• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

AA ထိုးစစ် ဘယ်ကို ဦးတည်မလဲ

by စွယ်တော်
21 January 2025
in သူ့အတွေး သူ့အမြင်
A A
AA ထိုးစစ် ဘယ်ကို ဦးတည်မလဲ

ဂွမြို့ကို AA သိမ်းယူအပြီး/ AAInfoDesk

8.2k
VIEWS
Share on FacebookShare on Twitter

ရခိုင်ဒေသအစွန်ရှိ ဂွမြို့နယ်ကို သိမ်းပိုက်ပြီးခဲ့သည့်တိုင် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်သည် ဧရာဝတီတိုင်းအတွင်းအထိ ကျော်လွန်ဝင်ရောက်နေပြီ ဖြစ်သည်။

အမ်းကို အလုံးစုံ သိမ်းပိုက်ပြီးချိန်တွင် AA အနေဖြင့် စစ်ရှိန်လျော့သွားမည်ဟု စစ်ကောင်စီဘက်က ထင်မှတ်ခဲ့ကြဟန်ရှိ၏။ ထို့ကြောင့်လည်း ရခိုင်ပြည်နယ်အစွန်ရှိ ဂွမြို့နယ်၌ တပ်မ ၁၁ တပ်မမှူး ဦးစီးပြီး ထုနှင့်ခံစစ်ဆင်ခဲ့သည်ကို တွေ့ခဲ့ရ၏။

စစ်ကောင်စီက ဂွကို ရခိုင်နှင့် ဧရာဝတီအတွက် ကြားခံစစ်နေရာအဖြစ် ထားရှိချင်၍လည်း ဖြစ်နိုင်သည်။ သို့သော် AA သည် စစ်ကောင်စီ ထင်သလို ထိုးစစ် အရှိန်မချဘဲ ဂွကိုပါ ရအောင် သိမ်းလိုက်သည်။ ထို့ပြင် ဧရာဝတီတိုင်းအတွင်း ဝင်ရောက်၍ မကျည်းဇင်ကိုပါ သိမ်းပိုက်ထားပြီး ဖြစ်သည်။

ဧရာဝတီဒေသအတွင်းအထိ ထိုးစစ်ရောက်လာပြီဖြစ်သည့် AA သည် ရခိုင်ပြည်နယ်တခုလုံး အပြီးသတ် မသိမ်းရသေးပေ။ ထို့ကြောင့် ပြည်နယ်အတွင်း အပြီးသတ် မသိမ်းမီ အခြားနေရာများကို ဘာကြောင့် ထိုးစစ်ဆင်နေသနည်းဆိုသည့် မေးခွန်းကို မေးသူများလည်း ရှိလာသည်။

ရခိုင်ပြည်နယ်အတွင်း AA က သိမ်းပိုက်ရန် မြို့ သုံးမြို့သာ ကျန်တော့သည်။ ထိုမြို့များမှာ ပြည်နယ်မြို့တော် စစ်တွေမြို့၊ တရုတ် စီမံကိန်းများရှိရာ ကျောက်ဖြူမြို့နှင့် ကျွန်းမြို့တမြို့ဖြစ်သည့် မာန်အောင်မြို့တို့ ဖြစ်သည်။

ထိုမြို့များအနက် AA က စစ်တွေကို အရင်ဆုံး တိုက်ခိုက်နိုင်သည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသေးသည်။

ရခိုင်ကမ်းမြှောင်နှင့် ထိစပ်နေသည် ဧရာဝတီတိုင်းဒေသအချို့ကို ပြသည့် မြေပုံ (ဧရာဝတီ)

ပေါက်တောဘက်ကို စစ်ကောင်စီ စစ်ရေယာဉ်က ပစ်ခတ်မှု အပါအဝင် လက်နက်ကြီး ပစ်ခတ်မှုများ၊ ဒီဇင်ဘာလ ၂၇ ရက်က စစ်တွေအဝင် ကျောက်တန်း စစ်ဆေးရေးဂိတ်နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ – စစ်တွေ) တို့ကို AA က ပစ်ခတ်တိုက်ခိုက်ခဲ့မှုနှင့် ဇန်နဝါရီလ ၁၆ ရက်ကလည်း စစ်တွေရှိ ဝါဘိုရွာကို AA က သိမ်းပိုက်ကြောင်း သတင်းထွက်သဖြင့် ဒကစ (စစ်တွေ) နှင့် ရဲတပ်ရင်း ၁၂ က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် စစ်တွေ ဈေးကြီးအနီးက ကုလားတန်မြစ်အတွင်းကို လက်နက်ကြီးကျည်တလုံး ကျရောက် ပေါက်ကွဲခဲ့မှုများကြောင့်လည်း ဖြစ်မည်ထင်၏။

ထို့ကြောင့်လည်း စစ်တွေကို အရင် တိုက်နိုင်သည်ဟု သုံးသပ်နေကြခြင်း ဖြစ်မည်ထင်သည်။

လတ်တလော အခြေအနေအရ AA က စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်ကို မတိုက်သေးနိုင်သေးကြောင်း ယူဆနိုင်သည်။ အဘယ်ကြောင့်ဆိုသော် စစ်တွေသည် ပြည်နယ်မြို့ကြီး ဖြစ်သည့်အပြင် ရခိုင့်ရိုးရာ ယဉ်ကျေးမှု အမွေအနှစ် အဆောက်အဦများ လည်းရှိသည်။

လတ်တလော အခြေအနေအရ AA က စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်ကို မတိုက်သေးနိုင်သေးကြောင်း ယူဆနိုင်သည်။ အဘယ်ကြောင့်ဆိုသော် စစ်တွေသည် ပြည်နယ်မြို့ကြီး ဖြစ်သည့်အပြင် ရခိုင့်ရိုးရာ ယဉ်ကျေးမှု အမွေအနှစ် အဆောက်အဦများ လည်းရှိသည်။

ထို့ပြင် အိန္ဒိယ၏ ကုလားတန်ဆိပ်ကမ်း စီမံကိန်းလည်းရှိပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် မစ္စတာ အဘေး သာကူရ်က India Ports Global Ltd (IPGL) မှ မန်နေဂျင်း ဒါရိုက်တာနှင့်အတူ ဇန်နဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်နေ့များတွင် စီမံကိန်းနေရာသို့ သွားရောက်ခဲ့သည်ကို တွေ့ရသည်။

AA ၏ အခြေခံနယ်မြေများသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်နှင့် နယ်နိမိတ်ချင်းထိစပ်သည့် နယ်အချို့တွင် စတင်ခဲ့ခြင်းဖြစ်၏။ တဖန် ကျောက်ဖြူဘက်ကို ကြည့်လျှင် ရေနက်ဆိပ်ကမ်း အပါအဝင် တရုတ်၏ အကျိုးစီးပွား အများဆုံးရှိသည့်နေရာ ဖြစ်နေသည်။

တရုတ်လုံခြုံရေးကုမ္ပဏီက ဝန်ထမ်းများကို လုံခြုံရေးချထားသည်ဟုလည်း သိရသည်။နောက်ထပ် ကျန်သည့် မာန်အောင်မြို့သည်လည်း ရေပတ်လည် ဝိုင်းနေသည့် ကျွန်းမြို့ဖြစ်သည့်အပြင် စစ်ကောင်စီ၏ မျှော်တော်ဦး ရေတပ်စခန်းရှိ သည်။

ထို့ကြောင့် AA အနေဖြင့် ထိုမြို့ သုံးမြို့ကို တိုက်ယူခြင်းထက် ဧရာဝတီ၊ မကွေးနှင့် ပဲခူးဒေသများတွင် စစ်ရေး ဖိအားပေးပြီး စစ်ကောင်စီဘက်က ဖိအားမခံနိုင်၍ ညှိနှိုင်းလာသည့်အခါမှ တောင်းယူကောင်း တောင်းယူနိုင်သည်ဟုလည်း ထင်ရ၏။ စစ်ကောင်စီ၏ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းကမူ စစ်တွေကို AA လာမတိုက်စေရန် ယတြာများချေနေကြောင်း သိရသည်။

လတ်တလော AA ၏ ထိုးစစ်အခြေအနေများကို ကြည့်မည်ဆိုပါက မဟာမိတ် တော်လှန်ရေးတပ်များနှင့် ပူးပေါင်း၍ တိုက်စစ်မြားဦး သုံးခုဖြင့် လမ်းကြောင်း တည်ထားသည်ဟု ယူဆရသည်။

မှန်းဆချက်အရ ဂွဘက်ခြမ်းမှတဆင့် ဧရာဝတီတိုင်းဘက်သို့ ဝင်ရောက်နေသည့်လမ်းကြောင်း၊ တောင်ကုတ် – တောင်ပုံကြီးဘက်မှ ဥသျှစ်ပင် – ပန်းတောင်းလမ်းမှတဆင့် ပဲခူးတိုင်းဘက်သို့ ဝင်ရောက်နိုင်သည့်လမ်းကြောင်းနှင့် အမ်း – ပဒါန်း လမ်းပေါ်က ဂုတ်ကြီးဘက်ကတဆင့် မကွေးတိုင်းဘက်သို့ ဝင်ရောက်နိုင်သည့်လမ်းကြောင်းတို့ကို တွေ့ရသည်။

ဧရာဝတီတိုင်းဘက်ကို ကြည့်လျှင် AA က မကျည်းဇင် အကျော်အထိ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။ စစ်ကောင်စီဘက်က ရခိုင်တောင်ကုတ် စကခ ၅ တွင် နေဖူးသည့် ဗိုလ်မှူးချုပ် စိုးကျော်ထက်ကို အမ်း မကျခင် နှစ်ရက်အလို၌ ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) တိုင်းမှူးအသစ်အဖြစ် ခန့်ထားခဲ့သည်။

လွန်ခဲ့သည့်ရက်ပိုင်းများအထိ စစ်ကောင်စီ၏ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (ဒု ဗိုလ်ချုပ်ကြီးဟောင်း၊ လေကြောင်းရန်ကာကွယ်ရေး အရာရှိချုပ်ဟောင်း) က ရွှေသောင်ယံနှင့် သာပေါင်းဘက်သွားပြီး လုံခြုံရေး စစ်ဆေးခဲ့သည်။

မကျည်းဇင်၊ ကုလားချောင်း၊ ဝက်သေနှင့် ဘိုမီကျေးရွာများတွင် ဇန်နဝါရီလ ၁၀ ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဇန်နဝါရီလ ၁၁ ရက်တွင် စစ်ကောင်စီဘက်က ရွှေသောင်ယံကို စစ်ကား ၁၃ စီးနှင့် တင့်ကားများ အားဖြည့်ထားသည်။ ခေတ္တငြိမ်နေရာမှ လတ်တလော ဇန်နဝါရီလ ၁၆ ရက် ညပိုင်းကစပြီး ရွှေသောင်ယံမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

တဖန် မကွေးတိုင်းဘက်ကို ကြည့်ပါက အမ်း – ပဒါန်း လမ်းပေါ်ရှိ ဂုတ်ကြီးဘက်တွင် ထိတွေ့တိုက်ပွဲများ ဖြစ်လာသည်ကို တွေ့ရသည်။ ဂုတ်ကြီး ရဲစခန်းတွင် စစ်ကောင်စီ၏ စစ်ဗျူဟာတခုထားရှိပြီး ထိုဗျူဟာ၏ ကာကင်းစခန်းများနှင့် AA ဦးဆောင်သည့် မဟာမိတ်တပ်များအကြား ထိတွေ့မှုများ ရှိနေကြောင်း သိရသည်။

မကွေးတိုင်းတွင် မကွေးမြို့အခြေစိုက် တပ်မ ၈၈ နှင့် ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ တို့ရှိပြီး ကွပ်ကဲမှုအောက် ခြေလျင်၊ ခြေမြန်တပ်ရင်းပေါင်း ၂၀ ရင်းအထိ ရှိသည်။

သို့သော် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် စစ်ဆင်ရေးများတွင် စစ်သားဟောင်း အများစု သေဆုံး၊ ဒဏ်ရာရ၊ အဖမ်းခံခဲ့ရပြီး ဖြစ်သည်။

ထိုကဲ့သို့ တိုက်ခိုက်ရေးအင်အား လျော့နည်းသည့် မကွေးဒေသတွင် စစ်ကောင်စီ၏ အဓိက ကျောရိုးဖြစ်သည့် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ၁၅ ခုအထိ ရှိနေသည်ကို တွေ့နိုင်သည်။

ချင်းပြည်နယ်တောင်ပိုင်းနှင့် ဆက်စပ်နေသည့် မကွေးမြောက်ပိုင်းရှိ ကပစ စက်ရုံများကို AA က ချင်းတောင်ပိုင်းမှတဆင့် ချင်းနှင့်ယောနယ်ရှိ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ တိုက်ခိုက်လာနိုင်သည်။

ချင်းပြည်နယ်တောင်ပိုင်းနှင့် ဆက်စပ်နေသည့် မကွေးမြောက်ပိုင်းရှိ ကပစ စက်ရုံများကို AA က ချင်းတောင်ပိုင်းမှတဆင့် ချင်းနှင့်ယောနယ်ရှိ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ တိုက်ခိုက်လာနိုင်သည်။

အထူးသဖြင့် ကပစ ၂၀ (စေတုတ္တရာ)၊ ကပစ ၂၃ (ကျော)၊ ကပစ ၂၄ (ပေါက်)၊ ကပစ ၂၅ (လောင်းရှည်) တို့ ဖြစ်သည်။

ကပစ စက်ရုံတရုံကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားစစ်ဆေးစဉ်

မကွေးဒေသ အလယ်ပိုင်းတွင်ရှိသည့် မလွန်နှင့် မင်းလှနယ်ဘက် ကပစ များကို AA နှင့် မကွေးဒေသရှိ တော်လှန်ရေးတပ်များ ပူးပေါင်းပြီး အမ်း-ပဒါန်း လမ်းကြောင်းဘက်မှတဆင့် ဝင်ရောက် တိုက်ခိုက်နိုင်သည်ကို တွေ့ရသည်။

ထို့ကြောင့်လည်း စစ်ကောင်စီက ထိုလမ်းကြောင်းကို ပိတ်ဆို့ရန် အမ်း-ပဒါန်း လမ်းပေါ်ရှိ ဂုတ်ကြီးတွင် စစ်ဗျူဟာအဆင့်တခုထား၍ ခံစစ်ဆင်ထားသည်ကို တွေ့ရသည်။ မင်းဘူး၊ မင်းလှနှင့် မလွန်နယ်ဘက်သို့ ကျွံမလာအောင် ကာထားသည့်သဘောပင် ဖြစ်သည်။

ထိုသို့ ကာထားရသည်မှာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး (ကကထုတ်) အောက်က ကပစ စက်ရုံများတွင်ရှိသည့် အရာရှိ၊ စစ်သည်များနှင့် အရပ်သားဝန်ထမ်းများသည် တိုက်ခိုက်ရေး အတွေ့အကြုံမရှိသူများသာ ဖြစ်သည်။

၂၀၂၄ ခုနှစ် နှောင်းပိုင်းလများက ဖြစ်စဉ်များကို ကြည့်ပါက အထက် မင်းလှ၊ မလွန်နယ်ရှိ ကပစ စက်ရုံများက ထုတ်နုတ်အင်အားများနှင့် မကွေးတပ်နယ်မှ ထုတ်နုတ်အင်အားများ ပူးပေါင်းပြီး စက်ရုံဝန်းကျင်၌ လှုပ်ရှားသွားလာမှုများ ရှိခဲ့သည်။

သို့သော် တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့မှုဖြစ်တိုင်း စစ်ကောင်စီဘက်က ခံလိုက်ရသည်ကိုသာ တွေ့ရသည်။ ထို့အတူ မကွေးမြောက်ပိုင်းက ကပစ စက်ရုံများဘက်ကို ကြည့်သည့်အခါ ဆောမြို့မှ လောင်းရှည်မြို့ဘက် သွားသည့် စစ်ကြောင်းကို ဒီဇင်ဘာလကုန်ပိုင်းက ကြားဖြတ်တိုက်သဖြင့် စစ်ကြောင်း နောက်ဆုတ်သွားသည်ကို တွေ့ရသည်။

ကပစ စက်ရုံ အများစုသည် ပြည်သူပိုင်မြေများကို တပ်မြေအဖြစ် မတရား သိမ်းထားခြင်းဖြစ်၍ ကပစ စက်ရုံအနီးတွင် နေထိုင်ကြသည့် ပြည်သူများနှင့် စည်းရုံးရေး မကောင်းသည့် အနေအထားတွင်ရှိသည်။

ထို့ကြောင့် ကပစများကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်လာပါက စစ်ကောင်စီအနေဖြင့် ကပစရှိ အင်အားများနှင့် ခုခံရန် မဖြစ်နိုင်ကြောင်း တွေ့ရသည်။ စစ်ကောင်စီဘက်က ခြေလျင်တပ်များကို ပို့၍ ကပစများ လုံခြုံရေးအတွက် အင်အားဖြည့်တင်းခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခြင်းမျိုးများ ဆောင်ရွက်၍ ခုခံနိုင်သည်။

နောက်ထပ် တိုက်စစ်မြားဦးဖြစ်သည့် ပဲခူးတိုင်းဘက်ကို ကြည့်ပါက တောင်ကုတ်-ပန်းတောင်း-ပြည်လမ်းပေါ်ရှိ အစွန်ဆုံးစခန်း တောင်ပုံကြီးကို ဇန်နဝါရီလ ၇ ရက်တွင် AA က သိမ်းပိုက်ခဲ့သည်။

ထို့နောက်တွင် ပဲခူးတိုင်းအတွင်း AA ထိုးစစ် ဝင်မလာစေရန် ရခိုင်နှင့် ပဲခူးအစပ်ရှိ မိုးထိနယ်ခြားစခန်းတွင် တောင်ပုံကြီးစခန်းက ပြေးလာကြသူများနှင့် အင်းမအခြေစိုက် တပ်မ ၆၆ က အင်အားများကိုပါ စစ်ကူအင်အား ဖြည့်ထားကြောင်း သိရသည်။

တောင်ကုတ်-ပန်းတောင်း-ပြည်လမ်း မြေအနေအထားအရ မိုးထိစခန်း မရောက်မီ တော်လှန်ရေးဘက်က နယ်မြေအသာစီးရသွားလျှင် စစ်ကောင်စီဘက်က အချိန်တိုအတွင်း ပြန်ဆုတ်သွားမည့် အနေအထားကို တွေ့ရသည်။

လက်ရှိအနေအထားအရ AA တည်ထားသည့် တိုက်စစ်မြားဦး သုံးခုအနက် ဧရာဝတီဒေသ၌ ထိုးစစ်အရှိန် မြှင့်တင်နေကြောင်း တွေ့ရသည်။

RelatedPosts

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
3.6k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
2.4k
ကျောက်ဖြူတိုက်ပွဲဧရိယာ ပိုမိုကျယ်ပြန့်လာ

ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

7 January 2026
1.6k

ဧရာဝတီတိုင်းအခြေစိုက် နတခ အတွင်းရှိ စစ်ကောင်စီ ခြေလျင်၊ ခြေမြန်တပ် အတော်များများက ရခိုင်ကို စစ်ကူသွားရင်း တဝက်လောက်က ကုန်သွားခဲ့ပြီဟု ပြောလျှင်ရနိုင်သည်။ ကျန်ရှိသည့် စစ်သား အင်အားများကလည်း အတင်းအဓမ္မ လူသစ် စုဆောင်းခံထားရသူ အရေအတွက်က ပိုများနိုင်သည်။

ဧရာဝတီတိုင်းအခြေစိုက် နတခ အတွင်းရှိ စစ်ကောင်စီ ခြေလျင်၊ ခြေမြန်တပ် အတော်များများက ရခိုင်ကို စစ်ကူသွားရင်း တဝက်လောက်က ကုန်သွားခဲ့ပြီဟု ပြောလျှင်ရနိုင်သည်။ ကျန်ရှိသည့် စစ်သား အင်အားများကလည်း အတင်းအဓမ္မ လူသစ် စုဆောင်းခံထားရသူ အရေအတွက်က ပိုများနိုင်သည်။

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ ဆိုသည်မှာ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိချိန်ကစပြီး သူပုန် မွေးထုတ်ပေးခဲ့သည့်ဒေသဟု စစ်အာဏာရှင်ဟောင်းများက ပြောဆိုခဲ့ကြကြောင်း ကြားဖူးသည်။

ယခု စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးကာလတွင်လည်း တော်လှန်ရေးဘက်သို့ ပါလာသည့် တော်လှန်ရေး ရဲဘော်အင်အားများတွင် ဧရာဝတီတိုင်းသားများ အများစု ပါဝင်နေသည်ကိုတွေ့ရသည်။

ဧရာဝတီဒေသသည် အာဏာသိမ်းကာလအတွင်း ပုံမှန်အခြေအနေလို ဖြစ်နေသော်လည်း ဧရာဝတီတိုင်းသား အများစုမှာ တခြားနယ်များတွင် တိုက်ပွဲဝင်ရင်း စစ်ရေးအတွေ့အကြုံများ ရယူခဲ့ကြသည်ကို တွေ့ရသည်။

ထို့ကြောင့် AA နှင့် နယ်ခံအများစု ပါဝင်သည့် တော်လှန်ရေးအင်အားစုများဘက်က စစ်ကောင်စီ၏ နတခနယ်မြေ ဧရာဝတီတိုင်းကို တိုက်ခိုက်လျှင် စစ်ကောင်စီဘက်က ရေရှည် ခုခံရန် ခက်ခဲနိုင်သည့် အနေအထားတွင် ရှိနေသည်။

အမ်းနှင့် မင်းဘူးခရိုင်အစပ်ရှိ ရခိုင်ရိုးမဒေသပြ မြေပုံ (ဧရာဝတီ)

သမိုင်းကြောင်းအရ မြစ်ဝကျွန်းပေါ် စစ်ဆင်ရေးများတွင် စစ်တပ်က အသာစီးရခဲ့သည်မှာ လေကြောင်းအရေးသာမှု ရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ ကွင်းပြင်များ၊ မြေပြန့်များ ပေါများသည့် မြစ်ဝကျွန်းပေါ်ဒေသတွင် မြေပြင်၌ စစ်ကြောင်းထိုး၍ အပေါ်က လေကြောင်းပစ်အားသုံး တိုက်ခိုက်သည့် ဗျူဟာကို စစ်တပ်က သုံးခဲ့ကြောင်းတွေ့ရသည်။

ယခု ကာလတွင် လေကြောင်းအရေးသာမှုနှင့် ပတ်သက်၍ တော်လှန်ရေးဘက်က လေယာဉ်များ ပိုင်ဆိုင်မှု မရှိသေးသော်လည်း ဒရုန်းနည်းပညာပိုင်းနှင့် စိတ်ဓာတ်ပိုင်းတွင် အားသာကြောင်း တွေ့ရသည်။ ထို့ကြောင့် သူတင်ကိုယ်တင် တိုက်ခိုက်ကြမည်ဆိုပါက တော်လှန်ရေးအင်အားစုများဘက်ကသာ အနိုင်ရယူသွားနိုင်ဖွယ် ရှိသည်။

လတ်တလောတွင် စစ်ကောင်စီဘက်က တတိယမြောက် လက်လွှတ်ရသည့်တိုင်းမှာ နတခ ဖြစ်သည်ဟု ကြိုတင် ခန့်မှန်းရန်မှာ အနည်းငယ် စောနေလိမ့်မည် ထင်သည်။ သို့သော် AA နှင့် မဟာမိတ် ဧရာဝတီက တော်လှန်ရေးတပ်များ ဟန်ချက်ညီညီ ပေါင်းစပ်ပြီး တိုက်ခိုက်နိုင်မည်ဆိုပါက နတခ သည် တတိယမြောက် လက်လွှတ်ရသည့် စစ်ကောင်စီ၏ စစ်တိုင်းတခု ဖြစ်သွားနိုင်မည် ထင်ပါသည်။

အရေးကြီးသည့်အချက်မှာ နတခ အတွင်း စစ်ရှိန်မြှင့်နေချိန်တွင် တပြိုင်နက်တည်း အခြားဒေသများတွင်လည်း တော်လှန်ရေးအင်အားစုများက တိုက်ကွက်ဖော်ကြမည်ဆိုပါက စစ်ကောင်စီသည် ဧရာဝတီဒေသ တခုတည်းကို အာရုံစိုက် ကိုင်တွယ်ရန် ခက်ခဲသွားစေမည်ဖြစ်ပါသည်။

“စစ်ကောင်စီ အခက်၊ တော်လှန်ရေးအတွက် အချက်” ဟု ဆိုရမည်ဖြစ်သည်။ ထိုသို့ ဆောင်ရွက်မည်ဆိုပါက ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) ကို တော်လှန်ရေးအင်အားစုများက သိမ်းယူနိုင်မည်ဟု ထင်မြင်မိပါသည်။

(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)

You may also like these stories:

ရခိုင်ပြည်မှာ AA တိုက်ခိုက်ဖို့ သုံးမြို့သာကျန်ရှိ (ရုပ်/သံ)

အမ်း-ပဒါန်းလမ်းပေါ်မှ စခန်းများ AA ပူးပေါင်းတပ်တို့ တိုက်ခိုက်

ရခိုင်မှာ အပစ် မရပ်ဘူးလို့ AA တရားဝင်ထုတ်ပြော(ရုပ်/သံ)

ပစ်မှတ်ဖြစ်လာတော့မည့် စစ်လက်နက်ထုတ် ကပစ စက်ရုံများ

Your Thoughts …
Tags: AASliderစစ်ကောင်စီစစ်အာဏာသိမ်းမှုတရုတ်တော်လှန်ရေးအင်အားစုရခိုင်ပြည်နယ်လေကြောင်းတိုက်ခိုက်မှုအတင်းအကျပ်လူသစ် စုဆောင်းမှုအာရက္ခတပ်တော်ဧရာဝတီတိုင်း
စွယ်တော်

စွယ်တော်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၂၄ ခုနှစ် NUG အစိုးရအပေါ် သုံးသပ်ချက် (ရုပ်/သံ)

၂၀၂၄ ခုနှစ် NUG အစိုးရအပေါ် သုံးသပ်ချက် (ရုပ်/သံ)

စစ်ရေးအရှိန်မြင့်လာနိုင်သည့် ယောဒေသ

စစ်ရေးအရှိန်မြင့်လာနိုင်သည့် ယောဒေသ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved