• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရုရှားကို တရုတ် စစ်ရေးထောက်ပံ့မှာလား

by ဧရာဝတီ
24 February 2023
in ဆောင်းပါး
A A
၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၄ ရက်နေ့က ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ ရင်ပြင်နီတွင် Victory Day ချီတက်ပွဲမတိုင်မီ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ စစ်သားများ နိုင်ငံတော်အလံကို သယ်ဆောင်လာစဉ် / AFP

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၄ ရက်နေ့က ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ ရင်ပြင်နီတွင် Victory Day ချီတက်ပွဲမတိုင်မီ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ စစ်သားများ နိုင်ငံတော်အလံကို သယ်ဆောင်လာစဉ် / AFP

5.1k
VIEWS
Share on FacebookShare on Twitter

ရုရှား၏ ယူကရိန်းကျူးကျော်စစ်တွင် တရုတ်က “လက်နက်အကူအညီပေးရန် စဉ်းစားနေကြောင်း” အမေရိကန် ပြည်ထောင်စုက ပြောကြားလိုက်သည်။

တရုတ်က ထိုကိစ္စကို ယခုအပတ်အတွင်း အလျင်အမြန် ငြင်းဆန်သော်လည်း ကျွမ်းကျင်သူများက ထိုကိစ္စသည် စဉ်းစားရမည့်ကိစ္စဖြစ်ကြောင်း ပြောကြားခဲ့ပြီး တရုတ်က ရုရှားကိုစစ်ရေးအရ ထောက်ခံပါက တနှစ်ကျော် ကြာပြီဖြစ်သည့် ထိုစစ်ပွဲတွင် အပြောင်းအလဲ ဖြစ်သွားနိုင်ကြောင်းပြောသည်။

ဝါရှင်တန်၏ပြောဆိုချက်နှင့် သက်ရောက်မှုဆိုင်ရာ အဓိကမေးခွန်းများကို အောက်တွင် ဖော်ပြလိုက်သည်။

အမေရိကန် စွပ်စွဲချက်၏နောက်ကွယ်

ရုရှားတင့်ကားများ ယူကရိန်းနယ်စပ်ကို ဖြတ်ကျော်လာပြီးနောက် တရုတ်သည် သမ္မတ ပူတင်ကို သံတမန်ရေးနှင့် ဘဏ္ဍာရေး ထောက်ခံမှုပေးသော်လည်း ဗြောင်ကျသည့် စစ်ရေးပါဝင်ပတ်သက်မှု သို့မဟုတ် လက်နက်များပေးပို့ခြင်း မရှိပေ။

တရုတ်နိုင်ငံပိုင်လုပ်ငန်းများသည် ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံလုံးသို့ မောင်းသူမဲ့ဒရုန်းများနှင့် အခြားကိရိယာများ ရောင်းချသော်လည်း မော်စကိုသည် လွန်စွာလိုအပ်နေသည့် မောင်းသူမဲ့ဒရုန်းများကဲ့သို့သော ကိရိယာများ ရရှိရေးအတွက် အီရန်ကို အားကိုးရသည်။ မြောက်ကိုရီးယားက ရုရှားကို ဒုံးကျည်များနှင့် အမြောက်ဆံများ ထောက်ပံ့သည်ဟု အမေရိကန် ပြည်ထောင်စုက ပြောသည်။

တရုတ်နိုင်ငံပိုင်လုပ်ငန်းများသည် ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံလုံးသို့ မောင်းသူမဲ့ဒရုန်းများနှင့် အခြားကိရိယာများ ရောင်းချသော်လည်း မော်စကိုသည် လွန်စွာလိုအပ်နေသည့် မောင်းသူမဲ့ဒရုန်းများကဲ့သို့သော ကိရိယာများ ရရှိရေးအတွက် အီရန်ကို အားကိုးရသည်။ မြောက်ကိုရီးယားက ရုရှားကို ဒုံးကျည်များနှင့် အမြောက်ဆံများ ထောက်ပံ့သည်။

ထိုအခြေအနေသည် အပြောင်းအလဲ ဖြစ်လာနိုင်သည်ဟု ဝါရှင်တန်က ယုံကြည်ပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အန်ထော်နီ ဘလင်ကန်က စိုးရိမ်မှုကို လူသိရှင်ကြား ထုတ်ဖော်ပြောကြားခြင်း ဖြစ်သည်။

“ကျနော်တို့ရထားတဲ့ သတင်းတွေကို အခြေခံပြောရရင် တရုတ်က ရုရှားကို လက်နက်ထောက်ပံ့ဖို့ စဉ်းစားနေတယ်” မစ္စတာ ဘလင်ကန်က ပြောသည်။

ထိုပြောကြားချက်အတွက် အထောက်အထားများကို မစ္စတာ ဘလင်ကန်က ပြောကြားခြင်းမရှိဘဲ ထိုသို့လုပ်ခြင်းသည် ရုရှား၏ စစ်ရေးစီမံချက်များကို လက်ဦးမှုရရန်နှင့် ဟန့်တားရန် ဝါရှင်တန်က သတင်းထုတ်ပြန်သည့် ပုံစံမျိုးသာဖြစ်သည်။ ဝေဖန်သူများက အမေရိကန် ထောက်လှမ်းရေး၏ ယခင်က မအောင်မြင်မှုများကို ထောက်ပြကြမည် ဖြစ်သည်။

“မစ္စတာ ဘလင်ကန်က ဒီစိုးရိမ်မှုကို လူသိရှင်ကြား ပြောလိုက်တယ်ဆိုတဲ့အချက်က အမေရိကန် ပြည်ထောင်စုမှာ ခိုင်မာတဲ့ ထောက်လှမ်းရေးသတင်း ရထားပုံပေါ်တယ်” ဟု ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီရှိ Lowy Institute မှ အရှေ့အာရှရေးရာ ဝါရင့်သုတေသီ ရစ်ချတ် မက်ဂရီဂေါက ပြောသည်။

ဘေဂျင်းက တံခါးပိတ်ဆွေးနွေးမှုများအပေါ် တိုက်ရိုက် မှတ်ချက်ပေး ပြောကြားခြင်းမရှိဘဲ ဝါရှင်တန်သည် “သတင်းမှားဖြန့်” ပြီး “အပြစ်ကို လွှဲချနေကြောင်း” ပြောသည်။

ဝါရှင်တန်က မည်သည့်အတွက် စိုးရိမ်သနည်း

စစ်ပွဲတလျှောက်လုံးတွင် ရုရှားသည် ပြင်းထန်သော ယူကရိန်း ခုခံမှုကို အသာရစေရန် လုံလောက်သော စစ်သည်၊ ခဲယမ်းနှင့် လက်နက်များ စုဆောင်းနေရပြီး သမ္မတ ပူတင်သည် အစုလိုက်အပြုံလိုက် တပ်သားစုဆောင်းခြင်း၊ ကြေးစားစစ်သားများနှင့် သွင်းကုန်များကို အားထားနေရသည်။

တချိန်တည်းတွင် ယူကရိန်းသည် ရုရှား၏ ပြင်းထန်သော တိုက်ခိုက်မှုကို ဟန့်တားရုံသာမက အသာစီးရရန်ပင် လုပ်ဆောင်နိုင်ခဲ့သည်။ သို့သော် နှစ်ဖက်စလုံးသည် ရင်းမြစ်များရရန် အလုအယက် လုပ်နေပြီး ဆောင်းရာသီမှ နွေဦးရာသီသို့ ရောက်လာသောအခါ အဆုံးအဖြတ်ကျသော အောင်မြင်မှုရရန် ကြိုးစားနေကာ စစ်ပွဲသည် အပြောင်းအလဲမှတ်သို့ ရောက်နေသည်ဟု လေ့လာသူအချို့က ပြောသည်။

ယူကရိန်းသည် ရုရှား၏ ပြင်းထန်သော တိုက်ခိုက်မှုကို ဟန့်တားရုံသာမက အသာစီးရရန်ပင် လုပ်ဆောင်နိုင်ခဲ့သည်။ သို့သော် နှစ်ဖက်စလုံးသည် ရင်းမြစ်များရရန် အလုအယက် လုပ်နေပြီး ဆောင်းရာသီမှ နွေဦးရာသီသို့ ရောက်လာသောအခါ အဆုံးအဖြတ်ကျသော အောင်မြင်မှုရရန် ကြိုးစားနေသည်

ထိုသို့သောအခြေအနေတွင် တရုတ်လက်နက်များ ဝင်ရောက်လာခြင်းသည် အပြောင်းအလဲကို ဆုံးဖြတ်ပေးနိုင်သည်ဟု သြစတြေးလျ ဗိုလ်ချုပ်ဟောင်းနှင့် သေနင်္ဂဗျူဟာပညာရှင် မစ်ခ် ရိုင်ယန်က AFP သို့ ပြောသည်။

“ဒါဟာ စက်မှုနိုင်ငံတွေရဲ့ စစ်ဖြစ်တယ်။ အခုအချိန်မှာ အနောက်နိုင်ငံတွေက ရုရှားကို အသာစီးရနေတယ်။ တရုတ်က ဝင်လာရင် အနောက်နိုင်ငံတွေရဲ့ စက်မှုစွမ်းအားကြောင့်ရနေတဲ့ ယူကရိန်းရဲ့အားသာချက်တွေ ချက်ချင်းပျောက်ကွယ်သွားနိုင်တယ်” ဟု ၎င်းကပြောသည်။

ယူကရိန်းနိုင်ငံ၊ အီဇီယမ်ရှိ အကြီးအကျယ်ပျက်စီးနေသော အဆောက်အအုံမြင်ကွင်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တွေ့ရစဉ် / AFP

ရုရှားတွင် ကုန်ခမ်းနေသည့် အမြောက်များအတွက် ခဲယမ်းများဖြစ်စေ၊ အတိအကျပစ်နိုင်သည့် ခဲယမ်းများဖြစ်စေ၊ တာဝေးပစ်လက်နက်များဖြစ်စေ တရုတ်လက်နက်ခဲယမ်းများသည် ယူကရိန်းအတွက် အခက်အခဲဖြစ်စေမည် ဖြစ်သည်။

မည်သည့်အတွက် တရုတ်ဝင်ပါလာနိုင်သနည်း

တရုတ်သည် လက်နက်များပေးပို့မည် မဟုတ်သော်လည်း ယူကရိန်းစစ်ပွဲ မတိုင်မီကပင် မော်စကိုနှင့် ဘေဂျင်းအကြား နိုင်ငံရေး၊ ကုန်သွယ်ရေးနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများသည် နက်ရှိုင်းနေပြီး ဆက်လက် နက်ရှိုင်းနေကြောင်း တရုတ်စစ်ရေးဆောင်းပါးရှင် ဆွန်ကျုံဖျင်က ပြောသည်။

“အမေရိကန် ပြည်ထောင်စုက တောင်းဆိုတာတွေကို တရုတ်က နားထောင်မှာ မဟုတ်ဘူး။ တရုတ်က သူ့ရဲ့ အမျိုးသားရေးစိတ်ဓာတ်နဲ့ အမျိုးသားလုံခြုံရေး စိုးရိမ်မှုအရ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မှု တောင့်တင်းအောင်လုပ်မှာပဲ” ဟု သူကပြောသည်။

“အမေရိကန် ပြည်ထောင်စုက တောင်းဆိုတာတွေကို တရုတ်က နားထောင်မှာ မဟုတ်ဘူး။ တရုတ်က သူ့ရဲ့ အမျိုးသားရေးစိတ်ဓာတ်နဲ့ အမျိုးသားလုံခြုံရေး စိုးရိမ်မှုအရ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မှု တောင့်တင်းအောင်လုပ်မှာပဲ”

ပိုမိုကြီးမားသော ကစားပွဲတခု လက်တကမ်းတွင်ရှိနေပြီး ယူကရိန်းသည် စစ်အေးတိုက်ပွဲပုံစံ လက်ဝေခံစစ်ပွဲ ဖြစ်နေကြောင်း ကျွမ်းကျင်သူအများအပြားက ယုံကြည်ကြသည်။

“ယူကရိန်းစစ်ပွဲက နိုင်ငံတကာ လုံခြုံရေး ပတ်ဝန်းကျင်အတွက်၊ ကမ္ဘာ့စနစ်အတွက် အကျပ်အတည်း ကျရောက်ချိန်ဖြစ်တယ်” ဟု ဩစတြေးလျနိုင်ငံ၊ ပါ့သ်ရှိ ကာတင် တက္ကသိုလ်၊ လုံခြုံရေးနှင့် သေနင်္ဂဗျူဟာ လေ့လာရေး ပါမောက္ခ အလက်ဇီ မူရာဗက်က ပြောသည်။

လက်နက်တင်ပို့ရန် တရုတ်က ဆုံးဖြတ်ခြင်းသည် အနောက်နိုင်ငံများက အရေးယူပိတ်ဆို့မှု ရင်ဆိုင်ရနိုင်သည့် ကြီးမားသော ခြေလှမ်းဖြစ်သည်။ ဝါရှင်တန်နှင့် ဖောင်ဖျက်သည့်ထုံး နှလုံးမူလိုက်ခြင်းဖြစ်ပြီး ဥရောပနှင့် ဆက်ဆံရေးကို ပျက်စီးစေမည်ဖြစ်သည်။

အနိမ့်ဆုံးအဆင့်အနေဖြင့် ဆိုရပါက ရုရှားရှုံးနိမ့်မည့် အလားအလာသည် ဘေဂျင်းအတွက် စိုးရိမ်စရာ ဖြစ်ကြောင်း ပါမောက္ခ မူရာဗက်က ယုံကြည်သည်။

“ရုရှားက ယူကရိန်းမှာ စစ်ရေးအရဖြစ်စေ၊ နိုင်ငံရေးအရဖြစ်စေ ရှုံးနိမ့်ရင် တရုတ်တနိုင်ငံတည်း ကျန်ခဲ့မယ်” ဟု ၎င်းကပြောသည်။ “ရုရှားက တရုတ်ကိုထောက်ခံတဲ့ တခုတည်းသော အဓိကအင်အားကြီးနိုင်ငံ ဖြစ်တယ်” ဟု ရှင်းပြသည်။

ရုရှားက အနိုင်ရပါက အမေရိကန် ပြည်ထောင်စုကို သေနင်္ဂဗျူဟာ ရှုံးနိမ့်မှုဖြစ်စေပြီး အနောက်အုပ်စု ကျဆုံးနေသည်ဆိုသည့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အယူအဆကို ကူညီ အသက်ဆက်စေမည်ဖြစ်သည်။ သို့သော် ယူကရိန်းတွင် ရုရှားစွမ်းဆောင်ရည် ညံ့ဖျင်းမှုကြောင့် ထိုအယူအဆသည် ထိခိုက်နေပြီဖြစ်သည်။

ရုရှားက အနိုင်ရပါက အမေရိကန် ပြည်ထောင်စုကို သေနင်္ဂဗျူဟာ ရှုံးနိမ့်မှုဖြစ်စေပြီး အနောက်အုပ်စု ကျဆုံးနေသည်ဆိုသည့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အယူအဆကို ကူညီ အသက်ဆက်စေမည်ဖြစ်သည်။ သို့သော် ယူကရိန်းတွင် ရုရှားစွမ်းဆောင်ရည် ညံ့ဖျင်းမှုကြောင့် ထိုအယူအဆသည် ထိခိုက်နေပြီဖြစ်သည်။

“လွန်ခဲ့တဲ့နှစ်က ရုရှားအောင်ပွဲမခံနိုင်တော့ တရုတ်အတွက် စဉ်းစားသုံးသပ်စရာ ဖြစ်စေတယ်” ဟု ပါမောက္ခ မူရာဗက်က ပြောသည်။ “တရုတ်ကလည်း အလားတူ အခြေအနေမျိုး ရင်ဆိုင်နိုင်မယ့် သူတို့စွမ်းရည်ကို စတင်သုံးသပ်စေတယ်” ဟုပြောသည်။

“ခမ်းနားတဲ့ စစ်ရေးပြပွဲတွေနဲ့ ကျယ်ပြန့်တဲ့ စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေပေမယ့် စစ်တပ်က တာဝန်ကျေ မကျေကို စစ်ဆေးတာဟာ စစ်မြေပြင်ပဲဆိုတာ ယူကရိန်းစစ်က ပြလိုက်တာပဲ” ဟုလည်း ၎င်းကပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
0
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
62
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
44

တရုတ်သည် ရုရှားအမြဲတမ်းတပ်များသို့ တိုက်ရိုက် လက်နက်မပေးဘဲ ကြေးစားစစ်သားလုပ်ငန်းဖြစ်သည့် ဝဂ္ဂနာအုပ်စုသို့ နိုင်ငံပိုင်ကုမ္ပဏီများ မှတဆင့် သို့မဟုတ် မြောက်ကိုရီးမှတဆင့် လက်နက်များပေးကာ ယူကရိန်းစစ်တွင် အန္တရာယ်နှင့် အကျိုးအမြတ်ကြား ချိန်ညှိယူမည်ဟု ပါမောက္ခ မူရာဗက်က ယုံကြည်သည်။

“သူတို့ရဲ့နည်းလမ်းက ပိုမိုသိုသိပ်မယ်လို့ ကျနော်ထင်တယ်” ဟုလည်း ၎င်းကပြောသည်။

(AFP သတင်း Why China’s Military Support for Russia Would Be a ‘Game Changer’ ကို ဘာသာပြန်သည်။)

You may also like these stories:

မြန်မာကတဆင့် အာရှမှာ ရုရှားခြေကုပ်ရနိုင်သလား

ရုရှားက ယူကရိန်းကို ဖဲ့ထုတ်ခြင်းသည် ဒုတိယကမ္ဘာစစ် မတိုင်မီ ဥရောပအခြေအနေနှင့် တူညီနေ

ယူကရိန်းစစ်ပွဲတွင် ရှီနှင့် မိုဒီတို့ ပူတင်နှင့်အတူ မရပ်တည်

ယူကရိန်းစစ်ပွဲအပေါ် တရုတ် “စိုးရိမ်မှု” ရုရှားနားလည်ဟု ပူတင် ပြော

ဘာကြောင့် ယူကရိန်းက နိုင်မှာလဲ

Your Thoughts …
Tags: ကျူးကျော်စစ်စစ်ရေးပူးပေါင်းဆောင်ရွက်မှုစစ်လက်နက်အကူအညီစစ်အေးတိုက်ပွဲတရုတ်ဗလာဒီမာ ပူတင်ယူကရိန်းရုရှားရှီကျင်ဖျင့်အင်အားကြီးနိုင်ငံအန်ထော်နီ ဘလင်ကန်အမေရိကန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
လုပ်ခွင့်မရှိသည့်လုပ်ငန်းများ၌ လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သားများကို ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ စစ်ဆေးကာ ဖမ်းဆီးမှုများ လုပ်ဆောင်နေစဉ် / Bangkokpost

ရွှေ့ပြောင်းလုပ်သားများ သတ်မှတ်လုပ်ငန်း၌သာ လုပ်ကိုင်ရန် ထိုင်းသတိပေး

သာကေတမြို့နယ်ရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ / ဧရာဝတီ

လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံစေရန် အခွန်ကင်းလွတ်ခွင့်ပေး၍ စစ်ကောင်စီ ဆွဲဆောင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved