• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၃)

by အေးချမ်းဆု
16 October 2023
in ဆောင်းပါး
A A
မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၃)

CNF ဌာနချုပ်တွင် တွေ့ရသော ချင်းတပ်သားတဦး/ABC

7k
VIEWS
Share on FacebookShare on Twitter

နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသော တိုင်းရင်းသားအင်အားစုများ

(က) ကရင်နီ ပြည်နယ်မှ တပ်ဖွဲ့များ

(၁) ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF)

နွေဦးတော်လှန်ရေးအတွင်း မိုးဗြဲရဲစခန်းတိုက်ပွဲမှစ၍ ထွက်ပေါ်လာသည့် ကရင်နီတော်လှန်ရေး အင်အားစုဖြစ်၏။ လက်ရှိ ကရင်နီနယ်အတွင် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF) သည် အင်အားအများဆုံး အဖွဲ့အစည်း ဖြစ်သည်။ KNDF တွင် တပ်ရင်း ၂၂ ရင်း ဖွဲ့စည်းထားသည်။ လူ အင်အား ၇,၀၀၀ မှ ၈,၀၀၀ ကြားရှိသည်။ နှစ်နှစ်အတွင်း လက်နက်တပ်ဆင်မှုနှင့် တိုက်ရည်ခိုက်ရည် မြန်မြန်ဆန်ဆန် တိုးတက်သောအဖွဲ့အစည်း ဖြစ်သည်။

RelatedPosts

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
2.3k
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
341
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
435

လက်ရှိကာလတွင် အနည်းဆုံး တပ်ဖွဲ့ဝင်ဦးရေ၏ တဝက်ခန့် လက်နက်တပ်ဆင်ပြီး ဖြစ်သည်ဟု ခန့်မှန်းရသည်။ စခန်းသိမ်းတိုက်ပွဲ၊ ချေမှုန်းရေးတိုက်ပွဲများကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ / ကရင်နီ တပ်မတော် (KNPP/KA)၊ အခြားသော တော်လှန်ရေးတပ်ဖွဲ့များနှင့် တွဲ၍ ကောင်းစွာ တိုက်နိုင်သည်။ တိုက်စိတ်ခိုက်စိတ်နှင့် တိုက်ရည်ခိုက်ရည်မြင့်သည့် တပ်ဖွဲ့တခုဖြစ်သည်။ ကရင်နီပြည်နယ်အတွင်း လူအင်အားအများဆုံး လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သည်။

KNDF တပ်ရင်း ၂၂ ရင်းအား အနည်းဆုံး ဗျူဟာ ခြောက်ခုဖွဲ့စည်း၍ လှုပ်ရှားစစ်ဆင်နေသည်ကို တွေ့ရသည်။ လက်ရှိ ကရင်နီပြည်နယ်၏ နိုင်ငံရေး၊ စစ်ရေးနယ်ပယ်တွင် အဓိက နေရာယူလာသည့် မျိုးဆက်သစ်အင်အားစုဖြစ်လာနေ၏။

KNDF ၏ ဥက္ကဋ္ဌအဖြစ် ခွန်ဘီထူးက တာဝန်ယူထားပြီး အတွင်းရေးမှူး (၂) နှင့် ဒုစစ်ဦးစီးချုပ်အဖြစ် မာဝီ၊ အတွင်းရေးမှူး (၃) နှင့် စစ်ရေးချုပ်အဖြစ် ခူရီးဒူက ဆောင်ရွက်သည်။ ခွန်ဘီထူးသည် KNDF ဥက္ကဋ္ဌ တာဝန်သာမက ကရင်နီပြည်နယ် အုပ်ချုပ်ရေးကောင်စီ ဒုဥက္ကဋ္ဌ၊ NUG ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒုဝန်ကြီး တာဝန်များကိုလည်း ယူထားသည်ကို တွေ့ရ၏။ KNDF တပ်ရင်း ၂၂ ရင်းအား အနည်းဆုံး ဗျူဟာ ခြောက်ခုဖွဲ့စည်း၍ လှုပ်ရှားစစ်ဆင်နေသည်ကို တွေ့ရသည်။ လက်ရှိ ကရင်နီပြည်နယ်၏ နိုင်ငံရေး၊ စစ်ရေးနယ်ပယ်တွင် အဓိက နေရာယူလာသည့် မျိုးဆက်သစ်အင်အားစုဖြစ်လာနေ၏။

(၂) ကရင်နီပြည်သူ့တော်လှန်ရေး တပ်ပေါင်းစု (KRU)- ကရင်နီပြည်နယ်

၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော သီးခြားတပ်ပေါင်းစု ဖြစ်၏။ KRU ဥက္ကဋ္ဌမှာ ဦးကျော်ထက်ဖြစ်ပြီး KRU တွင် အောက်ပါအဖွဲ့များ ပါဝင်သည်။

(၁) Karenni Democratic Front (KDF)၊ (၂) Fight for Justice ၊ (၃) GZ 21 လွိုင်ကော်၊ (၄) Medic Unit ၊ (၅) South Shan PDF (SSPDF) တို့ ဖြစ်သည်။

KRU တွင် ပါဝင်သည့်အဖွဲ့များ စုစည်းပြီး တပ်ရင်းတရင်း ဖွဲ့စည်းထားသည်ဟု ဆိုပါသည်။ KRU စတင် ဖွဲ့စည်းစဉ်က KGZ ခေါ် Karenni GZ အဖွဲ့ ပါဝင်သော်လည်း နောက်ပိုင်းတွင် ပြန်လည် နုတ်ထွက်သွားသည်။

လက်ရှိတွင်လည်း ထပ်မံနုတ်ထွက်မှု၊ KNDF နှင့် ပူးပေါင်းမှုများရှိသည်ကို တွေ့ရ၏။

KNDF တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- KNDF)

(ခ) ချင်းပြည်နယ် တပ်ဖွဲ့များ

ချင်းပြည်နယ်တွင် နွေဦးတော်လှန်ရေးကာလ၌ မူလရှိပြီး CNF / CNA တပ်ဖွဲ့ အင်အား တောင့်တင်းလာသကဲ့သို့ မြို့နယ်အလိုက်၊ မျိုးနွယ်စုအလိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့များ ချင်ပြည်နယ်နှင့် ဆက်စပ်ဒေသများတွင် ပေါ်ပေါက်လာသည်ကို တွေ့ရ၏။

(၁) ချင်းအမျိုးသားအစည်းအရုံး / ချင်းအမျိုးသားကာကွယ်ရေး တပ်မတော် (Chin National Organization/ Chin National Defense Force – CNO/CNDF)

CNO/ CNDF သည် နွေဦးတော်လှန်ရေးတွင် ပေါ်လာသော အဖွဲ့ဖြစ်သော်လည်း မျိုးနွယ်စုအမည်၊ ဒေသအမည် မတပ်ဘဲ ချင်းတမျိုးသားလုံးအား ကိုယ်စားပြုရန် ရည်ရွယ်သည့်အဖွဲ့အစည်း ဖြစ်ပုံရ၏။ ၂၀၂၁ ခုနှစ်၊ ဧပြီ ၁၃ ရက်နေ့တွင် CNO/ CNDF ကို စတင်ဖွဲ့စည်းခဲ့ပြီး ထိုနေ့အား ချင်းအမျိုးသား နွေဦးတော်လှန်ရေးနေ့ အဖြစ် CNO က သတ်မှတ်ထားသည်။ လက်ရှိ CNO ၏ အထွေထွေအတွင်းရေးမှူးမှာ ဆလိုင်းဝီလီယံချင်းဖြစ်၏။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် ကလေးဒေသတွင် လှုပ်ရှားသည်။ CNDF တွင် တပ်မဟာ လေးခုဖွဲ့စည်းထား၏။ တပ်မဟာ သုံးခုသည် ချင်းပြည်နယ်၊ ဖလမ်းဒေသတွင်းရှိပြီး ကလေးဒေသ ဖြစ်သည့် အထက်ချင်းတွင်းဒေသတွင် တပ်မဟာ တခု (တပ်မဟာ ၄) ရှိ၏။ တပ်မဟာတခုလျှင် တပ်ရင်း သုံးရင်းခန့်ရှိနိုင်သည်။ CNDF စစ်ရုံးအား Camp Rihli – Chinram တွင် အခြေစိုက်ထားရှိသည်။

(၂) CDF-KKG ( Kalay-Kabaw-Ganggaw ) ကလေး၊ ကဘော်၊ ဂန့်ဂေါ

ယောနယ်နှင့် ကလေး-ကဘော်ဒေသများတွင် နေထိုင်ကြသည့် ချင်းလူမျိုးများကို အခြေပြုဖွဲ့စည်းထားသည့် တပ်ဖွဲ့ဖြစ်၏။ အာဏာသိမ်းပြီး သပိတ်မှောက်စဉ်ကာလကထဲက ကလေးမြို့မှ ချင်းလူမျိုး၏ တာဟန်းခံတပ်သည် အမည်ရခဲ့သည်။ CDF- KKG အား ၂၀၂၁ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ တပ်ရင်း ၆ ရင်း ဖွဲ့စည်းထားသည်ကို တွေ့ရပြီး ကလေး PDF ၊ ယော၊ ဂန့်ဂေါဒေသ PDF များနှင့် ပူးတွဲ လှုပ်ရှားသည်ကို တွေ့ရ၏

CDF မင်းတပ်ကို ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့တွင် ပီပီပြင်ပြင် ဖွဲ့စည်းနိုင်ခဲ့သကဲ့သို့ ချင်းပြည်နယ်တွင် ပထမဆုံး လက်နက်ကိုင် ခုခံတိုက်ခိုက်ခဲ့သော တပ်ဖွဲ့လည်းဖြစ်၏။ CDF မင်းတပ်သည် လင်းယုန်တပ်ရင်း၊ သိန်းငှက်တပ်ရင်း စသည်တို့ဖြင့် တပ်မဟာ တခုဖွဲ့စည်းထား၏။

(၃) CDF- မင်းတပ်

CDF မင်းတပ်ကို ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့တွင် ပီပီပြင်ပြင် ဖွဲ့စည်းနိုင်ခဲ့သကဲ့သို့ ချင်းပြည်နယ်တွင် ပထမဆုံး လက်နက်ကိုင် ခုခံတိုက်ခိုက်ခဲ့သော တပ်ဖွဲ့လည်းဖြစ်၏။ CDF မင်းတပ်သည် လင်းယုန်တပ်ရင်း၊ သိန်းငှက်တပ်ရင်း စသည်တို့ဖြင့် တပ်မဟာ တခုဖွဲ့စည်းထား၏။

(၄) CDF- ကန်ပက်လက်

CDF ကန်ပက်လက်ကို ၂၀၂၁ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့၏။ အနည်းဆုံး တပ်ရင်း နှစ်ရင်း ဖွဲ့စည်းထားသည်ကို တွေ့ရသည်။ CDF ကန်ပက်လက်သည်လည်း ယောဒေသ PDF များနှင့် ပူးပေါင်းဆောင်ရွက်မှု ရှိ၏။

(၅) CDF- မတူပီ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဧပြီ ၁၀ ရက်နေ့တွင် CDF မတူပီဟု ပြောင်းလဲဖွဲ့စည်းကြောင်းထုတ် ပြန်ကြေညာခဲ့၏။ CDF မတူပီတပ်ဖွဲ့များသည် မတူပီ-မင်းတပ်ကားလမ်း၊ မတူပီ-ပလက်ဝ ကားလမ်းများတလျှောက် လမ်းကြောင်းများကို ထိန်းချုပ် တိုက်ပွဲဝင်ခဲ့ကြသည်ကို တွေ့ရသည်။ အင်အားမသိရပါ။

(၆) CDF- ပလက်ဝ

ပလက်ဝမြို့နယ်ရှိ လူငယ်ခေါင်းဆောင်များ အနေဖြင့်လည်း မိမိတို့မြို့နယ် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်နိုင်ရေး ရည်ရွယ်လျှက် ၂၀၂၁ ခုနှစ်၊ ဧပြီလ၂၈ ရက်နေ့တွင် ပြည်တွင်းပြည်ပရှိ ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး Zoom meeting အစည်းအဝေးတရပ်ခေါ်ယူ သဘောထားစုစည်းပြီး ဧပြီလ ၂၉ ရက်နေ့တွင် CDF- ပလက်ဝ (CDF- Paletwa) ကို စတင်ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့ပါသည်။ CDF- ပလက်ဝ တွင် တပ်ရင်း နှစ်ရင်းခန့် ဖွဲ့စည်းထားသည်ကို တွေ့ရ၏။

(၇) CDF – ဟားခါး

CDF ဟားခါးကို ၂၀၂၁ ခုနှစ်၊ မေလ ၂၆ ရက်တွင် ဖွဲ့စည်းခဲ့၏။ CDF ဟားခါးကောင်စီကို ၂၀၂၁ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ဦးစွာဖွဲ့စည်းခဲ့၏။ Mie ဒေသ၊ senthang ဒေသ၊ zokhua ဒေသ၊ ဟားခါးမြို့ပေါ်တို့နှင့် ပတ်သက်ပြီး ဟားခါးကောင်စီ အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ပြီး CNF/CNA နှင့် ပူးပေါင်းဆောင်ရွက်သည်ဟု သိရသည်။ CDF- ဟားခါးတွင် တပ်ရင်း ၄ ရင်းခန့် ဖွဲ့စည်းထားရှိသည်ဟု သိရ၏။

(၈) CDF- တွန်းဇံ

CDF တွန်းဇံကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းသည်။ CDF- တွန်းဇံတွင် တပ်ရင်း သုံးရင်း ဖွဲ့စည်းထား၏။ CDF တွန်းဇံ ရင်း ၁ နှင့် ရင်း ၃ အား ဇိုမျိုးနွယ်စုဖြင့် ဖွဲ့စည်းထားပြီး ရင်း ၂ အား ထားဒို မျိုးနွယ်စုများဖြင့် ဖွဲ့စည်းထား၏။

(၉) CDF- ထန်တလန်

၂၀၂၁ နွေဦးတော်လှန်ရေးအတွင်း ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်၏။ CDF- ထန်တလန် သည် အနည်းဆုံး တပ်ရင်း နှစ်ရင်းဖွဲ့စည်းထားသည်ဟု သိရှိရသည်။ ထန်တလန်သည် ချင်းပြည်နယ်အတွင်း မြို့လုံးကျွတ် ဖျက်ဆီးခံရသည့်မြို့ ဖြစ်၏။

(၁၀) ZFU/PDF- Zoland

Zomi Federal Union (ZFU) ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းတွင် PDF- Zoland ကို ဖွဲ့စည်းခဲ့၏။ ZFU ၏ လှုပ်ရှားရာဒေသအဖြစ် ဇိုမီးအများစု နေထိုင်သည့် တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့ ဖြစ်သည်ဟုဆိုပါသည်။ အင်အား မသိရပါ။

(၁၁) CDF- ဒိုင်ရ် (ချင်း)

CDF- ဒိုင်ရ်ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့၏။ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝ မြို့နယ်များတွင် နေထိုင်ကြသည့် ဒိုင်ရ် (Daai) မျိုးနွယ်စုများကို ကိုယ်စားပြုသည်ဟု ဆိုပါသည်။ အင်အား မသိရပါ။

(၁၂) CDF- မရာ

မရာတို့သည် ချင်းပြည်နယ်ရှိ ထန်တလန်မြို့နယ်၊ မတူပီမြို့နယ်၊ ပလက်ဝမြို့နယ်တို့တွင် နေထိုင်သည်ကို တွေ့ရသည်။ CDF မရာကို ၂၀၂၁ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းထား၏။ လက်ရှိ အချိန်တွင် CDF- မရာသည် CJDC နှင့် ချိတ်ဆက်ထားပြီး CNF / CNA နှင့် အခြား CDF များနှင့် အတူတွဲ၍ ရပ်တည်သည်ဟု ထုတ်ပြန်ထား၏။

CDF မရာကို ၂၀၂၁ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းထား၏။ လက်ရှိ အချိန်တွင် CDF – မရာသည် CJDC နှင့် ချိတ်ဆက်ထားပြီး CNF / CNA နှင့် အခြား CDF များနှင့် အတူတွဲ၍ ရပ်တည်သည်ဟု ထုတ်ပြန်ထား၏။

(၁၃) CDF- ဇိုဖေ

ထန်တလန်မြို့နယ်၊ ဇိုဖေဒေသတွင် CDF ဇိုဖေကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့မှ စတင်လှုပ်ရှားဖွဲ့စည်းခဲ့၏။ CNF ၏ လမ်းညွှန်မှုကို ခံယူပြီး CAN, CDF, NUG/PDF များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့၏။

(၁၄) CDF- ဇိုတုန်

ဇိုတုန် (Zotung) မျိုးနွယ်စုဒေသမှာ ဟားခါးနှင့် မတူပီကြားရှိ ရေဇွာဒေသဖြစ်၏။ ရေဇွာ၏ အရှေ့ဘက် တောင်ကြောများတွင် ဇိုတုန်မျိုးနွယ်စု နေထိုင်ကြ၏။ CDF ဇိုတုန်ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ ၎င်းတို့၏ ဖွဲ့စည်းကြောင်း ကြေညာချက်တွင် CNA ကို ချင်းပြည်နယ်၏ မိခင်တပ်အဖြစ် သဘောထားကြောင်းနှင့် NUG လမ်းညွှန်ချက်များကို လိုက်နာသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့၏။ CDF ဇိုတုန်တွင် အနည်းဆုံး တပ်ရင်းတရင်း ဖွဲ့စည်းထားသည်။

(၁၅) CDF- လောက်တူ

လောက်တူ (Lautu) ချင်းမျိုးနွယ်စုများသည် ထန်တလန်မြို့နယ်တွင်းတွင် အများစုရှိသည်ဟု သိရသည်။ မတူပီမြို့နယ်အတွင်းတွင်လည်း ရွာသုံးရွာခန့်ရှိပြီး ရခိုင်တွင်လည်း လောက်တူ မျိုးနွယ်စုအချို့ နေထိုင်ကြကာ ဘာသာစကား ကွဲပြားမှုရှိသည်ဟု သိရသည်။ ၂၀၂၀ ပြည့်နှစ်ခန့်က ထန်တလန်မြို့နယ်အတွင်းမှ မြို့အဆင့် သတ်မှတ်ခဲ့သည့် နှာရိန်းမြို့ (နှာဟရိန်မြို့) သည် လောက်တူတို့၏ မြို့ဖြစ်သည်ဟုသိရသည်။

CDF လောက်တူကို ၂၀၂၁ ခုနှစ်၊ မေလ ၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့၏။ CDF- လောက်တူသည် အင်အား ၅၀၀ ခန့်ရှိပြီး တပ်ရင်း နှစ်ရင်းခန့် ဖွဲ့စည်းထားရှိသည်ဟု ဆိုပါသည်။

(၁၆) CDF- ဟွာလ်ငိုရမ်

ယေဘုယျအားဖြင့် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့်အဖွဲ့ဖြစ်၏။ နိုင်ငံရေး ဦးဆောင်အဖွဲ့အစည်းအဖြစ် Hualngoram Peoples Organization (HPO) ကို ဖွဲ့စည်းထား၏။ HPO ၏ အထွေထွေအတွင်းရေးမှူးမှာ ဂျွန်ရိုဗာ ဖြစ်ပါသည်။

ဟွာလ်ငိုမျိုးနွယ်စုများသည် တွန်းဇံမြို့နယ်တွင် ဒါလ်ခိုင်းရွာ၊ ဗပီးရွာ၊ ဇမ်းပီးရွာနှင့် အခြားကျေးရွာများတွင် အခြားသော မျိုးနွယ်စုများနှင့်အတူ ရောနောနေထိုင်ကြသည်။ ဟွာလ်ငို မျိုးနွယ်စုများသည် ဖလမ်းမြို့နယ်တွင် အများဆုံးနေထိုင်ကြပြီး တီးတိန်မြို့နယ်တွင်လည်း နေထိုင်ကြပါသည်။

(၁၇) CDF- CDM- Siyin စီရင်း

တီးတိန်၊ တွန်းဇံ၊ ကလေးစသည့်မြို့နယ်များတွင် နေထိုင်ကြသည့် စီရင်း ချင်းမျိုးနွယ်စုများကို ကိုယ်စားပြုသည့် တပ်ဖွဲ့ဖြစ်၏။ CDF-CDM-Siyin ကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့၏။ တပ်အင်အား စိစစ်ဆဲဖြစ်ပါသည်။

အထက်ပါ ချင်းလက်နက်ကိုင် တပ်ဖွဲ့ ၁၇ ဖွဲ့သည် လက်ရှိတွင် CNF /CNA နှင့်ပူးပေါင်း၍ CJDC တွင် ပါဝင်လှုပ်ရှားလျက်ရှိကြပါသည်။

(၁၈) မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ / မရာ ကာကွယ်ရေးတပ်ဖွဲ့

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း ချင်းပြည်နယ်တွင်း လှုပ်ရှားမှုများအတွင်း Mara National Defence Force (MNDF) ဟု စက်တင်ဘာလအတွင်း ပြောင်းလဲခဲ့ပြီးနောက် ၂၀၂၁ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် မရာစစ်တပ် (Mara Army) ဟု ပြန်လည် ပြောင်းလဲခေါ်ဆိုခဲ့သည်ဟုဆိုသည်။

မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ / မရာ ကာကွယ်ရေးတပ်ဖွဲ့ (Maraland Territorial Council / Maraland Defense Force- MTC/MDF) သည် CDF – Mara အား အသိအမှတ် မပြုသည့်အပြင် လက်နက်ကိုင် ပဋိပက္ခပင် ဖြစ်ပွါးခဲ့၏။ ထို့ပြင် MTC/MDF သည် CJDC နှင့် ZZLMS တို့တွင် ပါဝင်ခြင်းမရှိပါ။ CDF- Mara ကမူ CJDC နှင့် ZZLMS တွင် မိတ်ဖက်အဖြစ်ပါဝင်ပြီး MTC/ MDF တို့အား အတုအယောင်အဖွဲ့များအဖြစ် ပြန်လည် ကြေညာသည်ကို တွေ့ရ၏။

(၁၉) CDF– Senthang

ဟားခါးမြို့နယ်အတွင်းရှိ ဆဲန်ထန်မျိုးနွယ်စု တပ်ဖွဲ့ဖြစ်၏။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်နေ့တွင် စတင်တည်ထောင်ခဲ့၏။ CNF ၏ လမ်းညွှန်မှု၊ CNA ၏ ကြီးကြပ်မှုဖြင့် အခြား CDF များဖြင့် ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ထားသည်။ CDF မင်းတပ်၊ YDF- ယောကာကွယ်ရေးတပ်ဖွဲ့တို့နှင့် မဟာမိတ်ပြုထားသကဲ့သို့ CDF ဇိုဖေ၊ ဇိုတောင်၊ မရာ၊ လောက်တူတို့နှင့်လည်း ZZLMS ဟူ၍ မဟာမိတ် ဖွဲ့စည်းထား၏။

(၂၀) ထားဒိုကာကွယ်ရေးတပ်မတော်

ထားဒိုကာကွယ်ရေးတပ်မတော် (Thado Defense Army- TDA) သည် တွန်းဇံမြို့နယ်အတွင်းရှိ ထားဒို မျိုးနွယ်များဖွဲ့စည်းထားသောတပ်ဖြစ်၏။ ထားဒိုမျိုးနွယ်စုများကို အခြေခံ၍ ဖွဲ့စည်းသည့် CDF- တွန်းဇံ တပ်ရင်း ၂ တွင် မပါဝင်ဘဲ သီးခြားဖွဲ့စည်းသောတပ်ဖွဲ့ ဖြစ်ပုံရသည်။ ယခုအချိန်တွင် ZFU/PDF- Zoland နှင့် မဟာမိတ်ဖွဲ့၍ လှုပ်ရှားနေသည်ကို တွေ့ရ၏။

(၂၁) Mountain Eagle Defense Force (MEDF)

Mountain Eagle Defense Force (MEDF) သည် တီးတိန်မြို့နယ် ဟွိုင်မွှာရွာသစ်နှင့် အိန္ဒိယ နယ်စပ်တလျှောက်၌ အခြေ ပြုသည့် လက်နက်ကိုင်တပ် ဖြစ်၏။ အင်အားမသိရပါ။ MEDF နှင့် ZFU/ PDF -Zoland တို့သည် ဇိုမီးညီအစ်ကိုရင်းဖြစ်မှုကို ခိုင်မာစွာကိုင်စွဲ အတူ တကွပူးပေါင်း တော်လှန်သွားမည်ဟု သဘောထား ထုတ်ပြန်ထားသည်ကို တွေ့ရ၏။ MEDF သည် ZFU နှင့်သာမက CNDF /CDF- CDM Siyin တို့နှင့်လည်း ပူးတွဲ၍ စစ်ကောင်စီတပ်အား တိုက်ခိုက်သည်ကို တွေ့ရ၏။

(၂၂) အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့

အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (Asho Chin Defense Force– ACDF) ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့၏။ မြေပြန့်ချင်းဟု ခေါ်ဆိုကြသည့် အရှိုချင်းများ၏ တပ်ဖွဲ့ဖြစ်၏။ ရခိုင်ရိုးမ အရှေ့ခြမ်း မင်းတုံး၊ ငဖဲ၊ စေတုတ္တရာနယ်တွင် အခြေပြုလှုပ်ရှားပုံရ၏။ ACDF အား NUG က ငွေကြေးထောက်ပံ့သည်ကို တွေ့ရသကဲ့သို့ PRA မကွေးကလည်း ကူညီလေ့ကျင့်ပေးသည်ကို တွေ့ရ၏။ CJDC နှင့် ချိတ်ဆက်မှု မတွေ့ရသော်လည်း CDF ကန်ပက်လက်နှင့် ဆက်စပ်မှုရှိသကဲ့သို့ Chin Relief Fund Programme (CRFP) နှင့် ချိတ်ဆက်မှုရှိသည်ကို တွေ့ရ၏။

မြေပြန့်ချင်းဟု ခေါ်ဆိုကြသည့် အရှိုချင်းများ၏ တပ်ဖွဲ့ဖြစ်၏။ ရခိုင်ရိုးမ အရှေ့ခြမ်း မင်းတုံး၊ ငဖဲ၊ စေတုတ္တရာနယ်တွင် အခြေပြုလှုပ်ရှားပုံရ၏။ ACDF အား NUG က ငွေကြေးထောက်ပံ့သည်ကို တွေ့ရသကဲ့သို့ PRA မကွေးကလည်း ကူညီလေ့ကျင့်ပေးသည်ကို တွေ့ရ၏။

(၂၃) Chin Defense Force- Asho

CDF- Asho သည် တော်လှန်ရေး ခြောက်ဖွဲ့နှင့်အတူ မဟာမိတ် EAO ထံ သင်တန်းတက်လာခဲ့သည့် အရှိုချင်းလူမျိုး CDM စစ်သား၊ ကျောင်းဆရာ၊ ဆရာမ၊ ကျောင်းသူ ကျောင်းသား၊ ကျန်းမာရေးဝန်ထမ်းများက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်ဟုဆိုပါသည်။

CDF အရှိုသည် NUG/MOD၊ CNF၊ CDF တို့နှင့် လက်တွဲ၍ တိုက်ပွဲဝင်မည်ဟုဆိုပါသည်။ CDF အရှို၏ မဟာမိတ် EAO မှာ ရက္ခိုင့်တပ်တော် (AA) ဖြစ်ပုံရပါသည်။ စစ်သင်တန်း အပတ်စဉ် နှစ်ခုဆင်းပြီးပြီဟု သိရ၏။ လက်ရှိအချိန်တွင် ငဖဲမြို့နယ်၊ အမ်း-ပဒါန်း ကားလမ်းကြီးတလျှောက် လှုပ်ရှားလျက်ရှိသည်ကို တွေ့ရ၏။

နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် ချင်းတပ်ဖွဲ့ ၂၃ ဖွဲ့ကို တွေ့ရှိရ၏။ ထိုအရေအတွက်ထက်လည်း ပိုနိုင်၏။ မြို့နယ်အလိုက် ဖွဲ့စည်းသည်ကို တွေ့ရသကဲ့သို့ မျိုးနွယ်စုအလိုက် ဖွဲ့စည်းသည်ကိုလည်း တွေ့ရ၏။ ချင်းပြည်နယ်သာမက တမူး၊ ကလေးနှင့်မင်းဘူးခရိုင်များရှိ ချင်းလူမျိုးများ နေထိုင်ရာဒေသများတွင်ပါ ချင်းတပ်ဖွဲ့များ ဖွဲ့စည်းသည်ကို တွေ့ရ၏။

ဖော်ပြပါ ၂၃ ဖွဲ့အနက် အမှတ်စဉ် ၁ မှ ၁၇ ထိ ၁၇ ဖွဲ့သည် ၁၉၈၈ ကတည်းက ဖွဲ့စည်းထားရှိသည့် CNF / CNA နှင့် ပူးပေါင်း၍ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့မှစကာ Chinland Joint Defense Committee (CJDC) ကို အဖွဲ့စည်းခဲ့ကြ၏။ လက်ရှိ CJDC ဥက္ကဋ္ဌအဖြစ် CNF မှ အထွေထွေအတွင်းရေးမှူးက တာဝန်ယူသည်ကို တွေ့ရ၏။ CJDC တွင် မပါသော ကျန်အဖွဲ့များသည်လည်း မိမိနှင့်ဆက်စပ်နယ်မြေရှိ CDF များ၊ PDF များနှင့် ပူးတွဲလှုပ်ရှားသည်ကို တွေ့ရ၏။

ချင်းပြည်နယ်ရှိ မြို့နယ်အလိုက်၊ မျိုးနွယ်စုအလိုက် ဖွဲ့စည်းထားသော CDF အင်အားစုစုပေါင်းမှာ တသောင်းကျော်ခန့် ရှိနိုင်ပါသည်။ ထိုအဖွဲ့များကြားတွင် ပဋိပက္ခများရှိသော်လည်း ဆွေးနွေးညှိနိုင်းဖြေရှင်းကြရန် ကြိုးပမ်းကြသည်

ချင်းပြည်နယ်ရှိ မြို့နယ်အလိုက်၊ မျိုးနွယ်စုအလိုက် ဖွဲ့စည်းထားသော CDF အင်အားစုစုပေါင်းမှာ တသောင်းကျော်ခန့် ရှိနိုင်ပါသည်။ ထိုအဖွဲ့များကြားတွင် ပဋိပက္ခများရှိသော်လည်း ဆွေးနွေးညှိနိုင်းဖြေရှင်းကြရန် ကြိုးပမ်းကြသည်ကို တွေ့ရ၏။ အဖွဲ့များ ကွဲပြားသော်လည်း စစ်ကောင်စီတပ်နှင့် ပူးပေါင်းသည့် မြို့နယ်နှင့် ချင်းမျိုးနွယ်စု မတွေ့ရပါ။

(ဂ) မွန်ပြည်နယ်မှ တပ်ဖွဲ့များ

၁။ မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့ (MSDF)
၂။ မွန်ပြည်တော်လှန်ရေးတပ် (MSRF)
၃။ မွန်ပြည်လွတ်မြောက်ရေး တပ်တော် (MLA)
၄။ ရေးဘီလူး
၅။ YJK – တိုက်ခိုက်/ထောက်ပို့
၆။ ရေးပြောက်ကျားတပ်ဖွဲ့
၇။ စွန်ရဲ မြို့ပြ ပြောက်ကျားတပ်ဖွဲ့
၈။ Ye Air Force – Stealth Fighter
၉။ မွန်ပြည်နယ် အခြေပြုတော်လှန်ရေး အဖွဲ့အစည်း (MSRO)
၁၀။ မွန်ပြည်တော်လှန်ရေးတပ်
၁၁။ ချောင်းဆုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်
၁၂။ ဘီလူးကျွန်း – ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့
၁၃။ ရာမည ပြောက်ကျားတပ်ဖွဲ့
၁၄။ ရေးမြို့ကာကွယ်ရေး အထူးတပ်ဖွဲ့
၁၅။ ရာမညကာကွယ်ရေးတပ်ဖွဲ့
၁၆။ မော်လမြိုင်မြို့-ကာကွယ်ရေးတပ်ဖွဲ့

မွန်ပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့များ၏ အင်အားမှာ တဖွဲ့လျှင် အင်အား ၁၀၀ မှ ၃၀၀ ခန့်အထိ ရှိနိုင်ရာ စုစုပေါင်း အင်အား ၂,၀၀၀ ခန့်အထိ ရှိနိုင်သည်။ မွန်ပြည်နယ်ရှိ တပ်ဖွဲ့အချင်းချင်းသော်လည်းကောင်း၊ KNU တပ်မဟာ ၆ နှင့်သော်လည်းကောင်း ပူးတွဲလှုပ်ရှားသည်ကို တွေ့ရ၏။

ဒီးမော့ဆိုမြို့နယ် သေးဆူလဲနှင့် ပူးဖားကျေးရွာရှိ စစ်တပ်စခန်းများအား တိုက်ခိုက်၍ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိစဉ် (ဓာတ်ပုံ- KNDF)

(ဃ) ရှမ်းပြည်နယ်မှ လက်နက်ကိုင်အဖွဲ့သစ်များ

(၁) ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC)

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်တွင် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ညီလာခံတရပ်ကို ပအိုဝ်းအရေး တက်ကြွလှုပ်ရှားသူများက ပြုလုပ်ခဲ့ပြီး ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ကို ဖွဲ့စည်းခဲ့သည်။ PNFC ၏ နိုင်ငံရေးဦးဆောင်မှုအောက်တွင် PPDF-Kham Dom (တပ်နယ် ၁)၊ PPDF-Kham Dom (တပ်နယ် ၂)၊ PNDF-Kham Koung (တပ်နယ် ၃) ဟု ခွဲ၍ ဖွဲ့စည်းထားသည်။

တပ်နယ် ၁ သည် သထုံဒေသ၊ တပ်နယ် ၂ သည် ဘားအံဒေသနှင့် တပ်နယ် ၃ သည် ပင်လောင်းဒေသတွင် လှုပ်ရှားသည်။ PPDF-Kham Dom အဖွဲ့သည် KNU နှင့် တွဲ၍လှုပ်ရှားပြီး PNDF-Kham Koung က ကရင်နီမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် တွဲ၍လှုပ်ရှားသည်။

PNFC သည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အဖွဲ့ဝင်ဖြစ်ပြီး NUG နှင့်လည်း ကောင်းစွာချိတ် ဆက်ထားရာ သူ၏တပ်ဖွဲ့များသည်လည်း အဆိုပါဒေသများရှိ KNU/KNLA, KSPP/KA, KNDP နှင့် PDF များနှင့် ပူးပေါင်း၍ စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်သည်

PNFC သည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အဖွဲ့ဝင်ဖြစ်ပြီး NUG နှင့်လည်း ကောင်းစွာချိတ် ဆက်ထားရာ သူ၏တပ်ဖွဲ့များသည်လည်း အဆိုပါဒေသများရှိ KNU/KNLA, KSPP/KA, KNDP နှင့် PDF များနှင့် ပူးပေါင်း၍ စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်သည်ကို တွေ့ရသည်။ တပ်ဖွဲ့တခုလျှင် အင်အား ၁၀၀ ခန့်ရှိနိုင်ပါသည်။

(၂) ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (PNDF)

PNDF သည် PNFC နှင့် မသက်ဆိုင်သည့် သီးခြားတပ်ဖွဲ့ဖြစ်သည်။ ပအိုဝ်းလူငယ်များက ၂၀၂၁ ခုနှစ်၊ မေလတွင် ဖွဲ့စည်းရန် စီစဉ်ခဲ့သော်လည်း၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှ ဖွဲ့စည်းနိုင်သည်ဟုဆို၏။

PNDF သည် စစ်အာဏာရှင် အပြုတ်တိုက်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုကို ရည်မှန်းချက်ထား၏။ ၂၀၂၂ ခုနှစ်၊ မေလအတွင်း တောင်ကြီး၊ ရွာငံ၊ အောင်ပန်း၊ ဓနု PDF နှင့် ပြောက်ကျားတပ်ဖွဲ့ ခြောက်ခုနှင့် ညီညွတ်သော ရှမ်းတောင် ဖက်ဒရယ် တပ်ပေါင်းစု (United Southern Shan Federal Union– USSFU) ဖွဲ့ထားပြီး လက်ရှိလှုပ်ရှားဒေသမှာ ဖယ်ခုံအရှေ့၊ ရှမ်း-ကရင်နီနယ်စပ်တွင် ဖြစ်သည်။ အင်အား ၁၀၀ ခန့်ရှိနိုင်၏။

(၃) ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့တွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (Danu People’s Liberation Front– DPLF) ဖွဲ့စည်းခဲ့ကြောင်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့၏။ DPLF ကို တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဒေသတခုတွင် လေ့ကျင့်ဖွဲ့စည်းခဲ့သည်ဟု သိရ၏။ စစ်သင်တန်း လေးကြိမ် ပေးခဲ့ပြီဟုဆိုသည်။

၎င်းတို့က တရားဝင်ထုတ်ပြန်ခြင်း မရှိသော်လည်း DPLF သည် မြောက်ပိုင်း TNLA နယ်မြေတွင် လေ့ကျင့်ခဲ့သည်ဟု သိရ၏။ DPLF သည် ၎င်းတို့ လှုပ်ရှားမှု၊ တိုက်ပွဲများနှင့် ပတ်သက်၍ တရားဝင် ထပ်မံထုတ်ပြန်သည်ကို မတွေ့ရသေးသော်လည်း ဓနုဒေသတွင် DPLF လှုပ်ရှားနေပြီကို သိရ၏။ အင်အား ရာဂဏန်းရှိမည်ဟု ခန့်မှန်းရသည်။

(င) တနင်္သာရီတိုင်း

(၁) ထားဝယ် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့

ထားဝယ် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (Tavoy People Liberation Force– TPLF) ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့၏။ အင်အား ရာဂဏန်းခန့်ရှိနိုင်ပြီး တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်အစပ်တွင် KNU, မွန်၊ PDF များနှင့် ပူးတွဲလှုပ်ရှားသည်ကို တွေ့ရ၏။ ထားဝယ်သည် ပြည်မ-တနင်္သာရီတိုင်းအတွင်း ပါဝင်သော်လည်း ထားဝယ်တပ်ဖွဲ့သည် ဒေသခံလူမျိုးတမျိုး၏ ကိုယ်ပိုင်လက္ခဏာကို ဖွင့်လှစ်ပြသည်ဟု သုံးသပ်ရပါသည်။

(ဆက်လက်ဖော်ပြပါမည်)

(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၄)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၂)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၁)

နွေဦးတော်လှန်ရေးနှင့် ချင်းလက်နက်ကိုင်တပ်ဖွဲ့များ (၁)

အချိန်တိုအတွင်း အင်အား ကြီးထွားလာသည့် KNDF

ပြောင်းလဲနေသော ကရင်နီစစ်မျက်နှာ

Your Thoughts …
Tags: EAOMODNUGPDFကာကွယ်ရေးဝန်ကြီးဌာနချင်းပြည်နယ်စစ်ကောင်စီစစ်ဒေသစစ်အာဏာသိမ်းမှုတနင်္သာရီတိုင်းတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံဒရုန်းစစ်ဆင်ရေးနေပြည်တော်နွေဦးတော်လှန်ရေးပကဖပြည်တွင်းစစ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြောက်ကျားတပ်ဖွဲ့မွန်ပြည်နယ်ရှမ်းပြည်နယ်လက်နက်ခဲယမ်းလေကြောင်းရန် ကာကွယ်ရေးအမျိုးသားညီညွတ်ရေးအစိုးရ
အေးချမ်းဆု

အေးချမ်းဆု

အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မြန်မာနိုင်ငံပြိုကွဲစေမည့် လုပ်ဆောင်မှုများကို လက်မခံဟု တရုတ်ကိုယ်စားလှယ် ဆို

မြန်မာနိုင်ငံပြိုကွဲစေမည့် လုပ်ဆောင်မှုများကို လက်မခံဟု တရုတ်ကိုယ်စားလှယ် ဆို

မိုးကုတ်မှာ TNLA နဲ့ PDF ကို စစ်ကောင်စီ ထိုးစစ်ဆင်

မိုးကုတ်မှာ TNLA နဲ့ PDF ကို စစ်ကောင်စီ ထိုးစစ်ဆင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

1 week ago
7.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

    shares
    Share 0 Tweet 0
  • ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate