• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံစေရန် အခွန်ကင်းလွတ်ခွင့်ပေး၍ စစ်ကောင်စီ ဆွဲဆောင်

by ဧရာဝတီ
24 February 2023
in စီးပွားရေး
A A
သာကေတမြို့နယ်ရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ / ဧရာဝတီ

သာကေတမြို့နယ်ရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ / ဧရာဝတီ

3.5k
VIEWS
Share on FacebookShare on Twitter

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်သည့်အနေဖြင့် ဆုတ်ယုတ်နေသည့် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြုပ်နှံလျှင် အခွန်ကင်းလွတ်ခွင့် ပေးမည်ဟု စစ်ကောင်စီ၏ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် က ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်သော ဆိုလာပါဝါစီမံကိန်းများ အပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို အခွန်ကင်းလွတ်ခွင့် ပေးသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကို ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမည့်ကဏ္ဍအဖြစ် သတ်မှတ်လိုက်ပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတည်ဆောက်မှုကာလ သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပြင်ဆင်မှုကာလအတွင်း အမှန်တကယ်လိုအပ်၍ ပြည်ပ မှ တင်သွင်းသော စက်ပစ္စည်းများ၊ အသုံးအဆောင် တန်ဆာပလာများ၊ စက်ကိရိယာအစိတ်အပိုင်းများ၊ စက်အရန်ပစ္စည်း များနှင့် ပြည်တွင်း၌ ဝယ်ယူ ရရှိနိုင်ခြင်း မရှိသောတည်ဆောက်ရေးပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်းများအပေါ်တွင် အခွန် ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ ပေးသွားမည် ဖြစ်သည်။

ထို့အပြင် လျှပ်စစ်မော်တော်ယာဉ်များနှင့် ပတ်သက်သော လုပ်ငန်းကဏ္ဍများသည်လည်း အခွန်သက်သာခွင့်များ ရရှိသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ထုတ်ပြန်ထား သည်။

လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းများသည် ရေရှည်စီမံကိန်းများဖြစ်သဖြင့် နိုင်ငံရေး စီးပွားရေး မတည်ငြိမ်ပါက ထိုကဏ္ဍများ တွင် မည်သူကမျှ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမည် မဟုတ်ဟု လျှပ်စစ်ကဏ္ဍတွင် လုပ်ကိုင်နေသည့် ပြည်တွင်းလုပ်ငန်းရှင် တဦးက ဧရာဝတီသို့ ပြောသည်။

၎င်းက “ လျှပ်စစ်လုပ်ငန်းက အနည်းဆုံး ၇ နှစ်လောက်နေမှ အမြတ်စရနိုင်တဲ့ လုပ်ငန်းတွေဖြစ်တော့ ဘာသေချာမှုမှ မရှိသေးတဲ့အချိန်မှာ တရုတ်ကုမ္ပဏီတွေတောင် မလုပ်ချင်ကြဘူး။ လျှပ်စစ်ဓာတ်အား ရောင်းချတာကနေရမယ့် မြန်မာကျပ် ငွေတန်ဖိုးကျဆင်းနေတာကလည်း ရင်းနှီးမြှုပ်နှံလိုသူတွေ အတွက် စိန်ခေါ်မှုတရပ်ပဲ” ဟု ပြောဆိုသည်။

ဆိုလာပါဝါစီမံကိန်းများနှင့် လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းတချို့ကို စစ်ခေါင်းဆောင် မိသားစုကုမ္ပဏီများ ၎င်းတို့နှင့် နီးစပ် သော လုပ်ငန်းရှင်များကသာ လုပ်ကိုင်ခွင့်ရရှိထား သော်လည်း ၎င်းတို့ကိုယ်တိုင်ပင် နှစ်ရှည် ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံမှု မလုပ်ချင်၍ ရင်းနှီးမြှုပ်နှံလိုသော စီးပွားရေးမိတ်ဖက်များ ရှာဖွေနေရကြောင်း အထက်ပါလုပ်ငန်းရှင်က ဆို သည်။

လျှပ်စစ်နှင့် စွမ်းအင်ပညာရှင်တဦးက “နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေက အခုအချိန်မှာ Country Risk လို့ခေါ်တဲ့ နိုင်ငံရဲ့ တည်ငြိမ်မှုကို အခွန်သက်သာတာထက် ပိုဦးစားပေး စဉ်းစားကြတယ်။ အခွန်သက်သာတာက လုပ်ငန်းလုပ်ပြီး အမြတ် အစွန်း တွေရလာမှ အခွန်ကို လျော့ပေးရမှာ။ တိုင်းပြည်က မတည်မငြိမ်ဖြစ်နေရင်၊ Country Risk များနေရင် နိုင်ငံတကာ ဘဏ်တွေက အဲဒီတိုင်းပြည်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ လွယ်လွယ်နဲ့ ချေးငွေပေးမှာ မဟုတ်ဘူး။ ဒါကြောင့် အခွန် သက်သာ တယ် ဆိုရုံလေးနဲ့ နိုင်ငံတကာက လာပြီးရင်းနှီးမြှုပ်နှံကြလိမ့်မယ်လို့ ကောက်ချက်ချလို့ မရဘူး” ဧရာဝတီသို့ သုံးသပ်ပြောဆိုသည်။

စွမ်းအင်နှင့် လျှပ်စစ်စီမံကိန်းများသည် ရင်းနှီးမြှုပ်နှံမှု ပမာဏကြီးမားပြီး ရှေရှည်လုပ်နိုင်မှသာလျင် အကျိုးရှိနိုင်သော လုပ်ငန်းများဖြစ်ပြီး လုံလောက်သည့် ရင်းနှီးမြှုပ်နှံမှုအသစ်များမရှိဘဲ မြန်မာ့လျှပ်စစ်ကဏ္ဍသည် တိုးတက်လာရန် မရှိ ကြောင်း ၎င်းက ဆိုသည်။

၎င်းက ဆက်လက်၍ “အခုနွေရာသီအတွက်ကတော့ မျှော်လင့်ချက်သိပ်မရှိပါဘူး။ ဒီအတိုင်းသွားနေရင် ရေရှည်အတွက် ကတော့ ရင်လေးစရာပါပဲ” ဟု ဆိုသည်။

ယခု အခွန်လျှော့ပေါ့ပေးမှုမှာ အမှန်တကယ်လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်သော မူဝါဒမဟုတ်ဘဲ စစ်ကောင်စီ ထိပ်ပိုင်းက စိတ်ဝင်စား၍ အကောင်အထည်ဖော်သည့် ပေါ်လစီတခုအဖြစ်သာ တွေ့မြင်ရကြောင်း လျှပ်စစ်ကဏ္ဍတွင် လုပ်ကိုင်နေသည့် ပြည်တွင်းလုပ်ငန်းရှင်က သုံးသပ်သည်။

၎င်းက “သူတို့ထုံးစံ ထိပ်ကလူ စိတ်ဝင်စားတာကို ပေါ်လစီလုပ်နေကြတာပေါ့ဗျာ၊ ဒီအချိန် နိုင်ငံခြားကတော့ များများစားစား လာမရင်းတော့ဘူး၊ ဖြစ်နိုင်တာက ခရိုနီသူဌေးတွေသာ အခြားစီးပွားရေးတွေ လုပ်ရကိုင်ရ မကောင်းတော့ ဒီလိုမျိုးမှာ မြေရင်း၊ စက်ရုံရင်း တရုတ်ဖက်က အနည်းအကျင်း ရင်းတာမျိုးနဲ့တော့ ပေါ်လာနိုင်ပါတယ်။ သေချာတာကတော့ တိုင်းပြည် စီးပွားရေးအတွက် လောက်လောက် လားလား အားကိုးရလောက်တဲ့ ပမာဏတော့ မဖြစ်ပါဘူး” ဟု ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အသစ် ဝင်ရောက်မှုနည်းပါး သွားခဲ့သလို လုပ်ငန်းစတင်နေပြီဖြစ်သော ဆိုလာပါဝါစီမံကိန်းများ အပါအဝင် အခြားသော လျှပ်စစ်ထုတ် လုပ်ရေးစီမံကိန်း တို့ပင် စီးပွားရေးကျဆင်းခြင်းနှင့် ကုန်ကြမ်းရရှိရန် အခက်အခဲများအပြင် နိုင်ငံရေးအပြောင်းအလဲ စသော အခြေအနေများ ကြောင့် လုပ်ငန်းများ ရပ်ဆိုင်းခဲ့ကြသည်။

မြန်မာ့လျှပ်စစ်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးနှင့် နည်းပညာ အကူအညီပေးနေသော ကမာ္ဘ့ဘဏ်ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများကလည်း အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ၎င်းတို့၏ အကူအညီများကို ရပ်ဆိုင်းထားခဲ့သည်။

အာဏာသိမ်းသဖြင့် ရပ်သွားသော စီမံကိန်းတချို့မှာ ယူရို ၃၅ သန်းတန် ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင်စီ (AFD)၏ ချေးငွေဖြင့် ရှမ်းပြည် သံလွင်မြစ်ပေါ် တွင် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းနှင့် ဂျပန်ကုမ္ပဏီသုံးခုက အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမည့် ရန်ကုန်မြို့ သီလဝါအထူးစီးပွားရေးဇုန်မှ သဘာဝ ဓာတ်ငွေ့ရည် (LNG) ဖြင့် လျှပ်စစ် ဓာတ်အားထုတ်လုပ်မည့် စီမံကိန်းများ ပါဝင်သည်။

ရန်ကုန်မြို့ သီလဝါ နှင့် သာကေတရှိ ဟောင်ကောင်ကုမ္ပဏီ VPower ၏ သဘာဝဓာတ်ငွေ့ရည် LNG မှ လျှပ်စစ်ဓာတ် အားထုတ်သည့် စီမံကိန်းများလည်း မြန်မာကျပ်ငွေတန်ဖိုး မတည်ငြိမ်မှုနှင့်အတူ အမေရိကန်ဒေါ်လာ စံချိန်တင်မြင့် တက် လာက နိုင်ငံခြားမှ တင်သွင်းရမည့် LNG ဈေးနှုန်းနှင့် ဈေးကွက် တွက်ခြေမကိုက်၍ ၂၀၂၁ခုနှစ် ဇူလိုင်လကတည်းက ရပ်နားထားရသည်မှာ ယခုအချိန်ထိပင် ဖြစ်သည်။

ထို့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အရပ်သား အစိုးရလက်ထက်၌ ပြန်လည် ပြည့် ဖြိုးမြဲစွမ်းအင်မှ လျှပ်စစ် ထုတ်လုပ်ရေးစီမံကိန်းများကို အားပေးရန်အတွက် တင်ဒါ ပေးထားခဲ့သော နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သော ဆိုလာပါဝါစီမံကိန်း များသည်လည်း စစ်ကောင်စီလက်ထက်တွင် ရပ်ဆိုင်းသွားခဲ့ပြီး တင်ဒါအောင်မြင်ထား ခဲ့သော တရုတ်ကုမ္ပဏီများကိုပင် စစ်ကောင်စီက အမည်ပျက်စာရင်းသွင်းခဲ့သည်။ မူလ တွက်ချက်မှုများအရ ထိုစီမံကိန်း ၂၉ ခုမှ မဂ္ဂါဝပ် ၉၉၀ အထိ ထုတ်လုပ်နိုင်မည် ဖြစ်သည်။

ယင်းသို့သော အခြေအနေများကြောင့် စစ်ကောင်စီသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကို ရေအား လျှပ်စစ်နှင့် သဘာဝ ဓာတ်ငွေ့သုံး စက်ရုံများမှသာ လျှပ်စစ်ဖြန့်ဖြူးပေးနိုင်တော့၍ လိုအပ်သော လျှပ် စစ်ဓာတ်အားမပြည့်မီ သောကြောင့် ယခင် စစ်အစိုးရများလက်ထက်တုန်းကလိုပင် အချိန်ပိုင်း အလှည့်ကျ စနစ်ဖြင့်သာ လျှပ်စစ် ဓာတ်အားပေးနေလျက်ရှိသည်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃,၆၀၀ခန့်သာ ထုတ်လုပ်နိုင်ပြီး ယင်းထုတ်လုပ်မှုတွင် မဂ္ဂါဝပ် ၂,၀၀၀ ခန့်ကို တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်နေခြင်းဖြစ်သောကြောင့် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကဏ္ဍတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှပ်နှံမှုမှာ ၅၆ ရာခိုင်နှုန်းခန့်ရှိကြောင်း ISP Myanmar (မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု၏ ၂၀၂၂ခုနှစ် ဩဂုတ်လအတွင်း ထုတ်ပြန်ထားသော စစ်တမ်းအရ သိရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
3k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
238
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

You may also like these stories:

မြန်မာ့လျှပ်စစ်ကဏ္ဍ တရုတ် လွှမ်းမိုးနေပြီ

အာဏာသိမ်းစစ်ကောင်စီ လုံလောက်အောင် မီးမပေးနိုင်တော့

Vpower ၏ LNG လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းများ တွက်ချေမကိုက်၍ ရပ်နားထားရ

Your Thoughts …
Tags: ဆိုလာပါဝါနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလျှပ်စစ်အခွန်ကင်းလွတ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီ ဘဏ္ဍာရေးနှင့် စိတ်ဓာတ်ကျဆင်းခြင်းကို တရုတ်အကူအညီလည်း မကယ်နိုင်

စစ်ကောင်စီ ဘဏ္ဍာရေးနှင့် စိတ်ဓာတ်ကျဆင်းခြင်းကို တရုတ်အကူအညီလည်း မကယ်နိုင်

by Zachary Abuza
16 December 2024
9.7k

စစ်ကောင်စီအတွက် ဘဏ္ဍာရေးကျပ်တည်းနေပြီး နိုင်ငံခြားငွေ အမြဲတမ်း မလုံမလောက်ဖြစ်နေသည်။

အာဏာသိမ်းပြီး ၃ နှစ်အကြာ စစ်ကောင်စီ အလားအလာ

အာဏာသိမ်းပြီး ၃ နှစ်အကြာ စစ်ကောင်စီ အလားအလာ

by Aidan Jones နှင့် Khu Sam
3 February 2024
6.8k

အာဏာသိမ်းပြီး သုံးနှစ်ကြာသောအခါ မြန်မာစစ်ကောင်စီနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် ဘောင်ကျဉ်းလာပြီ ဖြစ်သည်။

တရုတ်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဆုံးရှုံးရန် စစ်ကောင်စီ အပြင်းအထန် ကြိုးစားနေ

တရုတ်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဆုံးရှုံးရန် စစ်ကောင်စီ အပြင်းအထန် ကြိုးစားနေ

by ဧရာဝတီ
4 April 2024
6.3k

ကျောက်ဖြူဆိပ်ကမ်းသည် ရခိုင်ကမ်းခြေမှ တရုတ်နိုင်ငံတောင်ပိုင်းကို ဆက်သွယ်ထားသော ၉၇၃ ကီလိုမီတာ ရှည်သည့် တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ စတင်သော နေရာလည်းဖြစ်သည်။

သင်းသတ်ခံထားရတဲ့ ရန်ကုန်မြို့ပျက်ကြီးထဲ

သင်းသတ်ခံထားရတဲ့ ရန်ကုန်မြို့ပျက်ကြီးထဲ

by နွေနေ
28 July 2025
6.2k

ရန်ကုန်ဟာ အရင်ရန်ကုန် မဟုတ်တော့ဘူး။ ရန်ကုန်ဟာ လေးနှစ်ကျော်ကာလအတွင်းမှာ နားမလည်နိုင်အောင် ပြောင်းလဲသွားတယ်။

ထပ်ပြီး ရက်စက်ကြမ်းကြုတ်ဖို့ စစ်ကောင်စီ ကြံနေသည်

ထပ်ပြီး ရက်စက်ကြမ်းကြုတ်ဖို့ စစ်ကောင်စီ ကြံနေသည်

by Zachary Abuza
29 June 2024
4.8k

ပဋိပက္ခနောက်တဆင့်တွင် စစ်ကောင်စီသည် အနေအထားကောင်းရန် မည်သည်တို့ လုပ်နေသည်ကို လေ့လာရန်လည်း အရေးကြီးသည်။

ဖယ်ဒရယ်ယူနစ်များ နိုင်ငံရေးဘောဂစနစ်သစ် အစားထိုး တည်ဆောက်ရန် လိုသည်

ဖယ်ဒရယ်ယူနစ်များ နိုင်ငံရေးဘောဂစနစ်သစ် အစားထိုး တည်ဆောက်ရန် လိုသည်

by ခင်ဦး
22 December 2023
4.6k

ဒီစစ်တပ်ထိန်းချုပ်တဲ့ နိုင်ငံရေးဘောဂစနစ်ကြောင့် နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှု ရရှိနိုင်တဲ့ အလားအလာ (economic potential) ကို အပြည့်အဝ မရရှိခဲ့ပါဘူး။

Next Post
စစ်ကောင်စီတပ်များက မီးရှို့ထားသည့် ထူးကြီးကျေးရွာ / S&C

စစ်ကောင်စီ မီးရှို့တာ နေအိမ် ၅ သောင်းခွဲကျော် ရှိပြီ

၂၀၁၈ ခုနှစ်က ကရင်ပြည်နယ်တွင် KNLA တပ်ဖွဲ့ဝင်များ စစ်ရေးပြစဉ် / ဧရာဝတီ

ကရင်ပြိုင်ဘက်အုပ်စုအချင်းချင်း တိုက်ခိုက်မှုရပ်ရန် တောင်းဆို

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved