• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြောက်ကိုရီးယားတပ်များ ရုရှားတွင် ဖြန့်ကြက်ခြင်းကို တရုတ်က ကြိုသိသလား

by Martin Fornusek
6 November 2024
in ဆောင်းပါး
A A
မြောက်ကိုရီးယားတပ်များ ရုရှားတွင် ဖြန့်ကြက်ခြင်းကို တရုတ်က ကြိုသိသလား

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက ဘေဂျင်းတွင် တွေ့ဆုံစဉ် / AFP

2k
VIEWS
Share on FacebookShare on Twitter

မြောက်ကိုရီးယားတပ်များ လှုပ်ရှားမှုကို မသိကြောင်း တရုတ်အစိုးရက ပြောသော်လည်း တရုတ်အတွက် တစုံတရာ အကျိုးရှိစေသည်ဟု လေ့လာသူများက ယုံကြည်သည်။

မြောက်ကိုရီးယားနှင့် ရုရှား၏ ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာသည်ကို မသိကြောင်း တရုတ်အစိုးရက အလျင်အမြန် ငြင်းဆိုသည်။

ရုရှား၏ ယူကရိန်းစစ်ပွဲတွင် တက်ကြွစွာပါဝင်မှု မလုပ်ရန် မြောက်ကိုရီးယားကို ဖျောင်းဖျရေးအတွက် တရုတ်ကို ဖိအားပေးရန် မျှော်လင့်ပြီး အမေရိကန် ပြည်ထောင်စုသည် ထိုအခွင့်အရေးကို အမိအရ ယူသည်။

သို့သော် ယူကရိန်းစစ်မြေပြင်များတွင် မြောက်ကိုရီးယားတပ်များ ဖြန့်ကြက်ခြင်းကို တရုတ် မသိဘဲ မပြုနိုင်ဟု လေ့လာသူများယုံကြည်ပြီး တရုတ်ဘက်က ပြသသည့်လက္ခဏာများကို လေ့လာသူများ သံသယရှိကြသည်။

မြောက်ကိုရီးယား၏ အဓိကမဟာမိတ် တရုတ်သည် ကင်မ်ဂျုံအန်း အာဏာရှင်အစိုးရ အသက်ဆက်နိုင်အောင် လုပ်ဆောင်ပေးနေသည်။ တရုတ်သည် ရုရှားသို့ ဘီလီယံပေါင်းများစွာတန်သည့် စစ်ဘက်အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများကို ရောင်းချနေပြီး ယူကရိန်းကို စစ်ဆင်နိုင်သည့် ရုရှား၏ စွမ်းရည်တွင် ပိုမိုအရေးပါသည့်အခန်းမှ ပါဝင်နေသည်။

“တရုတ်က တရားဝင်ပြောတာနဲ့ ဆန့်ကျင်ဘက်ပဲ။ ဒီကိစ္စကို မဆွေးနွေးဘဲ တပ်တွေပို့ပြီး ပြုံယမ်းက တရုတ်ကို အံ့သြအောင်လုပ်မယ်လို့ ကျနော် မထင်ဘူး” ဟု ဥရောပ မူဝါဒ သရုပ်ခွဲလေ့လာရေးဌာန (CEPA) မှ ဝါရင့်သုတေသီ မက်သရူး ဘိုလ်လိဂ်က Kyiv Independent သို့ ပြောသည်။ တရုတ်၏ သံတမန်သတင်းစကားသည် “အကြီးအကျယ် ဖုံးကွယ်ထား”ကြောင်း သူက ယူဆသည်။

နှုတ်ခမ်းများနှင့် သွားများသဖွယ်

တရုတ်နှင့် မြောက်ကိုရီးယားတို့သည် “နှုတ်ခမ်းများနှင့် သွားများသဖွယ်” ရင်းနှီးသည်ဟု တရုတ်အာဏာရှင် မော်စီတုန်း တခါက ပြောခဲ့ဖူသည်။

တရုတ်နှင့် မြောက်ကိုရီးယားတို့သည် “နှုတ်ခမ်းများနှင့် သွားများသဖွယ်” ရင်းနှီးသည်ဟု တရုတ်အာဏာရှင် မော်စီတုန်း တခါက ပြောခဲ့ဖူသည်။

မြောက်ကိုရီးယားသည် တရုတ်နှင့် အရှေ့အာရှမှ အမေရိကန်မဟာမိတ်များအကြား အသုံးဝင်သော ကြားခံဇုန်ဖြစ်သည်။ ကင်မ်ဂျုံအန်း အစိုးရ ပြိုလဲခြင်းသည် တရုတ်သို့ ဒုက္ခသည် သန်းပေါင်းများစွာကို ပြေးဝင်လာစေမည်ဖြစ်ပြီး တရုတ်အတွက် ကြီးမားသည့် လူမှုစီးပွားအကျပ်အတည်းကို ဖန်တီးမည် ဖြစ်သည်။

“တရုတ်ရဲ့ သဘောတူညီမှုမရရင် မြောက်ကိုရီးယားအစိုးရဆိုတာ ရှိမှာမဟုတ်ဘူး” ဟု ဘိုလ်လိဂ်က Kyiv Independent သို့ ပြောသည်။ မော်စီတုန်းက အထက်ပါအတိုင်း ပြောကြားခဲ့ပြီး ရာစုနှစ်ဝက်တွင် တရုတ်သည် မြောက်ကိုရီးယားအတွက် တခုတည်းသော အသက်သွေးကြော ဆက်လက်ဖြစ်နေသည်။

တရုတ်နှင့် စီးပွားရေးသည် မြောက်ကိုရီးယား စုစုပေါင်းကုန်သွယ်မှု၏ ၉၀ ရာခိုင်နှုန်းကျော်ရှိသည်။ ကိုဗစ်နိုင်တင်းကြောင့် နှစ်နိုင်ငံနယ်စပ်များ ပိတ်လိုက်ချိန် ၂၀၂၀ ပြည့်နှစ်တွင် မြောက်ကိုရီးယား စီးပွားရေး ၄ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသည်။

သို့သော် ဆက်ဆံရေးသည် အမြဲတမ်း ချောမွေ့နေသည် မဟုတ်ပေ။

တရုတ်သည် တောင်ကိုရီးယားနှင့် စီးပွားရေးဆက်ဆံမှု မြှင်တင်ခဲ့ပြီး ယခုအခါ တရုတ်၏ တတိယ အကြီးမားဆုံး ကုန်သွယ်ဘက် ဖြစ်လာသည်။

မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်နှင့်ပတ်သက်ပြီး စိတ်ပျက်ကြောင်းလည်း တရုတ်က ပြသသည်။ တရုတ်သည် နျူကလီးယားစကားကို ထိန်းထိန်းသိမ်းသိမ်း ပြောပြီး နျူကလီးယား လက်နက်မသုံးရန် ရုရှားကို ဖျောင်းဖျသည်ဟုဆိုသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက ပြုံယမ်းအနောက်ပိုင်းရှိ မြောက်ကိုရီးယား အထူးစစ်ဆင်ရေးတပ်ဖွဲ့များ လေ့ကျင့်ရေးစခန်းတွင် သွားရောက်စစ်ဆေးနေသည့် ကင်မ်ဂျုံအန်း / SOPA Images

ဘေဂျင်းကို ကျော်ဖြတ်ခြင်း

အောက်တိုဘာလ ၃၁ ရက်နေ့တွင် မြောက်ကိုရီးယားသည် တိုက်ချင်းပစ်ဒုံးကျည်တခုကို စမ်းသပ်ပြီး နျူကလီးယားစွမ်းရည်ကို အင်အားပြသည်။ တောင်ကိုရီးယားသည် “ရန်လိုသောနိုင်ငံ” ဖြစ်သည်ဟု မြောက်ကိုရီးယားက ကြေညာကာ “ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး” ယခင်မူဝါဒကို ရှုတ်ချသည်။

မြောက်ကိုရီးယားသည် ထောက်ခံမှုအတွက် ရုရှားကို ပိုမိုအားကိုးလာသည်။

လက်နက်နှင့် တပ်ဖွဲ့ဝင်များပေးပို့သည့် အပြန်အလှန်အနေဖြင့် မြောက်ကိုရီးယားသည် ၎င်း၏ဆင်းရဲနွမ်းပါးသော စီးပွားရေးအတွက် အထောက်အကူများနှင့် နျူကလီးယား အစီအစဉ်အတွက် နည်းပညာရသည်ဟု ယူကရိန်းနှင့် အမေရိကန် ပြည်ထောင်စုက ယုံကြည်သည်။ ကင်မ်ဂျုံအန်းသည် သူ၏တပ်များကို ခေတ်သစ် စစ်မြေပြင်တွင် စမ်းသပ်ရန် အခွင့်အလမ်းကိုလည်း ကြိုဆိုကောင်းကြိုဆိုနိုင်သည်။

ယူကရိန်း၏ အဆိုအရ မြောက်ကိုရီးယားသည် ရုရှားသို့ တပ်ဖွဲ့ဝင် ၁၂,၀၀၀ ကျော် စေလွှတ်ထားပြီး ပထမဆုံးအသုတ် စစ်သားများသည် နိုဝင်ဘာလတွင် စတင်တိုက်ပွဲဝင်မည်ဟု သိရသည်။

ယူကရိန်း၏ အဆိုအရ မြောက်ကိုရီးယားသည် ရုရှားသို့ တပ်ဖွဲ့ဝင် ၁၂,၀၀၀ ကျော် စေလွှတ်ထားပြီး ပထမဆုံးအသုတ် စစ်သားများသည် နိုဝင်ဘာလတွင် စတင်တိုက်ပွဲဝင်မည်ဟု သိရသည်။

“အခြေအနေကို တရုတ်ဘက်က သတိမထားမိဘူး” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မစ္စတာ လင်ကျန်းက ပြောသည်။

ရုရှားနှင့် မြောက်ကိုရီးယားတို့သည် တရုတ်ကို ဘေးဖယ်ထားကြပြီး တရုတ်ခေါင်းဆောင်ပိုင်းအနေဖြင့် မကျေမနပ်ဖြစ်ရန် အကြောင်းရင်းများ ရှိနေသည်။

ထိုဖြစ်ရပ်ကြောင့် တရုတ်သည် “တောင်ကိုရီးယားနှင့် ဂျပန်တို့ အမေရိကန် ပြည်ထောင်စု၊ မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (နေတိုး) နှင့် ပိုမိုနီးကပ်သော စစ်ဘက် ပူးပေါင်းဆက်ဆံရေး ဖြစ်လာမည်” ကို စိုးရိမ်နိုင်သည်ဟု ချက်သမ္မတနိုင်ငံ၊ ပရာ့ဂ် အခြေစိုက် နိုင်ငံတကာဆက်ဆံရေး အင်စတီကျုမှ တရုတ်ရေးရာသုတေသီ ဂျန်စဗက်က ပြောသည်။

“တချိန်တည်းမှာပဲ မြောက်ကိုရီးယားဟာ ရုရှားကို ပိုမိုမှီခိုလာနိုင်ပြီး ဒါကြောင့် တရုတ်ကိုမှီခိုမှု နည်းလာပြီး တရုတ်သြဇာ နည်းလာမယ်” ဟု သုတေသီ ဂျပန်စဗက်က ပြောသည်။

“မြောက်ကိုရီးယားဟာ အဆင့်မြင့်စစ်ရေးနဲ့ ဒုံးကျည်နည်းပညာ လိုချင်တယ်။ ဒါပေမယ် ပိုမိုကျယ်ပြန့်တဲ့ ပန်းတိုင်က အင်အားချိနဲ့မှာ မဟုတ်တဲ့ အနောက်တိုင်းဆန့်ကျင်ရေး မဟာမိတ်တခုရှိဖို့ အရေးကြီးတယ်ဆိုတာ ပြချင်တာဖြစ်တယ်” ဟု အောက်စဖို့ဒ် တက္ကသိုလ်မှ မြောက်ကိုရီးယားရေးရာကျွမ်းကျင်သူ အက်ဒဝပ် ဟိုဝဲလ်က ပြောသည်။

“လွန်ခဲ့တဲ့ တနှစ်အတွင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ရုရှားက မြောက်ကိုရီးယားကို မဆုတ်နစ်တဲ့ ထောက်ခံမှုပေးတယ်။ ဒါဟာ ရုရှားနဲ့မြောက်ကိုရီးယား နှစ်နိုင်ငံလုံး အကျိုးစီးပွားကို ဖြည့်ဆည်းတဲ့ လုပ်ရပ်ဖြစ်တယ်” ဟုလည်း ၎င်းကပြောသည်။

“မြောက်ကိုရီးယားက သူ့ရဲ့နံပါတ် ၁ မိတ်ဆွေဟာ ရုရှားဖြစ်တယ်လို့ပြောတာကို တရုတ်က ကျေနပ်မှာ မဟုတ်ဘူး” ဟု ဟိုဝဲလ်က ပြောသည်။

သို့သော် တရုတ်-ရုရှားဆက်ဆံရေးလေ့လာသူ ဘိုလ်လိဂ်က မြောက်ကိုရီးယားနှင့် ရုရှားတို့သည် တရုတ်၏ တိတ်တဆိတ် သဘောတူညီချက်မရဘဲ ထိုသို့ တင်းမာမှုမြင့်မားစေသည့်ကိစ္စများကို လုပ်ဖွယ်မရှိဟု ယူဆသည်။

“အပေးအယူအနေနဲ့ တရုတ်ဟာ ရုရှားဆီက တစုံတခုရနိုင်တယ်” ဟု အထက်ပါကျွမ်းကျင်သူက ပြောသည်။ “နောက်ထပ် မေးရမယ့် မေးခွန်းကတော့ အပြန်အလှန်အနေနဲ့ သူတို့ဘာတွေရလဲ ဆိုတာပဲဖြစ်တယ်” ဟု ဆက်လက်ပြောကြားသည်။

သံတမန်ရေးဟန်ပြများ ရှိသော်လည်း တရုတ်သည် ရုရှားက ယူကရိန်းကို ကျူးကျော်ခြင်းအား သွယ်ဝိုက် ထောက်ခံနေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ကြောင်း ဘိုလ်လိဂ်က အလေးထားပြောသည်။

ရုရှားသို့ လက်နက်များကို ဗြောင်ကျကျ မထောက်ပံ့သော်လည်း တရုတ်သည် ရုရှား၏ စစ်ပွဲတွင် အဓိကမိတ်ဖက်ဖြစ်ကာ စစ်ဘက်အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများ ထောက်ပံ့ကာ ရုရှားလက်နက်လုပ်ငန်းကို ဆက်လက် လည်ပတ်စေပြီး အနောက်တိုင်း အရေးယူပိတ်ဆို့မှုများကို ခံနိုင်အောင် လုပ်ဆောင်ပေးနေသည်။

ရုရှားသို့ လက်နက်များကို ဗြောင်ကျကျ မထောက်ပံ့သော်လည်း တရုတ်သည် ရုရှား၏ စစ်ပွဲတွင် အဓိကမိတ်ဖက်ဖြစ်ကာ စစ်ဘက်အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများ ထောက်ပံ့ကာ ရုရှားလက်နက်လုပ်ငန်းကို ဆက်လက် လည်ပတ်စေပြီး အနောက်တိုင်း အရေးယူပိတ်ဆို့မှုများကို ခံနိုင်အောင် လုပ်ဆောင်ပေးနေသည်။

တရုတ်၏ အမြင်တွင် ယူကရိန်းမှ လက်ဝေခံစစ်ပွဲသည် ၎င်းတို့လက်လျှိုခြင်း မရှိဘဲ အနောက်တိုင်းကို အလုပ်ရှုပ်အောင် လုပ်နိုင်သည့် ဈေးပေါထိရောက်သော နည်းလမ်းဖြစ်သည်ဟု ဘိုလ်လိဂ်က ပြောသည်။

“အဲဒီ သွယ်ဝိုက်သေနင်္ဂဗျူဟာမှာ မြောက်ကိုရီးယားဟာ တစိတ်တပိုင်းပါဝင်နေတာ သေချာတယ်” ဟု ၎င်းကပြောသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့က မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်း၌ “မြောက်ကိုရီးယား-တရုတ် ချစ်ကြည်ရေးနှစ်” အခမ်းအနားတွင် တရုတ်နှင့် မြောက်ကိုရီးယား အနုပညာရှင်များ ဖျော်ဖြေနေစည် / AFP

တရုတ်အစိုးရက မဟာမိတ်များနှင့် ဆက်လက်ပူးပေါင်းနေဆဲ

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
176
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.9k
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
567

တရုတ်သည် မြောက်ကိုရီးယားနှင့်ပတ်သက်ပြီး မကျေနပ်ဆိုသည့် အယူအဆကို အဓိက ထောက်ခံသူများက တရုတ်၏ ဥရောပမှ စီးပွားရေးအကျိုးစီးပွားနှင့် ဒေသတွင်း တည်ငြိမ်စေလိုသည့် ဆန္ဒကို ထောက်ပြကြသည်။

တရုတ်သည် အမေရိကန် ပြည်ထောင်စုနှင့် ထိပ်တိုက်တွေ့ခြင်းကို ရှောင်ရှားခြင်းမရှိဘဲ အထူးသဖြင့် ထိုင်ဝမ်နှင့် ပတ်သက်လျှင် ထိပ်တိုက်တွေ့ခြင်းကို ရှောင်ရှားခြင်း မရှိပေ။ တချိန်တည်းတွင် တရုတ်သည် ဥရောပသမဂ္ဂကို ဆန့်ကျင်ခြင်းအား ယေဘုယျအားဖြင့် ရှောင်ရှားပြီး အကျိုးအမြတ်ရသည့် ကုန်သွယ်ရေးကို ခံစားကာ အတ္တလန္တိတ်သမုဒ္ဒရာနှစ်ဖက် ဆက်ဆံရေးကို ထိခိုက်အောင်လုပ်ရန် ကြိုးစားသည်။

သို့သော် အနောက်နိုင်ငံများက တရုတ်သည် ရုရှားစစ်ပွဲ၏ တရားခံဖြစ်သည်ဟု ကြေညာထားပြီး တရုတ်၏ အခန်းကဏ္ဍကို နောက်ဆုံးကျင်းပသည့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး) ထိပ်သီးအစည်းအဝေးအတွင်း မီးမောင်းထိုး ပြောကြားသည်။ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့သည် တရုတ်ကုမ္ပဏီများကို အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသည်။

သို့သော် တရုတ်သည် စိုးရိမ်ပူပန်ပုံမရပေ။

“မြောက်ကိုရီးယားတပ်တွေ လွှဲပြောင်းပေးပို့လိုက်တာဟာ တရုတ်ရဲ့ မြောက်ကိုရီးယားနဲ့ ရုရှားအပေါ် သဘောထား သိသိသာသာ ပြောင်းစေနိုင်တဲ့ အဆုံးအဖြတ်ကျတဲ့ ခြေလှမ်းမဟုတ်ဘူး” ဟု သုတေသီ စဗက်က ယုံကြည်သည်။

“မြောက်ကိုရီးယားတပ်တွေ လွှဲပြောင်းပေးပို့လိုက်တာဟာ တရုတ်ရဲ့ မြောက်ကိုရီးယားနဲ့ ရုရှားအပေါ် သဘောထား သိသိသာသာ ပြောင်းစေနိုင်တဲ့ အဆုံးအဖြတ်ကျတဲ့ ခြေလှမ်းမဟုတ်ဘူး” ဟု သုတေသီ စဗက်က ယုံကြည်သည်။

ယူကရိန်းတွင် တိုက်ခိုက်ရန် မြောက်ကိုရီးယားတပ်များ မစေလွှတ်ရေးအတွက် ဖျောင်းဖျရေး အမေရိကန် ပြည်ထောင်စုက တရုတ်ကို မေတ္တာရပ်ခံသည်ဟု ဆိုသော်လည်း ထိုတောင်းဆိုမှုသည် လွန်ခဲ့သော နှစ်နှစ်ခွဲအတွင်း တောင်းဆိုမှုများထက် ပိုမိုအောင်မြင်ဖွယ် မရှိပေ။

အနောက်နိုင်ငံများသည် တရုတ်မှတဆင့် မြောက်ကိုရီးယားကို ဖိအားပေးရန် သြဇာကင်းမဲ့နေကြောင်း ဘိုလ်လိဂ်က ပြောသည်။

တချိန်တည်းတွင် ညံ့ဖျင်းစွာ လေ့ကျင့် လက်နက်တပ်ဆင်ထားသည့် မြောက်ကိုရီးယားတပ်များသည် စစ်မြေပြင်တွင် မည်သည့် “သေနင်္ဂဗျူဟာကျသည့် အပြောင်းအလဲ” ကိုမှ ဖြစ်စေမည်မဟုတ်ဟု အထက်ပါ ကျွမ်းကျင်သူက ပြောသည်။ ရုရှားသည် ၎င်းတို့ အကြီးအကျယ်ဆုံးရှုံးမှုကို တားဆီးရန် ထောက်ပို့အခန်းကဏ္ဍတွင်သာ အများအားဖြင့် သုံးမည်ဟု ၎င်းက ခန့်မှန်းသည်။

ရုရှားတပ်များ နေ့စဉ်ရင်ဆိုင်နေရသည့် လူသားလှိုင်း တိုက်ခိုက်မှုများသို့ မြောက်ကိုရီးယားတပ်များကို ထည့်သွင်းခြင်းသည် ရုရှား၏ တရုတ်နှင့်မြောက်ကိုရီးယား ဆက်ဆံရေးများအတွက် မကောင်းကြောင်း ဘိုလ်လိဂ်က ကောက်ချက်ချသည်။

(Kyiv Independent ပါ Martin Fornusek ၏ China was well aware of North Korea troop deployment ahead of time, expert says ကို ဘာသာပြန်သည်။)

You may also like these stories:

မြန်မာမှ ယူကရိန်းအထိ ဒရုန်းစစ်ရေး အပြောင်းအလဲဖြစ်နေ

ရုရှားက အသာစီးဖြင့် တိုက်နေတဲ့ ၂ နှစ်ကြာ ယူကရိန်းစစ်ပွဲ

ရုရှားကို လက်နက်ရောင်းချရေး ကင်မ်ဂျုံအန်း ဈေးဗန်းခင်းနေ

မြောက်ကိုရီးယားဆိုင်ရာ မြန်မာသံအမတ်သစ် စစ်ကောင်စီ ခန့်

ယူကရိန်းမြို့တော် ကိယက်ဖ်မှာ လေ့လာတွေ့ရသမျှ

Your Thoughts …
Tags: ကျူးကျော်စစ်တရုတ်နေတိုးနျူကလီးယားမြောက်ကိုရီးယားယူကရိန်းရုရှားအမေရိကန်အရေးယူပိတ်ဆို့မှုဥရောပသမဂ္ဂ
Martin Fornusek

Martin Fornusek

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

Next Post
မြောင်တွင် ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောနှင့် တုပ်ကွေး ဖြစ်ပွားနေ

မြောင်တွင် ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောနှင့် တုပ်ကွေး ဖြစ်ပွားနေ

အင်းတော်တွင် ဖမ်းထားသူများကို စစ်တပ် အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်

အင်းတော်တွင် ဖမ်းထားသူများကို စစ်တပ် အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved