အစ္စရေးက အီရန်ကို တိုက်ခိုက်မှု အချိန်ကာလနှင့် ပစ်မှတ်များသည် ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ရာဟု၏ ရေတို ရည်မှန်းချက်ပန်းတိုင်မှာ အီရန်၏ လက်နက်အစီအစဉ်ကို အကြီးအကျယ် လျှော့ချရန် နျူကလီးယား အဆောက်အအုံများကို ဖျက်ဆီးရေးဖြစ်သည်။
သို့သော် အခြားရည်မှန်းချက်တခုကိုလည်း ဝန်ကြီးချုပ် နေတန်ရာဟု ရှင်းလင်းစွာ ပြောထားသည်။ အီရန်စစ်ပွဲသည် အစ္စလမ်မစ် သမ္မတနိုင်ငံတွင် အစိုးရအပြောင်းအလဲသို့ “သေချာပေါက်” ဦးတည်သွားမည်ဟု ၎င်းကပြောသည်။
အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီကို လုပ်ကြံသတ်ဖြတ်မည့် အစ္စရေး၏ အစီအစဉ်ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်သည်ဟု သတင်းထွက်လာပြီးနောက် အထက်ပါ ပြောကြားချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။
အမေရိကန် ပြည်ထောင်စုမှ အစိုးရအရာရှိ အများအပြားကဲ့သို့ပင် အစ္စရေးသည် အီရန်၏ လက်ရှိအစိုးရ ကျဆုံးသည်ကို တွေ့လိုသည်မှာ အချိန်အတန်ကြာပြီဖြစ်သည်မှာ လျှို့ဝှက်ချက် မဟုတ်ပေ။
အမေရိကန် ပြည်ထောင်စုမှ အစိုးရအရာရှိ အများအပြားကဲ့သို့ပင် အစ္စရေးသည် အီရန်၏ လက်ရှိအစိုးရ ကျဆုံးသည်ကို တွေ့လိုသည်မှာ အချိန်အတန်ကြာပြီဖြစ်သည်မှာ လျှို့ဝှက်ချက် မဟုတ်ပေ။
သို့သော် အီရန်အစိုးရ ပြိုလဲပါက အခြေအနေ မည်သို့ရှိမည်နည်း။
ယနေ့အီရန်တွင် အာဏာကို မည်သို့ချုပ်ကိုင်ထားသနည်း
အီရန်တော်လှန်ရေးအပြီး ၁၉၇၉ ခုနှစ်တွင် တည်ထောင်ခဲ့သည့် အီရန် အစ္စလမ်မစ် သမ္မတနိုင်ငံ အုပ်ချုပ်ရေးစနစ်တွင် ဒီမိုကရက်တစ်၊ ဘာသာရေးနှင့် အာဏာရှင် အခြေခံအစိတ်အပိုင်းများ ရှိသည်။
အစ္စလမ်မစ် သမ္မတနိုင်ငံ တည်ထောင်သည့်ခေါင်းဆောင် အယာတိုလာ ရူဟိုလာ ခိုမေနီသည် မူဝါဒအားလုံးက အစ္စလမ်မစ်ဥပဒေကို လိုက်နာစေမည့် အစ္စလမ်မစ် ဘာသာရေးဆရာများနှင့် ဥပဒေကျွမ်းကျင်သူ ဂျူရီ လူကြီးများက စီမံအုပ်ချုပ်သည့် နိုင်ငံတော်တခုကို ရည်မှန်းသည်။
တော်လှန်ရေးမတိုင်မီက အီရန်သည် စည်းမျဉ်းခံဘုရင်စနစ် ဖြစ်ခဲ့သောကြောင့် ဘာသာရေးအခြေခံ အစိတ်အပိုင်းများကို ပါလီမန်၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဲ့သို့ လက်ရှိသမ္မတနိုင်ငံထိပ်ဆုံးမှ အဓိကအားဖြင့် ရယူသည်။
အီရန်တွင် ပါလီမန်တခုတည်းသာရှိပြီး မက်ဂျ်လက်စ် ဟုခေါ်ကာ သမ္မတတဦးရှိသည်။ လက်ရှိသမ္မတမှာ မာဆော့ဒ် ပီဇက်ရှ်ကီယန် ဖြစ်သည်။ ထို ပါလီမန်နှင့် သမ္မတနေရာ နှစ်ခုလုံးအတွက် ပုံမှန်ရွေးကောက်ပွဲများ ရှိသည်။
သို့သော် ထိုစနစ်အတွင်း ဒီမိုကရေစီ အခြေခံအစိတ်အပိုင်းများ ရှိသော်လည်း လက်တွေ့တွင် ဘာသာရေး အထက်လွှာများကို အာဏာရစေပြီး ဘာသာရေးခေါင်းဆောင်ကြီးကို စိန်ခေါ်မှု တားမြစ်ပိတ်ပင်သည့် “တဖက်ပိတ်လမ်း” ဖြစ်သည်။ ရှင်းလင်းသော ရာထူးအဆင့်ဆင့်ရှိပြီး ဘာသာရေးခေါင်းဆောင်သည် ထိပ်ဆုံးဖြစ်သည်။
ခါမေနီ အာဏာရနေသည်မှာ နှစ်ပေါင်း ၃၅ နှစ်ကျော်ပြီဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် ခိုမေနီ ကွယ်လွန်ကတည်းက အာဏာရသည်။ ယခင်က သမ္မတဖြစ်ခဲ့သည့် သူ့ကို ဘာသာရေး ခေါင်းဆောင်ကြီးအဖြစ် အစ္စလမ်မစ် ဥပဒေကျွမ်းကျင်သူ ဂျူရီလူကြီး ၈၈ ဦးပါသည့် ကျွမ်းကျင်သူများညီလာခံက ရွေးချယ်သည်။
ခါမေနီ အာဏာရနေသည်မှာ နှစ်ပေါင်း ၃၅ နှစ်ကျော်ပြီဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် ခိုမေနီ ကွယ်လွန်ကတည်းက အာဏာရသည်။ ယခင်က သမ္မတဖြစ်ခဲ့သည့် သူ့ကို ဘာသာရေး ခေါင်းဆောင်ကြီးအဖြစ် အစ္စလမ်မစ် ဥပဒေကျွမ်းကျင်သူ ဂျူရီလူကြီး ၈၈ ဦးပါသည့် ကျွမ်းကျင်သူများညီလာခံက ရွေးချယ်သည်။
ထိုညီလာခံအဖွဲ့ဝင်များကို ပြည်သူလူထုက ရွေးချယ်သော်လည်း ကိုယ်စားလှယ်လောင်းကို သြဇာကြီးမားသည့် အဖွဲ့ဝင် ၁၂ ဦးပါ အုပ်ထိန်းသူကောင်စီ (ခေါ်) ဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီက စိစစ်သည်။ ထိုကောင်စီ၏ ထက်ဝက်ကို ဘာသာရေးခေါင်းဆောင်ကြီးက ရွေးချယ်ပြီး ကျန်တဝက်ကို မက်ဂျ်လက်စ် ပါလီမန်က အတည်ပြုသည်။
ထိုကောင်စီသည် သမ္မတလောင်းနှင့် ပါလီမန်ကိုယ်စားလှယ်လောင်းများကိုလည် စိစစ်နိုင်သည့် အာဏာရှိသည်။
လွန်ခဲ့သောနှစ်က ရွေးကောက်ပွဲတွင် အုပ်ထိန်းသူကောင်စီသည် အလယ်အလတ်ဝါဒီ သမ္မတဟောင်း ဟက်ဆန် ရိုဟာနီ အပါအဝင် သမ္မတရာထူးအတွက် ယှဉ်ပြိုင်သူ၊ မက်ဂျ်လက်စ် ပါလီမန်နှင့် ကျွမ်းကျင်သူများညီလာခံ ကိုယ်စားလှယ်အများအပြား အရည်အသွေးမမီဟု ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် ဘာသာရေးခေါင်းဆောင်သည် အများပြည်သူနှင့်ပတ်သက်သည့် တရားဝင်မှု အကျပ်အတည်း ပိုမို ရင်ဆိုင်လာရသည်။ ရွေးကောက်ပွဲများတွင် မဲပေးသူနည်းသည်။ လွန်ခဲ့သောနှစ်က ယှဉ်ပြိုင်သူများတွင် ပြုပြင်ပြောင်းလဲရေး သမ္မတလောင်းနှင့် နောက်ဆုံးတွင် အနိုင်ရသူ မာဆော့ဒ် ပီဇက်ရှ်ကီယန် ပါဝင်သည့် ရွေးကောက်ပွဲ ပထမအကျော့တွင် မဲပေးသူ ၄၀ ရာခိုင်နှုန်းအောက်သာ ရှိသည်။
ဒီမိုကရေစီ၊ နိုင်ငံရေးလွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့ဖြစ်သော Freedom House က အီရန်ကို ကမ္ဘာ့လွတ်လပ်မှု အမှတ် ၁၀၀ အနက် ၁၁ မှတ်သာ ပေးသည်။
ဘာသာရေးခေါင်းဆောင်ကြီးသည် တရားစီရင်ရေး၊ လက်နက်ကိုင်တပ်များနှင့် အစ္စလမ်မစ် တော်လှန်ရေးအစောင့်တပ် (IRCG) ကဲ့သို့သော အစိုးရ၏ အဓိကဖွဲ့စည်းပုံများကိုလည်း တိုက်ရိုက်ခန့်သည်။

သြဇာအကြီးမားဆုံး IRGC
ထို့ကြောင့် အီရန်သည် ဒီမိုကရေစီနိုင်ငံတခုဖြစ်ရန် အလှမ်းဝေးသည်။ သို့သော် အစိုးရ အပြောင်းအလဲသည် အစ္စရေး၊ အမေရိကန် ပြည်ထောင်စုတို့နှင့် ပူးပေါင်းမည့် ပြည့်ဝသော ဒီမိုကရေစီနိုင်ငံတခု ဖြစ်စေလိမ့်မည်ဆိုသည့် စိတ်ကူးသည် အလွန်မဖြစ်နိုင်ပေ။
အီရန်နိုင်ငံရေးသည် အလွန် ဂိုဏ်းဂဏဆန်သည်။ ပြုပြင်ပြောင်းလဲရေးသမားများ၊ အလယ်အလတ်ဝါဒီများနှင့် ရှေးရိုးစဉ်လာ ကွန်ဆာဗေးတစ်များသည် အဓိက မူဝါဒနယ်ပယ်များတွင် အပြင်းအထန် သဘောထားကွဲကြသည်။ ၎င်းတို့သည် သြဇာအာဏာအတွက် ဘာသာရေးခေါင်းဆောင်ကြီး၊ ကျန်ဘာသာရေးအထက်လွှာများနှင့်လည်း အားပြိုင်ကြသည်။ ထိုအုပ်စုများအနက် မည်သည့်အုပ်စုမှ အမေရိကန် ပြည်ထောင်စု၊ အထူးသဖြင့် အစ္စရေးနှင့် ချစ်ကြည်ရင်းနှီးလိုခြင်း မရှိကြပေ။
အီရန်နိုင်ငံရေးသည် အလွန် ဂိုဏ်းဂဏဆန်သည်။ ပြုပြင်ပြောင်းလဲရေးသမားများ၊ အလယ်အလတ်ဝါဒီများနှင့် ရှေးရိုးစဉ်လာ ကွန်ဆာဗေးတစ်များသည် အဓိက မူဝါဒနယ်ပယ်များတွင် အပြင်းအထန် သဘောထားကွဲကြသည်။ ၎င်းတို့သည် သြဇာအာဏာအတွက် ဘာသာရေးခေါင်းဆောင်ကြီး၊ ကျန်ဘာသာရေးအထက်လွှာများနှင့်လည်း အားပြိုင်ကြသည်။ ထိုအုပ်စုများအနက် မည်သည့်အုပ်စုမှ အမေရိကန် ပြည်ထောင်စု၊ အထူးသဖြင့် အစ္စရေးနှင့် ချစ်ကြည်ရင်းနှီးလိုခြင်း မရှိကြပေ။
အင်စတီကျူးရှင်းဆိုင်ရာ အုပ်စုများလည်း ရှိကြသည်။ သြဇာအကြီးမားဆုံးအုပ်စုမှာ ဘာသာရေးခေါင်းဆောင်ကြီး ဦးဆောင်သည့် ဘာသာရေးအထက်လွှာ ဖြစ်သည်။ ဒုတိယ သြဇာအကြီးမားဆုံး အုပ်စုမှာ IRGC ဖြစ်သည်။
ဘာသာရေးခေါင်းဆောင်ကြီးအတွက် ပုဂ္ဂိုလ်ရေးအစောင့်တပ်အဖြစ် မူလက ဖွဲ့စည်းခဲ့သည့် IRGC ၏ တိုက်ခိုက်ရေးအင်အားသည် ယခုအခါ ပုံမှန်စစ်တပ်နှင့် အပြိုင်ဖြစ်နေသည်။
IRGC သည် နိုင်ငံရေးအရ အလွန် သဘောထားတင်းမာသည်။ ပြည်တွင်းရေးတွင် IRGC ၏ သြဇာသည် သမ္မတများ၏ သြဇာထက် သာလွန်ပြီး သမ္မတများ၏ မူဝါဒများအပေါ် ဖိအား အကြီးအကျယ်ပေးသည်။ ထိုအစောင့်တပ်သည် သမ္မတများကို အစ္စလမ်မစ်တော်လှန်ရေး အယူအဆနှင့်အညီ နှုတ်အားဖြင့်သာ ထောက်ခံသည်။
စစ်လက်နက်ပစ္စည်းများကို ၎င်း၏ထိန်းချုပ်ထားမှုနှင့် နိုင်ငံရေးသြဇာအပြင် ထိုအစောင့်တပ်သည် အီရန် စီးပွားရေးနှင့်လည်း အလွန် နီးစပ်စွာ ဆက်စပ်နေသည်။
IRGC ကို မူလအခြေအနေကလည်း အကြီးအကျယ် ချမ်းသာကြွယ်ဝစေပြီး အချို့က ၎င်းတို့ကို နိုင်ငံပိုင် ငွေကြေးရင်းမြစ်များအား ခိုးယူနေသည့် အင်စတီကျူးရှင်းအဖြစ် ဖော်ပြကြသည်။ IRCG အရာရှိများကို နိုင်ငံတော်ကန်ထရိုက်များ မကြာခဏပေးပြီး အရေးယူပိတ်ဆို့မှုများကို တိမ်းရှောင်ရန် အသုံးပြုသည့် ငွေမည်းများကို စီမံရာတွင်လည်း ပါဝင်ကြသည်ဟု စွပ်စွဲကြသည်။
ထိုအခြေအနေများ အားလုံးကြောင့် ဘာသာရေးအထက်လွှာကို အာဏာမှ ဖယ်ရှားလိုက်လျှင် IRGC သည် အီရန်ကိုထိန်းချုပ်ရန် ဖြစ်နိုင်ခြေအရှိဆုံး နိုင်ငံရေးအင်စတီကျူးရှင်း ဖြစ်သည်။
ငြိမ်းချမ်းသောအချိန်တွင် ဘာသာရေးခေါင်းဆောင် သေဆုံးပါက IRGC သည် အာဏာသိမ်းရန် ရင်းမြစ်များရှိမည် မဟုတ်ပေ။ သို့သော် ရှင်းလင်းသော ရန်သူနှင့် စစ်ဖြစ်နေသည့်အချိန်တွင် အခြေအနေ တမျိုးတမည် ဖြစ်နိုင်သည်။

ခါမေနီအလွန် ဖြစ်နိုင်သောအခြေအနေများ
ထို့ကြောင့် ဘာသာရေးခေါင်းဆောင်ကြီး ခါမေနီကို အစ္စရေးက လုပ်ကြံသတ်ဖြတ်ပါက မည်သို့ ဖြစ်နိုင်သနည်း။
အခြေအနေတခုမှာ IRGC ဦးဆောင်ပြီး အနည်းဆုံး ကာလတိုအတွင်း တော်လှန်ရေးကို ကာကွယ်ရန်အတွက် ဖွဲ့စည်းထားသည့် စစ်အုပ်ချုပ်ရေးနိုင်ငံတော် ဖြစ်သည်။
မဖြစ်နိုင်သော ဘာသာရေးခေါင်းဆောင်မှု တခုလုံးကို သုတ်သင်ရှင်းလင်းပါက IRGC သည် ကျွမ်းကျင်သူများညီလာခံကို ပြုပြင်ပြောင်းလဲပြီး ဘာသာရေးခေါင်းဆောင်နေရာကို ၎င်းတို့ ကိုယ်တိုင် ရွေးမည်ဖြစ်ကာ ခါမေနီ၏သား ကိုယ်စားလှယ်လောင်းဖြစ်မှုကို ထောက်ခံနိုင်သည်။
ပြောစရာမလိုသည့်ကိစ္စမှာ ထိုရလဒ်သည် အစ္စရေး သို့မဟုတ် အမေရိကန် ပြည်ထောင်စုနှင့် ချစ်ကြည်ရင်းနှီးသည့် နိုင်ငံတခုဖြစ်လာစေမည် မဟုတ်ပေ။ လက်တွေ့တွင် ထိုကိစ္စသည် ထို နှစ်နိုင်ငံလုံးကို ပိုမိုစစ်သွေးကြွသည့် တုံ့ပြန်မှုတခု တောင်းဆိုနေသည်မှာ ကာလကြာမြင့်ပြီဖြစ်သော အုပ်စုတခု အာဏာရသွားနိုင်သည်။
ပြောစရာမလိုသည့်ကိစ္စမှာ ထိုရလဒ်သည် အစ္စရေး သို့မဟုတ် အမေရိကန် ပြည်ထောင်စုနှင့် ချစ်ကြည်ရင်းနှီးသည့် နိုင်ငံတခုဖြစ်လာစေမည် မဟုတ်ပေ။ လက်တွေ့တွင် ထိုကိစ္စသည် ထို နှစ်နိုင်ငံလုံးကို ပိုမိုစစ်သွေးကြွသည့် တုံ့ပြန်မှုတခု တောင်းဆိုနေသည်မှာ ကာလကြာမြင့်ပြီဖြစ်သော အုပ်စုတခု အာဏာရသွားနိုင်သည်။
ဖြစ်နိုင်ခြေရှိသည့် နောက်ထပ် အခြေအနေတခုမှာ လူထုအုံကြွမှုဖြစ်သည်။ ထိုသို့ဖြစ်နိုင်သည်ဟု အစ္စရေး ဝန်ကြီးချုပ် နေတန်ရာဟုက စဉ်းစားသည်မှာ သေချာပြီး မကြာသေးမီက တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်။
လက်တွေ့လုပ်ရေး ဤတကြိမ်တွင် အုံကြွရန်မှာ အီရန်ပြည်သူများ၏ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ၎င်းကပြောသည်။
လက်တွေ့တွင် အီရန်အများအပြားသည် ၎င်းတို့အစိုးရကို၊ အစိုးရအတွင်းမှ ပိုမိုအလယ်အလတ်ကျပြီး ပြုပြင်ပြောင်းလဲရေး အခြေခံအစိတ်အပိုင်းများကိုပင် စိတ်ပျက်နေသည်မှာ ကာလကြာမြင့်ပြီ ဖြစ်သည်။ တရားဥပဒေစိုးမိုးရေးအပိုင်းက အပြင်းအထန် လက်စားချေသည့်တိုင် အီရန်တွင် မကြာသေးမီ ဆယ်စုနှစ်များအတွင်း လူထုအုံကြွမှု အကြိမ်ကြိမ်ဖြစ်သည်။ နောက်ဆုံးဖြစ်ပွားသည်မှာ ၂၀၂၂ ခုနှစ်က ဖြစ်သည်။
ထိုသို့ဖြစ်နိုင်သည်ကို သိရန် လုံလောက်သော တော်လှန်ရေးများကို မိမိတို့ မြင်တွေ့ခဲ့ပြီးဖြစ်ပြီး အီရန်နိုင်ငံသည်ပင် တော်လှန်ရေးတခုမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ သို့သော် ထိုအခါတွင်လည်း အစ္စရေး၊ အနောက်တိုင်းတို့နှင့် ပိုမိုချစ်ကြည်ရင်းနှီးသည့် နိုင်ငံရေးခေါင်းဆောင်မှုသည် သေချာသည့် ရလဒ်မဟုတ်ပေ။
၎င်းတို့၏ ခေါင်းဆောင်များကိုသာမက ၎င်းတို့ဘဝကို မှောက်လှန်ပစ်သည့် ပြည်ပအင်အားကြီးနိုင်ငံများကိုပါ အီရန်များ မုန်းတီးနေနိုင်သည်။
(The Conversation ပါ Andrew Thomas ၏ Regime change wouldn’t likely bring democracy to Iran. A more threatening force could fill the vacuum ကို ဘာသာပြန်သည်။ အင်ဒရူး သောမတ်စ်သည် ဒီကင် တက္ကသိုလ် (Deakin University)၊ အရှေ့အလယ်ပိုင်း လေ့လာရေးဌာနမှ ကထိက ဖြစ်သည်။)
You may also like these stories:
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း
အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး
စွမ်းအင်အကျပ်အတည်း ကြုံနေရသော စစ်ကောင်စီ ရုရှားသွား အကူအညီတောင်း
ရုရှား-အီရန်-အာဆတ် မဟာမိတ် ဆီးရီးယားမှာ ပြိုကွဲ
အစ္စရေးအကျပ်အတည်းတွင် ဝင်မပတ်သက်ရန် အီရန်ကို အမေရိကန် သတိပေး
အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်














