• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ကရင်နီစစ်မျက်နှာကို ဆန်းစစ်ခြင်း အပိုင်း (၁)

by မိုးစက်ငြိမ်းချမ်း
24 April 2023
in ဆောင်းပါး
A A
KNDF တနှစ်ပြည့် စစ်ရေးပြပွဲ / KNDF Battalion 5

KNDF တနှစ်ပြည့် စစ်ရေးပြပွဲ / KNDF Battalion 5

11.7k
VIEWS
Share on FacebookShare on Twitter

ကရင်နီ

ယခု ကယားပြည်နယ်ဟု ခေါ်နေကြသော်လည်း မူလက ‘ကရင်နီ’ ဟုသာ ခေါ်ဆိုခဲ့သည်။ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေအရလည်း ကရင်နီပြည်နယ်အဖြစ် ခေါ်ဆိုခဲ့သည်။ သို့သော် ၁၉၅၁ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ချက်အရ ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှစ၍ ‘ကယားပြည်နယ်’ ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့၏။ သို့သော် ဒေသတွင်း လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများကမူ ‘ကရင်နီ’ ဟုသာ ခေါ်ဝေါ်သုံးစွဲကြသည်။

ယခုသတ်မှတ်ချက်အရ ကရင်နီပြည်နယ်တွင် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူးဆိုး၊ ရှားတော၊ ဘောလခဲ၊ ဖားဆောင်းနှင့်မယ်စဲ့ဟူ၍ မြို့နယ် ခုနစ်ခုရှိပြီး လူဦးရေ ၃ သိန်းခန့်ရှိသည်။ အကျယ်အဝန်း ၁၁၇၃၁ ဒသမ ၅ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး ပြည်နယ်များထဲတွင် အသေးဆုံးဖြစ်သည်။

လက်ရှိ UWSA ထိန်းချုပ်ရာ ဝ နယ်ထက်ပင် အရွယ်အစားငယ်၏။ သို့သော် ရှမ်းပြည်နယ်တွင် ပါဝင်သော ဖယ်ခုံ (မိုးဗြဲ) မြို့နယ်အား ကရင်နီတို့က အစဉ်အလာ ၎င်းတို့ဒေသအဖြစ် သဘောထားသကဲ့သို့ မြို့နယ်လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကျော်သည်လည်း ကရင်နီလူမျိုးများဖြစ်ကြရာ ဖယ်ခုံ-မိုးဗြဲမြို့နယ်အား မည်သို့ပင် ရှမ်းပြည်နယ်တွင်း ထည့်သွင်းထားစေကာမူ ထို‌မြို့နယ်သည် ကရင်နီတို့၏ ကံကြမ္မာနှင့် အတူတကွတည်ရှိနေသည်ကို ယခုနွေဦးတော်လှန်ရေးတွင် ရှင်းလင်းစွာ တွေ့မြင်ရသည်။

လက်ရှိ ကယားပြည်နယ်တွင် ကရင်နီလူဦးရေ ၃ သိန်းခန့်၊ ဖယ်ခုံ၊ မိုးဗြဲ၊ ပင်လောင်း၊ သံတောင်‌ နယ်မြေများတွင် ၁ သိန်းခန့်နှင့် စုစုပေါင်း ၄ သိန်းခန့် ရှိပြီး ကရင်နီပြည်နယ်နှင့် ဆက်စပ်နေသော ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ဒေသတွင်လည်း ကရင်နီလူမျိုးအချို့ နေထိုင်ကြသည်။

လက်ရှိ ကယားပြည်နယ်တွင် ကရင်နီလူဦးရေ ၃ သိန်းခန့်၊ ဖယ်ခုံ၊ မိုးဗြဲ၊ ပင်လောင်း၊ သံတောင်‌ နယ်မြေများတွင် ၁ သိန်းခန့်နှင့် စုစုပေါင်း ၄ သိန်းခန့် ရှိပြီး ကရင်နီပြည်နယ်နှင့် ဆက်စပ်နေသော ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ဒေသတွင်လည်း ကရင်နီလူမျိုးအချို့ နေထိုင်ကြသည်။

ကရင်နီပြည်နယ်သည် တောတောင်ထူထပ်၏။ ပင်လယ်ရေမျက်နှာပြင်အထက် ၉၈၅ ပေ မှ ပေ ၆,၀၀၀ အထိ မြင့်မားသော တောင်စဉ်တောတန်းများကို ကရင်နီပြည်နယ်တွင် မြင်နိုင်၏။ ကရင်နီပြည်နယ်၏ အမြင့်ဆုံး နတ်တောင်သည် ဖားဆောင်းမြို့နယ်အတွင်း တည်ရှိသကဲ့သို့ အနိမ့်ဆုံး အရပ်ဒေသမှာလည်း ဖားဆောင်းမြို့နယ်အတွင်း တည်ရှိသည်။ တောတောင်ထူထပ်သည့် ကရင်နီဒေသ၏ ရေမြေအနေအထားသည် လှည့်လည်စစ်ကစားရန်အတွက် အားသာချက်လည်းဖြစ်သည်။

ကရင်နီနှင့် နွေဦးတော်လှန်ရေး

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာတွင် ကရင်နီပြည်နယ်သည် ရှေ့တန်းကပါဝင်ခဲ့ပြီး နွေဦးတော်လှန်ရေးတွင် အတက်ကြွဆုံး ပါဝင်ခဲ့သည့် ပြည်နယ်တခုဖြစ်ခဲ့သည်။ CDM လှုပ်ရှားမှုလည်း အားကောင်းခဲ့သည်။ ရဲတပ်ဖွဲ့ဝင် ၂၅၀-၃၀၀ ခန့်ပင် CDM ပြုလုပ်လာသည်။ ထို့ပြင် စစ်တပ်၏ ဖိနှိပ်မှုများကို အစောဆုံး လက်နက်ကိုင် တိုက်ခိုက်ခဲ့သည့် ပြည်နယ်တခုလည်း ဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ မေလ ၂၀ ရက်နေ့က ဒီးမော့ဆိုတွင် မြန်မာစစ်တပ်ကို လက်နက်ကိုင်၍ တုံ့ပြန်တိုက်ခိုက်ခဲ့ကြပြီး အစပြုခဲ့သည်။

လက်နက်ကိုင်တိုက်ပွဲဝင်မည့်သူများအား ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) မှ တာဝန်ယူလေ့ကျင့်ပေးခဲ့ရာ ၂၀၂၁/၂၂ တနှစ်အတွင်း လူ ၇,၀၀၀ မှ ၈,၀၀၀ ကြား စစ်သင်တန်းပေးခဲ့သည်။ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ / ကရင်နီတပ်မတော် (KNPP/KA) တပ်ဖွဲ့အား လူအင်အား ၁,၀၀၀ တိုးချဲ့ဖွဲ့စည်းပြီး ကျန်အင်အားများက ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) အဖြစ် ၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ KNDF မူဝါဒရေးရာ ဦးဆောင်ကော်မတီကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

ကရင်နီပြည်နယ်အတိုင်ခံကောင်စီ (KSCC) ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ KSCC တွင် EAO များ၊ ၂၀၂၀ ရွေးကောက်ခံအမတ်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လူငယ်နှင့်အမျိုးသမီးအဖွဲ့များ၊ ပညာရှင်များ ပါဝင်သည်။

ထို့ပြင် ကရင်နီပြည်နယ်အတိုင်ခံကောင်စီ (KSCC) ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ KSCC တွင် EAO များ၊ ၂၀၂၀ ရွေးကောက်ခံအမတ်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လူငယ်နှင့်အမျိုးသမီးအဖွဲ့များ၊ ပညာရှင်များ ပါဝင်သည်။

KSCC ၏တာဝန်မှာ ကရင်နီအမျိုးသား ညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း၊ ကရင်နီပြည်နယ်အတွက် ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး အာဏာသုံးရပ်အတွက် လမ်းညွှန်ချက်ပေးရေး၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုး (NUG) နှင့် ချိတ်ဆက်ရေးတို့ဖြစ်သည်။ NUG အတွင်း KSCC မှ ပါဝင်တာဝန်ယူလျက်ရှိသည်။ ၂၀၂၁/၂၂ တနှစ်အတွင်း ကရင်နီပြည်နယ် ဒုက္ခသည်ကူညီရေးအတွက် NUG က ကျပ် ၂၈၁ ဒသမ ၂၅ သန်းကူညီခဲ့သည်။

KNDF အား KSCC ၏ ဦး‌ဆောင်မှုအောက်တွင် ထားရှိသည်။ လက်ရှိ KSCC တွင် EAO အနေနှင့် KNPP/KA သာ အတိအလင်းပါဝင်ပြီး ကယန်းပြည်သစ်နှင့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တို့ ပါဝင်သည်ကို မတွေ့ရပါ။ သို့သော် ကယန်းပြည်သစ်၊ ကလလတနှင့် ပြည်သူ့စစ်အဖွဲ့များ ဖြစ်သည့် ကယောနီ ခေါ် ကရင်နီအမျိုးသား ဒီမိုကရေစီပါတီ (KNPDP)၊ ကြယ်ဖြူ ခေါ် ကရင်နီအမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)၊ ကယန်းအမျိုးသား ကာကွယ်ရေးတပ် (KNG) တို့သည် မြန်မာစစ်တပ်နှင့်ပူးပေါင်း၍ ကရင်နီတော်လှန်ရေး အင်အားစုများကို တိုက်ခိုက်ခြင်း မတွေ့ရပါ။ အသံတိတ်ကူညီနေသည်ဟု မြေပြင်သတင်းများက ဆိုပါသည်။

KSCC လက်အောက်တွင် ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP) ကို CDM ပြုလုပ်လာသည့် ရဲအင်အား ၃၀၀ ခန့်ဖြင့် ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့တွင် ဖွဲ့စည်းထားသည်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်နေ့တွင်လည်း CDM သူနာပြုဆရာမ ၂၀၀ ကို အခြေခံ၍ ကရင်နီသူနာပြုအသင်း (Karenni Nurse Association) အား ဖွဲ့စည်းခဲ့သည်။ ထို့ပြင် ကရင်နီကျန်းမာရေးဌာန၊ လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ရက်တို့ကို ဖွဲ့စည်းထားရှိခဲ့သည်။ KSCC နှင့် တွဲ၍ ဆေးရုံ သုံးရုံဖွင့်လှစ်ထားနိုင်ပြီး Free Burma Ranger ကလည်း ကရင်နီနယ်မြေအတွင်း ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသည်။

ကရင်နီမှ လက်ရှိ လက်နက်ကိုင်တပ်ဖွဲ့များ

၂၀၂၁ လက်နက်ကိုင်တော်လှန်မှုမှ အစပြု၍ ကရင်နီပြည်နယ်အတွင်း အောက်ပါ လက်နက်ကိုင်တပ်ဖွဲ့များသည် မြန်မာစစ်တပ်ကို အတိအလင်း တိုက်ခိုက်နေသည်ကို တွေ့ရသည်။

(၁) KNPP/KA
(၂) KNDF-တပ်ရင်း ၁ မှ ၂၂ အထိရှိ (၁၃ မရှိ)၊ စုစုပေါင်း ၂၁ ရင်း
(၃) ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ-ဒီးမော့ဆို၊ လွိုင်ကော်၊ မိုးဗြဲ၊ ဖရူးဆိုး၊ ဖားဆောင်း၊ ဘော်လခဲ
(၄) Falcon Wings (ဒရုန်းတပ်ဖွဲ့)
(၅) Karenni Revolution Union (KRU)
(၆) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပရဟိတ တိုက်ခိုက်ရေးသမားများ
(၇) အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့
(၈) ဖက်ဒရယ်ဒီမိုကရေစီ ညီနောင်များတပ်ဖွဲ့ (FDBF)
(၉) Southern Shan Local Revolution Union (SSLRU)
(၁၀) Karenni Generation Z (KGZ)

KNPP/KA

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.4k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
76
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
60

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်မှ ၃၀ ရက်ထိကျင်းပသည့် KNPP ၁၄ ကြိမ်မြောက် ကွန်ဂရက်၏ ရွေးကောက်တင်မြှောက်မှုအရ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ / ကရင်နီတပ်မတော် (KNPP/KA) ခေါင်းဆောင်မှုမှာ အောက်ပါအတိုင်းဖြစ်သည်။

KNPP တွင် ဥက္ကဋ္ဌ ခူဦးရယ်၊ ဒုဥက္ကဋ္ဌ အေဘယ်တွိဒ်၊ အထွေထွေ အတွင်းရေးမှူး ခူပလူးရယ်၊ အတွင်းရေးမှူး (၁) ခူဒယ်နီရယ်၊ အတွင်းရေးမှူး (၂) အောင်ဆန်းမြင့်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များအဖြစ် စောခဲလေ၊ ခူတော်ရယ် (အက်စ်)၊ ခူညေးရယ်၊ စောလုသာသန်းတို့ တာဝန်ယူကြ၏။

ဥက္ကဋ္ဌ ခူဦးရယ်၊ ဒုဥက္ကဋ္ဌ အေဘယ်တွိဒ်၊ အထွေထွေ အတွင်းရေးမှူး ခူပလူးရယ်၊ အတွင်းရေးမှူး (၁) ခူဒယ်နီရယ်၊ အတွင်းရေးမှူး (၂) အောင်ဆန်းမြင့်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များအဖြစ် စောခဲလေ၊ ခူတော်ရယ် (အက်စ်)၊ ခူညေးရယ်၊ စောလုသာသန်းတို့ တာဝန်ယူကြ၏။

KA တွင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူး၊ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်တို့ တာဝန်ယူသည်။

KA ကရင်နီတပ်ဖွဲ့ဝင်များ/AFP

KNPP ဌာနချုပ်ကို တာလဲဒူဆို ခေါ် ညာမိုး (ရှားတောမြို့နယ်) တွင် အခြေပြုပြီး လက်ရှိတွင် ခရိုင် နှစ်ခု ဖြန့်ခွဲလှုပ်ရှားသည်။

ခရိုင် ၁ တွင် ရှားတောမြို့နယ်၊ ဖရူးဆိုးမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ခရိုင် ၂ တွင် ဖားဆောင်းမြို့နယ်၊ မော်ချီးမြို့နယ်တို့ ဖြစ်သည်။ ယခင်က ခရိုင် ၃ ဟု ကယောနယ်တွင် လှုပ်ရှားခဲ့သေးသော်လည်း ယခုလှုပ်ရှားမှု မရှိပါ။

KNPP ၏ ထူးခြားချက်မှာ ၎င်းတို့ဖွဲ့စည်းပုံတွင် အစိုးရအဖွဲ့ ဖွဲ့စည်းထားခြင်းဖြစ်သည်။ တပ်ကိုမူ ကရင်နီတပ်မတော်ဟု ခေါ်ဆိုသည်။ ယခင်က တပ်ရင်း ၁၀ ရင်းအထိ ဖွဲ့စည်းထားရှိခဲ့ပြီး တပ်မဟာဖွဲ့စည်းမှု မရှိဟု သိရသည်။ လက်ရှိတွင် စစ်ဒေသ သုံးခု ဖွဲ့စည်းထားသည်ဟု သိရသည်။ လက်ရှိ KA စုစုပေါင်းအင်အားမှာ အများဆုံး ၂,၅၀၀ ခန့် ရှိနိုင်ပါသည်။ ၂၀၂၁ နှစ်ဆန်းမှစ၍ KNPP/KA တွင် ယခင်ကထက် လူသစ်အင်အား တိုးလာသည်ဟု မြေပြင်သတင်းများအရ သိရပါသည်။

သို့သော်လည်း KNPP/KA သည် လူအင်အားတိုးချဲ့မှုအား အကန့်အသတ်ဖြင့် ပြုလုပ်နေသည်ကို တွေ့ရသည်။

KNDF

လက်ရှိ ကရင်နီနယ်အတွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) သည် အင်အားအများဆုံး အဖွဲ့အစည်း ဖြစ်သည်။ KNDF တပ်ရင်း ၂၁ ရင်း ဖွဲ့စည်းထားသည်။ လူအင်အား ၇,၀၀၀ မှ ၈,၀၀၀ ကြားရှိသည်။ နှစ်နှစ်အတွင်း လက်နက်တပ်ဆင်မှုနှင့် တိုက်ရည်ခိုက်ရည် မြန်မြန်ဆန်ဆန် တိုးတက်သောအဖွဲ့အစည်း ဖြစ်သည်။ လက်ရှိကာလတွင် အနည်းဆုံး တပ်ဖွဲ့ဝင်ဦးရေ၏ တဝက်ခန့် လက်နက်တပ်ဆင်ပြီး ဖြစ်သည်ဟု ခန့်မှန်းရသည်။ စခန်းသိမ်းတိုက်ပွဲ၊ ချေမှုန်းရေးတိုက်ပွဲများကို KNPP/KA နှင့်တွဲ၍ ကောင်းစွာ တိုက်နိုင်သည်။ တိုက်စိတ်ခိုက်စိတ်နှင့် တိုက်ရည်ခိုက်ရည်မြင့်သည့် တပ်ဖွဲ့တခုဖြစ်သည်။ ကရင်နီပြည်နယ်အတွင်း လူအင်အားအများဆုံး လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သည်။

KNDF တပ်ရင်း ၂၁ ရင်း ဖွဲ့စည်းထားသည်။ လူအင်အား ၇,၀၀၀ မှ ၈,၀၀၀ ကြားရှိသည်။ နှစ်နှစ်အတွင်း လက်နက်တပ်ဆင်မှုနှင့် တိုက်ရည်ခိုက်ရည် မြန်မြန်ဆန်ဆန် တိုးတက်သောအဖွဲ့အစည်း ဖြစ်သည်။ လက်ရှိကာလတွင် အနည်းဆုံး တပ်ဖွဲ့ဝင်ဦးရေ၏ တဝက်ခန့် လက်နက်တပ်ဆင်ပြီး ဖြစ်သည်

KNDF ၏ ဥက္ကဋ္ဌအဖြစ် ခွန်ဘီထူးက တာဝန်ယူထားပြီး အတွင်းရေးမှူး (၂) နှင့် ဒုစစ်ဦးစီးချုပ်အဖြစ် မာဝီ၊ အတွင်းရေးမှူး (၃) နှင့် စစ်ရေးချုပ်အဖြစ် ခူရီးဒူက ဆောင်ရွက်သည်။ ခွန်ဘီထူးသည် KNDF ဥက္ကဋ္ဌတာဝန်သာမက ကရင်နီပြည်နယ်အုပ်ချုပ်ရေးကောင်စီ ဒုဥက္ကဋ္ဌ၊ NUG ၏ သယံဇာတနှင့် သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေး ဒုဝန်ကြီး တာဝန်များကိုလည်း ယူထားသည်ကို တွေ့ရ၏။ KNDF တပ်ရင်း ၂၁ ရင်းအား အနည်းဆုံး ဗျူဟာ ခြောက်ခုဖွဲ့စည်း၍ လှုပ်ရှားစစ်ဆင်နေသည်ကို တွေ့ရသည်။

ရှေ့တန်းတွင် လှုပ်ရှားနေကြသည့် လွိုင်ကော် ပြည်သူ့ကာကွယ်ရေးတပ်များ / Loikaw PDF

ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ

မြို့နယ်အလိုက်ဖွဲ့စည်းထားသည်။ ဒီးမော့ဆို၊ လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ဖရူးဆိုး၊ ဖားဆောင်း၊ ဘော်လခဲ မြို့နယ်များတွင် တွေ့ရ၏။ အချို့မြို့နယ်တွင် အင်အား ရာဂဏန်းရှိပြီး အချို့မြို့နယ်တွင် တပ်ရင်းအချို့ရှိကာ အားကောင်း၏။ NLD နှင့် NUG ထောက်ခံသူ အင်အားစုများဖြစ်သည်။

ကရင်နီပြည်သူ့တော်လှန်ရေး တပ်ပေါင်းစု (KRU)

၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော သီးခြားတပ်ပေါင်းစုဖြစ်၏။ KRU ဥက္ကဋ္ဌမှာ ဦးကျော်ထက်ဖြစ်ပြီး KRU တွင် အောက်ပါအဖွဲ့များ ပါဝင်သည်။

(၁) Karenni Democratic Front – KDF ၊ (၂) Fight for Justice ၊ (၃) GZ 21 လွိုင်ကော်၊ (၄) Medic Unit ၊ (၅) South Shan PDF – SSPDF တို့ဖြစ်သည်။

ကလလတ အား ကိုထွန်းကျော် ဦးစီးပြီး အင်အား ၂,၀၀၀ ခန့်ရှိသည်။ ထိုင်းနယ်စပ် ဘီပီ ၁၄ တွင် ဌာနချုပ်ထားရှိ၏။ နွေဦးတော်လှန်ရေးတွင် ဗြောင်အတိအလင်း မပါသေးသော်လည်း ကရင်နီတော်လှန်ရေး အင်အားစုများဘက်က ရပ်တည်သည်။ မြန်မာစစ်တပ်နှင့် ပူးပေါင်းခြင်း မရှိပါ။

KRU တွင် ပါဝင်သည့်အဖွဲ့များ စုစည်းပြီး တပ်ရင်းတရင်း ဖွဲ့စည်းထားသည်ဟု ဆိုပါသည်။ KRU စတင် ဖွဲ့စည်းစဉ်က KGZ ခေါ် Karenni GZ အဖွဲ့ ပါဝင်သော်လည်း နောက်ပိုင်းတွင် ပြန်လည်နုတ်ထွက်သွားသည်။

ကလလတ

၂၀၀၉ ခုနှစ်တွင် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အင်အား တဝက်ခန့်ကို BGF တပ်ရင်း နှစ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး ကျန်တဝက်ခန့်မှာ မူရင်းအဖွဲ့အစည်းအတိုင်း ထားရှိသည်။ ကလလတ အား ကိုထွန်းကျော် ဦးစီးပြီး အင်အား ၂,၀၀၀ ခန့်ရှိသည်။ ထိုင်းနယ်စပ် ဘီပီ ၁၄ တွင် ဌာနချုပ်ထားရှိ၏။ နွေဦးတော်လှန်ရေးတွင် ဗြောင်အတိအလင်း မပါသေးသော်လည်း ကရင်နီတော်လှန်ရေး အင်အားစုများဘက်က ရပ်တည်သည်။ မြန်မာစစ်တပ်နှင့် ပူးပေါင်းခြင်း မရှိပါ။

ကယန်းပြည်သစ်ပါတီ / ကယန်းပြည်သစ်တပ်မတော် (KNLP/KNLA)

၂၀၀၉ ခုနှစ်တွင် ပြည်သူ့စစ်အဖြစ်ပြောင်းသည်ဟု ကြေညာခံရသော်လည်း ပြည်သူ့စစ်ပုံစံမျိုး မရပ်တည်ဘဲ ကယန်းပြည်သစ်အနေနှင့်သာ ရပ်တည်ခဲ့၏။ ကယန်းပြည်သစ်ပါတီ၏ ရည်ရွယ်ချက်များမှာ (၁) ကိုယ်ပိုင်ပြဌာန်းခွင့်ရ ကယန်းဒေသပေါ်ထွန်းရေး၊ (၂) စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ (၃) ပြည်ထောင်စုစစ်စစ် ခေတ်မီနိုင်ငံထူထောင်ရေး၊ (၄) မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့ ဖြစ်၏။

လက်ရှိ ကယန်းပြည်သစ်ပါတီ (KNLP) ဥက္ကဋ္ဌမှာ ကိုသန်းစိုးနိုင်ဖြစ်ပြီး ကယန်းပြည်သစ်တော်လှန်ရေးကောင်စီ (KNLRC) အား ဗိုလ်မှူးချုပ် အိုက်နော်ထားက တာဝန်ယူပြီး ကယန်းပြည်သစ်တပ်မတော် (KNLA) ၏ စစ်ဦးစီးချုပ်မှာ ဗိုလ်မှူးချုပ် မြားနို ဖြစ်သည်။ ကယန်းပြည်သစ်ပါတီသည် ဆီဘူးတွင် အခြေစိုက်ပြီး အင်အား ၁,၀၀၀ ခန့်ရှိ၏။ လက်ရှိအချိန်ထိ ကရင်နီတော်လှန်ရေး အင်အားစုများနှင့် အတိအလင်း ပူးပေါင်းခြင်းမရှိသကဲ့သို့ မြန်မာစစ်တပ်နှင့်လည်း ပူးပေါင်းခြင်းမရှိပါ။

ပြည်သူ့စစ်များ

– ကယောနီ ပြည်သူ့စစ် – အင်အား ၅၀/၁၀၀ ခန့်
– ကြယ်ဖြူ ပသစ – အင်အား ၅၀/၁၀၀ ခန့်
– KNG ပသစ – အင်အား ၃၀/၄၀ ခန့်တို့သည်လည်း မြန်မာစစ်တပ်နှင့် ပူးပေါင်း၍ ကရင်နီအင်အားစုများကို တိုက်ခိုက်ခြင်း မရှိ။

၂၀၂၁ ခုနှစ် စက်တင်ဘာလ တိုက်ပွဲအတွင်း KNDF ကျဆုံးသူတဦး၏ အသုဘအခမ်းအနား

ကရင်နီနှင့် ဆက်စပ်ဒေသများ

ဖယ်ခုံမြို့နယ်

ဖယ်ခုံမြို့နယ်၊ မိုးဗြဲနယ်သည် ရှမ်းတောင်တွင် ပါဝင်နေသော်လည်း ကရင်နီလူမျိုး ၉၀ ရာခိုင်နှုန်းကျော် နေထိုင်ရာမြို့နယ်ဖြစ်သည်။ လက်ရှိ နွေဦးတော်လှန်ရေးတွင် ကရင်နီပြည်နယ်နှင့် တသားတည်း ပါဝင်ခဲ့ပြီး ကရင်နီတို့၏ အစောဆုံး လက်နက်ကိုင်တိုက်ခိုက်မှုကို မိုးဗြဲတွင် စတင်ခဲ့သည်။ လက်ရှိ ဖယ်ခုံ၊ မိုးဗြဲနယ်အတွင်း တွေ့ရသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှာ အောက်ပါအတိုင်းဖြစ်သည်။

ဖယ်ခုံမြို့နယ်၊ မိုးဗြဲနယ်သည် ရှမ်းတောင်တွင် ပါဝင်နေသော်လည်း ကရင်နီလူမျိုး ၉၀ ရာခိုင်နှုန်းကျော် နေထိုင်ရာမြို့နယ်ဖြစ်သည်။ လက်ရှိ နွေဦးတော်လှန်ရေးတွင် ကရင်နီပြည်နယ်နှင့် တသားတည်း ပါဝင်ခဲ့ပြီး ကရင်နီတို့၏ အစောဆုံး လက်နက်ကိုင်တိုက်ခိုက်မှုကို မိုးဗြဲတွင် စတင်ခဲ့သည်။

(၁) KNDF ရင်း ၁၁ နှင့် ရင်း ၃၊ (၂) ရင်း ၁၀၀၁ (မိုးဗြဲ PDF ရင်း -၁ )၊ (၃) ရင်း ၁၀၀၂ (ဖယ်ခုံ PDF ရင်း-၁)၊ (၄) ရင်း ၁၀၀၄ (မိုးဗြဲ PDF ရင်း-၂)၊ ( ၅) ရင်း ၁၀၀၆ (ဖယ်ခုံ PDF ရင်း-၂ )၊ (၆) ရင်း ၁၀၀၇ (မိုးဗြဲ PDF ရင်း- ၂)၊ (၇) ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (PK PDF)၊ (၈) မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် (MB PDF)၊ (၉) ကရင်နီတပ်မတော် (KA) တို့ ဖြစ်ကြသည်။

ဆက်လက်ဖော်ပြပါမည်။

You may also like these stories:

(မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦးဖြစ်သည်။)

စစ်ကောင်စီက ကရင်နီကို ဘာကြောင့် ဒုတိယအကြိမ် စစ်ဆင်လာသလဲ

ကရင်နီဒေသကို အင်အားထောင်ကျော်ဖြင့် စစ်ကောင်စီ ထိုးစစ်ဆင်

ကယားတွင် ကျန်းမာရေးနှင့် လူသားချင်းစာနာမှု အကျပ်အတည်းဖြစ်

နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

“အာဏာရှင်စနစ်ကို အနိုင်ယူချင်တယ်” ဆိုတဲ့ လက်ဝှေ့မယ် ဘရော်နီကာ

Your Thoughts …
Tags: CDMKNDFKNPPKSCCNUCCNUGPDFကယန်းကယားပြည်နယ်ကယောကရင်နီပြည်နယ်ကလလတစစ်ကောင်စီစစ်အာဏာသိမ်းမှုနွေဦးတော်လှန်ရေးပြည်သူ့စစ်ဖယ်ခုံဖားဆောင်းမိုးဗြဲလွိုင်ကော်
မိုးစက်ငြိမ်းချမ်း

မိုးစက်ငြိမ်းချမ်း

မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ရွှေ့ပြောင်းအလုပ်သမား မိသားစုများမှ ကလေးငယ်များ ကျောင်းတက်ရန် ပြင်ကြစဉ်/ Unicef

ဒီမိုကရေစီကို ပုံဖော်ရန် ပညာရေး ကျွမ်းကျင်မှုသစ်များ လိုအပ်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်း

ရုတ်တရက် ရောက်လာတဲ့ ဘန်ကီမွန်းကို စစ်ခေါင်းဆောင် တွေ့ဆုံ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

5 hours ago
2.4k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved