွက်ဖက်ပြီး စစ်ကောင်စီ ပြုတ်မကျရေး လုံးပန်းလာပြီးနောက် ရှမ်းမြောက်၏ စစ်ရေးအခြေနေမှာ ပြောင်းလဲသွားသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် စစ်ကောင်စီ အပစ်ရပ်ပြီး လားရှိုးကို ဇွန်လခန့်တွင် စစ်ကောင်စီလက်ထဲ ပြန်အပ်မည်ဟု စတင် သတင်းထွက်သည်။ သို့သော် လက်တွေ့တွင် လားရှိုးမြို့အား ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်တွင် စစ်ကောင်စီလက်သို့ ပြန်အပ်လိုက်ရ၏။ မတ်လ စစ်ကိုင်းငလျင်ကြီးကြောင့် မြန်မာလူထုအာရုံ ငလျင်ပေါ်ရောက်နေချိန် လားရှိုးကိစ္စ လူထုအာရုံမစိုက်မိစေရန် တရုတ်တို့ တက်သုတ်ရိုက် လုပ်ကိုင်ပုံရသည်။

တဖန် တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် ဧပြီလ ၂၈ ရက်နှင့်၂၉ ရက်တို့တွင် စစ်ကောင်စီနှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ဆွေးနွေးခဲ့သည်ဟု သိရသည်။ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ်အတွင်းအထိ TNLA တပ်ဖွဲ့အားလုံး ပြန်လည် ဆုတ်ခွာပေးရန် စစ်ကောင်စီ၏ တောင်းဆိုချက်ကို PSLF ကိုယ်စားလှယ်များက သဘောမတူနိုင်ခဲ့ခြင်းကြောင့် နှစ်ဖက် အပြန်အလှန်ဆွေးနွေးမှု ထပ်ဆင့်မတိုးနိုင်သေးဟု ဆိုပါသည်။

နှစ်ဖက်အပစ်အခတ်ရပ်စဲနိုင်ဖို့အတွက် လာမယ့်ဩဂုတ်တွင် ထပ်မံတွေ့ဆုံရန် သဘောတူခဲ့ကြသည်ဟု TNLA က အသိပေးသည်ကို တွေ့ရ၏။ TNLA အနေဖြင့် အပစ်အခတ်ရပ်စဲရေး မပြုလုပ်သည့်အတွက် တရုတ်အစိုးရက နယ်စပ်တလျှောက် ဖြတ်ငါးဖြတ် ဆက်လက် ပြုလုပ်ထားသည့်အတွက် တအာင်း/ပလောင်ဒေသတွင် အခက်အခဲများစွာရှိသည်ဟု TNLA က နောက်ဆက်တွဲ သတင်းထုတ်ပြန်သည်ကို တွေ့ရ၏။

မြောက်ပိုင်း ညီ‌နောင်မဟာမိတ် သုံးဖွဲ့အနေဖြင့် စစ်ကိုင်းငလျင်လှုပ်ပြီးနောက် တဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာထားခဲ့သည်မှာ ၂၀၂၅ ခုနှစ်၊ ဇွန်လကုန်အထိ ဖြစ်၏။ သို့သော်လည်း စစ်ကောင်စီသည် ရှမ်းမြောက်တွင် စစ်အင်အား ဖြည့်တင်းခြင်းနှင့် စစ်ဆင်ရေး ဆောင်ရွက်ခြင်းကို ရပ်တန့်ကြောင်း မတွေ့ရပေ။

မြောက်ပိုင်း ညီ‌နောင်မဟာမိတ် သုံးဖွဲ့အနေဖြင့် စစ်ကိုင်းငလျင်လှုပ်ပြီးနောက် တဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာထားခဲ့သည်မှာ ၂၀၂၅ ခုနှစ်၊ ဇွန်လကုန်အထိ ဖြစ်၏။ သို့သော်လည်း စစ်ကောင်စီသည် ရှမ်းမြောက်တွင် စစ်အင်အား ဖြည့်တင်းခြင်းနှင့် စစ်ဆင်ရေး ဆောင်ရွက်ခြင်းကို ရပ်တန့်ကြောင်း မတွေ့ရပေ။

ရှမ်းမြောက်နှင့် ရမခ

လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကျပြီးနောက် ယခုအခါ စစ်ကောင်စီသည် ရမခ စစ်တိုင်းဌာနချုပ်အား တန့်ယန်းအနီး မန်ကတ်တွင် ပြောင်းရွှေ့အခြေပြုပြီး စစ်ဆင်ရေးကွပ်ကဲမှု ပြန်လည်ဖွဲ့စည်းမှုများ တောက်လျှောက် ပြုလုပ်နေသည်ကို တွေ့ရ၏။

တပ်သားသစ်များ စုဆောင်းပြီးနောက် ၁၀၂၇ စစ်ဆင်ရေးတွင် တပ်ရင်းဌာနချုပ် ပျက်သွားသည့် ခြေလျင်၊ ခြေမြန်တပ်ရင်းများအနက် ရမခ တိုင်းတပ်အချို့၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁၊ စကခ ၁၆ မှ တပ်ရင်းများ၊ လားရှိုးအခြေစိုက် လက်ရုံးတပ်၊ ဝန်ထမ်းတပ်များကို ပြန်လည် အင်အားဖြည့်ခြင်း၊ ပူးပေါင်းဖွဲ့စည်းခြင်းများ ပြုလုပ်ခဲ့ပြီး လားရှိုးမြို့တွင် ပြန်လည် အခြေစိုက်ခဲ့သည်။

ရမခတပ်များအား ပြန်လည်အင်အားဖြည့် ဖွဲ့စည်းသည့်အပြင် အခြားဒေသမှ စကခများ၊ တပ်မများ၊ တိုင်းတပ်များကိုလည်း ရမခစစ်တိုင်းနယ်မြေအတွင်း အင်အားဖြည့်ထားသည်ကို တွေ့ရ၏။ ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း လားရှိုးကို ပြန်လည်နေရာယူစဉ်က စစ်အင်အား ၅၀၀ ခန့်သာရှိသော်လည်း နောက်ပိုင်း တစတစ တိုးလာပြီး ဇွန်လအတွင် အင်အားထောင်ချီ စေလွှတ်ဖြည့်တင်းခဲ့သည်ကို တွေ့နိုင်သည်။

လက်ရှိ ရမခသည် တန့်ယန်း၊ မန်ကတ်တွင် အခြေပြုထားသည်။ မန်ကတ်တွင် တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက) ၈ နှင့် အင်အား ၄၀၀ ခန့် ပုံမှန်ရှိ၏။ တန့်ယန်းတွင် တိုင်းလက်အောက်ခံ စစ်ဗျူဟာတခုနှင့် တိုင်းတပ်ရင်း သုံးရင်းရှိသည်။ မိုင်းရယ်တွင် စစ်ဗျူဟာ တခုနှင့် တိုင်းတပ် သုံးရင်းရှိသည့်အပြင် မိုင်းရယ်တွင် ရှေ့တန်း စကခ ၁၂ ဌာနချုပ်နှင့် တပ်ရင်း ခြောက်ရင်းခန့် ထားရှိသည်ကို တွေ့ရ၏။

တောင်းခမ်းဝန်းကျင် ပြ မြေပုံ / ဧရာဝတီ

စကခ ၁ နှင့် လက်အောက်ခံ တပ်ရင်းများကို နန့်လန်တွင် ပြန်လည်စုစည်း အင်အားဖြည့်ပြီး တပ်ရင်း လေးရင်းခန့်ပါသည့် ဗျူဟာတခုကို တောင်ခမ်းသို့ စေလွှတ်ထားသည်ကို တွေ့ရ၏။ နန့်လန်တွင် တြိဂံတိုင်းမှ တပ်ရင်းနှစ်ရင်း၊ စကခ ၇ မှ အနည်းဆုံး နှစ်ရင်းခန့် ထပ်မံ ဖြည့်တင်းထားသည်။ နန့်လန်၊ မန်စိမ်း၊ တောင်ခမ်းခွင်အား ထိန်းချုပ်ရန် ကြိုးစားနေသည်ကို တွေ့ရသည်။

ထို့ပြင် ယခင် မူဆယ်ရှိ တပ်မ ၉၉ အား ဆွဲထုတ်ပြန်လည်ဖွဲ့စည်းပြီး မင်းဘူး-ပဒါန်း စစ်မျက်နှာသို့ စေလွှတ်ခဲ့၏။ မူဆယ်သို့ စကခ ၁၄ နှင့် လက်အောက်ခံ တပ်ရင်း ခြောက်ရင်းကို ပြန်လည်စေလွှတ်ပြီး ရမခ တိုင်းတပ် လေးရင်းခန့်နှင့်အတူ နေရာချထားသည်ကို တွေ့ရသည်။

၂၀၂၅ ခုနှစ်၊ ဧပြီလတွင် မှစ၍ လားရှိုး၌ တိုင်းတပ် ငါးရင်းနှင့် လက်ရုံးတပ်များ စတင်အခြေစိုက်သည်။ နောက်ပိုင်းတွင် တပ်အင်အား ဖြည့်တင်းမှုများ ထပ်မံပြုလုပ်ပြီး ဇွန်လတွင် စကခ ၁၇ နှင့် တပ်ရင်း ခြောက်ရင်း၊ အမြောက်တပ်ရင်း၊ သံချပ်ကာကား ငါးစီးပါ သံချပ်ကာတပ်ဖွဲ့နှင့် လက်ရုံးတပ်များကို လားရှိုးသို့ စေလွှတ်ပြီး အင်အားဖြည့်တင်းထားရာ လက်ရှိတွင် လားရှိုးတွင် စုစုပေါင်း စစ်အင်အား ၂,၅၀၀ ခန့် ရှိလာသည်ကို တွေ့ရသည်။

၂၀၂၅ ခုနှစ်၊ ဧပြီလတွင် မှစ၍ လားရှိုး၌ တိုင်းတပ် ငါးရင်းနှင့် လက်ရုံးတပ်များ စတင်အခြေစိုက်သည်။ နောက်ပိုင်းတွင် တပ်အင်အား ဖြည့်တင်းမှုများ ထပ်မံပြုလုပ်ပြီး ဇွန်လတွင် စကခ ၁၇ နှင့် တပ်ရင်း ခြောက်ရင်း၊ အမြောက်တပ်ရင်း၊ သံချပ်ကာကား ငါးစီးပါ သံချပ်ကာတပ်ဖွဲ့နှင့် လက်ရုံးတပ်များကို လားရှိုးသို့ စေလွှတ်ပြီး အင်အားဖြည့်တင်းထားရာ လက်ရှိတွင် လားရှိုးတွင် စုစုပေါင်း စစ်အင်အား ၂,၅၀၀ ခန့် ရှိလာသည်ကို တွေ့ရသည်။

တောင်ခမ်းတွင် အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ) ၉၀၂ ဌာနချုပ်နှင့် အမြောက်တပ်ရင်း (အမတ) သုံးရင်း၊ တပ်မ ၅၅ မှ နှစ်ရင်း၊ စကခ ၂ မှ တပ်ရင်းတရင်း၊ ရပခ တိုင်းမှ တပ်ရင်းနှစ်ရင်းအပြင် နန့်လန်အခြေစိုက် စကခ ၁ မှ တပ်ရင်းလေးရင်း တဗျူဟာခန့်ရှိ၏။ ထို့ပြင် တပ်မ ၁၁ မှ တပ်ရင်း နှစ်ရင်းခန့် (စိစစ်ဆဲ) ရှိနိုင်သည်ဟု ဆိုပါသည်။

အုမ္မသီးဘက်တွင် စကခ ၁၈ မှ တပ်ရင်း ငါးရင်းခန့် စုဖွဲ့ကာ နောင်ချိုသို့ ထိုးစစ်ဆင်နေပြီး ရမခ၏ ကွပ်ကဲမှုအောက်တွင် ရှိ၏။ ဝက်ဝံ၊ ဘန့်ဘွေး၊ သံဘို တို့တွင်မူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) က ကွပ်ကဲမှု ယူထားသည်။

သို့ဖြစ်ရာ လက်ရှိ ရမခ လက်အောက်တွင် တိုင်းတပ် ၁၅ ရင်းခန့်၊ စကခ ၁ မှ တပ်ရင်း ၁၀ ရင်း၊ စကခ ၁၄ မှ ခြောက်ရင်းခန့်၊ စကခ ၁၆ မှ အနည်းဆုံး နှစ်ရင်း၊ စကခ ၁၇ မှ ခြောက်ရင်းခန့်၊ စကခ ၁၂ မှ တပ်ရင်း ခြောက်ရင်းခန့်၊ စကခ ၁၈ မှ ငါးရင်းခန့်၊ ရပခ မှ တပ်ရင်း နှစ်ရင်း၊ စကခ ၇ မှ တပ်ရင်း နှစ်ရင်း၊ တပ်မ ၅၅ မှ တပ်ရင်း နှစ်ရင်း၊ စကခ ၂ မှ တပ်ရင်း တရင်း၊ တြိဂံတိုင်းမှ တပ်ရင်း နှစ်ရင်းအပြင်အပြင် တပ်မ ၁၁ မှ တပ်ရင်း နှစ်ရင်းခန့် ရှိနိုင်သဖြင့် ခြေလျင်/ခြေမြန်တပ်ရင်း ၆၀ နီးပါး ပြန်လည်စုဖွဲ့ထားသည်ကို တွေ့ရ၏။

သို့ဖြစ်ရာ ရမခ စစ်တိုင်းအတွင်း စစ်အင်အား ၁,၂၀၀ ခန့် ပြန်လည် စုဖွဲ့လာခြင်းဖြစ်သကဲ့သို့ မူဆယ်မြို့တွင် စစ်အင်အား ၁,၀၀၀ ခန့်၊ လားရှိုးတွင် စစ်အင်အား ၂,၀၀၀ ကျော် စုစည်းထားသည်ကို တွေ့ရ၏။ ထို့ပြင် နောင်ချိုကိုလည်း စစ်အင်အား ၂,၀၀၀ ခန့်သုံးပြီး စစ်ဆင်နေသည်ကို တွေ့ရသည်။

လက်ရှိ ရမခသည် နောင်ချိုစစ်ဆင်ရေးကို ကွပ်ကဲလျက်ရှိ၏။ ဇွန်လအတွင်းတွင် ဝက်ဝံ၊ ဘန့်ဘွေးမှတဆင့် အုမ္မသီး၊ ဆမ္မဆယ်ဘက်သို့ ထိုးစစ်ဆင်လာသည်ကို တွေ့ရသကဲ့သို့ နောင်ချိုမြို့၏ တောင်ဘက်မှလည်း တောင်ခမ်း၊ ကံကြီး၊ နောင်ချိုလမ်းပိုင်းမှ စစ်ကြောင်းတ‌ကြောင်းနှင့် တောင်ခမ်း၊ မဲပုတ်၊ နောင်ချိုကြီး တောလမ်းပိုင်းမှ စစ်ကြောင်းတကြောင်းထိုးနေသည်မှာ သုံးလခန့် ရှိခဲ့ပြီဖြစ်၏။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ နောက်ပိုင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်စွာ ဖြစ်ပွားပြီး လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ကို တွေ့ရသည်။

စစ်ကောင်စီ၏ ထိုးစစ်များ ကြာမြင့်နေသည်မှာ မြေပြင်မှ သူသေကိုယ်ရှင် တက်လုံးခြင်းမျိုး မရှိဘဲ ဒရုန်းနှင့်လေကြောင်းမှ ပစ်ခတ်ခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းတို့ကြောင့် TNLA နှင့် ပူးပေါင်းအင်အားများက ပစ်အားကို မခံနိုင်ဘဲ ဆုတ်ခွာမှ တက်ရောက် နေရာယူသည်ဟု စစ်မြေပြင်သတင်းများအရ သိရ၏။

စစ်ကောင်စီသည် တောင်ခမ်းဘက်မှ အင်အား ၁,၀၀၀ ခန့်၊ အုမ္မသီးဘက်မှ အင်အား ၁,၀၀၀ ခန့် စုစုပေါင်း အင်အား ၂,၀၀၀ ခန့် အသုံးပြုပြီး စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။ သို့သော် စစ်ကောင်စီ၏ ထိုးစစ်များ ကြာမြင့်နေသည်မှာ မြေပြင်မှ သူသေကိုယ်ရှင် တက်လုံးခြင်းမျိုး မရှိဘဲ ဒရုန်းနှင့်လေကြောင်းမှ ပစ်ခတ်ခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းတို့ကြောင့် TNLA နှင့် ပူးပေါင်းအင်အားများက ပစ်အားကို မခံနိုင်ဘဲ ဆုတ်ခွာမှ တက်ရောက် နေရာယူသည်ဟု စစ်မြေပြင်သတင်းများအရ သိရ၏။

အကယ်၍ TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ တောင့်ခံနေပါက လူအားဖြင့် တက်ထိုးလောက်သည်အထိ တိုက်စိတ်ခိုက်စိတ် မရှိကြ၍ စစ်ကောင်စီ၏ထိုးစစ် ကြန့်ကြာနေခြင်းဖြစ်သည်ဟု ဆိုကြ၏။

သို့ဖြစ်ရာ လောလောဆယ်တွင် ရမခတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း၌ တရုတ်၏ ကြားဝင်မှုကြောင့် အပစ်ရပ်ထားသည်ဟု ဆိုသော်လည်း စစ်တပ်သည် ဆက်တိုက်ဆိုသလို အင်အားများ ဖြည့်တင်းလျက်ရှိပြီး နောင်ချိုအား အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်ကို တွေ့ရသည်။

လက်ရှိ နောင်ချိုတွင် အပြင်းအထန် တိုက်ခိုက်နေဆဲဖြစ်ရာ မည်သို့ရလဒ်ထွက်မည်ဆိုသည်ကို ပြောရန် ခက်ခဲနေဆဲဖြစ်သည်။ အကယ်၍ နောင်ချိုကို ရရှိသွားပါက စစ်ကောင်စီသည် နောင်ချိုတွင် ရပ်တန့်ဖွယ် မရှိပေ။ တမြို့ပြီးတမြို့ ထိုးစစ်ဆင်မည်သာ ဖြစ်၏။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
32
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
727
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
208
မိုးမိတ် မိုးကုတ် ရှေ့တန်းစစ်မျက်နှာတွင် တွေ့ရသည့် TNLA တပ်ဖွဲ့များ / The Ta’ang

စစ်ကောင်စီသည် MNDAA နှင့် အပစ်ရပ်သော်လည်း ရှမ်းပြည်မြောက်ပိုင်းရှိ လက်လွှတ်ဆုံးရှုံးခဲ့သည့်မြို့များကို MNDAA နယ်မြေအဖြစ် ယခုအချိန်အထိ အသိအမှတ်ပြုခြင်း မရှိသကဲ့သို့ TNLA ဆွေးနွေးရာတွင်လည်း ၎င်းတို့ ဆုံးရှုံးထားသည့်မြို့များနှင့် ပတ်သက်၍ လက်လွှတ်မခံခြင်းကို မူအဖြစ် ကိုင်ထားသည်ကို တွေ့မြင်နိုင်သည်။

စစ်ကောင်စီသည် လက်ရှိ တရုတ်ကြားဝင်မှုနှင့် အပစ်ရပ်သည်ကို နည်းပရိယာယ်အဖြစ်သာ သဘောထားပြီး ရှမ်းပြည်မြောက်ပိုင်းအား စစ်ရေးအရ ထိုးစစ်ဆင်ကာ ပြန်လည်သိမ်းပိုက်ရန်သာ ဆုံးဖြတ်ချက်ချထားသည်ကို မြင်တွေ့နိုင်သည်။

လက်ရှိ စစ်ကောင်စီနှင့် အပစ်ရပ်ထားသည့် MNDAA အနေဖြင့် တရုတ်၏ ကြားဝင်မှုရှိသည်ဆိုကာ ယုံကြည်စိတ်ချနေ၍ မရပေ။ တရုတ်အစိုးရသည် တိုင်းရင်းသားတပ်ဖွဲ့များက စစ်ကောင်စီအား တိုက်ခိုက်ခြင်းကိုသာ တားမြစ်ဟန့်တားမှု ပြုလုပ်သော်လည်း စစ်ကောင်စီ၏ တိုက်ခိုက်မှုများကို ဟန့်တားခြင်း မရှိပေ။

စစ်ကောင်စီက စာသင်ကျောင်း၊ ဆေးရုံတို့ကို လေကြောင်းမှ တိုက်ခိုက်ပြီး အရပ်သားလူထုအား တိုက်ခိုက်နေသည်ကိုပင် နှုတ်ဆိတ်နေသည်ကို တွေ့မြင်နိုင်သည်။

ကိုးကန့် MNDAA သည် စစ်တပ်က ကိုးကန့်နယ်တွင်း အင်အားသုံး၍ စစ်တပ်ချထားခြင်းကို ၁၉၉၂ ခုနှစ်ခန့်ကတည်းက ကြုံဖူးသကဲ့သို့ အင်အားသုံး၍ ကိုးကန့်မှ MNDAA အား တိုက်ခိုက်မောင်းထုတ်ခြင်းကိုလည်း ၂၀၀၉ ခုနှစ်က ကြုံဖူးခဲ့ပြီဖြစ်သည်။

အလားတူ TNLA သည်လည်း ၂၀၀၅ ခုနှစ်က လက်နက်စွန့်ခဲ့ပြီးနောက် ဒေသတခုလုံး ဒုက္ခရောက်ခဲ့သည့် အဖြစ်ဆိုးကို ကြုံခဲ့ရပြီဖြစ်၏။ MNDAA ရော TNLA ပါ အင်အားမရှိစဉ်ကာလတွင် စစ်ကောင်စီက လက်နက်ချရန်သာ ပြောဆိုသည်ကိုလည်း ကြုံဖူးခဲ့ပြီဖြစ်သည်။

သို့ဖြစ်ရာ ရှမ်းမြောက်ရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များဖြစ်သည့် MNDAA နှင့် TNLA အနေဖြင့် ရှမ်းပြည်မြောက်ပိုင်း၌ စစ်ကောင်စီ စစ်အင်အားစုဖွဲ့လာသည်ကို သတိပြုရန်လိုသည်။ တရုတ်တို့သည် တော်လှန်ရေးတပ်ဖွဲ့က စစ်ကောင်စီကို တိုက်သည်ကိုသာ တားဆီးနေသော်လည်း စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့များ၊ လူထုအား တိုက်ခိုက်သည်ကို တားဆီးခြင်း မပြုသည်ကို သတိပြုရန်လိုသည်။

သို့ဖြစ်ရာ ရှမ်းမြောက်ရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များဖြစ်သည့် MNDAA နှင့် TNLA အနေဖြင့် ရှမ်းပြည်မြောက်ပိုင်း၌ စစ်ကောင်စီ စစ်အင်အားစုဖွဲ့လာသည်ကို သတိပြုရန်လိုသည်။ တရုတ်တို့သည် တော်လှန်ရေးတပ်ဖွဲ့က စစ်ကောင်စီကို တိုက်သည်ကိုသာ တားဆီးနေသော်လည်း စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့များ၊ လူထုအား တိုက်ခိုက်သည်ကို တားဆီးခြင်း မပြုသည်ကို သတိပြုရန်လိုသည်။

ထို့အတူ စစ်ကောင်စီ မပြုတ်မချင်း မြန်မာပြည်ရှိ မည်သည့်နယ်မြေမှ မလွတ်မြောက်နိုင်၊ မငြိမ်းချမ်းနိုင်ဆိုသည်မှာ ငြင်းမရသည့် အမှန်တရားဖြစ်ပြီး လက်ရှိ ရှမ်းမြောက်တွင် စစ်ကောင်စီ စုဖွဲ့မှုအရ စစ်ရေးတွင် သတိကြီးစွာထားရန် လိုအပ်ပေမည်။

(မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် TNLA မြို့တွေ ပြန်ပေးရနိုင်လား (ရုပ်/သံ)

လားရှိုး အလှည့်အပြောင်း၊ တရုတ် စွက်ဖက်မှုနှင့် နွေဦးတော်လှန်ရေး (၁)

တောင်ခမ်းတိုက်ပွဲက နောင်ချိုကို ခြိမ်းခြောက်နိုင်လား

လားရှိုးအဝင် မယ်ဟန်ဂိတ် MNDAA သိမ်း

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးMNDAASliderTNLAစစ်ကောင်စီစစ်အာဏာသိမ်းမှုတရုတ်တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းလေကြောင်းတိုက်ခိုက်မှုအပစ်အခတ်ရပ်စဲရေးအရပ်သားပစ်မှတ်
မိုးစက်ငြိမ်းချမ်း

မိုးစက်ငြိမ်းချမ်း

မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အမေရိကန်တိုက်ခိုက်မှုကြောင့် အီရန်နျူကလီးယားစက်ရုံတွေ ပျက် မပျက်

အမေရိကန်တိုက်ခိုက်မှုကြောင့် အီရန်နျူကလီးယားစက်ရုံတွေ ပျက် မပျက်

သုံးနှစ်အကြာ တကြော့ပြန်လာတဲ့ ဥကရစ်ထတိုက်ပွဲ

သုံးနှစ်အကြာ တကြော့ပြန်လာတဲ့ ဥကရစ်ထတိုက်ပွဲ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved