• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အချိန်တိုအတွင်း အင်အား ကြီးထွားလာသည့် KNDF

by စောရယ်
3 July 2023
in ဆောင်းပါး
A A
KNDF တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - KNDF)

KNDF တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - KNDF)

24.6k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် ၂၀၂၁ နှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက် ကရင်နီ (ကယား) ပြည်နယ်တွင် အာဏာသိမ်း စစ်တပ်ကို လက်နက်ကိုင်တော်လှန်ကြသည့် အင်အားအကောင်းဆုံး လက်နက်ကိုင်တပ်မှာ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဖြစ်သည်။

ကရင်နီပြည်နယ်တွင် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဘော်လခဲ၊ ဖားဆောင်းနှင့် မယ်စဲ့ဟူ၍ မြို့နယ် ခုနစ်ခုရှိပြီး လူဦးရေ ၃ သိန်းခန့်ရှိသည်။ အကျယ်အဝန်း ၁၁၇၃၁ ဒသမ ၅ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး ပြည်နယ်များထဲတွင် အသေးဆုံးဖြစ်သော်လည်း စစ်ကောင်စီကို ခုခံရာတွင်မူ အင်အားအကောင်းဆုံး ဒေသတခုလည်း ဖြစ်သည်။

RelatedPosts

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

15 June 2025
966
စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ ကုလသမဂ္ဂနဲ့ အာဆီယံ ဘယ်လိုမြင်လဲ (ရုပ်/သံ)

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ ကုလသမဂ္ဂနဲ့ အာဆီယံ ဘယ်လိုမြင်လဲ (ရုပ်/သံ)

15 June 2025
81
မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

15 June 2025
967

ကရင်နီပြည်နယ်သည် ပထဝီ အနေအထားအရ စစ်ခေါင်းဆောင်များ ရုံးစိုက်ရာ နေပြည်တော်နှင့် နီးကပ်ပြီး နေပြည်တော်ကို စစ်ရေးအရ အနီးကပ်ဆုံး ဖိအားပေးနေသော ပြည်နယ်တခုဖြစ်သလို အချိန်တို အတွင်း လူသူလက်နက် အင်အား ကြီးထွားလာသည့် KNDF သည် နေပြည်တော်က စစ်ခေါင်းဆောင်များ အတွက် အိပ်မက်ဆိုးဖြစ်လာသည်။

KNDF ဖြစ်ပေါ်လာပုံ

KNDF တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- KNDF)

KNDF သည် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကော်မတီ (ကယားပြည်နယ်) မှ ဆင်းသက်လာသောတပ် ဖြစ်သည်။ လက်နက်မပါဘဲ ဆန္ဒပြသည့်လူထုကို စစ်ကောင်စီတပ်က အကြမ်းဖက်ဖြိုခွဲမှုများ ပြုလုပ်လာသည့်နောက် လူထုသပိတ်လှုပ်ရှားမှုကော်မတီသည် အာဏာသိမ်း စစ်ကောင်စီကို ရင်ဆိုင်ရန် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့သည်။ ထို့နောက် လက်နက်ကိုင်တပ်သားများ စုဖွဲ့လေ့ကျင့်မှုကို ၂၀၂၁ ခုနှစ် မတ်လ ပထမပတ်တွင် စတင်ခဲ့ကြောင်း KNDF ၏ မူဝါဒကြေညာစာတမ်းအရ သိရသည်။

ထို့နောက်တွင် ကရင်နီပြည်နယ်အတိုင်ခံကောင်စီ (KSCC) ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ KSCC တွင် EAO များ၊ ၂၀၂၀ ရွေးကောက်ခံအမတ်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လူငယ်နှင့်အမျိုးသမီးအဖွဲ့များ၊ ပညာရှင်များ ပါဝင်သည်။ KSCC ၏တာဝန်မှာ ကရင်နီအမျိုးသား ညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း၊ ကရင်နီပြည်နယ်အတွက် ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး အာဏာသုံးရပ်အတွက် လမ်းညွှန်ချက်ပေးရေး၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုး (NUG) နှင့် ချိတ်ဆက်ရေးတို့ဖြစ်သည်။ NUG အတွင်း KSCC မှ ပါဝင်တာဝန်ယူလျက်ရှိသည်။

KNDF တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- KNDF)

၂၀၂၁ ခုနှစ်မေလ ပထမပတ်တွင် Karenni State Army (KSA) အမည်ဖြင့် တပ်ရင်း (၄) ရင်းစတင်ဖွဲ့စည်းကာ ဒီးမော့ဆိုမြို့နယ် ကျောက်ဆည်ကန်ရွာတိုက်ပွဲတွင် သေနတ်စဖောက်ခဲ့သည်။ သို့သော်လည်း ထိုစဉ်က KSA ၏ အမည်ကို သပိတ်ကော်မတီက ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။

လက်နက်ကိုင်တိုက်ပွဲ စသည်နှင့် KSA ကဲ့သို့ပင် ကရင်နီ (ကယား) ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင် တော်လှန်သည့် တပ်ဖွဲ့အသစ်များ ပေါ်လာသည်။ ယင်းကဲ့သို့ လက်နက်ကိုင်တပ်ဖွဲ့ အများအပြား ပေါ်လာရာ စစ်ရေးတိုက်ပွဲဝင်ရာတွင် အမိန့်ပေးမှု အခက်အခဲနှင့် ဗျူဟာ ချမှတ်ရေးတွင် အခက်အခဲများ ပေါ်လာသဖြင့် KSA အပါအဝင် လက်နက်ကိုင်အင်အားစုများ ဆွေးနွေးကာ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ၏ နိုင်ငံရေး လမ်းညွှန်မှုကို ခံယူ၍ KNDF ကို ၂၀၂၁ ခုနှစ် မေလ ၃၁ ရက်တွင် ဖွဲ့စည်းလိုက်သည်။

KNDF ဥက္ကဋ္ဌ ခွန်းဘီထူး(ဓာတ်ပုံ- KNDF)

KNDF ၏ ဥက္ကဋ္ဌမှာ ကယန်းအမျိုးသားပါတီ (KNP) ဥက္ကဌဟောင်း ခွန်းဘီထူးဖြစ်ပြီး အတွင်းရေးမှူး (၁) ဒီးဒီ၊ အတွင်းရေးမှူး (၂) နှင့် ဒုတိယစစ်ဦးစီးချုပ်အဖြစ် မာဝီ၊ အတွင်းရေးမှူး (၃) နှင့် စစ်ရေးချုပ်အဖြစ် ခူးရီးဒူက တာဝန်ယူထားသည်။ ခွန်းဘီထူးသည် မကြာသေးမီက ဖွဲ့စည်းလိုက်သော ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) တွင်လည်း ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည်။

KNDF ၏ စစ်ဦးစီးချုပ်မှာ ကရင်နီစစ်တပ် (KA) ၏ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ် အောင်မြတ် ဖြစ်သည်။ KA သည် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ လက်နက်ကိုင်တပ်ဖြစ်ပြီး KNDF ကို အဓိက စစ်သင်တန်းပေးခဲ့သည့် လက်နက်ကိုင်တပ်ဖွဲ့လည်း ဖြစ်သည်။

နိုင်ငံရေးခံယူချက်

KNDF ၏ အတွင်းရေးမှူး ၂ နှင့် ဒုစစ်ဦးစီးချုပ် မာဝီ (ဓာတ်ပုံ- KNDF)

KNDF သည် ကရင်နီပြည်နယ်ကို ယနေ့ ကယားပြည်နယ် နယ်နိမိတ်အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မိုးဗြဲ ၊ ဖယ်ခုံ ၊ ပေါင်းလောင်း နှင့် ပျဉ်းမနားအရှေ့ တောင်တန်းဒေသ ၊ လိပ်သိုမြို့မြောက်ပိုင်းဒေသများထိ အကြုံးဝင်သည်ဟု ခံယူသည်။ ကရင်နီနယ်များကို ပြန်လည်ပေါင်းစည်းသွားမည်ဟုလည်း KNDF က ပြောထားသည်။

KNDF သည် မြန်မာနိုင်ငံ၏ဖက်ဒရယ်အရေးနှင့် ပတ်သက်၍ မိမိသက်ဆိုင်ရာ ဒေသ/ပြည်နယ်ကို ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်တိုင် စီမံခန့်ခွဲပိုင်ခွင့်ရှိပြီး ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေမှုရှိသော ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံအဖြစ် တည်ဆောက်ခြင်းက သင့်လျော်ကြောင်း ရှုမြင်သည်။

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပင်လုံစာချုပ် ၊ မာနယ်ပလောစာချုပ် ၊ ၁၉၆၁ ခုနှစ် တောင်ကြီး ညီလာခံသဘောတူညီချက်များ ၊ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း (FCDCC) တို့တွင် ပါသည့် အခြေခံမူများကို စုပေါင်းကာ အခြေခံကျောရိုးအဖြစ် KNDF က လက်ခံသည်။

ယင်းအပြင် အဆိုပါစာချုပ်နှင့် သဘောတူညီချက်များကိုသာမက ထိုစာချုပ်နှင့် သဘောတူညီချက်များကို ရရှိရန် ဆွေးနွေးခဲ့စဉ်က ပြုခဲ့သည့် ကတိကဝတ်များကိုပါ အလေးအနက်ထား အကောင်အထည်ဖော်ရမည်ဟု KNDF က ကြေညာထားသည်။

KNDF ၏ စစ်ရေးချုပ် ခူးရီဒူး (ဓာတ်ပုံ- KNDF)

KNDF သည်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးတွင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့နှင့် ဆက်လက်ပူးပေါင်းသွားမည်ဟု KNDF ဥက္ကဌခွန်းဘီထူးက ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်တွင် ကျင်းပသည့် KNDF ၂ နှစ် ပြည့်မိန့်ခွန်းတွင် ပြောသည်။

၎င်းက “ပြည်နယ်အဆင့်မှာတော့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ KSCC နဲ့အတူ ပြည်နယ်အစိုးရ ပေါ်ပေါက်ရေး ကရင်နီလူထုကို အကာအကွယ်ပေးရေးနဲ့ လူထုများကို ပညာရေး ၊ ကျန်းမာရေး အခြားသော ပြည်သူ့ဝန်ဆောင်မှုတွေ လည်း ပါဝင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးကို ငြင်းပယ်ပြီး ကရင်နီလူထု ကိုယ်စားပြု အုပ်ချုပ်ရေးကို တည်ဆောက်ရမှာဖြစ်ပါတယ်။ ရဲဘော်တို့ နိုင်ငံရေး ရည်မှန်းချက်ကို စစ်ရေးနဲ့ ဖြေရှင်းခြင်းဟာ ခက်ခဲကြမ်းတမ်းပေမယ့် လက်ရှိအာဏာသိမ်း စစ်ကောင်စီတပ်တွေရဲ့ အုပ်ချုပ်ရေးကို လက်နက်ကိုင် တော်လှန်ခြင်း မှတပါး အခြားမရှိဘူး” ဟု မိန့်ခွန်းတွင် ဆိုသည်။

KNDF သည် နွေဦးတော်လှန်ရေး ရည်မှန်းချက်များ ပြည့်မြောက်ပြီးသောအခါ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ကရင်နီပြည်နယ်၏ ပြည်နယ်တပ်ဖွဲ့အဖြစ် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ၎င်း၏ မူဝါဒကြေညာစာတမ်းအရ သိရသည်။

ထို့ပြင် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကို ၂၀၂၃ ခုနှစ် ဇွန်လ ၆ ရက်တွင် ဖွဲ့စည်းလိုက်ပြီး တော်လှန်ရေးအင်အားစုများကို ဆက်လက်စုစည်းကာ လူထုအား အကာအကွယ်ပေးနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သော ရဲဌာန၊ အကျဉ်းထောင်တို့ကို စနစ်တကျ စီမံခန့်ခွဲ၍ ကရင်နီပြည်အတွင်း တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

၂ နှစ်သား KNDF

KNDF တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- KNDF)

KNDF သည် လက်ရှိတွင် သက်တမ်းအားဖြင့် ၂ နှစ်ကျော်သာ ရှိသေးသော်လည်း ကရင်နီဒေသတွင် အင်အားအကောင်း ဆုံးနှင့် စည်းရုံးရေး၊ တိုက်ခိုက်ရေးတွင် အစွမ်းထက်ဆုံးလက်နက်ကိုင်တပ်ဟု ဆိုနိုင်သည်။

KNDF ကို စစ်သင်တန်းပေးကာ ပျိုးထောင်ပေးခဲ့သည့် KA ပင် စစ်အင်အား ၃၀၀၀ ဝန်းကျင်သာရှိသော်လည်း KNDF သည် စစ်ဗျူဟာ ၆ ခု နှင့် တပ်ရင်းပေါင်း ၂၂ ရင်းအပါအဝင် စစ်အင်အား ၇၀၀၀ ကျော်ရှိနိုင်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

KNDF သည် ရှေ့တန်းထွက် စစ်သည်အများစုကို မောင်းပြန်ရိုင်ဖယ်များ တပ်ဆင်ထားနိုင်ကြောင်း KNDF နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ဆိုသော်လည်း လက်နက်တပ်ဆင်မှု အတိအကျကို KNDF ဘက်က တရားဝင် ထုတ်ပြောခြင်း မရှိပေ။ ပွိုင့်ဖိုက် စက်သေနတ်ကြီးကဲ့သို့သော လက်နက်များကိုလည်း ဝယ်ယူ ဖြည့်တင်းထားကြောင်း ကရင်နီ ပွိုင့်ဖိုက် Campaign Project နှင့် KNDF ဥက္ကဌ ခွန်းဘီးထူး ပြောကြားချက်အရ သိရသည်။

ထို့ပြင် ၂ နှစ်တာအတွင်း KNDF သည် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) ထံမှ စစ်သင်တန်းများ ထပ်မံသင်ယူခဲ့သလို မြောက်ပိုင်း မဟာမိတ် ညီနောင် လက်နက်ကိုင် သုံးဖွဲ့ထံမှလည်း ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အထောက်အပံ့များရခဲ့ကြောင်း KNDF ထံမှသိရသည်။

၂ နှစ်တာအတွင်း KNDF သည် ညောင်ရွှေ ၊ ပင်လောင်း ၊ ဖယ်ခုံ ၊ လွိုင်ကော် ၊ ဒီးမော့ဆို ၊ ရှားတော ၊ ဖရူဆို ၊ ဘော်လခဲ ၊ ဖားဆောင်းနှင့် မယ်စဲ့မြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း ၁ ထောင်ကျော်တိုက်ထားသည်။ တိုက်ပွဲအများစုမှာ ဒီးမော့ဆိုမြို့နယ်တွင် ဖြစ်ပြီး ဒုတိယအများဆုံးမှာ ဖယ်ခုံမြို့နယ်တွင် ဖြစ်သည်။

KNDF တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- KNDF)

တိုက်ပွဲအတွင်း စခန်းငယ်ပေါင်း ၁၀ ခု သိမ်းယူရာတွင် KA နှင့်အတူ ပါဝင်ခဲ့သလို စစ်ကောင်စီထံမှ လက်နက်မျိုးစုံ ၆၀၀ နီးပါး သိမ်းယူနိုင်ခဲ့ကြောင်း KNDF ဥက္ကဌ ခွန်းဘီထူးက KNDF ၂ နှစ်ပြည့်မိန့်ခွန်းတွင် ပြောကြားသည်။ ၂ နှစ်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၆၅ ဦးသေဆုံးခဲ့သလို KNDF ဘက်က ၁၅၃ ဦးသေဆုံးပြီး အရပ်သား ၁၅၂ ဦးသေဆုံးခဲ့ကြောင်း KNDF ၏ ၂ နှစ်တာ စစ်ရေး အစီရင်ခံစာတွင်ပါရှိသည်။

လက်ရှိတွင် ကရင်နီပြည်နယ်၌ စစ်ကောင်စီ၏ အုပ်ချုပ်ရေးသည် ပြည်နယ်မြို့တော် လွိုင်ကော်တွင်သာ လည်ပတ်နေပြီး ဒီးမော့ဆို၊ ဖရူဆိုနှင့် ဘော်လခဲမြို့နယ်တို့တွင် လူသူကင်းမဲ့နေကာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ၎င်းတို့၏ မိသားစုများသာ ကျန်တော့ကြောင်း KNDF ၏ အစီရင်ခံစာတွင် ရေးထားသည်။

၂ နှစ်တာအတွင်း KNDF သည် တပ်မှူးအချို့ကို အနားပေးခဲ့ရသော်လည်း လက်ရှိအချိန်အထိ တပ်မှူးကောင်း အများအပြား ရှိနေဆဲဖြစ်ကြောင်း ဥက္ကဌ ခွန်းဘီထူးကဆိုသည်။ ဆက်လက်၍ ၎င်း က လက်ရှိ KNDF က ဖော်ဆောင်နေသည့် စစ်ရေးမဟာဗျူဟာကို ယခု ၂၀၂၃ ခုနှစ်အတွင်း ပိုမိုဖော်ဆောင်သွားမည်ဖြစ်ကြောင်းဆိုသည်။

ခွန်းဘီထူးက “ ၂၀၂၃ မှာ သိသာတဲ့ စစ်ရေးအောင်မြင်မှုတွေရလိမ့်မယ်လို့ ယုံကြည်သလို KNDF ရဲဘော်တွေ ပိုမိုပြင်ဆင်ဖို့ တိုက်တွန်းပါတယ်။ ပြည်သူလူထုကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ပြည်သူတွေကို ပိုမိုကာကွယ်ကြဖို့ လိုပါတယ်။ လူမျိုးရေး၊ ဘာသာရေးစွပ်စွဲချက်တွေကို ကာကွယ်တားဆီးဖို့လိုပါတယ်။ ရဲဘော်တွေကို ပိုကာကွယ်ဖို့ ဦးထုပ်၊ ကျည်ကာတွေ ပိုပြီးတပ်ဆင်သွားပါမယ်” ဟု ပြောသည်။

KNDF သည် ဘာသာ၊ လူမျိုးပေါင်းစုံ ပါဝင်သော လက်နက်ကိုင်တပ်သားများ၊ အဖွဲ့များဖြင့် စုပေါင်းထားသော တပ်ဖြစ်သည်။ အနီးဆုံးမဟာမိတ်များ အပါအဝင် လက်နက်၊ စစ်သည် အင်အား တောင့်တင်းသော တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်များ၏ ယုံကြည် လေးစားမှုကို ရရှိထားသော အဖွဲ့လည်းဖြစ်သည်။

You may also like these stories:

ကရင်နီမှာ ထိုးစစ်ဆင်တဲ့ စစ်ကောင်စီတပ် အကျအဆုံးများ

စစ်ကောင်စီတပ်ကို ကရင်နီပြောက်ကျားတပ်များ ထိုးစစ်ဆင်

ကရင်နီဒေသကို အင်အားထောင်ကျော်ဖြင့် စစ်ကောင်စီ ထိုးစစ်ဆင်

စစ်ကောင်စီက ကရင်နီကို ဘာကြောင့် ဒုတိယအကြိမ် စစ်ဆင်လာသလဲ

ကရင်နီစစ်မျက်နှာကို ဆန်းစစ်ခြင်း အပိုင်း (၂)

ကရင်နီစစ်မျက်နှာကို ဆန်းစစ်ခြင်း အပိုင်း (၁)

Your Thoughts …
Tags: KAKNDFကရင်နီခွန်းဘီထူးဖက်ဒရယ်ပြည်ထောင်စုလက်နက်ကိုင်တပ်
စောရယ်

စောရယ်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.8k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

ဖမ်းမိသည့် လေယာဉ်မှူး စကားက သေဆုံးရသူများ၏ မိသားစုများ ဒေါသကို ဆွ

ဖမ်းမိသည့် လေယာဉ်မှူး စကားက သေဆုံးရသူများ၏ မိသားစုများ ဒေါသကို ဆွ

by ယုဇန
18 December 2023
28.1k

သူ၏စကားများကြောင့် လူမှုကွန်ရက်တွင် ဝေဖန်မှတ်ချက်ပေးသူများ ဒေါသထွက်ကြပြီး လူသားချင်းစာနာမှု ကင်းမဲ့သူအဖြစ် ဝေဖန်ပြီး ဆဲဆိုကြသည်။

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

by ဧရာဝတီ
1 December 2023
25.1k

လွန်ခဲ့သောလအတွင်း စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်း၏ ဗြောင်အကျဆုံးလိမ်ညာမှုများကို ဧရာဝတီသတင်းဌာနက အချက်အလက် စစ်ဆေးဖော်ထုတ်လိုက်သည်။

သတိပြုစရာ သေးဆူလဲတိုက်ပွဲ

သတိပြုစရာ သေးဆူလဲတိုက်ပွဲ

by မိုးစက်ငြိမ်းချမ်း
16 September 2023
22.4k

သေးဆူလဲတိုက်ပွဲနှင့် ပတ်သက်၍ KNDF ၏ ထုတ်ပြန်ချက်တွင် မီဒီယာနှင့်ပတ်သက်၍ အထူးအလေးထား ဖော်ပြထားသည်ကို တွေ့ရ၏။

စစ်ရှုံးပြီး ဩဇာကျဆင်းလာသော မင်းအောင်လှိုင် ဗျာများနေ

စစ်ရှုံးပြီး ဩဇာကျဆင်းလာသော မင်းအောင်လှိုင် ဗျာများနေ

by Zachary Abuza
28 August 2024
16.2k

အတိုက်အခံတို့၏ စစ်ရေး အောင်မြင်မှုများသည် စစ်မြေပြင်ကို အခြေခံအားဖြင့် ပြောင်းလဲစေပြီး စစ်တပ် မည်သို့ နာလန်ထမည်ကို မှန်းဆရန် ခက်ခဲသည်။

ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

by စောရယ်
3 December 2023
14.6k

လွိုင်ကော်ကို ရသွားရင် ကျန်တဲ့မြို့တွေမှာရှိတဲ့ စစ်ကောင်စီတပ်တွေကိုပါ ချေမှုန်းသွားနိုင်တော့မှာလို့ ယုံကြည်တာကြောင့် စစ်ပွဲကို ဆင်နွှဲနေတာလည်းဖြစ်ပါတယ်။

Next Post
SSPP အမျိုးသမီးတပ်များ၏ စစ်ရေးပြလှုပ်ရှားမှု / SS-Army

စစ်ကောင်စီ ဆုပ်လည်းစူး စားလည်းရူးရတဲ့ ရှမ်းပြည်တောင်ပိုင်း

ဇူလိုင်လ ၃ ရက် လွှတ်တော်ဖွင့်ပွဲတွင် တွေ့ရသော ဖိထာနှင့် အနိုင်ရလွှတ်တော်အမတ်များ / Thai Parliament

ဒီမိုကရေစီလိုလားတဲ့ လွှတ်တော်ဥက္ကဋ္ဌကို ထိုင်းပါလီမန်က ဝန်ကြီးချုပ် မဲပေးခါနီးမှာ ရွေးချယ်

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

4 days ago
4.9k

Most Read

  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

    shares
    Share 0 Tweet 0
  • တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate