• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အမေရိကန်တိုက်ခိုက်မှုကြောင့် အီရန်နျူကလီးယားစက်ရုံတွေ ပျက် မပျက်

by Nadine Yousif
27 June 2025
in ဆောင်းပါး
A A
အမေရိကန်တိုက်ခိုက်မှုကြောင့် အီရန်နျူကလီးယားစက်ရုံတွေ ပျက် မပျက်

အမေရိကန် ဝင်ရောက်စွက်ဖက်မှုကြောင့် အီရန်-အစ္စရေး တိုက်ပွဲရပ်သွားသည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည် / AFP

2.7k
VIEWS
Share on FacebookShare on Twitter

အီရန်နျူကလီးယား အဆောက်အအုံများကို အမေရိကန် တိုက်ခိုက်မှုသည် နျူကလီးယား အစီအစဉ်ကို မထိခိုက်ဘဲ လအတန်ကြာသာ နောက်ဆုတ်သွားစေမည်ဟု ပင်တဂွန် စစ်ဌာနချုပ် ကနဦး အကဲဖြတ်ချက်တွင် ဖော်ပြသည်။

ဇွန်လ ၂၁ ရက်နေ့က ဗုံးကြဲတိုက်ခိုက်မှုတွင် အီရန်၏ သန့်စင်ပြီး ယူရေနီယမ်များကို မရှင်းလင်းနိုင်ကြောင်း ကာကွယ်ရေးဌာန ထောက်လှမ်းရေး အေဂျင်စီ အကဲဖြတ်ချက်ကို သိရှိသော ရင်းမြစ်များက BBC ၏ အမေရိကန် မိတ်ဖက်သတင်းဌာန CBS သို့ ပြောသည်။

သို့သော် ထိုလုံးဝမှားယွင်းသည့် အကဲဖြတ်ချက်ကို “ထောက်လှမ်းရေးအသိုက်အဝန်းမှ အဆင့်နိမ့် အရှုံးသမားတဦး” က ပေါက်ကြားစေခဲ့သည်ဟု သမ္မတအိမ်ဖြူတော်က ပြောသည်။

အီရန်၏ နျူကလီးယား လုပ်ငန်းခွင်ကို လုံးဝဖျက်ဆီးလိုက်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ထပ်မံကြေညာပြီး သမိုင်းတွင် အအောင်မြင်ဆုံး စစ်ရေးတိုက်ခိုက်မှုများအနက် တခုကို သေးသိမ်အောင်လုပ်ရန် မီဒီယာက လုပ်သည်ဟု စွပ်စွဲသည်။

အမေရိကန် ပြည်ထောင်စုတွင် ထောက်လှမ်းရေးဌာန ၁၈ ခုရှိပြီး ၎င်းတို့၏ တာဝန်နှင့် ကျွမ်းကျင်မှုနယ်ပယ်ကို အခြေခံကာ တခါတရံ တခုနှင့်တခု ဆန့်ကျင်ဘက် အစီရင်ခံစာများ ထုတ်ပြန်ကြသည်။ ဥပမာအားဖြင့် အမေရိကန် ထောက်လှမ်းရေး အသိုက်အဝန်းသည် ကိုဗစ်နိုင်တင်း မူလအစနှင့် ပတ်သက်ပြီး သဘောတူညီချက် မရကြပေ။

အမေရိကန် ပြည်ထောင်စုတွင် ထောက်လှမ်းရေးဌာန ၁၈ ခုရှိပြီး ၎င်းတို့၏ တာဝန်နှင့် ကျွမ်းကျင်မှုနယ်ပယ်ကို အခြေခံကာ တခါတရံ တခုနှင့်တခု ဆန့်ကျင်ဘက် အစီရင်ခံစာများ ထုတ်ပြန်ကြသည်။ ဥပမာအားဖြင့် အမေရိကန် ထောက်လှမ်းရေး အသိုက်အဝန်းသည် ကိုဗစ်နိုင်တင်း မူလအစနှင့် ပတ်သက်ပြီး သဘောတူညီချက် မရကြပေ။

အနာဂတ်ထောက်လှမ်းရေး အစီရင်ခံစာများသည် ထိုအဆောက်အအုံများ အပျက်အစီးကို အဆင့်အမျိုးမျိုး ဖော်ပြရန် ဖြစ်နိုင်သည်။

CBS သတင်းဌာန၏ အဆိုအရ သတင်းများ ထပ်မံရရှိနေသောကြောင့် ကနဦး အကဲဖြတ်ချက်သည် အပြောင်းအလဲ ဖြစ်နိုင်ကြောင်း ထိုအစီရင်ခံစာအကြောင်း သိသော အရာရှိများက သတိပေးသည်။ ထိုအစီရင်ခံစာတွင် ပါဝင်သည့် တွေ့ရှိချက်များသည် မည်သည့်အဆင့်အထိ ယုံကြည်နိုင်သည်ကို ရှင်းလင်းစွာ မသိရပေ။

အမေရိကန် ပြည်ထောင်စုသည် အီရန်မှ ဖော်ဒိုး၊ နာတန့်ဇ်နှင့် အစ္စဖာဟန် ဟူသော နျူကလီးယား အဆောက်အအုံများကို ကွန်ကရစ် ၁၈ မီတာ (ပေ ၆၀) သို့မဟုတ် မြေသား ၆၁ မီတာ (ပေ ၂၀၀) အထိ ထိုးဖောက်ပြီးနောက် ပေါက်ကွဲသည့် ဘန်ကာဖျက်ဗုံးများဖြင့် တိုက်ခိုက်သည်။

သို့သော် အီရန်၏ အဓိကသော့ချက်နေရာမှ ဆုတ်ခွာထားမှုက အရာမယွင်းဘဲ သက်ရောက်မှုသည် မြေပြင်မှ အဆောက်အအုံများကိုသာ ထိရောက်သည်ဟု ပင်တဂွန် ထောက်လှမ်းရေး အကဲဖြတ်ချက်ကို သိရှိသော သတင်းရင်းမြစ်များက ပြောသည်။

နျူကလီးယား အဆောက်အအုံ နှစ်ခု၏ ဝင်ပေါက်များ ပိတ်သွားပြီး အချို့အခြေခံ အဆောက်အအုံများ ပျက်စီးသွားသော်လည်း မြေအောက်တွင် နက်ရှိုင်းစွာ တည်ဆောက်ထားသည့် ထိုအဆောက်အအုံများ၏ အများစုသည် ပေါက်ကွဲမှုမှ လွတ်မြောက်သည်ဟု ကနဦး အကဲဖြတ်ချက်က တွေ့ရှိရသည်။

နျူကလီးယား အဆောက်အအုံ နှစ်ခု၏ ဝင်ပေါက်များ ပိတ်သွားပြီး အချို့အခြေခံ အဆောက်အအုံများ ပျက်စီးသွားသော်လည်း မြေအောက်တွင် နက်ရှိုင်းစွာ တည်ဆောက်ထားသည့် ထိုအဆောက်အအုံများ၏ အများစုသည် ပေါက်ကွဲမှုမှ လွတ်မြောက်သည်ဟု ကနဦး အကဲဖြတ်ချက်က တွေ့ရှိရသည်။

ထိုတိုက်ခိုက်မှုသည် အီရန်ကို အလွန်ဆုံး လအနည်းငယ်မျှသာ နှောင့်နှေးစေမည်ဟု ခန့်မှန်းပြီး ထိုနျူကလီးယား အစီအစဉ် ပြန်လည်စတင်ခြင်းသည် အီရန်က ပြန်လည်တူးဖော် ပြုပြင်ခြင်း မည်မျှကြာမည်ဆိုသည့် အချက်အပေါ် မူတည်သည်ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်များက အမေရိကန် မီဒီယာသို့ ပြောသည်။

အီရန်ရှိ ဖော်ဒိုး နျူးကလီးယား သန့်စင်စက်ရုံကို အမေရိကန်က တိုက်ခိုက်ပြီးနောက် ဂြိုဟ်တုမှ မြင်ရပုံ / Maxar Technologies

အီရန်၏ သန့်စင်ပြီး ယူရေနီယမ်အချို့ကို တိုက်ခိုက်မှု မတိုင်မီ ရွှေ့ပြောင်းထားကြောင်း အထက်ပါ ထောက်လှမ်းရေး အစီရင်ခံစာက ဖော်ပြသည်ဟု သတင်းရင်းမြစ်များက CBS သို့ အတည်ပြုသည်။

ပေါင် ၃ သောင်း အလေးချိန်ရှိ အမေရိကန် ထိုးဖောက်ဗုံးသည် အီရန်၏ မြေအောက် နျူးကလီးယား အဆောက်အအုံများကို ဖျက်ဆီးနိုင်သည့် တခုတည်းသောလက်နက် ဖြစ်သည်ဟု ယူဆရသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
83
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
368
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
600

၎င်း၏ နျူကလီးယား အစီအစဉ်သည် ငြိမ်းချမ်းသော ကိစ္စများအတွက်သာဖြစ်သည်ဟု အီရန်က အမြဲတမ်း ပြောသည်။

ထိုနျူကလီးယား အဆောက်အအုံများ အပျက်အစီးကို အကဲဖြတ်ရန် အချိန်ယူရမည်ဖြစ်ကြောင်း ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်းက ဇွန်လ ၂၁ ရက်နေ့ တိုက်ခိုက်မှုအပြီး နာရီအတန်ကြာတွင် ထုတ်ဖော်ပြောဆိုသည်။ ထိုနေရာ သုံးခုလုံးသည် အပြင်းအထန် ပျက်စီးသွားသည်ဟုလည်း ၎င်းကပြောသည်။

ဂြိုဟ်တု ဓာတ်ပုံများတွင် ဖော်ဒိုး နျူကလီးယားလုပ်ငန်းခွင်၏ ဝင်ပေါက် နှစ်ခုအနီးတွင် ကျင်းနက်ကြီး ခြောက်ခုဖြစ်နေပြီး ဖုန်မှုန့်များနှင့် အပျက်အစီးများကိုလည်း မြင်ရသည်။ သို့သော် မြေမျက်နှာပြင်အောက်တွင် မည်မျှပျက်စီးသည်ကို ထိုပုံများတွင် ရှင်းလင်းစွာ မတွေ့ရပေ။

ဂြိုဟ်တု ဓာတ်ပုံများတွင် ဖော်ဒိုး နျူကလီးယားလုပ်ငန်းခွင်၏ ဝင်ပေါက် နှစ်ခုအနီးတွင် ကျင်းနက်ကြီး ခြောက်ခုဖြစ်နေပြီး ဖုန်မှုန့်များနှင့် အပျက်အစီးများကိုလည်း မြင်ရသည်။ သို့သော် မြေမျက်နှာပြင်အောက်တွင် မည်မျှပျက်စီးသည်ကို ထိုပုံများတွင် ရှင်းလင်းစွာ မတွေ့ရပေ။

အမေရိကန် ပြည်ထောင်စုက ပစ်မှတ်ထားသည့် နေရာ သုံးခုကို အချိန်အတန်ကြာကပင် ရွှေ့ပြောင်းထားကြောင်းနှင့် ပစ္စည်းများကို ရွှေ့ပြောင်းပြီး ဖြစ်သောကြောင့် အကြီးအကျယ် မထိခိုက်ကြောင်း အီရန်နိုင်ငံပိုင်ရုပ်သံမှတဆင့် ဒုတိယ နိုင်ငံရေးညွှန်ကြားရေးမှူး ဟက်ဆန် အဘီဒီနီက ပြောသည်။

တဖက်တွင်လည်း အမေရိကန်အရာရှိများက အစ္စရေးအရာရှိများကဲ့သို့ပင် ထိုတိုက်ခိုက်မှုသည် အောင်မြင်မှုဖြစ်သည်ဟု ချီးကျူးသည်။

ဇွန်လ ၂၄ ရက်နေ့တွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက်က “ကျနော်တို့ တွေ့ရသမျှတွေကို အခြေခံပြီး ပြောရရင် ကျနော်တို့ ဗုံးကြဲတိုက်ခိုက်မှုဟာ အီရန်ရဲ့ နျူးကလီးယားလက်နက် ထုတ်လုပ်နိုင်စွမ်းကို အပြတ်ရှင်းလိုက်ပြီ။ ကျနော် အားလုံး ကြည့်ပြီးသွားပြီ” ဟု ပြောသည်။

“အဲဒီဗုံးတွေက ဖျက်အားမပြင်းဘူးလို့ ပြောတဲ့သူ ဘယ်သူမဆိုဟာ သမ္မတ (ထရမ့်) နဲ့ ဒီစစ်ဆင်ရေးကို ပုတ်ခတ်လိုသူတွေသာ ဖြစ်တယ်” ဟုလည်း ဟက်ဆက်က ပြောသည်။

ထရမ့်အစိုးရသည် အောင်ပွဲကို ကြေညာရန် မရေမရာ စကားလုံးများသာ သုံးနေပြီး ထိုဗုံးကြဲတိုက်ခိုက်မှု အောင်မြင်သည်၊ မအောင်မြင်သည်ကို ရှင်းလင်းစွာ မသိရကြောင်း အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှ ဒီမိုကရက်တစ် လွှတ်တော်အမတ် ဘရက်ဒ် ရှားမင်းက ပြောသည်။

ထရမ့်အစိုးရသည် အောင်ပွဲကို ကြေညာရန် မရေမရာ စကားလုံးများသာ သုံးနေပြီး ထိုဗုံးကြဲတိုက်ခိုက်မှု အောင်မြင်သည်၊ မအောင်မြင်သည်ကို ရှင်းလင်းစွာ မသိရကြောင်း အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှ ဒီမိုကရက်တစ် လွှတ်တော်အမတ် ဘရက်ဒ် ရှားမင်းက ပြောသည်။

ထိုတိုက်ခိုက်မှုများသည် အီရန်က ၎င်း၏ ယူရေနီယံ၊ ယူရေနီယမ် သန့်စင်သည့် ဗဟိုခွာစက် သို့မဟုတ် သိုလှောင်ထားသည့် ယူရေနီယမ်ကို လက်နက်အဖြစ် လုပ်ရန် စွမ်းရည်ကို ဖျက်ဆီးနိုင်၊ မဖျက်ဆီးနိုင် မပြောသေးကြောင်း၊ ထိုသို့လှောင်ထားသည့် ယူရေနီယမ် ပမာဏသည် နျူကလီးယားလက်နက် ကိုးခု ထုတ်လုပ်နိုင်ကြောင်း ၎င်းကပြောသည်။

“သူတို့ ဒီအစီအစဉ်ကို လုံးဝ ဖျက်ဆီးလိုက်ပြီလို့ ပြောတဲ့အခါ ဗဟိုခွာစက်တွေ (ဓာတုဗေဒဓာတ်များကို ခွဲခြမ်းသည့်ကိရိယာများ) ကို ဖျက်လိုက်တာလား၊ အနာဂတ်မှာ ယူရေနီယမ်ထုတ်လုပ်မယ့် စွမ်းရည်ကို ဖျက်လိုက်တာလား၊ သိုလှောင်ထားတာတွေကို ဖျက်လိုက်တာလား သူတို့ မပြောဘူး” ဟု ရှားမင်းက BBC သို့ ပြောသည်။

“အမေရိကန် ဒုသမ္မတ ဗန့်စ်ရဲ့ ပြောကြားချက် အပါအဝင် ဖော်ပြတဲ့အချက်တွေအရ ကျနော်တို့ဟာ အီရန်ရဲ့ သိုလှောင်ထားတဲ့ ယူရေနီယမ်တွေကို ထိုခိုက်စေတယ်လို့ ကျနော် မထင်ဘူး” ဟု ၎င်းက ပြောကြားပြီး တိုက်ခိုက်မှုမတိုင်မီ ရက်အတန်ကြာကတည်းက ထိုအဆောက်အအုံမှ ထရပ်ကားများ ထွက်သွားသည်ကို တွေ့ရကြောင်းလည်း ပြောသည်။

အီရန် နျူကလီးယား အဓိက အဆောက်အအုံများ / BBC

အီရန်နှင့် ပဋိပက္ခ ဇွန်လ ၁၃ ရက်နေ့တွင် စတင်ပြီးနောက် အစ္စရေးသည် အီရန်၏ နျူကလီးယား ရည်မှန်းချက်များနှင့် ဒုံးကျည်များကို အောင်မြင်စွာ ထိန်းချုပ်လိုက်သည်ဟု အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုက ဇွန်လ ၁၇ ရက်နေ့တွင် ပြောသည်။

“ကျနော်တို့ဟာ ကျနော်တို့ ရပ်တည်ရေးကို လတ်တလော ခြိမ်းခြောက်မှု နှစ်ခုကို ဖယ်ရှားလိုက်တယ်။ နျူကလီးယားနဲ့ သုတ်သင်မယ့် ခြိမ်းခြောက်မှုနဲ့ ဒုံးကျည် ၂ သောင်းကို ဖယ်ရှားလိုက်တယ်” ဟု ဝန်ကြီးချုပ် နေတန်ယာဟုက သူ့ရုံးက ထုတ်ပြန်သည့် ဗီဒီယိုတွင် ပြောသည်။

အီရန်၏ သန့်စင်ပြီး ယူရေနီယမ်အများစုသည် အပျက်အစီးများအောက်တွင် ရောက်နေသည်ဟု အစ္စရေးက ယူဆကြောင်း အမည်မဖော်သည့် အစ္စရေး ရင်းမြစ်ကို ကိုးကားပြီး ဆော်ဒီသတင်းဌာန Al Hadath က ပြောသည်။

အမေရိကန် တိုက်ခိုက်မှုကြောင့် အီရန်ခံရသည့် အပျက်အစီးသည် နျူကလီးယားအစီအစဉ် ပြန်လည်စတင်ရန် အချိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စွမ်းအား အလွန်များပြားစွာ လိုအပ်မည်ဟု သိပ္ပံနှင့် နိုင်ငံတကာလုံခြုံရေး အင်စတီကျု ဥက္ကဋ္ဌနှင့် လျှို့ဝှက်နျူးကလီးယားလက်နက် ထုတ်လုပ်မှုဆိုင်ရာ ကျွမ်းကျင်သူ ဒေးဗစ် အောဘရိုက်က ပြောသည်။

အမေရိကန် တိုက်ခိုက်မှုကြောင့် အီရန်ခံရသည့် အပျက်အစီးသည် နျူကလီးယားအစီအစဉ် ပြန်လည်စတင်ရန် အချိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စွမ်းအား အလွန်များပြားစွာ လိုအပ်မည်ဟု သိပ္ပံနှင့် နိုင်ငံတကာလုံခြုံရေး အင်စတီကျု ဥက္ကဋ္ဌနှင့် လျှို့ဝှက်နျူးကလီးယားလက်နက် ထုတ်လုပ်မှုဆိုင်ရာ ကျွမ်းကျင်သူ ဒေးဗစ် အောဘရိုက်က ပြောသည်။

အီရန်သည် အမေရိကန် ပြည်ထောင်စုနှင့် အစ္စရေး၏ ပြင်းထန်သော စောင့်ကြည်မှုအောက် ရောက်နေပြီး ပြန်လည် တည်ဆောက်ရန် ကြိုးစားပါက နောက်ထပ် တိုက်ခိုက်ခံရမည်ဖြစ်ကြောင်း အောဘရိုက်က X လူမှုကွန်ရက်တွင် ရေးသည်။

ဇွန်လ ၂၃ ရက်နေ့တွင် အီရန်သည် အမေရိကန် တိုက်ခိုက်မှုကို အမေရိကန်တပ်ဖွဲ့ဝင် ထောင်ချီရှိသည့် ကာတာမှ အယ်လ်-ယူဒိ လေတပ်စခန်းကို ဒုံးကျည်ဖြင့် ပစ်ခတ် လက်စားချေသည်။

ထိုတိုက်ခိုက်မှုကို အကြီးအကျယ် ကြားဖြတ် ဟန့်တားနိုင်ပြီး သေဆုံးဒဏ်ရာရသည့်သတင်း မရှိပေ။

အီရန်၏ လက်စားချေမှုအပြီးတွင် သမ္မတ ထရမ့်နှင့် ကာတာကြား ဝင်စေ့စပ်ပေးမှုအရ အီရန်-အစ္စရေး အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာသည်။

(BBC ပါ Nadine Yousif ၏ US strikes did not destroy Iran nuclear programme, says intelligence assessment ကို ဘာသာပြန်သည်။)

You may also like these stories:

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အစ္စရေး-အီရန်စစ်ပွဲကို ကြုံတွေ့နေရတဲ့ မြန်မာတွေ (ရုပ်သံ)

အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

Your Thoughts …
Tags: နျူကလီးယားပင်တဂွန် စစ်ဌာနချုပ်ဗုံးကြဲတိုက်ခိုက်မှုယူရေနီယမ်အစ္စရေးအပစ်အခတ်ရပ်စဲရေးအမေရိကန်အီရန်
Nadine Yousif

Nadine Yousif

Similar Picks:

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

သတိ၊ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို စစ်ကောင်စီက နှုတ်ပိတ်ဖို့ ကြိုးစားနိုင်သည်

သတိ၊ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို စစ်ကောင်စီက နှုတ်ပိတ်ဖို့ ကြိုးစားနိုင်သည်

by စွယ်တော်
16 December 2024
24.2k

စစ်ကောင်စီဘက်ကမူ နှုတ်ပိတ်ရန်အတွက် AA ဖမ်းဆီးထိန်းသိမ်းထားနိုင်သည်ဟု ယူဆရ‌သောနေရာများကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်နိုင်သည်။

ထောက်ခံသူများကပင် မင်းအောင်လှိုင် နုတ်ထွက်ရန် တောင်းဆိုလာ

ထောက်ခံသူများကပင် မင်းအောင်လှိုင် နုတ်ထွက်ရန် တောင်းဆိုလာ

by နေ့သစ်
16 January 2024
22.6k

ကိုယ်ကျိုးရှာအုပ်စုဖြစ်သည့် စစ်ကောင်စီ ထောက်ခံသူများသည်ပင် စစ်ကောင်စီကို အန်တုနေကြပြီဖြစ်သည်။

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.4k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

Next Post
သုံးနှစ်အကြာ တကြော့ပြန်လာတဲ့ ဥကရစ်ထတိုက်ပွဲ

သုံးနှစ်အကြာ တကြော့ပြန်လာတဲ့ ဥကရစ်ထတိုက်ပွဲ

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလခြေဥအတည်ပြုပြဌာန်း (ရုပ်/သံ)

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလခြေဥအတည်ပြုပြဌာန်း (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved