• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရုရှားကို လက်နက်ရောင်းချရေး ကင်မ်ဂျုံအန်း ဈေးဗန်းခင်းနေ

by ဧရာဝတီ
7 September 2023
in သတင်း
A A
ရုရှားကို လက်နက်ရောင်းချရေး ကင်မ်ဂျုံအန်း ဈေးဗန်းခင်းနေ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း ၂၀၁၉ ခုနှစ်တွင် တွေ့ဆုံခဲ့စဉ်

1.4k
VIEWS
Share on FacebookShare on Twitter

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းသည် လွန်ခဲ့သောတလအတွင်း အဓိကကျသည့် လက်နက်ခဲယမ်းစက်ရုံ ငါးရုံကို စစ်ဆေးပြီး တိုက်ချင်းပစ်ဒုံးကျည်များနှင့် ခရုဇ် ဒုံးကျည်အင်ဂျင်များမှသည် စနိုက်ပါနှင့် တိုက်ခိုက်ရေး ရိုင်ဖယ်များအထိ တိုးမြှင့်ထုတ်လုပ်ရန် အင်ဂျင်နီယာများနှင့် အရာရှိများကို တိုက်တွန်းသည်။

မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြပြီး ဒုံးကျည်နှင့် ဒရုန်းအင်ဂျင် ထုတ်လုပ်သည့် စက်ရုံများသို့ ကင်မ်ဂျုံအန်း သွားရောက်ခြင်းသည် ပြုံယမ်းက ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကို ထောက်ခံရန် ကြိုးစားနေစဉ် နိုင်ငံ၏ လက်နက်ထုတ်လုပ်သည့်လုပ်ငန်း ခေတ်မီရေး အားပေးရန် လှုပ်ရှားမှု အစိတ်အပိုင်း ဖြစ်သည်။

ကင်မ်သည် ယခုအပတ်အတွင်း သမ္မတ ပူတင်နှင့် တွေ့ဆုံရန်၊ လက်နက်ရောင်းချရေး ဆွေးနွေးရန် ရုရှားသို့ သွားမည်ဟု မျှော်လင့်ရသည်ဟု အိမ်ဖြူတော်အရာရှိတဦးက ပြောသည်။ ထိုစီစဉ်ထားသည့် ခရီးစဉ်သည် ပြုံယမ်းသို့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေး ရွှိုင်ဂု ဇူလိုင်လက သွားရောက်ပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ သူ့ကို ကင်မ်က တိုက်ခိုက်ရေးနှင့် ထောက်လှမ်းရေး ဒရုန်းများမှသည် မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ဒုံးကျည် နောက်ဆုံးမျိုးဆက်များအထိ ပြသထားသည့် လက်နက်ပြပွဲတခုသို့ ကိုယ်တိုင်ခေါ်သွားခဲ့သည်။

“ကင်မ်က သူ့ရဲ့လက်နက်လုပ်ငန်းကို ပြည်ပမှာ ကြော်ငြာဖို့ ကြိုးစားနေပြီး အလားအလာရှိတဲ့ ဖောက်သည်တွေကို လက်နက်ထုတ်လုပ်မှု စွမ်းရည်နဲ့ အဆောက်အအုံတွေကို ပြသနေတယ်” ဟု တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ Asan Institute for Policy Studies မူဝါဒလေ့လာရေးအင်စတီကျုမှ ကာကွယ်ရေးကျွမ်းကျင်သူ ယန်အတ် ပြောသည်။

“ရုရှားက ယူကရိန်းစစ်ပွဲအတွက် လက်နက် လုံလုံလောက်လောက် မရဘူး။ ဒါကြောင့် မြောက်ကိုရီးယားကနေ လက်နက်ပိုမိုရဖို့ စိတ်အားထက်သန်နေတယ်” ဟု ယန်က ပြောကြားပြီး ကင်မ်၊ ရွှိုင်ဂုတို့နှင့်အတူ လက်နက်ဝယ်ယူရေးအတွက် တာဝန်ခံသည့် ရုရှားဒုကာကွယ်ရေးဝန်ကြီး အလက်စီ ကရီဗိုရုဒ်ကိုလည်း လက်နက်ပြပွဲသို့ လိုက်ပါလာကြောင်း ထောက်ပြသည်။

မော်စကိုသည် ကိဗ်၏ တန်ပြန်ထိုးစစ်ကို တွန်းလှန်ရန် ကြိုးစားနေစဉ် ယူကရိန်းစစ်ပွဲအတွက် အရေးပါသော ကာလတွင် မြောက်ကိုရီးယားနှင့် ရုရှားအကြား လက်နက်ကုန်သွယ်မှု တိုးချဲ့မည်ကို အမေရိကန် ပြည်ထောင်စုက ပိုမိုစိုးရိမ်လာနေသည်။

“တခြား အချုပ်အခြာအာဏာပိုင် နိုင်ငံတခုရဲ့ ပိုင်နက်ကို သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ ရုရှားကို လက်နက်ထောက်ပံ့တာ မြောက်ကိုရီးယားကို ပုံရိပ်ကောင်းစေမှာ မဟုတ်ဘဲ နိုင်ငံတကာ အသိုက်အဝန်းမှာ သူတို့ တန်ဖိုးတခု ပေးဆပ်ရလိမ့်မယ်” ဟု အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ် ဆူလီဗန်က စက်တင်ဘာလ ၅ ရက်နေ့တွင် ပြောသည်။

“ရုရှားဟာ သူ့ရဲ့ကာကွယ်ရေးစွမ်းရည်ကို အထောက်အကူပြုအောင် မြောက်ကိုရီးယားလို နိုင်ငံတနိုင်ငံကို အားကိုးရတယ်ဆိုတာ အဓိပ္ပာယ်အများကြီး သက်ရောက်တယ်” ဟုလည်း မစ္စတာ ဆူလီဗန်က ပြောသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ပြုံယမ်းမြို့ မြောက်ဘက်ရှိ ရေကြောင်းသုံး အင်ဂျင်စက်ရုံကို စစ်ဆေးနေစဉ် / AFP

ကင်မ်၏ မျှော်လင့်ရသော ရုရှားနိုင်ငံအရှေ့ပိုင်းဆိပ်ကမ်း ဗလာဒီဘော့စတော့သို့ ခရီးစဉ်သည် ၂၀၁၉ ခုနှစ်နောက်ပိုင်း သူ၏ ပထမဆုံး ပြည်ပခရီး ဖြစ်သည်။ ရွှိုင်ဂုက သူ၏ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေး တောင့်တင်းအောင်ပြုလုပ်ရန် ကတိပေးပြီးနောက် ရုရှားက ၎င်းတို့နှင့် တရုတ်ပူးတွဲရေကြောင်း စစ်ရေးလေ့ကျင့်မှုတွင် မြောက်ကိုရီးယား ပါဝင်ရန် အဆိုပြုထားသည်။

ယန်က မြောက်ကိုရီးယားသည် ခဲယမ်း၊ အတွဲလိုက်ပစ်နိုင်သော လောင်ချာများနှင့် တာတိုပစ် ဒုံးကျည်များ အပါအဝင် ယူကရိန်းစစ်မြေပြင်တွင် ကောင်းကောင်း အသုံးချနိုင်သော လက်နက် အများအပြား ပေးနိုင်ကြောင်း မှတ်ချက်ချသည်။ မြောက်ကိုရီးယားသည် ရုရှား ကြေးစားတပ် ဝဂ္ဂနာကို ခြေလျင်တပ်သုံး ဒုံးကျည်များပေးခဲ့သည်ဟု အမေရိကန် ပြည်ထောင်စုက ယခင်က ပြောဆိုဖူးသည်။

မြောက်ကိုရီးယားသည် ထိုလက်နက်များကို ထုတ်လုပ်ပံ့ပိုးနိုင်သည်ဆိုသည့် သတင်းစကားကို ကင်မ် ပေးချင်ပုံရသည်ဟု ယန်က ပြောသည်။ “အဲဒီကိစ္စကို သဘောတူထားပြီးဖြစ်တယ်လို့ ကျနော်ထင်တယ်။ ဒါကြောင့် ကင်မ်က ရုရှားကို သွားမှာ” ဟုလည်း ၎င်းကပြောသည်။

တရုတ်နှင့်အတူ ရုရှားသည် မြောက်ကိုရီးယားအတွက် အရေးပါသော နိုင်ငံခြားငွေနှင့် ရေနံနှင့် သီးနှံကဲ့သို့သော ကုန်စည်များအတွက် ရင်းမြစ်ဖြစ်သည်ဟု သုတေသီများက ပြောသည်။

“အခုလောလောဆယ် သူတို့တွေ ဒါကို အနီးကပ်ဆွေးနွေးနေတာ ဖြစ်ရမယ်” ဟု ဆိုးလ်မြို့ရှိ ဆီဂျောင် အင်စတီကျုမှ ဝါရင့်သုတေသီ ချုံဆောင်းချန်က ပြောသည်။

ပြုံယမ်းသည် ၎င်း၏လက်နက်အဆင့်များကို မြှင့်တင်နေစဉ် ထုတ်လုပ်ပြီးသား လက်နက်များကို တင်ပို့ရောင်းချရန် ဦးစားပေးသည်ဟု Daily NK သတင်းစာမျက်နှာက ဖော်ပြသည်။

မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏ ဆရာသမားဟောင်း ဆိုဗီယက်ယူနီယံနှင့် ရှည်လျားသော စစ်ရေးပူးပေါင်းဆောင်ရွက်မှု သမိုင်းရှိပြီး မြောက်ကိုရီးယား ဒုံးကျည်များနှင့် လက်နက်စနစ်များသည် ရုရှားက လက်ရှိအသုံးပြုနေဆဲ ဆိုဗီယက်ဒီဇိုင်းများနှင့် လွန်စွာတူသည် သို့မဟုတ် ဆိုဗီယက်ဒီဇိုင်းများကို ပုံတူကူးထားသော လက်နက်များ ဖြစ်သည်။

ဆိုဗီယက် ယူနီယံ ပြိုကွဲပြီးနောက် ကင်မ်၏အဘိုး ကင်မ်အီဆွန်းသည် ပထမဆုံး ဆိုဗီယက်၏ ရေငုပ်သင်္ဘောမှ ပစ်ခတ်သည့် ဒုံးကျည်များ၏ မြေပြင်ပစ်ပုံစံ ဒုံးကျည်ဒီဇိုင်းများ ရယူခဲ့ပြီး ပြုံယမ်း၏ လောင်စာရည်သုံး ဒုံးကျည် အစီအစဉ်အတွက် အုတ်မြစ်ချပေးခဲ့သည်။

ရွှိုင်ဂုကို ပြသခဲ့သည့် မြောက်ကိုရီးယားလုပ် KN-23 တာတိုပစ်ဒုံးကျည်သည် မော်စကိုက ယူကရိန်းပိုင်နက်ကို တိုက်ခိုက်ရန် သုံးနေသည့် ရုရှားလုပ် Iskander ဒုံးကျည်နှင့် တပ်ထူနီးပါးတူသည်ဟု ကျွမ်းကျင်သူများ သတ်မှတ်သည်။

“ရုရှားက မြောက်ကိုရီးယားလုပ် အဆင့်မြင့်လက်နက်တွေကို ဈေးပေါပေါနဲ့ ရရင် မော်စကိုက မဝယ်စရာ အကြောင်း မရှိဘူး” ဟု ယန်က ပြောသည်။

မြောက်ကိုရီးယား လက်နက်စက်ရုံများကို ကင်မ် သွားရောက်စစ်ဆေးခြင်းသည် အရေးယူပိတ်ဆို့မှုများ ရင်ဆိုင်ရပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း လွန်စွာ အထီးကျန်ခဲ့သော်လည်း ကြောက်မက်ဖွယ်ကောင်းသည့် လက်နက်များ ထုတ်လုပ်ရာတွင် ပြုံယမ်း၏ အောင်မြင်မှုကို အမေရိကန် ပြည်ထောင်စု၊ တောင်ကိုရီးယားနှင့် ပြုံယမ်း၏ အခြားရန်သူများကို သတိပေးလိုက်ခြင်းဖြစ်သည်ဟု သုတေသီများက ပြောသည်။

သြဂုတ်လအတွင်းက ကင်မ် စစ်ဆေးခဲ့သည့် စက်ရုံများအနက် တခုဖြစ်သည့် ပြုံယမ်းမြို့မြောက်ဘက် အနည်းငယ်သာဝေးသော ဖျောင်ဆောင်မှ March 16 Factory သည် လောင်စာအရည်သုံး Hwasong-18 ICBM ဒုံးကျည် အပါအဝင် ဒုံးကျည်များအတွက် လောင်ချာများ ထုတ်လုပ်သည့် စက်ရုံဖြစ်သည်။ Hwasong-18 ICBM ကို အမေရိကန် ပြည်မကြီးအထိ ပစ်ခတ်နိုင်သည်ဟု အနောက်တိုင်း သုတေသီများက ယုံကြည်ကြသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေး ရွှိုင်ဂုတို့ ဇူလိုင်လအတွင်း ပြုံယမ်း လက်နက်ပြပွဲတွင် တွေ့ရစဉ် / Korea News Service

နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များ အစောပိုင်းတွင် မြောက်ကိုရီးယားသည် နိုင်ငံခြားအကူအညီကို အကြီးအကျယ် မှီခိုရသော်လည်း ယခုအခါ နျူကလီးယား လက်နက်များ ထုတ်ရန် မော်စကိုမှ အကူအညီ မလိုတော့ကြောင်း သုတေသီ ချုံက ပြောသည်။

မြောက်ကိုရီးယား၏ ခေတ်မီရေး အားထုတ်မှုများသည် တရားမဝင် ဘဏ္ဍာရေးနှင့်ဝယ်ယူရေး ကွန်ရက်များကြောင့် တိုးပွားလာသည့် ပြည်တွင်းအစီအစဉ်များနှင့် ရုရှားအပါအဝင် နိုင်ငံများတွင် ဆိုက်ဘာခိုးဝင်မှုမှ ရရှိထားသော နည်းပညာများကိုသာ အဓိကထားသည်။

နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြင့်မားနေစဉ်တွင်ပင် မြောက်ကိုရီးယား ဟက်ကာ အုပ်စုများဖြစ်သော ScarCruft နှင့် Lazarus Group တို့သည် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်များတွင် ရုရှား၏ ဒုံးကျည်ဒီဇိုင်းဗျူရိုဖြစ်သော NPO Mashinostroyeniya ကို ခိုးဝင်ကြသည်ဟု အမေရိကန် ဆိုက်ဘာလုံခြုံရေး အုပ်စုဖြစ်သည့် Sentinel One က ဖော်ပြသည်။

ကင်မ်သည် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများနှင့် ထောက်လှမ်းရေး ဂြိုဟ်တုများ အပါအဝင် မြောက်ကိုရီးယား ကာကွယ်ရေး ကိရိယာ နောက်မျိုးဆက်အတွက် ရုရှားအကူအညီရရန် ပူတင်နှင့်ဆက်ဆံရေးကို အရှိန်မြှင့်တင်ရန် ကြိုးစားနိုင်ကြောင်း သုတေသီ ချုံက ပြောသည်။ မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း သူလျှိုဂြိုဟ်တုကို အာကာသတွင်းသို့ လွှတ်တင်ရန် နှစ်ကြိမ် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။

အစဉ်အလာအားဖြင့် မြောက်ကိုရီးယား၏ အနီးကပ်ဆုံးမဟာမိတ် တရုတ်သည် ပြုံယမ်း၏ စစ်ရေး ရည်မှန်းချက်များကို အဆင်ပြေအောင် လုပ်ပေးနေသည်ဟု အမြင်ခံရမည်ကို စိုးရိမ်နေသော်လည်း ယူကရိန်း ကျူးကျော်မှုကြောင့် အနောက်တိုင်းနှင့် လမ်းခွဲလိုက်သည့် ရုရှားသည် ထိုသို့သော ပူပန်မှုများ မရှိတော့ကြောင်း ချုံက ပြောသည်။

“တရုတ်က အမေရိကန် ပြည်ထောင်စုနဲ့ သူ့ဆက်ဆံရေး ထပ်မံ ပျက်စီးတာကို မမြင်လိုဘူး။ ဒါကြောင့် မြောက်ကိုရီးယားနဲ့ စစ်ရေးပူးပေါင်းမှု တိုးချဲ့ဖို့ စိတ်မပါဘူး” ဟု ချုံက ပြောသည်။ “ဒါပေမယ့် ရုရှားက အမေရိကန် ပြည်ထောင်စု အကြိုက် လုပ်ပေးဖို့ အကြောင်းမရှိဘူး” ဟုလည်း ပြောသည်။

(Financial Times ပါ Christian Davies နှင့် Song Jung-a တို့၏ North Korea’s Kim Jong Un pitches for Russian business in weapons sales push ကို ဘာသာပြန်သည်။)

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
75
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
29
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
91

You may also like these stories:

ရုရှားကို တရုတ် စစ်ရေးထောက်ပံ့မှာလား

မြန်မာနှင့် မြောက်ကိုရီးယားကို နှိုင်းယှဉ်လေ့လာခြင်း

တိုက်ချင်းပစ် ဒုံးလက်နက်ထုတ်ရာ၌ အဓိကကျသူ မြောက်ကိုရီးယား ၂ဦး အမေရိကန်အရေးယူ

ရုရှားစစ်ဘက် ကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယားသို့ သွားရောက်

ရုရှား၏ ယူကရိန်း ကျူးကျော်စစ် မြန်မာစစ်အုပ်စုအတွက် ပြဿနာဖြစ်

Your Thoughts …
Tags: စစ်လက်နက်တရုတ်တောင်ကိုရီးယားမြောက်ကိုရီးယားယူကရိန်းရုရှားအမေရိကန်အရေးယူပိတ်ဆို့မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

Next Post
စစ်ရေးအကူငွေများ အဂတိလိုက်စားမှု ပြဿနာ ယူကရိန်း ခေါင်းခဲစရာ

စစ်ရေးအကူငွေများ အဂတိလိုက်စားမှု ပြဿနာ ယူကရိန်း ခေါင်းခဲစရာ

မြန်မာ့အရေး အဖြေရှာရန် ဂျကာတာမှာ ဝိုင်းတောင်းဆို

မြန်မာ့အရေး အဖြေရှာရန် ဂျကာတာမှာ ဝိုင်းတောင်းဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved