• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

လေကြောင်းတိုက်ခိုက်မှုကြားက ပွင့်လင်းရာသီ အညာစစ်ဆင်ရေး

by ဧရာဝတီ
15 November 2024
in သူ့အတွေး သူ့အမြင်
A A
လေကြောင်းတိုက်ခိုက်မှုကြားက ပွင့်လင်းရာသီ အညာစစ်ဆင်ရေး

မန္တလေး PDF တပ်ဖွဲ့ဝင်များ / AFP

3.4k
VIEWS
Share on FacebookShare on Twitter

အောက်တိုဘာလနှောင်းပိုင်းမှ စတင်ပြီး ဒီမိုကရေစီလိုလားသော တော်လှန်တိုက်ခိုက်ရေးသမားများသည် မြန်မာတွင် ဒုတိယအကြီးဆုံးမြို့ မန္တလေးမှ ကီလိုမီတာအနည်းငယ်အထိ ချီတက်လာကြသည်။ ထိုသို့ ချီတက်လာခြင်းသည် မြန်မာပြည်တွင်းစစ်တွင် ထူးခြားသော အပြောင်းအလဲဖြစ်သည်။

မြန်မာပြည်တွင်းစစ်သည် လက်ရှိ အချိန်မတိုင်မီအထိ တိုင်းရင်းသား ပြည်နယ်များမှ တောတောင်များတွင်သာ အဓိကဖြစ်ပွားပြီး ထိုတောတောင်များတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်နီတပ်မတော် (KA) နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကဲ့သို့သော အဖွဲ့အစည်းများသည် ကနဦးတွင် ၎င်းတို့၏ ဘိုးဘွားဇာတိမြေများနှင့် ထိုနယ်မြေ ပတ်ဝန်းကျင်ဒေသများကို ပြန်လည်ရရှိရေးအတွက် ပိုအာရုံစိုက်ကြသည်။

အဓိကကျသည့် တိုင်းရင်းသားတပ်မတော်များ စုပေါင်းပြီး ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသ အများအပြားကို တိုက်ခိုက်သိမ်းပိုက်သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက စတင်သည့် ထိုးစစ်တွင် တိုက်ပွဲနယ်ပယ် သိသိသာသာ ကျယ်ပြန့်လာပြီး မြန်မာစစ်တပ် ထိန်းချုပ်ဒေသများကို ကျဉ်းမြောင်းသွားစေကာ မြို့ကြီးများတွင်သာ ကန့်သတ်ထားလိုက်သည်။

မန္တလေးသို့ ချဉ်းကပ်လာခြင်းသည် မြန်မာပြည်တွင်းစစ်၏ အဆင့်သစ်ဖြစ်သည်။ ထိုသို့ ချဉ်းကပ်လာခြင်းက တော်လှန်ရေးအင်အားစုများသည် ညီညွတ်ပြီး နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးအချက်အခြာ ဒေသကို သိမ်းပိုက်ရန် ဆုံးဖြတ်ထားကြောင်း စစ်ကောင်စီထံ ခိုင်မာသော သတင်းစကား ပေးပို့လိုက်ခြင်း ဖြစ်သည်။ တော်လှန်ရေးအင်အားစုများသည် မြို့ပြ စစ်ရေးရည်မှန်းချက်ရှိကြောင်း မီးမောင်းထိုးပြနေခြင်း ဖြစ်သည်။

မန္တလေးသို့ ချဉ်းကပ်လာခြင်းသည် မြန်မာပြည်တွင်းစစ်၏ အဆင့်သစ်ဖြစ်သည်။ ထိုသို့ ချဉ်းကပ်လာခြင်းက တော်လှန်ရေးအင်အားစုများသည် ညီညွတ်ပြီး နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးအချက်အခြာ ဒေသကို သိမ်းပိုက်ရန် ဆုံးဖြတ်ထားကြောင်း စစ်ကောင်စီထံ ခိုင်မာသော သတင်းစကား ပေးပို့လိုက်ခြင်း ဖြစ်သည်။ တော်လှန်ရေးအင်အားစုများသည် မြို့ပြ စစ်ရေးရည်မှန်းချက်ရှိကြောင်း မီးမောင်းထိုးပြနေခြင်း ဖြစ်သည်။

ပွင့်လင်းရာသီ စစ်ဆင်ရေး

ကျေးလက်ဒေသ အများအပြားကို ပြန်လည် သိမ်းပိုက်ခြင်းကဲ့သို့ လွန်ခဲ့သောနှစ်က စစ်ရေးအောင်မြင်မှု အများအပြား ရှိသော်လည်း မြန်မာဒီမိုကရေစီအင်အားစု တော်လှန်ရေးအဖွဲ့များသည် စစ်တပ်၏ လေကြောင်းအသာစီးရမှုကို ဆက်လက် ရုန်းကန်ရင်ဆိုင်နေရသည်။

တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များနှင့် ဒရုန်းများသည် ထိခိုက်သေဆုံးမှု အများအပြားကို ဖြစ်စေပြီး တိုက်ခိုက်ခံရသူများတွင် အရပ်သားများ ပိုမိုပါဝင်လာနေသည်။ နိုဝင်ဘာလတွင် မိုးရာသီမှ ဆောင်းရာသီသို့ ဝင်ရောက်လာသောအခါ ပိုမိုခြောက်သွေ့သော ရာသီဥတုသည် ရှင်းလင်းသည့် ကောင်းကင်ကို ဖြစ်စေပြီး စစ်မြေပြင်ကို ပိုမိုရိုက်ခတ်ဖွယ် ရှိနေသည်။

မန္တလေး PDF ဒရုန်းတပ်ဖွဲ့ / AFP

ထိုအပြောင်းအလဲသည် ဗုံးကြဲတိုက်ခိုက်ရန်၊ ထောက်ပံ့ရေးပစ္စည်းနှင့် တပ်ကူများ သယ်ယူပို့ဆောင်ရန် ပိုမိုလွယ်ကူစေကြောင်း၊ ကောင်းမွန်သော ရာသီဥတုသည် စစ်ကောင်စီတပ်ကို အားသာစေကြောင်း Free Burma Ranger စစ်မြေပြင် အကူအညီပေးရေးအဖွဲ့ ခေါင်းဆောင်နှင့် ယခုပဋိပက္ခတွင် ၂၅ နှစ် အတွေ့အကြုံရှိသူ ဒေးဗစ်ယူဘန့်က Geopolitical Monitor ကို ပြောသည်။

မိုးရာသီကုန်သောအခါ စစ်တပ်သည် ထိုးစစ်ဆင်သည့် ထုံးစံရှိပြီး ယခုနှစ်တွင်လည်း ထိုသို့လုပ်ဖွယ်ရှိနေကာ အင်အား အလုံးအရင်း အသုံးပြုမည်ဟု မျှော်လင့်နိုင်သည်။ အတင်းအကျပ် စစ်သားစုဆောင်းမှု စတင်ပြီးနောက် စစ်တပ်သည် အင်အား အနည်းဆုံး ၃ သောင်း ထပ်မံ ဖြည့်တင်းထားသည်။

သို့သော် စစ်တပ်အတွင်း အတင်းအကျပ် ဝင်ခိုင်းထားသူများသည် လက်တွေ့စစ်မြေပြင်တွင် ကြံ့ကြံ့ခံ တိုက်ပွဲဝင်မည်ဟု တထစ်ချ မသတ်မှတ်နိုင်ပေ။ ထို့ကြောင့် လူသစ်များကို ထိုးစစ်ဆင်ရေးထက် ခံစစ်ဆင်ရာ၌ ပိုအသုံးချဖွယ် ရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ကိုယ်စားလှယ်များ၏ အဆိုအရ စစ်ကောင်စီအဖွဲ့ဝင်များသည် ၎င်းတို့၏ အခိုင်အမာဒေသများတွင် မြေမြှုပ်မိုင်း၊ ဒရုန်းရာပေါင်းများစွာနှင့် တော်လှန်ရေးအင်အားစုများ၏ လက်လုပ်ဒရုန်းများကို တားဆီးရန် ဂျမ်မာများဖြင့် အကာအကွယ်ယူကာ ဆက်လက် ခြေကုပ်ယူထားကြောင်း သိရသည်။

ဒရုန်းစစ်ရေး ဆင့်ကဲဖြစ်ပေါ်တိုးတက်မှုသည် အခြေအနေများ မြန်ဆန်စွာ ပြောင်းလဲနိုင်သည်။ ကောလိပ်ကျောင်းသားများ၊ အင်ဂျင်နီယာကျောင်းသားများနှင့် သတင်းနည်းပညာ ကျွမ်းကျင်သူများသည် မြို့ပြများမှ ထွက်ပြေးပြီး တော်လှန်ရေးအင်အားစုများတွင် ဒရုန်းပြုလုပ်သူများအဖြစ် ပါဝင်ကြသောကြောင့် တော်လှန်ရေးအင်အားစုများသည် ကနဦးတွင် ဒရုန်းအားသာချက် ရှိသည်။

ဒရုန်းစစ်ရေး ဆင့်ကဲဖြစ်ပေါ်တိုးတက်မှုသည် အခြေအနေများ မြန်ဆန်စွာ ပြောင်းလဲနိုင်သည်။ ကောလိပ်ကျောင်းသားများ၊ အင်ဂျင်နီယာကျောင်းသားများနှင့် သတင်းနည်းပညာ ကျွမ်းကျင်သူများသည် မြို့ပြများမှ ထွက်ပြေးပြီး တော်လှန်ရေးအင်အားစုများတွင် ဒရုန်းပြုလုပ်သူများအဖြစ် ပါဝင်ကြသောကြောင့် တော်လှန်ရေးအင်အားစုများသည် ကနဦးတွင် ဒရုန်းအားသာချက် ရှိသည်။

ယခုအခါ စစ်တပ်သည်လည်း ရုရှားထံမှ ယူကရိန်းစစ်ပွဲ အတွေ့အကြုံကို အခြေခံသည့် လမ်းညွှန်အကူအညီများ ရနေသည်ဟု ယူဆရသည်။ ယခုနှစ်အစောပိုင်းတွင် စစ်တပ်သည် မောင်းသူမဲ့လေယာဉ် စစ်ရေးညွှန်ကြားရေးမှူးရုံးကို ထူထောင်ပြီး ထိုဌာနသည် ပိုမိုအဆင့်မြင့်သော နည်းပညာနှင့် ရုရှား၊ တရုတ်တို့ကသာမက အီရန်နှင့် မြောက်ကိုရီးယားမှ ထောက်ပံ့သည့် ပိုမိုများပြားသော ဒရုန်းများဖြင့် စစ်ကောင်စီကို ဒရုန်းနယ်ပယ်တွင် လေကြောင်းအသာစီးရစေသည်။

ထိုပြောင်းလဲနေသော စစ်ရေးအခြေအနေအား ကရင်ဒုက္ခသည်တဦးက “အခု စစ်တပ်မှာ ကွန်ပျူတာတွေ၊ ဂျီပီအက်စ်တွေ ရှိနေတယ်။ သူတို့က လိုက်ကြည့်နေစရာတောင် မလိုဘူး။ ညဘက်အမှောင်ထဲမှာ ပျံသန်းပြီး ကျနော်တို့ (ရွာပေါ်) ကို တိုက်ရိုက် ဗုံးကြဲလို့ရတယ်” ဟု မှတ်ချက်ပေးသည်။

ပွင့်လင်းရာသီနှင့် တပ်များဖွဲ့စည်းတည်ဆောက်ပုံသည် စစ်တပ်ကို ကောင်းကျိုး ပေးနိုင်သော်လည်း ထိုအားသာချက်သည် အဆုံးအဖြတ်ဖြစ်မည်ဟု အတိအကျ မပြောနိုင်ကြောင်း ဒေးဗစ်ယူဘန့်က ပြောသည်။

“တော်လှန်ရေးအင်အားစုတွေကလည်း သူတို့ထောက်ပံ့ရေးအတွက် ပိုမိုကောင်းမွန်တဲ့လမ်းတွေကို သုံးနိုင်တယ်။ ပွင်လင်းရာသီကြောင့် သူတို့လည်း ဒရုန်းတွေကို ပိုမို ထိထိရောက်ရောက်သုံးနိုင်တယ်” ဟု ၎င်းကပြောသည်။

ပွင့်လင်းရာသီသည် စစ်တပ်ကို ယခင်က အခွင့်သာစေသော်လည်း ၂၀၂၄ ခုနှစ်တွင် အခြေအနေ ပြောင်းလဲနေသည်ဟု ယုံကြည်ရန် အကြောင်းရင်းများစွာ ရှိနေသည်။ တော်လှန်ရေးအင်အားစုသည် ကိုယ်ပိုင် ဒရုန်းများရှိနေပြီး ထရပ်ကားများ အသုံးပြုနိုင်သည့်လမ်းများ အသုံးပြုနိုင်သည့် ပိုမိုကျယ်ပြန့်သော နယ်မြေများကို သိမ်းပိုက်ထားပြီး စစ်တပ်၏ ယခင် အားသာချက်အချို့ကို ပြန်လည်ချိန်ညှိနိုင်သည်။

တော်လှန်ရေးအင်အားစုများ၏ အညာထိုးစစ်

လာမည့်နှစ် စစ်ပွဲကို အဓိကအားဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ဗမာလူမျိုးစုအခြေပြု ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) နှင့် အခြား နွေဦးတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။

လက်တွေ့တွင်လည်း PDF တပ်များ မန္တလေးကို ဒုံးကျည်ဖြင့် ပစ်နိုင်သည့် အကွာအဝေးသို့ ရွှေ့ပြောင်းလာပြီဖြစ်ကာ မန္တလေး PDF သည် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် တွဲပြီး ရှမ်း-မန်းစစ်ဆင်ရေးအမည်အောက်တွင် မန္တလေးတိုင်းမြောက်ပိုင်းသို့ ဝင်စီးပြီး စစ်ကောင်စီကို ခြိမ်းခြောက်နေသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ထောက်ပံ့သော စစ်ကိုင်း PDF သည်လည်း သေနင်္ဂဗျူဟာအရ အရေးပါသည့် ပင်လယ်ဘူးမြို့ကို အောက်တိုဘာလ ၈ ရက်နေ့တွင် ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့သည်။

ရှမ်းမြောက်ဒေသ၌ တိုင်းရင်းသားမဟာမိတ်တပ်များနှင့်အတူ တိုက်ပွဲများစွာ ပါဝင်ခဲ့သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့သည် အညာဒေသ၌ အခြေချပြီး စစ်ရေးဖော် ဆောင်တော့မည်ဖြစ်ကြောင်း ကြေညာထားသည်။

တချိန်တည်းတွင်ပင် BPLA နှင့် PLA တို့ကဲ့သို့ NUG ကို သစ္စာမခံသော ဗိုလ်နဂါး၏ ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် (BNRA)နှင့် မဟာမိတ်များက စစ်ကိုင်းတိုင်း မုံရွာမြို့နှင့် မိုင် ၃၀ကျော် ဝေးသည့် ပုလဲမြို့ကို ဝင်တိုက်သည်။

မေးစရာ မေးခွန်းမှာ မြန်မာနိုင်ငံအလယ်ပိုင်းမှ စစ်ဆင်ရေးများကို အကောင်အထည် မည်သို့ဖော်မည်နည်း။ အရင်အတိုင်း ပြောက်ကျားပစ်ပြီး ပြန်ဆုတ်ခွာမည်လား၊ စစ်တပ်ကို ချေမှုန်းပြီး လွတ်မြောက်ဒေသ ထူထောင်နိုင်မည်လား။

မေးစရာ မေးခွန်းမှာ မြန်မာနိုင်ငံအလယ်ပိုင်းမှ စစ်ဆင်ရေးများကို အကောင်အထည် မည်သို့ဖော်မည်နည်း။ အရင်အတိုင်း ပြောက်ကျားပစ်ပြီး ပြန်ဆုတ်ခွာမည်လား၊ စစ်တပ်ကို ချေမှုန်းပြီး လွတ်မြောက်ဒေသ ထူထောင်နိုင်မည်လား။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တပ်ဖွဲ့ဝင်များ

နိုဝင်ဘာ ၁၂ ရက်နေ့က ပြုလုပ်သော အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် NUG သည် မြန်မာ့စစ်အာဏာရှင်စနစ်ကို ချေမှုန်းရန် ရည်ရွယ်သည့် မြေပြင်အဆင့် ဗျူဟာမြောက် စစ်ဆင်ရေးစီမံချက်ကို အကောင်အထည်ဖော်ရန် တော်လှန်ရေးအင်အားစုများအား ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ကြောင်း ပြောသည်။ NUG ၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က တော်လှန်ရေးအဖွဲ့များကြားတွင် ရေရှည်တည်တံ့သော ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို အလေးပေးကြောင်း ပြောသည်။

တော်လှန်ရေးအင်အားစုအတွက် ညီညွတ်ရေးသည် အင်အားအကြီးမားဆုံး လက်နက်ဖြစ်သည်။ မြန်မာသည် စစ်ကောင်စီကို ဖြုတ်ချရေးနှင့် စစ်တပ်ကို ချေမှုန်းရေး ဘုံရည်မှန်းချက်အတွက် တိုင်းရင်းသားတပ်မတော် အများအပြားနှင့် PDF များအကြား ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်ထောက်ပံ့မှုရှိသည့် “ကွန်ရက်ဖွဲ့ တော်လှန်ရေး” တိုးတက်လာသည်ကို တွေ့ကြုံနေရသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ဒေးဗစ်ယူဘန့်က “အရေးအကြီးဆုံးက တော်လှန်ရေးအင်အားစု ဆက်လက်ညီညွတ်၊ ညှိနှိုင်းဆောင်ရွက်ပြီး ကြားညပ်နေသူတွေကို စည်းရုံးပြီး စစ်တပ်ကို အင်အားချိနဲ့အောင် လုပ်ရာမှာ တစိုက်မတ်မတ် ရှိဖို့ပဲ။ တချို့တွေက အာဏာရှင်စနစ်ကို မကြိုက်ပေမယ့် တော်လှန်ရေးကို တက်တက်ကြွကြွ မထောက်ခံကြဘူး။ သူတို့ရဲ့ တိတ်ဆိတ်တဲ့ ထောက်ခံမှုရဖို့ကလည်း အရေးကြီးတယ်” ဟု ပြောသည်။

တော်လှန်ရေး စိတ်အားထက်သန်မှု

လတ်တလော အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံက စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အာဏာသိမ်း စစ်ကောင်စီကို ဗြောင်ကျကျ ထောက်ခံလိုက်ပြီး နယ်စပ်ကို ပိတ်ကာ တိုင်းရင်းသားလက်နက်ကိုင်များ အပစ်ရပ်ရန် အပြင်းအထန် ဖိအားပေးနေသည်။ တရုတ်မှ တင်သွင်းနေသော လောင်စာဆီ၊ ရိက္ခာ၊ ဆေးဝါးတို့ ပြတ်လပ်လာပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ထောက်ပံ့ရေးလမ်းကြောင်း ပိတ်ဆို့နေသည်။

ဖိအားနှင့် အကန့်အသတ်များ ရှိနေသော်လည်း တော်လှန်ရေးအင်အားစုများ စိတ်အားတက်ကြွဆဲ ဖြစ်သည်။ ထိခိုက်ဒဏ်ရာများနှင့် သေကြေဆုံးရှုံးမှုများ ရှိနေကြပြီး နိုင်ငံရေး ရည်မှန်းချက်များ ကွဲပြားသည့်တိုင် စစ်အာဏာရှင် တိုက်ဖျက်ရေးနှင့် ဖယ်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ် တည်ထောင်ရေးအိပ်မက်က ၎င်းတို့ကို စုစည်းထားသည်။

လှုပ်ရှားနေသည့် အစိတ်အပိုင်း အများအပြားပါဝင်ပြီး မသိနိုင်သည့် ပြောင်းလဲနေသော အခြေအနေများအရ ရှေ့ဆက် မည်သို့ဖြစ်မည်ကို ကြိုတင်ခန့်မှန်းရန် ပိုမိုခက်ခဲလာနေသည်။

ဖိအားနှင့် အကန့်အသတ်များ ရှိနေသော်လည်း တော်လှန်ရေးအင်အားစုများ စိတ်အားတက်ကြွဆဲ ဖြစ်သည်။ ထိခိုက်ဒဏ်ရာများနှင့် သေကြေဆုံးရှုံးမှုများ ရှိနေကြပြီး နိုင်ငံရေး ရည်မှန်းချက်များ ကွဲပြားသည့်တိုင် စစ်အာဏာရှင် တိုက်ဖျက်ရေးနှင့် ဖယ်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ် တည်ထောင်ရေးအိပ်မက်က ၎င်းတို့ကို စုစည်းထားသည်။ ထိုစိတ်အားထက်သန်မှုကြောင့် တော်လှန်ရေးအင်အားစုများသည် ထိခိုက်မှုများ မြင့်မားနေသော်လည်း ဆက်လက် တိုက်ပွဲဝင်နိုင်ကြသည်။

သေချာသည်မှာ အချို့သော နည်းလမ်းများဖြင့် မြန်မာပြည်တွင်းစစ်သည် အတိုင်းအတာကြီးမားသည့် အသေအကျေ တိုက်ပွဲဖြစ်လာနေပြီး တဖက်နှင့် တဖက် အခွင့်ကောင်း စောင့်နေကြပြီ ဖြစ်သည်။

ကိုးကား။ ။ Geopolitical Monitor ပါ Antonio Graceffo ၏ Myanmar Civil War: New Season, New Breakthroughs?

You may also like these stories:

မြန်မာ့တော်လှန်ရေး ကွန်ရက်သစ်

ရှမ်းမြောက်က တော်လှန်ရေးတပ်တို့ ပွင့်လင်းရာသီ အညာ ဆင်းမည်

“BPLA အညာကို ဝင်တယ် ပြောတာထက် အညာကို ပြန်လာတယ်လို့ပဲ ပြောရမှာ”

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
742
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
3.3k
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
670

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

တော်လှန်ရေး အင်အားစုက မန္တလေးကို ဝင်သိမ်းမလား

မန္တလေးမြောက်ပိုင်း စစ်ဆင်ရေးနှင့် အောင်ပွဲများ အပိုင်း ၁

Your Thoughts …
Tags: KAKIAKNLAKNPPNUGPDFSliderSSAUWSAစစ်ကောင်စီစစ်အာဏာသိမ်းမှုတိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတော်လှန်ရေးအင်အားစုဒရုန်းတိုက်ခိုက်မှုပြည်တွင်းစစ်မန္တလေးမြေမြှုပ်မိုင်းယူကရိန်းရာသီဥတုရုရှားလေကြောင်းတိုက်ခိုက်မှုအတင်းအကျပ် စစ်သားစုဆောင်းမှုအပစ်အခတ်ရပ်စဲရေးအမျိုးသားညီညွတ်ရေးအစိုးရ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စီအိုင်အေ ဘာလုပ်နေလဲ စစ်ထောက်လှမ်းရေးဟောင်းများအား တရုတ် စူးစမ်း

စီအိုင်အေ ဘာလုပ်နေလဲ စစ်ထောက်လှမ်းရေးဟောင်းများအား တရုတ် စူးစမ်း

တရုတ်အပေါ် သဘောထားတင်းမာသူများ ထရမ့်အစိုးရတွင် ဦးဆောင်ခန့်ထား

တရုတ်အပေါ် သဘောထားတင်းမာသူများ ထရမ့်အစိုးရတွင် ဦးဆောင်ခန့်ထား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved