ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) ဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်ချိန်မှာ မြို့တော် စစ်တွေ အပါအဝင် ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေပဲ တိုက်ခိုက်သိမ်းပိုက်ဖို့ ကျန်ရှိတော့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဧရာဝတီကို ပြောပါတယ်။
၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ ၁၃ ရက်နေ့က တကျော့ပြန်စတင်လိုက်တဲ့ AA ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တနှစ်အတွင်း ရခိုင်ပြည်နယ်က စစ်ကောင်စီအခြေစိုက်ရာတပ်စခန်းတွေ၊ လေဆိပ်တွေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့ အပါအဝင် မြို့ပေါင်း ၁၁ မြို့ကို အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
သိမ်းပိုက်ရရှိထားပြီးမြို့တွေမှာ စစ်ကောင်စီတပ်တွေနဲ့ သူတို့ရဲ့အုပ်ချုပ်ရေးယန္တရား မရှိတော့ပဲ AA က အုပ်ချုပ်ရေးယန္တရား စတင်နေပြီဖြစ်ကာ အုပ်ချုပ်ရေး၊လုံခြုံရေး၊ တရားစီရင်ရေးနဲ့ ပြည်သူ့ဝင်ဆောင်မှုတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













