• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လားရှိုးအဝင် မယ်ဟန်ဂိတ် MNDAA သိမ်း

by မိုင်းခြိူဝ်းဇာရ်
17 July 2024
in သတင်း
A A
လားရှိုးအဝင် မယ်ဟန်ဂိတ် MNDAA သိမ်း

လားရှိုးတိုက်ပွဲတွင် MNDAA နှင့် ပူးပေါင်းတပ်တို့ သိမ်းဆည်းရမိသည့် စခန်းနှင့် လက်နက်များ(CJ)

7.2k
VIEWS
Share on FacebookShare on Twitter

ယာယီအပစ်ရပ်မည်ဟု ကြေညာထားသည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)သည် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အဝင် မယ်ဟန်စစ်ဆေးရေးဂိတ်ကို ယမန်နေ့ညက သိမ်းလိုက်ရာ စစ်ကောင်စီတပ်မှ ထိုဂိတ်ဝန်းကျင်ကို ယနေ့ လေကြောင်းဖြင့် တန်ပြန်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

မန္တလေး-လားရှိုးလမ်း မြို့အနောက်ဘက် ၅ မိုင်ကျော်အကွာ မြို့အဝင် မယ်ဟန်စစ်ဆေးရေးဂိတ်ကို MNDAA မှ ယမန်နေ့ ညနေပိုင်းက အပြင်းအထန် ထိုးစစ်ဆင်ခဲ့ရာ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်များက မြို့အနီး ဆုတ်ခွာ သွားသဖြင့် ထိုဂိတ်ကို MNDAA က ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

မယ်ဟန်ဂိတ်တွင် နောင်မွန်ရှိ စစ်ကောင်စီတပ်နှင့် မြို့တွင်းမှ ပြည်သူ့စစ်များ အင်အားစုဖွဲ့ထားသည့်နေရာဖြစ်ပြီး ထိုပူးပေါင်းအဖွဲ့မှာ လက်ရှိ လားရှိုးမြို့ နားမခေါ် ကားကြီးကွင်းအနီး ပြန်လည်တပ်ဖြန့်ထားသည်ဟု သိရသည်။

ယနေ့ ညနေ ၃ နာရီခွဲတွင် စစ်ကောင်စီဘက်က သိမ်းပိုက်ခံရသည့် ထိုဂိတ်အနီးကို တိုက်လေယာဉ်များဖြင့် ၁၀ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း လားရှိုးမြို့ပေါ် ရှိ အမျိုးသားတဦးက ဧရာဝတီသို့ ပြောသည်။

၎င်းက “ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာ နာရီဝက်လောက်ရှိနေပြီ။ လေယာဉ်ကလည်း တစီးမကဘူး။ အခုလည်း တလုံး ပစ် လိုက်ပြန်ပြီ။ MNDAA ရှိတယ်ဆိုတဲ့ ယူဆချက်နဲ့ ထင်ပါတယ်။ အဆောက်အဦတွေ အများကြီး ပျက်စီး သွားတာပေါ့”ဟု ပြောသည်။

မယ်ဟန်ဂိတ်အနီး မြေပြင်ထိတွေ့တိုက်ပွဲ မရှိဘဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂိတ်အနီးရှိ စက်သုံးဆီ ဆိုင်များ အပါအဝင် အိမ် ၁၀လုံးကျော် ထိမှန်ပျက်စီးသွားကြောင်း ၎င်းက ဆိုသည်။

လားရှိုးစစ်ရှောင်များနှင့် MNDAA တပ်ဖွဲ့ဝင်များ / The Kokang

MNDAA က အပစ်ရပ်မည် ကြေညာသော တတိယမြောက်နေ့ ယနေ့ညနေ ၅ နာရီအထိ လက်နက်ငယ် ပစ်ခတ်သံများ မကြားရသေးသော်လည်း စစ်ကောင်စီဘက်က မြို့ဝန်းကျင်ကို လက်နက်ကြီးများဖြင့် တနေကုန် ပစ်ခတ်နေရာ မြို့လယ်ရှိ မြို့တော်ခန်းမအနီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား နှစ်ဦး သေဆုံးခဲ့သည်။

မယ်ဟန်ဂိတ်အား သိမ်းပိုက်ပြီး နားမခေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ပါက MNDAA နှင့် ပူးပေါင်းတပ်များသည် လားရှိုးမြို့ အမှတ် ၁ ရပ်ကွက် နယ်မြေ ၈ အတွင်း ရောက်ရှိသွားမည်ဖြစ်ပြီး မြို့၏အစိတ်အပိုင်း တချို့ကို ပူးပေါင်းတပ်များက စတင် ထိန်းချုပ်နိုင်မည်ဖြစ်သည်။

လက်ရှိတွင် MNDAA သည် မြို့အရှေ့ဘက် လားရှိုး- မူဆယ်လမ်း ဟိုပိတ် တိုးဂိတ်အနီး လားရှိုးနည်းပညာတက္ကသိုလ်ကို သိမ်းပိုက်ထားပြီး ထိုလမ်းကြောင်းမှတဆင့် လားရှိုးမြို့တွင်းဝင်ရောက်မည်ဆိုပါက ခမရ-၆၈ တပ်ရင်းတခုကို ဖြတ်ကျော် ရဦးမည် ဖြစ်သည်။

ဇူလိုင် ၃ ရက်က စသည့် လားရှိုးထိုးစစ်တွင် MNDAA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်ခဲ့သည့် နမ့်ပေါင် ခြေလျင်တပ်ရင်း ခလရ-၂၉၁၊ ရှန်ခိုက် အမှတ် ၁၁ စစ်အခြေခံလေ့ကျင့်ရေးတပ်နှင့် ကာကင်းစခန်းများဖြစ်သည့် မန်စံရေကျ၊ နောင်မွန်၊ မယ်ဟန်၊ လားရှိုးနည်းပညာတက္ကသိုလ်တို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များသည် မြို့အတွင်းဘက်သို့ ဆုတ်ခွာ သွားသဖြင့် မြို့ပေါ်၌ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နှင့် တပ်ရင်းတပ်ဖွဲ့များ အင်အားကောင်းနေဆဲဖြစ်သည်။

ဇူလိုင် ၁၅ ရက်မှ ၁၈ ရက်ထိ ယာယီအပစ်ရပ်မည်ဟု ကြေညာထားသည့် MNDAA၏ ထိုးစစ်အရှိန်လျော့ကျလာနေပြီး စစ်ကောင်စီဘက်က ထောက်ပို့လေယာဉ်များဖြင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်-ရမခအတွင်း လက်နက် ရိက္ခာများ နေ့စဉ်ဖြည့်တင်းနေကြောင်း မြို့ခံများက ဆိုသည်။

လားရှိုးမြို့ အနောက်ဘက် ၁၀ မိုင်ကျော်အကွာ ရှန်ခိုက်ကျေးရွာအနီးရှိ အမှတ် ၁၁ စစ်အခြေခံလေ့ကျင့်ရေးတပ်မှ ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းမိသားစုဝင်များကို ပြန်လွှတ်ပေးခဲ့ကြောင်း MNDAAက ယမန်နေ့ ညပိုင်းတွင် ရုပ်သံဖိုင်နှင့်တကွ ထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန်းလေးတိုင်းအစပ်၌ စစ်ကောင်စီတပ်ကို ထိုးစစ်ဆင် တိုက်ခိုက်နေသည့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)သည် ဇူလိုင်လ ၁၅ ရက်မှ ၁၈ ရက်ထိ အပစ်ရပ်ရန် ညွှန်ကြားထားသော်လည်း ကျောက်မဲနှင့် နောင်ချိုမြို့တို့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်ခြင်းများရှိနေကြောင်း ယမန်နေ့ညတွင် TNLA က ထုတ်ပြန်ထားသည်။

You may also like these stories:

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
85
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
31
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
96

အပစ်ရပ်သည် ဆိုသော်လည်း လားရှိုး၌ ပစ်ခတ်မှုဆက်ရှိ

တိုက်ပွဲပြင်းထန်လာ၍ လားရှိုးကို မြို့ခံတို့ စွန့်ခွာ

လားရှိုးမြို့ထဲ လက်နက်ကြီးကျ အရပ်သား ထပ်မံ သေဆုံး

လားရှိုး ခလရ-၂၉၁ ကို မြောက်ပိုင်းတပ်များ သိမ်း

TNLA ပူးပေါင်းတပ်တို့ မိုးမိတ်မြို့ပေါ် ဝင်ရောက်နေရာယူ

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။

Support The Irrawaddy: https://bit.ly/3btQYpR

Your Thoughts …
Tags: MNDAATNLAမယ်ဟန်ဂိတ်လားရှိုး
မိုင်းခြိူဝ်းဇာရ်

မိုင်းခြိူဝ်းဇာရ်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post

စစ်အာဏာသိမ်းမှုအောက် ရန်ကုန်မြို့ကြီးသားဖြစ်ရတဲ့ ဒုက္ခ

မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved