• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နိုင်ငံရေး မတည်ငြိမ်မှုက ဆန်စပါးဈေးကွက်ကိုပါ ရိုက်ခတ်

by ဧရာဝတီ
12 March 2021
in သတင်း
A A
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှ လယ်ယာလုပ်ငန်းခွင်တခု  / ဧရာဝတီ

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှ လယ်ယာလုပ်ငန်းခွင်တခု / ဧရာဝတီ

12.7k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်၏ နိုင်ငံတော် အာဏာ သိမ်းယူမှု ဖြစ်စဉ်နောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်သည့်အတွက် ဧရာဝတီတိုင်းရှိ ဆန်စပါးဈေးကွက် ပျက်စီးကာ လယ်သမားများ အခက်ကြုံနေရကြောင်း သတင်း ရရှိသည်။

ဧရာဝတီတိုင်း၌ ရေကျနောက် စိုက်စပါးများနှင့် သက်တမ်းတို နွေစပါး တချို့ စတင်ရိတ်သိမ်းကာ စပါးပေါ်စပြုနေပြီ ဖြစ် သော်လည်း ဆန်စက်များက စပါးကို အကန့်အသတ်ဖြင့်သာ ဝယ်ယူသည့်အတွက် လယ်သမား သိန်းနှင့်ချီ၍ အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှ လယ်သမားတစ်ဦးက စပါးများ စပေါ်သည့် အချိန်တွင် ဆန်စက်ပိုင်ရှင်များက စပါး ရောင်းချလိုပါက လာပို့ထားရန်၊ စပါးဖိုး ပိုက်ဆံကို နောက်ကျမှ ရယူဆိုသည့် သဘောမျိုး ပြောဆိုသောကြောင့် ဆန်စက် များ၏ အကြွေးနှင့် ဝယ်ယူမှုကြောင့် အဆင်မပြေတော့ကြောင်း ဧရာဝတီသို့ ပြောသည်။

RelatedPosts

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
2
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
6
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
28

“မရောင်းလည်းခက် ရောင်းလည်းခက်နဲ့ လယ်သမားတွေမှာ အခက်အခဲအများကြီး ကြုံနေရတယ်”ဟု ယင်းလယ်သမားက ဧရာဝတီကို ပြောသည်။

ဧရာဝတီတိုင်း၌ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာနှင့် နိုဝင်ဘာလ မိုးစပါးပေါ်ချိန်တွင် ဈေးကောင်းရခဲ့သဖြင့် တိုင်း အတွင်းရှိ လယ်သမားများမှာ နွေစပါး ပေါ်သည့်အခါတွင်လည်း ဈေးကောင်းရမည်ဟု မျှော်လင့်ကာ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေး မတည်ငြိမ်ခြင်း၊ ပုဂ္ဂလိကဘဏ်များ ပိတ်သိမ်းထားခြင်း၊ ငွေကြေး လည် ပတ် စီးဆင်းမှု ရပ်တန့်နေခြင်းစသည့် အခြေအနေများကြောင့် ဆန်စက်များက စပါးကို အလုံးအရင်းဖြင့် မဝယ်နိုင်တော့ ခြင်း ဖြစ်ကြောင်း ဆန်စက်လုပ်ငန်းရှင်များဘက်မှ သိရသည်။

လက်ရှိ အခြေအနေများအရ တနိုင်တပိုင် ကြိတ်ခွဲရောင်းချရန်အတွက်သာ ဝယ်ယူခြင်း၊ အကြွေးစနစ်ဖြင့် ဝယ်ယူခြင်းများ သာ ပြုလုပ်နေ၍ လယ်သမားများ အခက်အခဲ ကြုံတွေ့နေရခြင်းလည်း ဖြစ်သည်။

မြောင်းမြမြို့မှ ဆန်စက်ပိုင်ရှင်တစ်ဦးက”ခါတိုင်းကတော့ တမိုးတွင်းလုံး ကြိတ်ခွဲဖို့အတွက် အခုကတည်းက အကုန်ဝယ်လှောင်တယ်။ အခုက နိုင်ငံရေး မတည်ငြိမ်တော့ ကျနော်တို့က စွတ်မဝယ်ရဲဘူး။ ကိုယ်လိုသလောက် ကြိတ်ရောင်းဖို့ လောက်ပဲ ဝယ်တာ။ ဒါတောင် ကိုယ့်ဆီရောင်းနေကျ လယ်သမားတွေ၊ ငွေကြိုချထားတဲ့ ငွေလွန်ထားတဲ့ လယ်သမား တွေကို ထိန်းဝယ်ပေးတာပါ”ဟု ပြောသည်။

လက်ရှိတွင် ဧရာဝတီတိုင်း၌ နွေစပါး သီးထပ်ရင် အမျိုးအစား စပါးအကြမ်း တင်း ၁၀ဝ လျှင် ကျပ် ၅ သိန်းဝန်းကျင် ပေါက် ဈေး ရှိနေကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) အစိုးရလက်ထက်တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်ဖြင့် စပါး တင်း ၁၀၀ လျှင် အနည်းဆုံး ကျပ် ၅ သိန်းပေး၍ ဝယ်ယူရမည် ဆိုသည့် အခြေခံ စပါး ရည်ညွှန်း ဈေးနှုန်းတခုကို သတ်မှတ်ပေးနိုင်ခဲ့သည်။

လက်ရှိတွင် ဒေသတွင်း၌ သယ်ယူပို့ဆောင်ရေး အခက်အခဲ ဖြစ်နေခြင်း၊ ပြည်ပတင်ပို့မှု နည်းပါးခြင်း၊ ဘဏ်များက ငွေ ထုတ် မပေးနိုင်၍ စက်ပိုင်များ ငွေမလည်ခြင်းတို့ကြောင့် ယခုလို ပြဿနာများ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ ဒေါက်တာ စိုးထွန်းက ရှင်းပြသည်။

“စပါးဈေးကျမယ့်သဘောတော့ ရှိတယ်။ လက်ရှိ စပါးဈေး ၅ သိန်း ပေါက်ပေမယ့် ဝယ်ဖို့တောင် ပိုက်ဆံမရှိတဲ့ အနေ အထား ဖြစ်နေကြတာ”ဟု ဒေါက်တာစိုးထွန်း ပြောသည်။

ဧရာဝတီတိုင်း၏ စာရင်းများအရ တိုင်းအတွင်း၌ မိုးစပါးစိုက်ဧက ၃ ဒသမ ၆ သန်းကျော်နင့် နွေစပါး စိုက်ဧက ၁ ဒသမ ၃ သန်းကျော်ရှိကြောင်း သိရသည်။

လူဦးရေအားဖြင့် ဧရာဝတီတိုင်း၏ စုစုပေါင်း လူဦးရေ ၆ ဒသမ ၃ သန်းကျော်အနက် ၈ဝ ရာခိုင်နှုန်းဖြစ်သော လူဦးရေ ၄ သန်းကျော်မှာ လယ်ယာ စိုက်ပျိုးရေးကို အဓိက အသက်မွေးလုပ်ကိုင် မှီခိုနေရသူများဖြစ်ကြောင်း စာရင်းဇယားများအရ သိရသည်။

You may also like these stories:

R2P နဲ့ မြန်မာ့နွေဦးတော်လှန်ရေး

စစ်တွေဆေးရုံတွင် ဆရာဝန် မရှိသဖြင့် လူနာများ အခက်ကြုံ

ပြည်နယ်စီမံအုပ်ချုပ်ရေးတွင် နေရာပေးရန် စစ်ကောင်စီနှင့် ANP တို့ ဆွေးနွေးမည်

Your Thoughts …
Tags: ဆန်စပါးဈေးကွက်နိုင်ငံရေး မတည်ငြိမ်မှုလယ်သမားဧရာဝတီတိုင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရခိုင်တိုက်ပွဲများ ဧရာဝတီတိုင်းနှင့် နီးလာ

ဧရာဝတီတိုင်းမှာ စစ်ရိပ်စစ်ငွေ့သန်းပြီ

by ဧရာဝတီ
24 December 2024
10k

ဂွမြို့ကျသွားပြီးနောက် ဧရာဝတီတိုင်းသို့ စစ်မီး ကူးစက်လာမည်မှာ မလွဲမသွေဖြစ်သည်။

ရိုးမကို ကျော်လာသည် ရခိုင်စစ်

ရိုးမကို ကျော်လာသည် ရခိုင်စစ်

by စောလွင်
25 January 2025
9.7k

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသော ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နှင့် ထိစပ်နေသည့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် အတွင်း ယခုလဆန်းပိုင်းမှစတင်၍ AA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်း သိရသည်။

၂၀၂၅ တွင် တွေ့ရမည့် အနောက်ဘက် စစ်မျက်နှာ

၂၀၂၅ တွင် တွေ့ရမည့် အနောက်ဘက် စစ်မျက်နှာ

by အေးချမ်းဆု
5 January 2025
9k

တပြည်လုံး အတိုင်းအတာအရ ကပစ စက်ရုံ ၂၅ ခု ရှိသည့်အနက် ကပစ စက်ရုံ ၁၆ ရုံနှင့် ငွေစက္ကူစက်ရုံကို ဧရာဝတီအနောက်ခြမ်း အနောက်ဘက် စစ်မျက်နှာတွင် တွေ့ရှိရ၏။

အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ

အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ

by စွယ်တော်
5 January 2025
8.4k

“အဘက အမ်းပေးခဲ့တာတောင် ဂွကျတဲ့အထိဖြစ်ရပြီ” ဆိုသည့်စကားက စစ်တပ်တွင် အခုလတ်တလော ပြောစမှတ်တွင်နေသည့်စကား ဖြစ်သည်။

ဂွ မကျရေး စစ်ကောင်စီ တပ်အင်အားဖြည့်နေ

ဂွ မကျရေး စစ်ကောင်စီ တပ်အင်အားဖြည့်နေ

by ရိုးကျော်
18 August 2024
8.2k

ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းသို့ ယခင်က ဂွ-ငါးသိုင်းချောင်း ရိုးမဖြတ်ကျော်လမ်းကိုသာမက ပြီးခဲ့သည့်နှစ်က ဖွင့်ခဲ့သည့် ဂွမြစ်ကူးတံတားမှတဆင့် မန်ကျည်းစင်-ဘောမိ-ရွှေသောင်ယံ ကမ်းခြေပတ်လမ်းမှလည်း သွားလာနိုင်သည်။

AA ထိုးစစ် ဘယ်ကို ဦးတည်မလဲ

AA ထိုးစစ် ဘယ်ကို ဦးတည်မလဲ

by စွယ်တော်
21 January 2025
8.2k

စစ်ကောင်စီ၏ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းကမူ စစ်တွေကို AA လာမတိုက်စေရန် ယတြာများချေနေကြောင်း သိရသည်။

Next Post
ဆန္ဒပြပွဲများကို နှိမ်နင်းသည့် ဗီဒီယို ၅၀ ကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အတည်ယူခဲ့သည်

လူသားမျိုးနွယ်ကို ကျူးလွန်သော ရာဇဝတ်မှုမြောက်နိုင်ဟု ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် ပြော

အာဏာဖီဆန်းရေးလှုပ်ရှားမှု (CDM) ကိုရွေးပြီး မလွှကုန်း မီးရထားဝန်းကို စွန့်လွှတ်ခဲ့သည့် ဝန်ထမ်းများ

မလွှကုန်း မီးရထားဝင်းက CDM သူရဲကောင်းများ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved