၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်တွင် မြန်မာမှ တော်လှန်စစ်ရေးသည် အခြေခံကျကျ ပြောင်းလဲသွားသည်။ ကွန်ရက်ဗဟိုပြု စစ်ရေးဆိုသည်မှာ သမားရိုးကျစစ်တပ်များ၏ နည်းပညာနှင့် သတင်းအချက်အလက်ဆိုင်ရာ အားသာချက်များကို ရည်ညွှန်းလျှင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) အကြား ၎င်းတို့ကို ချိတ်ဆက်ပေးသော ယေဘုယျ အကြောင်းရင်း တခုအတွက် ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန် ထောက်ပံ့မှုပုံစံများနှင့်အတူ မြန်မာမှ ကြီးထွားနေသည့် ကွန်ရက်ပုန်ကန်မှုတခု ရှိသည်။
၎င်းတို့ကို ချိတ်ဆက်ပေးသည့် ယေဘုယျအကြောင်းရင်းမှာ စစ်ကောင်စီကို အမြစ်ဖြတ်ရေးနှင့် စစ်ကောင်စီတပ် လက်နက်ချရေး ဖြစ်သည်။
ပုန်ကန်မှု ဖြစ်ပေါ်တိုးတက်ရေး အဓိက သဘောတရားရေးဆရာများအနက် တဦးဖြစ်သည့် ယခင် အမေရိကန် ကြည်းတပ်ကောလိပ်မှ ပါမောက္ခ စတီဗင်မက်ဇ်က “နောင်လာမည့်မျိုးဆက် ပုန်ကန်မှု၏ စိန်ခေါ်မှုများ” အကြောင်း သြဂုတ်လတွင် ရေးသားခဲ့သည်။
“နိုင်ငံတော်က ပစ်မှတ်ထားနိုင်သော နိုင်ငံရေး သို့မဟုတ် စစ်ရေး စုစည်းမှု အနည်းငယ်ဖြင့် နောင်လာမည့်မျိုးဆက် ပုန်ကန်မှုများကို ကွန်ရက်များအဖြစ် ဖွဲ့စည်းမည်” ဟု ၎င်းက ရေးသားသည်။ “နိုင်ငံတော်များသည် ပိုမိုထိရောက်သော နည်းပညာအခြေပြု (အနာဂတ်တွင် ဉာဏ်ရည်တု [AI] အခြေပြု) ထောက်လှမ်းရေးစွမ်းရည် တိုးတက်လာချိန်တွင် ထိုဖွဲ့စည်းတည်ဆောက်ပုံသည် ရပ်တည်ရှင်သန်ရေး ယန္တရားဖြစ်မည်” ဟုလည်း ဒေါက်တာ စတီဗင်မက်ဇ်က ဆက်လက် ရေးသားသည်။
ကံမကောင်း အကြောင်းမလှသည်မှာ မြန်မာစစ်ကောင်စီသည် အဓိကကျသည့် ပုန်ကန်သူ တပ်ဖွဲ့ဝင်များနှင့် အခြေခံအဆောက်အအုံများကို လေကြောင်းနှင့် ဒရုန်းဖြင့် ပစ်မှတ်ထားနေနိုင်ဆဲဖြစ်သည်။ သို့သော် EAO ဌာနချူပ်များကို ဗုံးကြဲနေသော်လည်း အဓိကကျသည့် အဆင့်အထိ မလုပ်ဆောင်နိုင်သေးပေ။
ဒေါက်တာ မက်ဇ်က ပုန်ကန်မှု ဆင့်ကဲဖြစ်ပေါ် တိုးတက်မှုမှ လာသည့် ဦးတည်ဘက် လမ်းကြောင်း၏ ပုံစံတခုကို ထည့်သွင်းထားသည်။ ထိုပုံစံမှာ လက်နက်ကိုင်အုပ်စု လှုပ်ရှားမှု အပြောင်းအလဲပုံစံများ၏ ယေဘုယျ စာရင်းတခု ဖြစ်သည်။ အများအပြားကို မြန်မာတွင် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနိုင်သော်လည်း ၎င်းတို့သည် မြန်မာ၏ ထူးခြားမှုရှိသော သွင်ပြင်များကို ဖော်ပြသည်။ ထိုထူးခြားသည့် သွင်ပြင်များမှာ “အတုယူသည့် ပုန်ကန်မှု” များမှ “တီထွင်ဆန်းသစ်သည့် ပုန်ကန်မှု” များသို့ ပြောင်းလဲလာခြင်းဖြစ်သည်။
လက်နက်ကိုင်အုပ်စု အများအပြားသည် အတိတ်က ပုန်ကန်မှုများကို ပုံစံတမျိုးဖြင့် အတုယူလိုသည်သာမက ပုန်ကန်မှုဟောင်းများက ပြုလုပ်ခဲ့သည့် အမှားအမျိုးမျိုးမှလည်း လေ့လာလိုကြသည်။ ဥပမာအားဖြင့် အာရက္ခတပ်တော် (AA) သည် ဂန္တဝင် ပုန်ကန်မှုဖွဲ့စည်းပုံနှင့် တီထွင်ဆန်းသစ် ခေတ်မီသော သွင်ပြင်များကို အသေးစိတ် ပေါင်းစပ်ထားသည် အစုအဝေး ဖြစ်သည်။
မြန်မာတွင် ထိုသွင်ပြင် နှစ်ခုလုံး အကျုံးဝင်နေသည်။ လက်နက်ကိုင်အုပ်စု အများအပြားသည် အတိတ်က ပုန်ကန်မှုများကို ပုံစံတမျိုးဖြင့် အတုယူလိုသည်သာမက ပုန်ကန်မှုဟောင်းများက ပြုလုပ်ခဲ့သည့် အမှားအမျိုးမျိုးမှလည်း လေ့လာလိုကြသည်။
ဥပမာအားဖြင့် အာရက္ခတပ်တော် (AA) သည် ဂန္တဝင် ပုန်ကန်မှုဖွဲ့စည်းပုံနှင့် တီထွင်ဆန်းသစ် ခေတ်မီသော သွင်ပြင်များကို အသေးစိတ် ပေါင်းစပ်ထားသည် အစုအဝေး ဖြစ်သည်။ ထိုတီထွင်ဆန်းသစ် ခေတ်မီသော သွင်ပြင်များကို ၎င်းတို့သည် စစ်ကောင်စီကို ရခိုင်ပြည်နယ်မှ မောင်းထုတ်ရင်း နိုင်ငံရေး “ကွန်ဖက်ဒရေးရှင်း” သစ် တည်ဆောက်စဉ် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ဖော်ထုတ်ခဲ့သည်။
AA သည် အတိတ်က ရခိုင်ပုန်ကန်မှုများကို လေ့လာသင်ယူကြောင်း ထင်ရှားသော်လည်း ခေတ်ပြိုင် မြန်မာစစ်ရေးစစ်ရာတွင် တီထွင်ဆန်းသစ်သော ခေါင်းဆောင်ဖြစ်ရန်လည်း ဆုံးဖြတ်ထားသည်။ အာဏာသိမ်းပြီး နောက်ပိုင်းတွင် AA သည် အတုယူစရာ အရေးပါသောအဖွဲ့အစည်း ဖြစ်လာသည်။
ပဋိပက္ခလေ့လာမှုများတွင် “မြန်မာအတွက် လစ်ဟာမှု” ရှိနေသည်မှာ ကြာမြင့်ပြီ ဖြစ်သည်။ ပဋိပက္ခလေ့လာမှုများတွင် ပိုကျယ်ပြန့်သော အမြင်များနှင့် နှိုင်းယှဉ်မှုများကို အသုံးပြုခဲလှပြီး ပိုမိုကျယ်ပြန့်သော ပုန်ကန်မှု သုတေသနများတွင် မြန်မာစစ်ပွဲကို မလေ့လာသလောက်ပင် ဖြစ်သည်။
ထို့ကြောင့်ပင် မြန်မာမှ လက်နက်ကိုင်အုပ်စု ဖွဲ့စည်းတည်ဆောက်ပုံကို ပိုမိုစနစ်တကျ လေ့လာရန် လိုအပ်နေပြီး ၎င်းတို့ကို စေ့ဆော်သော အကြောင်းရင်းများ၊ စစ်ဆင်ရေးများ၊ ထိုးစစ်စွမ်းဆောင်ရည်၊ နည်းဗျူဟာနှင့် မဟာဗျူဟာ အမြင်များ၊ ပိုမိုအရေးကြီးသည်မှာ ၎င်းတို့၏ လူမှုတုံ့ပြန်ဆက်စပ်မှု စသည်တို့ကို ပိုမိုနက်ရှိုင်းသော ထိုးထွင်းသိမြင်မှု လိုအပ်သည်။
လက်နက်ကိုင်အုပ်စု ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပတ်သက်သည့် လုပ်ဆောင်ရန် သုတေသနအစိတ်အပိုင်း ရာပေါင်းများစွာ ရှိသော်လည်း ကျယ်ပြန့်သော သွင်ပြင် သုံးခုသည် ထင်ရှားသည်။ နှစ်ခုသည် အပြုသဘောဆောင်ပြီး ကျန်တခုသည် ဆန့်ကျင်ဘက် သဘောဆောင်သည်။ မဟာမိတ်တည်ဆောက်ခြင်း၊ စစ်ဘက်-အရပ်ဘက် ပေါင်းစပ်ခြင်းနှင့် မြန်မာနိုင်ငံအလယ်ပိုင်း၏ ကွန်ရက်ဆန့်ကျင်ရေးဇုန်တို့ ဖြစ်သည်။
မဟာမိတ်တည်ဆောက်ခြင်း
၁၀၂၇ စစ်ဆင်ရေးနှင့် အခြားပဋိပက္ခဇုန် အများအပြားမှ ထွက်ပေါ်လာသည့် အဓိက သင်ခန်းစာများအနက် တခုမှာ အာဏာသိမ်းမှုမတိုင်မီနှင့် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများအကြား လျော့ရဲသော မဟာမိတ်များ၏ ကွန်ရက်ဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေး အဆင့် နှစ်ခုလုံး၏ တပ်ဖွဲ့များ ဖွဲ့စည်းပုံမှာ စစ်ကောင်စီကို ဖြုတ်ချရေးနှင့် စစ်တပ်ကို ချေမှုန်းရေး ပူးတွဲစိတ်ပိုင်းဖြတ်မှုဖြစ်ကြောင်း ပြသနေသော်လည်း ခိုင်မာသော ညီညွတ်မှုထက် အလွတ်သဘော ပိုမိုဆောင်သည်။
စစ်ဆင်ရေးလုံခြုံမှု၊ တင်းကျပ်သော ခေါင်းဆောင်မှုနှင့် စီမံရေးအဝန်းအဝိုင်း၏ အရေးပါမှုကိုလည်း ၁၀၂၇ စစ်ဆင်ရေးက ပြသနေသည်။ ညီနောင်မဟာမိတ်အဖွဲ့တွင် AA, မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ပါဝင်ပြီး ထိုသုံးဖွဲ့လုံးသည် ၎င်းတို့၏ ပုန်ကန်မှုများ ဆောင်ရွက်ရာတွင် အတုယူခြင်းမှ တီထွင်ဆန်းသစ်ခြင်းသို့ လမ်းကြောင်းကို ကိုယ်စားပြုကြသည်။
စစ်ဆင်ရေးလုံခြုံမှု၊ တင်းကျပ်သော ခေါင်းဆောင်မှုနှင့် စီမံရေးအဝန်းအဝိုင်း၏ အရေးပါမှုကိုလည်း ၁၀၂၇ စစ်ဆင်ရေးက ပြသနေသည်။ ညီနောင်မဟာမိတ်အဖွဲ့တွင် AA, မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ပါဝင်ပြီး ထိုသုံးဖွဲ့လုံးသည် ၎င်းတို့၏ ပုန်ကန်မှုများ ဆောင်ရွက်ရာတွင် အတုယူခြင်းမှ တီထွင်ဆန်းသစ်ခြင်းသို့ လမ်းကြောင်းကို ကိုယ်စားပြုကြသည်။
ညီနောင်မဟာမိတ်အဖွဲ့သည် EAO ဗျူဟာကွပ်ကဲမှုအောက်တွင် လှုပ်ရှားသည့် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်မတော် (BPLA)၊ မန္တလေး PDF, ဓနု PDF နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မဟာမိတ်အများအပြားကိုလည်း လေ့ကျင့်ပေးထားသည်။
ကရင်ပြည်နယ်မှ တပ်များသည်လည်း ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၏ သယ်ယူပို့ဆောင်ရေး အစီအမံနှင့် လက်နက်အထောက်အပံ့ဖြင့် ပြုလုပ်သည့် ထိုဘက်စုံစစ်ဆင်ရေးတွင် ပါဝင်သည်။ ကရင်ပြည်နယ်တွင်လည်း မြွေဟောက်စစ်ကြောင်းကဲ့သို့သော PDF များသည် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တံဆိပ်များဝတ်ဆင်ကြပြီး KNLA အမိန့်ပေးကွပ်ကဲမှုကို နာခံကြသည်။ ရခိုင်ရှိ အမ်းနှင့် စစ်တပ်၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နစခ) ကို လက်ရှိ တိုက်ခိုက်မှုများတွင် မကွေးအခြေစိုက် PDF များသည် AA နှင့်အတူ ပူးတွဲတိုက်ခိုက်ပေးနေသည်။
ပုန်ကန်မှုများကို “တစုတစည်းတည်း” ပေါင်းစပ်ထားရာမှ “တစိတ်တပိုင်းသာ” စုစည်းထားတော့သည့် အနေအထားသို့ ပြောင်းလာနေပြီး လက်ရှိအချိန်တွင် “ညွန့်ပေါင်းအဖွဲ့” သို့မဟုတ် “ဘာသာစကားစုံ အဆင့်” သို့ ရောက်လာနေသည်ဟု ဒေါက်တာ မက်ဇ်က တွေ့ရှိသည်။
လာမည့်မျိုးဆက် ပုန်ကန်သူများသည် တင်းကျပ်သော အဆင့်ဆင့်ကွပ်ကဲမှုကို ရှောင်ရှားသည့် ကွန်ရက်များ သို့မဟုတ် ညွန့်ပေါင်းအဖွဲ့များ ဖွဲ့စည်းရန် ကြိုးစားလာကြပြီး ထိုနည်းလမ်းသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယေဘုယျ ချဉ်းကပ်ပုံ သဘောထား ဖြစ်သည်။
ကွန်ရက်များသည် သဘောတူညီချက်များ လက်မှတ်ရေးထိုးရန် မလိုသလို ဘုံသဘောတူညီချက် ချမှတ်ခြင်းကိုလည်း လိုက်နာရန် မလိုအပ်ဘဲ ဘာသာစကားစုံ မဟာမိတ်များကို အားနည်းချက်အဖြစ် မမြင်ဘဲ အားကောင်းချက်အဖြစ် မြင်သည်။
ညီနောင်မဟာမိတ်အဖွဲ့ဝင် အများအပြားသည် သူတို့ကိုယ်သူတို့ ဗဟိုချုပ်ကိုင်သည့် စစ်တပ်တခုအဖြစ် မမြင်ကြဘဲ ဒေသအလိုက် အစီအစဉ်များနှင့် အကျိုးစီးပွား အမျိုးမျိုးရှိသော မဟာမိတ်များ၏ ကွင်းဆက်တခုအဖြစ် မြင်ကြသောကြောင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် သင်တန်း၊ အထောက်အပံ့၊ လက်နက်ခဲယမ်း လွှဲပြောင်းခြင်း၏ တန်ဖိုးကို မြင်ကြသည်။
၂၀၂၁ ခုနှစ်တွင် စတင်ဖွဲ့စည်းပြီး ထင်ရှားသော ကဗျာဆရာနှင့် လွတ်လပ်စွာပြောဆိုခွင့် တက်ကြွလှုပ်ရှားသူ မောင်ဆောင်းခ ဦးဆောင်သည့် BPLA ၏ အတွေ့အကြုံများကို စဉ်းစားကြည့်ပါ။ သူသည် အကြမ်းဖက်ဖြိုခွဲမှုများမှ ထွက်ပြေးပြီး KNLA တပ်မဟာ ၅ ဒေသသို့ ရောက်သွားသည်။ ထိုနေရာသည် ကရင်တော်လှန်ရေးဇုန်တွင် အခိုင်မာဆုံးများအနက် တခုဖြစ်ပြီး ကျော်ကြားသော ဒုဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ၏ နယ်မြေဖြစ်သည်။
BPLA ကို KNLA နှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ထိုနေရာတွင် ခိုလှုံခွင့်နှင့် ၂၀၁၈ ခုနှစ်ကတည်းက စခန်းတခု တည်ထောင်ထားသည့် AA တပ်များက လေ့ကျင့်ပေးသည်။ ဖေဖော်ဝါရီလ အတင်းအကျပ် စစ်သားစုဆောင်သည့် ဥပဒေ ချမှတ်ပြီးနောက် အင်အားတိုးချဲ့လာသည့် BPLA လေ့ကျင့် သင်တန်းပေးမှုများကို ယခုအခါ ၎င်းတို့ထဲမှ အတွေ့အကြုံရှိ စစ်သားများက ပြုလုပ်ပေးနေသည်။
၂၀၂၃ ခုနှစ်တွင် BPLA တပ်ဖွဲ့တဖွဲ့ကို MNDAA က ကိုးကန့်ဒေသတွင် လေ့ကျင့်ပေးပြီး တပ်မဟာ ၆၁၁ နှင့် တွဲထားသည်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလသို့ ရောက်သာအခါ BPLA သည် မြောက်ပိုင်းတွင် လေ့ကျင့်ထားသည့် စစ်သားများကို စစ်ကိုင်းတိုင်း အပူပိုင်းဇုန်သို့ ပိုမို စေလွှတ်လာသည်။
ထိုကိစ္စများကို လွန်ခဲ့သော သုံးနှစ်က စဉ်းစား၍ပင် ရမည်မဟုတ်သော်လည်း ထိုသို့ ဖြစ်လာခြင်းသည် အဖွဲ့တဖွဲ့တည်း၏ အားထုတ်မှုကြောင့် မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်မှု အကျိုးကျေးဇူးကိုမြင်သည့် လက်နက်ကိုင်အဖွဲ့များ၏ ကွန်ရက်၏ အားထုတ်မှုကြောင့် ဖြစ်သည်။
BPLA ကိစ္စသည် ပူးပေါင်းဆောင်ရွက်သော အလွတ်သဘော ဆက်ဆံရေး တည်ဆောက်မှုတွင် ကျွမ်းကျင်သည့် လက်တွေ့ကျသော စစ်ရေးခေါင်းဆောင်မှု ပုံစံသစ်ကို ဖော်ပြနေသည်။ ဒု ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲသည် ထိုချဉ်းကပ်ပုံနည်းလမ်းသစ်ကို တအာင်း၊ ကိုးကန့်၊ ရခိုင်နှင့် နိုင်ငံရေးခေါင်းဆောင် အများအပြားထက် အခြားခေါင်းဆောင်များနှင့်အတူ လူမသိအောင်နေသည့် ဦးဆောင်ခဲ့သူများအနက် တဦးဖြစ်သည်။
BPLA ကိစ္စသည် ပူးပေါင်းဆောင်ရွက်သော အလွတ်သဘော ဆက်ဆံရေး တည်ဆောက်မှုတွင် ကျွမ်းကျင်သည့် လက်တွေ့ကျသော စစ်ရေးခေါင်းဆောင်မှု ပုံစံသစ်ကို ဖော်ပြနေသည်။ ဒု ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲသည် ထိုချဉ်းကပ်ပုံနည်းလမ်းသစ်ကို တအာင်း၊ ကိုးကန့်၊ ရခိုင်နှင့် နိုင်ငံရေးခေါင်းဆောင် အများအပြားထက် အခြားခေါင်းဆောင်များနှင့်အတူ လူမသိအောင်နေသည့် ဦးဆောင်ခဲ့သူများအနက် တဦးဖြစ်သည်။
၎င်းတို့သည် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအပါအဝင် ဒေသများတွင် ပိုမိုထိရောက်သော စစ်ရေးစုဖွဲ့မှုများ ဖြစ်စေရန် လက်နက်ကိုင်အဖွဲ့အစည်း အမျိုးမျိုးကို စည်းကမ်းထိန်းကြောင်းရာတွင် ကျွမ်းကျင်ကြသည်။ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွင် စစ်ရေးလေ့ကျင့်ခြင်း၊ လက်နက်ကိုင်အဖွဲ့အစည်း ကျစ်လစ်ခိုင်မာရေးနှင့် ပဋိပက္ခတွင် စစ်မျက်နှာသစ်အတွက် ပြင်ဆင်မှုများကို ၂၀၂၄ ခုနှစ် တနှစ်လုံးတွင် ပြုလုပ်နေသည်။
တချိန်တည်းတွင် ကရင်နီ၊ ကရင်နှင့် ချင်းအဖွဲ့များပါဝင်သည့် K2C မှ နိုင်ငံရေးခေါင်းဆောင်များသည် ဒေသတွင်း သံတမန်ရေးအတွက် သေနင်္ဂဗျူဟာအစည်းအဝေးများ သို့မဟုတ် အနောက်နိုင်ငံများမှ အဖွဲ့အစည်းများ၏ အမျိုးမျိုးသော ကြားဝင်စေ့စပ်ရေး အစီအစဉ်များဖြင့် အလုပ်ရှုပ်နေကြပြီး ပြည်ပ မြို့တော်များသို့ သွားရောက်ကြသည်။
သို့သော် ထိုအားထုတ်မှုများသည် မြေပြင်မှ ၎င်းတို့၏ လက်တွေ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများလောက် သဘောကျစရာ မကောင်းပေ။ မြေပြင်မှ လက်တွေ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုသည် အောက်ခြေမှ အထက်သို့လာသည့် ဖက်ဒရယ်စနစ်အတွက် အားထုတ်မှုများကို ထင်ဟပ်ပြီး ကော်မတီဖြင့် ပုံဖော်သည့် ဖက်ဒရယ်စနစ်အကြောင်း မဆုံးနိုင်သည့် ပညာရပ်ဆွေးနွေးပွဲများနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
AA, TNLA, MNDAA နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) တို့နှင့် ၎င်းတို့၏ကွန်ရက် မဟာမိတ်များသည် ထိုဆွေးနွေးပွဲများအားလုံးကို ရှောင်ကျဉ်ရန် တရုတ်ထံမှ ဖိအားကို ထည့်သွင်းစဉ်းစားရပြီး NUG နှင့် အခြား နိုင်ငံတကာအစီအစဉ်များကို လျစ်လျူရှုရသည်။ တနည်းအားဖြင့်ဆိုပါက ကွန်ရက်ပုန်ကန်မှု၏ နိုင်ငံရေးမျက်နှာစာသည် ပုံပျက်အနေအထား ဖြစ်သည်။
စစ်ဘက်-အရပ်ဘက် ကွန်ရက်တော်လှန်ရေး
ခေတ်သစ်ကွန်ရက်ပုန်ကန်မှုတွင် အမွေအနှစ် သွင်ပြင်တခုလည်း ရှိနေသည်။ ၁၉၉၀ ပြည့်နှစ်များနှင့် ၂၀၀၀ ပြည့်နှစ်များအတွင်း ယခင်မျိုးဆက် တက်ကြွလုပ်ရှားမှုများ၊ နိုင်ငံရေးလှုံ့ဆော်စည်းရုံးမှုများ၊ အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်း၊ ပြည်သူလူထုကို ကိုယ်စားပြုခြင်းနှင့် သဘာဝပတ်ဝန်းကျင် လှုပ်ရှားမှုများမှ အမျိုးမျိုးသော အဖွဲ့အစည်းများမှ လူများသည် တဦးနှင့်တဦး သိရှိနေခြင်းဖြစ်သည်။
ထိုစနစ် ပိုမိုအလုပ်ဖြစ်စေသည့် အကြောင်းရင်းတခုမှာ ပိုမို ဝါရင့်သော မျိုးဆက်များနှင့် ပုဂ္ဂိုလ်ရေးယုံကြည်မှု မြင့်မားစွာခံရသည့် တိုင်းရင်းသားလူမျိုးစု အမျိုးမျိုး၏ အာဏာသိမ်းကာလအလွန် ပုန်ကန်မှုခေါင်းဆောင်ပိုင်း ပေါင်းစည်းမှုဖြစ်သည်။
အမျိုးမျိုးသော စစ်ရေးနှင့် နိုင်ငံရေးအုပ်စုများမှ ထိုခေါင်းဆောင် အများအပြားသည် လွန်ခဲ့သော ၁၅ နှစ်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်သည့် “ဖက်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ” အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ဖူးနိုင်ပြီး တော်လှန်ရေးသံသရာ တပတ်လည်လာသည်ဟု ခံစားကောင်းခံစားရနိုင်သည်။
အခြားသူများသည် ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ထားခြင်းကို ကန့်ကွက်သောကြောင့် NLD အစိုးရက ထောင် ခြောက်လချခံရသည့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) ခေါင်းဆောင်များကဲ့သို့ နိုင်ငံရေးလှုပ်ရှားမှုအတွက် ထောင်ကျခဲ့ဖူးသည်။ AA ခေါင်းဆောင်ပိုင်းသည် သဘာဝသယံဇာတ ဆိုင်ရာလှုပ်ရှားမှုတွင် အခြေခံသည်။
ပိုမိုငယ်ရွယ်သော ဂျန်ဇီ (Gen Z) နှင့် ဂျန်ဝိုင် (Gen Y) တက်ကြွလှုပ်ရှားသူများကို စစ်အာဏာသိမ်းမှု မတိုင်မီ နိုင်ငံရေးတံခါးဖွင့်ကာလအတွင်း လှုပ်ရှားမှုအမျိုးမျိုးဖြင့် ချိတ်ဆက်ထားကာ အတူတကွ ပညာသင်ကြား၊ အာဏာသိမ်းသောအခါ အတူတကွ ဆန္ဒပြပြီး တောတွင်းသို့ အုပ်စုလိုက် ထွက်ပြေးကြသည်။
ပိုမိုငယ်ရွယ်သော ဂျန်ဇီ (Gen Z) နှင့် ဂျန်ဝိုင် (Gen Y) တက်ကြွလှုပ်ရှားသူများကို စစ်အာဏာသိမ်းမှု မတိုင်မီ နိုင်ငံရေးတံခါးဖွင့်ကာလအတွင်း လှုပ်ရှားမှုအမျိုးမျိုးဖြင့် ချိတ်ဆက်ထားကာ အတူတကွ ပညာသင်ကြား၊ အာဏာသိမ်းသောအခါ အတူတကွ ဆန္ဒပြပြီး တောတွင်းသို့ အုပ်စုလိုက် ထွက်ပြေးကြသည်။
၎င်းတို့၏ သူငယ်ချင်း အများအပြားသည် ယခုအခါ အိမ်နီးချင်းနိုင်ငံများတွင် ရောက်နေကြပြီး တက်ကြွလှုပ်ရှားမှု၊ အနုပညာ၊ နိုင်ငံရေးအဖွဲ့အစည်း၊ မီဒီယာနှင့် လူ့အခွင့်အရေးစသည့် ထောက်ပို့ လုပ်ငန်းအများအပြား လုပ်ဆောင်နေသည်။ ထိုမျိုးဆက်သည် လွန်စွာ အပြန်အလှန် ဆက်စပ်နေပြီး နိုင်ငံရေး နားလည်တတ်ကျွမ်းသည့် မျိုးဆက်များ စုစည်းမှုဖြစ်ကာ အသက်အရွယ် ပိုမိုကြီးမားသော EAO ခေါင်းဆောင်များ၏ အုပ်ချုပ်ရေး မျိုးဆက် မဟုတ်သလို NUG ၏ သက်ကြီးမျိုးဆက်များလည်း မဟုတ်ပေ။
စစ်တပ်ဆန့်ကျင်ရေးအတွက် အပြည့်အဝ ညီညွတ်သောကွန်ရက်ဆိုသည့် ရည်မှန်းချက်သည် အောင်မြင်မှု အလားအလာနည်းသည့် စိတ်ကူးကောင်းဖြစ်သည်။ လက်တွေ့တွင် ဝါရင့်သတင်းစာဆရာ ဘာတေးလ် လစ်တနာသည် ထိုရည်မှန်းချက်၏ သမိုင်းကို လေ့လာကာ “တံလျှပ် ရေထင်ခြင်း” ဖြစ်သည်ဟု မှန်ကန်စွာ ခေါ်ခဲ့သည်။ တိုင်းရင်းသားအုပ်စုများထံမှ ကျိုးနွံသော သစ္စာခံမှုရမည်ဟု ကနဦးက မျှော်လင့်ခဲ့သည့် NUG ၏ ဘဝင်မြင့်မှုသည် ထိုခေါင်းဆောင်မှုတွင် ဝမ်းနည်းစရာ မအောင်မြင်မှု၏ အဓိကအကြောင်းရင်း ဖြစ်သည်။
မြေပြင်မှ လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များနှင့် လူထုအခြေပြုအဖွဲ့အစည်းများ၊ အကူအညီပေးရေး လုပ်သားများ၊ ရန်ပုံငွေရှာဖွေသူများ၊ နိုင်ငံရေးသေနင်္ဂဗျူဟာသမားများနှင့် မဟာမိတ်များအကြား အင်တာနက် ဗီဒီယိုမှ ထိတွေ့ဆက်ဆံမှုသွင်ပြင်သည် အာဏာသိမ်းပြီးနောက် အရှိန်ရလာသည်။ အထူးသဖြင့် ဒေသအများအပြားတွင် စတားလင့်ခ် ဂြိုဟ်တုဆက်သွယ်ရေး သိသိသာသာ တိုးတက်လာသောအခါ ပိုမိုအရှိန်ရလာသည်။
ပဋိပက္ခဇုန်များ သို့မဟုတ် ဌာနချုပ်မှ လူများကြား လုံခြုံမှုဖြင့် FaceTime သို့မဟုတ် Signal မှ ဆက်သွယ်ခြင်းသည် လုံးဝ ပုံမှန်ဖြစ်လာသည်။ သိပ်မဝေးကွာလှသေးသော အတိတ်က သူပုန်များနှင့် ထိတွေ့ဆက်ဆံရန် အိမ်နီးချင်းနိုင်ငံများမှ ဟိုတယ်များတွင် လျှို့ဝှက်အစည်းအဝေးများ ပြုလုပ်ခြင်းဖြစ်စေ၊ နယ်စပ်ဒေသများမှ ၎င်းတို့အခြေစိုက်ဒေသများသို့ တောတောင်များကို ဖြတ်ကျော်သွားရောက်ခြင်း ဖြစ်စေ၊ လွတ်မြောက်ဒေသများမှ တော်လှန်ရေးနေ့ကဲ့သို့သော ဇာတ်တိုက်ထားသည့် အခမ်းအနားများ တက်ရောက်ခြင်းဖြစ်စေ လိုအပ်သည်။
ယခုအခါ ထင်ရှားသော ခေါင်းဆောင်များသည် ဆက်သွယ်ရ လွယ်ကူလာသော်လည်း စစ်ကောင်စီက ပိုမိုကောင်းမွန်သည့် ပစ်မှတ်ရှာနည်းပညာနှင့် ကာမိကာဇေဒရုန်းများ အပါအဝင် ဒရုန်းများဖြင့် တိုက်ခိုက်နိုင်သည် ဆိုသည့် နေ့စဉ်အသိဖြင့် နေထိုင်ကြရသည်။
သူပုန်အဖွဲ့အစည်းများမှ ခေါင်းဆောင်မှုပိုင်းကို အမျိုးသားများက လွှမ်းမိုးထားသော်လည်း အမျိုးသမီးများ၏ အရေးပါသော အခန်းကဏ္ဍသည် စစ်ဆင်ရေးအဆင့် အားလုံးနီးပါးတွင် ထူးခြားလာသည်။ ငယ်ရွယ်သော ခေါင်းဆောင်မှုပိုင်း အားလုံး မဟုတ်သော်လည်း အများစုသည် ကျား၊ မ တန်းတူမှုနှင့် ၃၀ ရာခိုင်နှုန်း ပါဝင်ရေး ကျား/မ တန်းတူမှု စည်းမျဉ်းကို ပိုမိုပွင့်လင်းစွာ လက်ခံလာသည်။
သို့သော် မြန်မာအမျိုးသမီးများအဖွဲ့ချုပ် (WLB) ၏ အမျိုးသားများသာ ပြောရေးဆိုခွင့်ရှိခြင်း အဆုံးသတ်ရေးဆိုင်ရာ တော်လှန်ရေးသုတေသနနှင့် ပြပွဲက ဖော်ပြသည့်အတိုင်း အမျိုးသားများ၏ အခွင့်ထူးနှင့် မြင်သာထင်သာဖြစ်နေသော မဟာဖိုဝါဒ အများအပြား၊ တော်လှန်ရေးနှင့် ပတ်သက်သူများအကြား လိင်ပိုင်းဆိုင်ရာ ထိပါးမှုနှင့် လိင်ပိုင်းအကြမ်းဖက်မှု လက်မခံနိုင်သည့်အဆင့်များ ရှိနေသေးသည်။
မည်သို့ဆိုစေ အမျိုးသမီးအဖွဲ့အစည်းများသည် လက်နက်ကိုင်အဖွဲ့အစည်း၏ အပြူအမူများကို စည်းကမ်းထိန်းကြောင်းရာတွင်၊ အထူးသဖြင့် လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်မှုပိုင်းနှင့် နက်ရှိုင်းသော လူမှုဆက်ဆံရေးရှိသည့် တိုင်းရင်းသားအဖွဲ့အစည်းများတွင် အရေးပါသော အခန်းတွင် ရှိနေသည်။ ၎င်းတို့သည် ပဋိက္ခဒေသများမှ လူသားချင်းစာနာမှုနှင့် လူမှုဆိုင်ရာ အဓိက သက်ဆိုင်သူများဖြစ်ပြီး နိုင်ငံတကာ ထောက်ခံမှုရရှိရေး အားထုတ်မှုများကိုလည်း ဦးဆောင်ကြသည်။
အကောင်းဆုံးမှာ လာမည့်မျိုးဆက်သူပုန်များသည် အကူအညီ၊ လမ်းညွှန်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ စဉ်းစားသုံးသပ်မှုများအတွက် အရပ်သားကွန်ရက်များမှ အကြံဉာဏ်များ ရယူမည်ဖြစ်သည်။ ဤနေရာတွင် အရေးပါသော သတိပေးချက်အချို့ကို ဖော်ပြရမည်ဖြစ်သည်။
EAO အများအပြားနှင့် အတန်အသင့်များသော PDF များသည် ဒီမိုကရေစီစံနှုန်းများနှင့် အလေ့အထများအပေါ် မေးခွန်းထုတ်စရာကောင်းသည့် စိတ်ပိုင်းဖြတ်မှုကိုသာ ပြသကြသည်။ အချို့တွင် လက်ခံနိုင်ဖွယ် မရှိသည့် လူ့အခွင့်အရေးမှတ်တမ်းများ ရှိနေသည်။
ကိုးကန့်သည် ကွန်မြူနစ်ဗီဇကြောင့် တစိတ်တပိုင်းနှင့် အများအားဖြင့် ထိုသို့လုပ်ရသည်ကို နှစ်သက်သောကြောင့် ဗြောင်ကျသော အာဏာရှင် ဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီတန်ဖိုးများအပေါ် ခိုင်မာသော ကတိကဝတ်ဖြင့် ပေါ်ပေါက်လာသည့် အခြားအဖွဲ့များသည် ၎င်းတို့ယုံကြည်သော တန်ဖိုးများကို အပြည့်အဝလိုက်နာရန် မဖြစ်နိုင်သလောက်ပင်ဖြစ်ကြောင်း တွေ့ရသည်။
အရပ်သားကွန်ရက်များသည် အရေးပါသည်။ ၎င်းတို့တွင် အခြေအနေ တိုးတက်အောင် လုပ်နိုင်သည့် စွမ်းရည် အကန့်အသတ်ဖြင့်သာရှိလျှင်ပင် လက်နက်ကိုင်အဖွဲ့အစည်းများ၏ အလွန်အကျွံလုပ်ရပ်များ၊ အကျင့်ပျက်ခြစားမှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကို ပုဂ္ဂလိက အနေဖြင့်ဖြစ်စေ၊ အများပြည်သူအနေဖြင့်ဖြစ်စေ စိန်ခေါ်နိုင်သည်။
ထိုနေရာတွင် အရပ်သားကွန်ရက်များသည် အရေးပါသည်။ ၎င်းတို့တွင် အခြေအနေ တိုးတက်အောင် လုပ်နိုင်သည့် စွမ်းရည် အကန့်အသတ်ဖြင့်သာရှိလျှင်ပင် လက်နက်ကိုင်အဖွဲ့အစည်းများ၏ အလွန်အကျွံလုပ်ရပ်များ၊ အကျင့်ပျက်ခြစားမှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကို ပုဂ္ဂလိက အနေဖြင့်ဖြစ်စေ၊ အများပြည်သူအနေဖြင့်ဖြစ်စေ စိန်ခေါ်နိုင်သည်။
လက်နက်ကိုင်များကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင် ကြိုးစားရာတွင် မြန်မာမီဒီယာသည် ယခင်က ထုံးစံအတိုင်း ထင်ရှားသော အခန်းကဏ္ဍမှ ပါဝင်သည်။ မီဒီယာသည် အနှောင့်အယှက်ဖြစ်စေတတ်ပြီး တော်လှန်ရေး ဆန့်ကျင်သည့် အင်အားစုဖြစ်သည်ဟု ပိုမိုမြင်လာသောကြောင့် ထိုလုပ်ငန်းသည် တနေ့ထက်တနေ့ ပိုမိုခက်ခဲလာသည်။
နောက်ဆုံးအချက်မှာ EAO များနှင့် ၎င်းတို့၏ မဟာမိတ်များကို မျှော်မှန်းချက် အလွန်များပြားစွာ ထားပြီး ဝန်ထုပ်ဝန်ပိုးဖြစ်စေခြင်းကို ရှောင်ကျဉ်ရန် စိတ်ပိုင်းဖြတ်မှု လိုအပ်သည်။ လိုအပ်ချက် လွန်စွာ များပြားနေခြင်းနှင့် အကန့်အသတ်ရှိသော အသုံးစရိတ်ဖြင့် အောက်ခြေမှ အထက်သို့သွားသည့် ဖက်ဒရယ်စနစ်ကို တည်ဆောက်ရန် ဆယ်စုနှစ်များစွာ ကြာမည်ဖြစ်သည်။ ထိုလိုအပ်ချက်များတွင် လူသားချင်းစာနာမှု၊ ကျန်းမာရေး၊ ပညာရေး၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်၊ တရားဥပဒေစိုးမိုရေးနှင့် ရဲလုပ်ငန်းများ ပါဝင်သည်။
ကွန်ရက်ပုန်ကန်မှု၏ စီးပွားရေးမျက်နှာစာများကိုလည်း အရေးပေါ် ပြန်လည်စဉ်းစားသုံးသပ်ရန် လိုအပ်နေပြီး ထိုကိစ္စသည် ကုန်သွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဘဏ္ဍာရေးတို့ ပေါင်းဆုံသော နေရာလည်းဖြစ်သည်။ ထိုကိစ္စတွင် ပုန်ကန်မှု၏ အရပ်သားဘက်ခြမ်းသည် အဖိုးတန်သည်။ မှန်ကန်သော ရင်းမြစ်များကို ထိထိရောက်ရောက် ပြန်လည်မျှဝေပါက မည်သည့်အကျိုးကျေးဇူးများ ခံစားရမည်နည်း။
ကွန်ရက်ဆန့်ကျင်ရေး ပုန်ကန်မှုဇုန်
ကွန်ရက်ပုန်ကန်မှု၏ အပြုသဘော ဖြစ်ပေါ်တိုးတက်မှုများတွင် အရိပ်မည်း ကျနေသည့်နေရာမှာ စစ်ကိုင်း၊ မကွေးနှင့် မန္တလေးမှ အပူပိုင်းဇုန်ဖြစ်သည်။ ထိုနေရာတွင် အများအားဖြင့် PDF များဖြစ်သည့် လက်နက်ကိုင်အုပ်စု ရာပေါင်းများစွာသည် ဒေသအဆင့်တွင် ပိုမိုဖရိုဖရဲဖြစ်လာသော အခြေအနေတွင် လှုပ်ရှားနေသည်။
NUG သည် ထိုဒေသအတွက် ရေရှည်အတွက် စီမံခြင်း၊ လေ့ကျင့်ပေးခြင်း၊ ထောက်ပံ့ပို့ဆောင်ခြင်းနှင့် ထိရောက်သော ခေါင်းဆောင်မှုပေးရန် အလွန် အလှမ်းဝေးနေရုံသာမက စစ်ဆင်ရေး ရှေ့နောက်ညီညွတ်မှုအတွက် လိုအပ်သည့် ထိရောက်သော လက်နက်ကိုင်အုပ်စု ပူးပေါင်းဆောင်ရွက်မှုကို ထူထောင်နိုင်သည့် စွမ်းရည် မတွေ့ရသေးပေ။
အလွန်များပြားသော ပြင်ပသုတေသနများသည် လက်နက်ကိုင်အဖွဲ့အစည်းများ၏ စိတ်အား ထက်သန်မှု၊ လုပ်ရပ်များနှင့် အတွင်းပိုင်းလုပ်ငန်း လည်ပတ်ပုံများ၊ ၎င်းတို့အဖွဲ့အများအကြား ဆက်ဆံရေးအပေါ် နားလည်မှု နက်ရှိုင်းအောင် လုပ်ရေးထက် PDF များအပေါ် အားထားရေးကိုသာ အာရုံစိုက်နေသည်။
PDF များကို ထိရောက်စွာ ထိန်းချုပ်ရေးနှင့် NUG ဝန်ကြီးဌာန အမျိုးမျိုး သို့မဟုတ် ဒေသခံအရာရှိ အမျိုးမျိုးအောက်မှ ဒေသကာကွယ်ရေးတပ် (LDF)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တို့၏ စနစ်မကျမှုများကိုသာ အလွန်အရေးထားနေကြသည်။
ဒေသအုပ်ချုပ်ရေးကို ထိရောက်အောင် လုပ်သည့် အားထုတ်မှုများသည် ဒေသတော်လှန်ရေး၏ လုံခြုံရေး မျက်နှာစာများကို မတော်တဆ ပုံပျက်စေခြင်း ရှိ၊ မရှိ စဉ်းစားသုံးသပ်သင့်သည်။ ဒေသသဘော အလွန်ဆန်သည့် အကြမ်းဖက်မှု၊ ဒေသများအကြား အားပြိုင်မှုနှင့် အငြိုးအတေးများသည် ပိုမိုပူးပေါင်းဆောင်ရွက်သော အစီအစဉ်များကို အတားအဆီးဖြစ်စေသည်။
ယခုအခါ အပူပိုင်းဇုန်တွင် လက်နက်များ အလွန်ပေါများသည်။ မြန်မာနိုင်ငံတဝန်း EAO များနှင့် PDF များတွင် လေ့ကျင့်ပေးထားသည့် တိုက်ခိုက်ရေးစစ်သည် သောင်းနှင့်ချီရှိပြီး ၎င်းတို့အနက် အများအပြားသည် ရှင်းလင်းပြတ်သားသည့် အမိန့်ပေးကွပ်ကဲမှုကွင်းဆက်၊ ကျင့်ဝတ်နှင့် စည်းကမ်းရှိသော အဖွဲ့အစည်းများတွင် ရှိနေသည်။
စစ်တပ်ကို ချေမှုန်းရန်နှင့် ပြည်သူကို ကာကွယ်ရန် ခိုင်မာသောဆန္ဒလည်း အများအားဖြင့် ရှိကြသည်။ သို့သော် မြန်မာနိုင်ငံအလယ်ပိုင်းတွင် မှုန်ဝါးသော တော်လှန်ရေး ရည်မှန်းချက်ဖြင့် စည်းကမ်းလိုက်နာမှုနည်းပြီး လက်နက်ကိုင်ခြင်းအတွက် ရည်ရွယ်ချက်အမျိုးမျိုး ဖြစ်နေကာ လက်နက်များ၊ တိုက်ခိုက်ရေးရိုင်ဖယ်များနှင့် တလုံးထိုးသေနတ်များ ကိုင်ဆောင်ထားသည့် လူ ထောင်ပေါင်းများစွာလည်း ရှိနေသည်။
စစ်ကောင်စီစခန်းများကို PDF များက တိုက်ခိုက်သည့် သတင်းအချို့တွင် တခါတရံ အုပ်စု ဒါဇင်ပေါင်းများစွာ ပါဝင်ကြောင်း သိရသည်။ ထိုသို့ပါဝင်ခြင်းကို “ကွန်ရက်ဖွဲ့သည်” ဟု ခေါ်နိုင်သော်လည်း ကြုံသလို တခါတရံ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါက ထိုသို့ မခေါ်နိုင်ပေ။
စစ်ကောင်စီစခန်းများကို PDF များက တိုက်ခိုက်သည့် သတင်းအချို့တွင် တခါတရံ အုပ်စု ဒါဇင်ပေါင်းများစွာ ပါဝင်ကြောင်း သိရသည်။ ထိုသို့ပါဝင်ခြင်းကို “ကွန်ရက်ဖွဲ့သည်” ဟု ခေါ်နိုင်သော်လည်း ကြုံသလို တခါတရံ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါက ထိုသို့ မခေါ်နိုင်ပေ။
အပူပိုင်းဇုန်သို့ PLA တပ်များနှင့်အတူ BPLA တပ်များကို စေလွှတ်မည်ဟု ယခုအပတ်အတွင်း ကြေညာခြင်းသည် လုံခြုံရေးအခြေအနေ တိုးတက်ရေး NUG နှင့် ပူးပေါင်းဆောင်ရွက်ရန် ကတိပြုထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများအကြား ပိုမိုထိရောက်သော ကွန်ရက်ဖွဲ့ခြင်း လမ်းပွင့်သွားစေနိုင်သည်။
သို့သော် ထိုဖရိုဖရဲအခြေအနေသည် အလွန်အမြစ်တွယ်လာပါက စစ်ရေးပြန်လည် ဖွဲ့စည်းတည်ဆောက်ခြင်းနှင့် စီမံခန့်ခွဲရေး ကွန်ရက်ဖွဲ့ပြီး ကျွမ်းကျင်သည့် လက်နက်ကိုင်အဖွဲ့အစည်းများက ကူညီလျှင်ပင် အခြေအနေ ပိုမို ဆိုးရွားစေနိုင်ပါသလား။ ထိုဒေသများတွင် အဖွဲ့အချင်းချင်းအကြား အကြမ်းဖက်မှု မြင့်မားသောကြောင့် ၎င်းတို့ကို ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်နိုင်သည့်အဆင့် ကျော်လွန်နေပြီး ဖြစ်နိုင်သည်။
ထိုသို့သော အားထုတ်မှုများတွင် စစ်ကောင်စီလုံခြုံရေးစနစ်က ကွန်ရက်များကိုလည်း ထည့်သွင်း စဉ်းစားရန် လိုအပ်သည်။ စစ်တပ်နှင့် ၎င်း၏မဟာမိတ်များဖြစ်သော ပြည်သူ့စစ်များ၊ ပျူစောထီးများ၊ သွေးသောက်များ၊ ဘုန်းကြီးခေါင်းဆောင်များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တာဝန်ရှိသူများနှင့် ပြည်ခရိုင်တွင် လှုပ်ရှားနေသည့် အနက်ရောင် သေမင်းတမန်အဖွဲ့တို့၏ ကွန်ရက်များသည် အကြောက်တရား ဖြန့်ချိရာတွင် ထိရောက်သည်။
ထိုကွန်ရက်များကို လေကြောင်း၊ အမြောက်ကြီးများနှင့် မြစ်အတွင်း စစ်သင်္ဘောများမှ ကြောက်စရာ ပစ်အားဖြင့် ကျောထောက်နောက်ခံ ပေးထားသည်။ ထိုကွန်ရက်ကို မည်သို့ နှောင့်ယှက်ဖျက်ဆီးမည်နှင့် ပတ်သက်၍ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများ စဉ်းစားရမည်ဖြစ်ပြီး ထိုသို့လုပ်ရာတွင် စစ်ရေးနှင့် နိုင်ငံရေးနည်း ပေါင်းစပ်အသုံးပြုခြင်း ပါဝင်မည်ဖြစ်သည်။
မြန်မာမှ ပုန်ကန်မှုသဘောသဘာဝသည် ၎င်း၏ စစ်ရေးစစ်ရာ သဘောသဘာဝ ကဲ့သို့ပင် ပြန်လှည့်မရအောင် ပြောင်းလဲသွားပြီ ဖြစ်သည်။ ထိုသို့အခြေအနေနှင့် လိုက်လျောညီထွေ ပြောင်းလဲမှု အများအပြားသည် အပြုသဘောဆောင်သကဲ့သို့ပင် တနိုင်ငံလုံးတွင် ဆိုးရွားသော လူသားဒုက္ခလည်း ရှိနေသည်။ လက်ရှိအချိန်အထိ ကွန်ရက်များသည် တောင့်တင်းသော ထိရောက်မှု အစီအမံတခုကို ပြသသည်။
သို့သော် အစိတ်စိတ်အမွှာမွှာကွဲမည့် ခြိမ်းခြောက်မှုသည် မြန်မာတွင် အမြဲတမ်းရှိနေသည်။ ထိုအချက်သည် ယနေ့တိုင် ထင်ထင်ရှားရှား တွေ့နေရသည့် ပြည်တွင်းစစ်၏ သမိုင်းအမွေတခု ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ David Scott Mathieson ၏ Myanmar’s New Network Insurgency ကို ဘာသာပြန်သည်။ ဒေးဗစ် စကော့ မက်သီဆန်သည် မြန်မာ ပဋိပက္ခ၊ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေး ပြဿနာများကို လေ့လာသည့် လွတ်လပ်သော သုတေသီဖြစ်သည်။)
You may also like these stories:
ရှမ်းမြောက်က တော်လှန်ရေးတပ်တို့ ပွင့်လင်းရာသီ အညာ ဆင်းမည်
နိုင်ငံတော်၊ အချုပ်အခြာအာဏာနှင့် တော်လှန်ရေး
နွေဦးတော်လှန်ရေးအတွက် ကြီးထွားလာနေသော အတွင်းအန္တရာယ်များ
မတူကွဲပြားမှုနဲ့ ပြည်သူ့တော်လှန်ရေး (ရုပ်/သံ)
မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၁)
“လက်ပ်တော့ကိုင်နေတဲ့ လူတွေကို သေနတ်ကိုင်စေချင်နေတယ်”
မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း