မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့နယ်ခွဲ၊ အကြည်ပန်းပလွန်ရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက မေ ၉ ရက်နေ့မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အတွက် ၁၅ ဦးပွဲချင်းပြီး သေဆုံးခဲ့သလို ၂၉ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
သေဆုံးသူတွေဟာ ဘယ်သူ ဘယ်ဝါ ခွဲခြားလို့မရပေမယ့် အများစုကတော့ဒေသခံ ပြည်သူတွေ ဖြစ်ကြပြီး သေဆုံးတဲ့ ထဲမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ မြေပြင် စစ်ကြောင်း မထိုးနိုင်တဲ့နေရာတွေမှာ လေကြောင်းကနေ အရပ်သား ပစ်မှတ်တွေကို ဦးတည် တိုက်ခိုက်တာတွေကို နေရာအနှံ့အပြားမှာ လုပ်ဆောင်နေပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR