၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း အာဏာခိုင်မာအောင် လုပ်နိုင်မည်ဟု စစ်ကောင်စီ မျှော်လင့်ခဲ့သည်။ သုံးနှစ်ခွဲနီးပါးကြာသောအခါ စစ်ကောင်စီသည် နယ်မြေများကို ဆက်လက် ဆုံးရှုံးနေသည်။ ၎င်းတို့တွင် ဆုံးရှုံးစရာ တရားဝင်မှုများ တခါမှ မရှိဖူးပေ။
စစ်တပ်သည် အချိန်က ၎င်းတို့ဘက်တွင် ရှိနေသကဲ့သို့ အမြဲတမ်းပြုမူသည်။ သို့သော် ထိုသို့ မဟုတ်တော့ဘဲ စစ်ကောင်စီသည် မြန်မာအများစု ဒေသများတွင် ပိုမိုများပြားသော ဒုက္ခများနှင့် သိမ်းကြုံးသတ်ဖြတ်မှုများ ဖြစ်စေမည့်နည်းလမ်းဖြင့် အရေးပေါ် လှုပ်ရှားနေရသည်။
ပထမဆုံးအချက်မှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် စွမ်းဆောင်ရည်နိမ့်သည့် အရာရှိများကို အထက်ဖားအောက်ဖိ စိတ်အားထက်သန်သည့် အရာရှိများဖြင့် အစားထိုးပြီး အဆင့်မြင့် အရာရှိများကို ထုတ်ပယ်မှု အရှိန်မြင့်လာခြင်း ဖြစ်သည်။ နောက်ဆုံး ရာထူးအပြောင်းအလဲတွင် အရာရှိ ၃၀ ခန့်ကို ပြောင်းလဲတာဝန်ပေးအပ်ပြီး ဗိုလ်မှူးချုပ် ငါးဦးကို တာဝန်မှ အနားပေးလိုက်သည်။
မင်းအောင်လှိုင်သည် စစ်တပ်ကို ဆက်လက် ထိန်းချုပ်ထားပြီး တော်လှန်ရေး ဒရုန်းတိုက်ခိုက်မှုတွင် ဒဏ်ရာရသည်ဟု ကောလာဟလထွက်ခဲ့သည့် ဒု စစ်ခေါင်းဆောင် စိုးဝင်း ပြန်လည် ရောက်ရှိလာသည်။ စစ်ကောင်စီအတွင်း ၎င်းတို့ခေါင်းဆောင်မှုကို အတိုက်အခံရှိလျှင်ပင် လက်ရှိအချိန်တွင် ပေါ်ထွက်လာခြင်း မရှိသေးပေ။
ဒုတိယအချက်မှာ စီးပွားရေးသည် ငွေကြေးဖောင်းပွမှု မြင့်မားခြင်း၊ ငွေတန်ဖိုးကျဆင်းခြင်း၊ အရင်းအနှီးများ စီးထွက်ခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပြိုလဲခြင်းတို့ကြောင့် အားနည်းနေပြီး ဆက်လက် အင်အားချည့်နဲ့နေသည်။ စားနပ်ရိက္ခာ မလုံလောက်မှု ကြီးထွားနေပြီး အာဏာသိမ်းမှု နောက်ပိုင်းတွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်း ၂၇၀ ရာခိုင်နှုန်း တက်သွားသည်။
အခွန်ရရှိမှု သိသိသာသာ ကျဆင်းခြင်းကြောင့် ရေရှည် ပဋိပက္ခဆင်နွဲနိုင်မည့် စစ်ကောင်စီ၏ စွမ်းရည်ကို အကန့်အသတ် ရှိစေသည်။ ကာလတိုအတွင်း နာလန်ထရန် ဖြစ်နိုင်ခြေ မရှိခြင်းကလည်း စစ်ကောင်စီကို ပိုမို အသည်းအသန် ဖြစ်စေသည်။
အခွန်ရရှိမှု သိသိသာသာ ကျဆင်းခြင်းကြောင့် ရေရှည် ပဋိပက္ခဆင်နွဲနိုင်မည့် စစ်ကောင်စီ၏ စွမ်းရည်ကို အကန့်အသတ် ရှိစေသည်။ ကာလတိုအတွင်း နာလန်ထရန် ဖြစ်နိုင်ခြေ မရှိခြင်းကလည်း စစ်ကောင်စီကို ပိုမို အသည်းအသန် ဖြစ်စေသည်။

တတိယအချက်မှာ မြေပြင်တွင် ဆုံးရှုံးမှုများနှင့် ဘက်ပြောင်းမှုများကြောင့် စစ်တပ်သည် လေကြောင်း ဗုံးကြဲမှုများနှင့် တာဝေးပစ် အမြောက်များအပေါ် မှီခိုမှု မြှင့်တင်လာရသည်။
လေကြောင်းတိုက်ခိုက်မှုများဖြင့် ခြိမ်းခြောက်
ဇန်နဝါရီလမှ မေလအတွင်း စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု ၂,၀၀၀ နီးပါး ပြုလုပ်ပြီး အများစုမှာ အရပ်သားပစ်မှတ်များကို တိုက်ခိုက်ခြင်းဖြစ်သည်။ နယ်မြေ ပြန်လည် သိမ်းပိုက်ရန် သို့မဟုတ် ထိန်းချုပ်ထားရန် မဖြစ်နိုင်တော့သောကြောင့် လေကြောင်းတိုက်ခိုက်မှုများသည် အတိုက်အခံအပေါ် လူထုထောက်ခံမှုကို ချေမှုန်းရန် ရည်ရွယ်သည်။
လေကြောင်းတိုက်ခိုက်မှု အရေအတွက်သည် ခန့်မှန်းထားသည်ထက် ပိုမိုများပြားသော်လည်း လေယာဉ်အရေအတွက် အကန့်အသတ်၊ စစ်ဆင်ရေးအရှိန်အဟုန်နှင့် အပိုပစ္စည်း မလုံလောက်ခြင်းတို့ကြောင့် ရေရှည်တွင် ထိုသို့ ဆက်လက် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
စတုတ္ထအချက်မှာ စစ်ကောင်စီသည် မြို့ကြီးများကို ထိန်းချုပ်ရန် နောက်ထပ်ရင်းမြစ်များ အသုံးပြုနေရသည်။
စစ်တပ်သည် မြို့ကြီးမြို့ငယ် ၆၀ အပါအဝင် နိုင်ငံ၏ ထက်ဝက်အပေါ် ထိထိရောက်ရောက် ထိန်းချုပ်မှု ဆုံးရှုံးနေနိုင်သော်လည်း ၎င်းတို့သည် လူဦးရေ ၅၅ သန်း၏ ၃ ပုံ ၂ ပုံကို ထိန်းချုပ်ထားဆဲ ဖြစ်သည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) များက ၂၀၂၄ ခုနှစ် အစောပိုင်းတွင် တစိတ်တပိုင်း သိမ်းပိုက်ထားသည့် ကယားပြည်နယ်မြို့တော် လွိုင်ကော်ကို ပြန်လည်သိမ်းယူရန် စစ်တပ်က ထိုးစစ်ဆင်သည်။ စစ်တပ်က တစိတ်တပိုင်း ထိန်းချုပ်မှု ပြန်လည် ရရှိသော်လည်း ရှမ်းပြည်တောင်ပိုင်းမှ ဆီဆိုင်သို့ တပ်ကူပို့ရန် အားထုတ်မှုများသည် ခုခံမှုနှင့်တွေ့ရသည်။
အလားတူစွာပင် အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်နယ် မြောက်ပိုင်းတခုလုံးနီးပါးကို ထိန်းချုပ်ထားသော်လည်း စစ်ကောင်စီသည် ပြည်နယ်မြို့တော် စစ်တွေကို ပင်လယ်မှ အင်အားဖြည့်တင်းနေပြီး ကာလတိုအတွင်း ထိုမြို့ကျမည့် အလားအလာ မရှိပေ။
မြို့ပြစစ်ဆင်ရေးများသည် အတိုက်အခံများအတွက် ပေးဆပ်ရသည့်တန်ဖိုး ဆက်လက် ကြီးမားနေသည်။ ဂျပန်အထောက်အပံ့ဖြင့် တည်ဆောက်သည့် တံတားဖွင့်ပွဲအတွင်း မင်းအောင်လှိုင်ကို လုပ်ကြံရန် ကြံစည်မှုတွင် ကလာပ်စည်းအဖွဲ့ဝင် ၁၃ ဦး ဖမ်းဆီးခံရသည်။
နယ်စပ်ဒေသများကို လက်လွှတ်ခြင်း
ပဋိပက္ခနောက်တဆင့်တွင် စစ်ကောင်စီသည် အနေအထားကောင်းရန် မည်သည်တို့ လုပ်နေသည်ကို လေ့လာရန်လည်း အရေးကြီးသည်။ စစ်ဆင်ရေးနှင့် သယ်ယူပို့ဆောင်ရေး လှုပ်ရှားမှုများ ရှိနေသည်။
လူအင်အားနှင့် ရင်းမြစ် မလုံလောက်သောကြောင့် စစ်တပ်သည် နယ်စပ်များတလျှောက်မှ တိုင်းရင်းသား လွှမ်းမိုးသည့်ဒေသများကို ကာလတိုအားဖြင့် လက်လွှတ်ထားသည်။
နယ်စပ်ဒေသများတွင် စစ်တပ်၏ဆုံးရှုံးမှု လွန်စွာကြီးမားသည်။ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မေလအတွင်း စစ်တပ်စခန်း ၂၁၈ ခုကို သိမ်းပိုက်သည်။ ထိုသိမ်းပိုက်မှုများတွင် ရခိုင်ပြည်နယ်တွင် ၆၃ ခု၊ ကချင်ပြည်နယ်တွင် ၁၀၃ ခု၊ ရှမ်းပြည်နယ်တွင် ၁၉ ခု၊ ကရင်ပြည်နယ်တွင် ၁၂ ခု၊ ချင်းပြည်နယ်တွင် ၈ ခု၊ မန္တလေးတိုင်းတွင် ၄ ခု၊ မွန်ပြည်နယ်တွင် ၃ ခု၊ တနင်္သာရီတိုင်းတွင် ၂ ခုနှင့် ကယား၊ မကွေး၊ ပဲခူးနှင့် စစ်ကိုင်းတွင် တခုစီပါဝင်သည်။
တော်လှန်ရေးတပ်များသည် တနိုင်ငံလုံးတွင် စစ်ကောင်စီ တပ်ရင်းဌာနချုပ် ၇၄ ခုနှင့် စစ်ဆင်ရေး ဌာနချုပ် ၁၂ ခုကို သိမ်းပိုက်ခဲ့ကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြသည်။
တော်လှန်ရေးအင်အားစုများသည် နယ်စပ်ဒေသအများစုနှင့် နယ်စပ်ဂိတ် အားလုံးနီးပါးကို ထိန်းချုပ်ထားသည်။ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သည် ၎င်းတို့ပြည်နယ်မှ နောက်ဆုံး နယ်စပ်ဂိတ်ကို မကြာသေးမီက သိမ်းပိုက်လိုက်သည်။
စစ်တပ်၏ ဦးစားပေးမှာ ဗမာအဓိက ဒေသဖြစ်ပြီး ဗမာအတိုက်အခံများကို ချေမှုန်းရန် စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် အခြားတိုင်းများတွင် အရှိန်မြှင့်လာသည်။
စစ်တပ်၏ ဦးစားပေးမှာ ဗမာအဓိက ဒေသဖြစ်ပြီး ဗမာအတိုက်အခံများကို ချေမှုန်းရန် စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် အခြားတိုင်းများတွင် အရှိန်မြှင့်လာသည်။
ထိုကိစ္စ အောင်မြင်ပါက စစ်တပ်သည် နိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတခုလုံးမှ ထိခိုက်လွယ် ထောက်ပံ့ရေး လမ်းကြောင်းများအတွက် စိတ်ပူရန် မလိုတော့ဘဲ ဒေသတခုစီတွင် ၎င်းတို့ တန်ပြန် ထိုးစစ်ဆင်နိုင်သည်။ ထုံးစံအတိုင်း သွေးခွဲအနိုင်ယူရေး သေနင်္ဂဗျူဟာဖြစ်သည်။
အရေးပါသောလမ်းများနှင့် နယ်စပ်မြို့များ
ထိုသို့ လုပ်နိုင်ပါက စစ်ကောင်စီ၏ အဓိကကျသည့် ဒုတိယအစီအစဉ်ကို ဆက်လက် လုပ်မည်ဖြစ်သည်။ စစ်ကောင်စီသည် တရုတ်နှင့် ထိုင်းနယ်စပ်များမှ အဓိက ကုန်သွယ်ရေးမြို့များဖြစ်သည့် မူဆယ်နှင့် မြဝတီသို့ အရေးပါသည့်လမ်းများကို ပြန်လည် ထိန်းချုပ်ရန် ဆုံးဖြတ်ထားသည်။
စစ်တပ်သည် ထိုင်းနယ်စပ်မှ မြဝတီသို့ အာရှလမ်းမ ၁ ကို ပြန်လည် သိမ်းပိုက်ရန် ဒေါနတောင်တန်းတွင် နှေးကွေးသော်လည်း ဆုံးဖြတ်ချက် ပြတ်သားသည့် ချီတက်မှု ပြုလုပ်နေသည်။ တော်လှန်ရေးတပ်ဖွဲ့များက ပြင်းထန်သော ခုခံမှု ပြုလုပ်သော်လည်း စစ်တပ်သည် တပ်အများအပြားကို အသုံးပြုနေသည်။

တရုတ်က ကြားဝင်စေ့စပ်ပေးသည့် အပစ်အခတ်ရပ်စဲရေး ရှိသော်လည်း စစ်ကောင်စီသည် ရှမ်းပြည်မြောက်ပိုင်းမှ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ကို လေကြောင်းနှင့် ဒရုန်း တိုက်ခိုက်မှုများ အရှိန်မြှင့်တင်လာသည်။
စစ်ကောင်စီသည် မူဆယ်သို့ အဝေးပြေးလမ်း အမှတ် ၃ ကို ပြန်လည်ဖွင့်ရန် ထိုးစစ်အတွက် ရှမ်းပြည်မြောက်ပိုင်းမှ အကြီးဆုံးမြို့ဖြစ်သည့် လားရှိုးတွင် အင်အားစုဆောင်းနေသည်။ စစ်ကောင်စီသည် TNLA တပ်ကူများကို တားဆီးရန် လမ်းများကို ဖျက်ဆီးထားသည်။
နိုင်ငံခြားငွေ ပြတ်လပ်လာသောကြောင့် စစ်ကောင်စီသည် ပြည်တွင်း လက်နက်ထုတ်လုပ်ရေးကို အရှိန်မြှင့်တင်သည်။
ဗမာအများစု အလယ်ပိုင်းဒေသ မကွေးပတ်ဝန်းကျင်တွင် အများအားဖြင့် တည်ရှိသည့် လက်နက် စက်ရုံများသို့ အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ လက်လှမ်းမမီသေးပေ။
ထိုစက်ရုံများသည် လက်နက်ငယ်များနှင့် ခဲယမ်းများအပြင် ပေါင် ၂၅၀ နှင့် ပေါင် ၅၀၀ မြေဆွဲအားဗုံးများကိုလည်း ထုတ်လုပ်နိုင်သည်။
အရပ်သား အစုလိုက်အပြုံလိုက် သေဆုံးမှုများ
လွတ်လပ်သော ကျွမ်းကျင်သူများအဖွဲ့တခု ဖြစ်သည့် အထူးအကြံပေး ကောင်စီ – မြန်မာ (SAC-M) က ထုတ်ပြန်မည့် အစီရင်ခံစာတစောင်တွင် ခဲယမ်းသစ်များ ထုတ်လုပ်ရေးအတွက် တရုတ်၏ အကူအညီကို မှတ်တမ်းတင်ထားသည်။ တရုတ်နိုင်ငံပိုင် လုပ်ငန်းကြီး China North Industries Group (NORINCO) သည် လောင်စာနှင့် လေပေါက်ကွဲမှု (FAE) ဗုံးများ ထုတ်လုပ်ရန် နမူနာပုံစံနှင့် ထုတ်လုပ်ရေးလုပ်ငန်းစဉ် ပေးခဲ့ပုံရသည်။
သာမိုဘရစ် (thermobaric) လက်နက်ဟု ခေါ်ကြသည့် ထိုဗုံးများကို စစ်ကိုင်းတိုင်း၊ ပဇီကြီးကျေးရွာသို့ ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ကြဲချခဲ့ပြီး ကလေးများအပါအဝင် လူ ၁၆၅ ဦးကျော် သေဆုံးသည်။
စစ်တပ်၏ စစ်လက်နက် ထုတ်လုပ်မှုစွမ်းရည်နှင့် ပတ်သက်သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက လေ့လာမှု နောက်ဆက်တွဲဖြစ်သော အထက်ပါ အစီရင်ခံစာတွင် တရုတ်နိုင်ငံသည် လက်နက်ထုတ်လုပ်မှုတွင် ကူညီရန် မြန်မာသို့ ပညာရှင်များစေလွှတ်သည်ဟုလည်း ဖော်ပြသည်။
ပြည်သူများ အရှုံးပေးစေရန် ခြိမ်းခြောက်သည့် စစ်တပ်၏ သေနင်္ဂဗျူဟာအရ စစ်တပ်သည် ထိုသို့ သိမ်းကြုံးတိုက်ခိုက်သည့် လက်နက်များ အသုံးပြုမှု တိုးမြှင့်မည်ဟု မျှော်လင့်ရပြီး အရပ်သား အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှုများ ဖြစ်နိုင်ခြေရှိသည်။
ပြည်သူများ အရှုံးပေးစေရန် ခြိမ်းခြောက်သည့် စစ်တပ်၏ သေနင်္ဂဗျူဟာအရ စစ်တပ်သည် ထိုသို့ သိမ်းကြုံးတိုက်ခိုက်သည့် လက်နက်များ အသုံးပြုမှု တိုးမြှင့်မည်ဟု မျှော်လင့်ရပြီး အရပ်သား အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှုများ ဖြစ်နိုင်ခြေရှိသည်။

ပြည်တွင်း လက်နက်ထုတ်လုပ်မှုဟု ဆိုသောကြောင့် စစ်တပ်သည် လက်နက်သစ်များ မတင်သွင်းဟု မဆိုလိုပေ။ စစ်ကောင်စီတပ်များတွင် တရုတ်လုပ် ဒရုန်းများ ဖြန့်ကြက်ထားကြောင်း Reuters သတင်းက ဖော်ပြသည်။ တရုတ်က ပုံစံထုတ်သည့် ဒရုန်းသုံး ခဲယမ်းများကို ပြည်တွင်းထုတ်လုပ်မှု စတင်နေပြီဖြစ်သည်။
စစ်တပ်သည် ဒရုန်းမောင်းသူများကို ဆက်လက် လေ့ကျင့်ပေးနေမည်ဖြစ်ပြီး ရှေ့တန်းတပ်များသို့ စေလွှတ်မည် ဖြစ်သည်။ ထိုသို့ ပြုလုပ်နေကြောင်းကို ဇွန်လ ၁၉ ရက်နေ့က TNLA စခန်းတခုကို စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်မှုတွင် တွေ့ရပြီး လူ လေးဦး သေဆုံးစေသည်။
စစ်ဆင်ရေးသစ်များအတွက် အခြားထောက်တိုင်တခုမှာ အတင်းအကျပ် စစ်သားစုဆောင်းသည့် အစီအစဉ်နှင့် အငြိမ်းစားစစ်သားများနှင့် အရာရှိများအား ပြန်လည်ခေါ်ယူခြင်းကို စစ်ကောင်စီက အရှိန်မြှင့် လုပ်ဆောင်ခြင်း ဖြစ်သည်။
စစ်သားစုဆောင်းသည့် အုပ်ချုပ်ရေးမှူး ၈၀ ကျော်ကို တော်လှန်ရေးအဖွဲ့များက ပစ်မှတ်ထား သတ်ဖြတ်သော်လည်း စစ်တပ်သည် လစဉ်သတ်မှတ်ချက်ဖြစ်သည့် လူ ၅,၀၀၀ ပြည့်မီမည့် အလားအလာ ရှိပုံရသည်။ အမျိုးသမီးများကို အတင်းအကျပ် စစ်သားစုဆောင်းမှုအတွက် ပြင်ဆင်မှုများကို တနင်္သာရီနှင့် ပဲခူးတိုင်းများတွင် စတင်ကြောင်း RFA မြန်မာပိုင်းက ဖော်ပြသည်။ ,
အတင်းအကျပ် စစ်သားစုဆောင်းခံရသူများကို အလျင်စလို လေ့ကျင့်ပေးပြီး စိတ်အားထက်သန်မှု မရှိသလို စစ်သားဟောင်းများသည် အသက် ၆၇ နှစ်အထိ ပါနိုင်သော်လည်း ၎င်းတို့ကိုသုံးပြီး အတွေ့အကြုံရှိ စစ်သားများကို ထုတ်နုတ်သုံးနိုင်စေသလို လူသားဒိုင်းနှင့် အထမ်းသမားအဖြစ် သုံးနိုင်သည်။
စစ်ပွဲတွင် အရေအတွက်သည်ပင် အရည်အချင်းဖြစ်သည်။
စစ်ကောင်စီက ထောက်ပံ့ရေးပစ္စည်းနှင့် အင်အားစုဆောင်းနေခြင်းသည် ဗမာအများစု ဒေသများတွင် တိုက်ခိုက်မှု ပိုမိုပြုလုပ်ပြီး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများကို ပြန်လည် သိမ်းရန် ပြင်းထန်သော နောက်ထပ် တိုက်ခိုက်မှုများကို ညွှန်ပြနေသည်။
(RFA ပါ Zachary Abuza ၏ Junta military preparations point to brutal next phase in Myanmar conflict ကို ဘာသာပြန်သည်။ ဇာကာရီ အဘူဇာသည် ဝါရှင်တန်ရှိ အမျိုးသားစစ်ကောလိပ်မှ ပါမောက္ခနှင့် ဂျော့ဂျ်တောင်း တက္ကသိုလ် သုတေသီတဦးဖြစ်သည်။)
You may also like these stories:
လေကြောင်းတိုက်ခိုက်မှုကြောင့် ဇရပ်ကြီးမြို့ခံ ၁၅ ဦးထက်မနည်း သေဆုံး
မျက်မြင်သက်သေတွေ ပြောတဲ့ ဒေါဆီးအီ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှု
အရပ်သားများအား လေကြောင်းတိုက်ခိုက်မှု ကုလလုံခြုံရေးကောင်စီ ပြင်းထန်စွာရှုတ်ချ
အကြမ်းဖက်မှုရပ်ပြီး နိုင်ငံရေးအကျဉ်းသားလွှတ်ရန် အမေရိကန်က စစ်ကောင်စီကို တောင်းဆို
အကြမ်းဖက်မှုအဆုံးသတ်ရေး မည်သူဆုံးဖြတ်မည်နည်း
အကြမ်းဖက်မှုရပ်ရန် ဘန်ကီမွန်း ပြောအပြီး မင်းအောင်လှိုင်က စစ်ရှောင်တွေကို ဗုံးကြဲ
ပဇီကြီးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုမှ လွတ်မြောက်လာသူနှင့် မေးမြန်းခြင်း