• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

အကြမ်းဖက်မှုအဆုံးသတ်ရေး မည်သူဆုံးဖြတ်မည်နည်း

by သီတာ & ကြည်စင်
27 October 2023
in သူ့အတွေး သူ့အမြင်
A A
အကြမ်းဖက်မှုအဆုံးသတ်ရေး မည်သူဆုံးဖြတ်မည်နည်း

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ မြန်မာနိုင်ငံ မြောက်ပိုင်း လိုင်ဇာမြို့အနီးရှိ စစ်ဘေးရှောင် ဒုက္ခသည် စခန်းတခုအား ဗုံးကြဲတိုက်ခိုက်ခံရမှု၌ အစုလိုက်အပြုံလိုက် သေဆုံးသွားသူများ၏ ဈာပနအခမ်းအနား/AFP

3.5k
VIEWS
Share on FacebookShare on Twitter

Violence နှင့် terror ဟူသော အင်္ဂလိပ်စကားလုံး ၂ လုံးကို မြန်မာတွင် အကြမ်းဖက်မှု ဟု ခေါ်သည်။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ အာဏာသိမ်းမှု နောက်ပိုင်းတွင် နိုင်ငံရေး ရန်ဘက် ၂ ဘက်လုံးက တဘက်နှင့် တဘက် အကြမ်းဖက်သမားဟု တံဆိပ်ကပ်ကြသည်။

၂၀၂၁ ခုနှစ် မေလတွင် စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပြောက်ကျား အုပ်စုများကို ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ အကြမ်းဖက်သမားများ ဟု သတ်မှတ်ပြီး ထိုအဖွဲ့များသည် အကြမ်းဖက်မှုများနှင့် ခြိမ်းခြောက်မှုများ ကျူးလွန်သည်ဟု စွပ်စွဲသည်။

စစ်အာဏာသိမ်းမှုတွင် ဖြုတ်ချခံရသည့် ရွေးကောက်ခံကိုယ်စားလှယ်များကို ကိုယ်စားပြုသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီက စစ်ကောင်စီသည် အကြမ်းဖက် အုပ်စုဖြစ်သည်ဟု ၂၀၂၁ ခုနှစ်မတ်လတွင် ကြေညာသည်။ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကလည်း စစ်ကောင်စီကို အကြမ်းဖက်သမားများအဖြစ် ရည်ညွန်းသုံးစွဲကာ မြန်မာစစ်တပ်က ဆန္ဒပြသူများကို အကြမ်းဖက်ခြင်းကို တုံ့ပြန်သည့်အနေဖြင့် ပြည်သူ့ခုခံစစ်ကို ကြေညာသည်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ခေါင်းဆောင်များက မြန်မာစစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ကို ၂၀၂၁ ခုနှစ် ဧပြီလက ဂျကာတာသို့ ဖိတ်ခေါ်ပြီး မြန်မာတွင် ငြိမ်းချမ်းတည်ငြိမ်မှု ရရှိရေး ဘုံသဘောတူညီချက် ၅ ချက်ကို ဆွေးနွေးသဘောတူစေသောအခါ မြန်မာတွင် အကြမ်းဖက်မှု မြင့်တက်လာခြင်းသည် ၎င်းတို့အတွက် အဓိက စိုးရိမ်ပူပန်မှုဖြစ်သည်။ အကြမ်းဖက်မှု ချက်ခြင်း ရပ်စဲရေးကို အဓိက ဦးစားပေးသည့် ဘုံသဘောတူညီချက် ၅ ချက်ကို မင်းအောင်လှိုင်ကလည်း သဘောတူခဲ့သည်။

အကြမ်းဖက်မှု ချက်ခြင်း ရပ်စဲရေးကို အဓိက ဦးစားပေးသည့် ဘုံသဘောတူညီချက် ၅ ချက်ကို မင်းအောင်လှိုင်ကလည်း သဘောတူခဲ့သည်။

သို့သော် အာဏာသိမ်းပြီးနောက် ၃ နှစ်နီးပါး ကြာသောအခါ စစ်ကောင်စီတပ်များသည် လေကြောင်းတိုက်ခိုက်မှုများ၊ မီးရှို့တိုက်ခိုက်မှုများ၊ ဖမ်းဆီးမှုများ၊ လုယက်မှုများနှင့် သတ်ဖြတ်မှုများဖြင့် ဆက်လက်အကြမ်းဖက်နေရုံသာမက အကြမ်းဖက်မှုကို တိုးမြှင့်လုပ်ဆောင်နေသည်။ PDFs များကို ထောက်ခံသူများအပါအဝင် အတိုက်အခံကို ချေမှုန်းမည့် စစ်ကောင်စီ၏ အစီအစဉ်သည် ဒေသဆိုင်ရာ PDF များနှင့် ခုခံတော်လှန်ရေး အင်အားစုများက စစ်တပ်လိုလားသည့် အုပ်စုများကို လက်စားချေမှုများဖြစ်စေသည်။

အဆုံးသတ်ကို မမြင်နိုင်သေး

မြန်မာနိုင်ငံအခြေအနေသည် ဆန့်ကျင်ဘက် နိုင်ငံရေး အုပ်စုများအကြား ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ဖြစ်သည်ဟု နိုင်ငံတကာ အသိုက်အဝန်းက မြင်တတ်ကြသည်။ ဥပမာအားဖြင့် ၂၀၂၁ ခုနှစ်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်တစောင်တွင် မြန်မာပြည်သူများ၏ မျှော်မှန်းချက်များကို ဖေါ်ပြထားခြင်း မပြုပေ။

သို့သော် မြန်မာလူဦးရေ အများစုက အမျိုးသားအုံကြွမှုအဖြစ် စစ်တပ်ကို ရှေရှည်နှင့် အချို့ဒေသများတွင် ပြင်းထန်စွာ ခုခံမှုဟု မြင်ကြသည်။ ကျေးလက်နှင့် မြို့ပြဒေသ အများအပြားတွင် စစ်ကောင်စီဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများသည် ပုံစံအမျိုးမျိုးဖြင့် ဆက်လက်ဖြစ်ပေါ်နေသည်။

PDF တပ်ဖွဲ့ပေါင်း ၂၅၉ ခုကိုဖွဲ့စည်းထားပြီး မြို့နယ်အခြေစိုက်တပ်ဖွဲ့ ၂၅၀ လှုပ်ရှားနေပြီး မြို့ပြ ပြောက်ကျားတပ်ဖွဲ့ ၄၀၀ ကျော်ရှိသည်ဟု NUG ကာကွယ်ရေး ဝန်ကြီးဌာနက ခန့်မှန်းသည်။ NUG ကာကွယ်ရေး ဝန်ကြီးဌာနသည် PDF တပ်ဖွဲ့ဝင်များအတွက် ကျင့်ဝတ်ကို အကောင်အထည်းဖေါ်ရန် ကြိုးစားသော်လည်း ဒေသဆိုင်ရာ PDF အများအပြားသည် ထိုညွှန်ကြားချက်များမှ မကြာခဏ သွေဖီကြသည်။

တိုင်းရင်းသားခုခံတော်လှန်ရေး အင်အားစုများသည် NUG နှင့် PDFs များကို စစ်ကောင်စီ ဆန့်ကျင်တော်လှန်ရေး မိတ်ဘက်များအဖြစ်သာမြင်ကြပြီး မဟာမိတ်အဖွဲ့ခေါင်းဆောင်အဖြစ် မမြင်ကြပေ။ လူမျိုးစု ခုခံတော်လှန်ရေး အင်အားစုများအကြား ပဋိပက္ခများသည် မရည်ရွယ်သော အရပ်သားသေဆုံးမှုများကို ဖြစ်စေပြီး အကွဲကွဲ အပြားပြားဖြစ်နေသော တော်လှန်ရေး အင်အားစုများကို စီမံရန် NUG အတွက် ခက်ခဲစေသည်။ ထိရောက်သော အမိန့်ပေး ကွင်းဆက်တခု မရှိလျှင် NUG သည် ဒလန်သတင်းပေးကိစ္စကိုင်တွယ်ခြင်းနှင့်ပတ်သက်သည့် ၎င်း၏မူများကိုဖြစ်စေ ၎င်း၏တပ်ဖွဲ့များအတွက် ကျင့်ဝတ်များကိုဖြစ်စေ အကောင်အထည်ဖေါ်ရန် စွမ်းရည်ကင်းမဲ့နေမည်ဖြစ်သည်။

သို့သော် စစ်ကောင်စီသည်လည်း ၎င်း၏တပ်သားများကို ရာထူးတိုးပေးမည့် ကတိနှင့် ရွာများကို လုယက်ခွင့် ပေးထားသော်လည်း ထိရောက်သည့် အမိန့်ပေးကွင်းဆက်ကို ထိန်းသိမ်းထားနိုင်ခြင်း ရှိပုံမရပေ။ ဘက်ပြောင်းခြင်း၊ တပ်မှထွက်ပြေးခြင်း၊ အသေးစားပုန်ကန်မှုများက စစ်ကောင်စီသည် ၎င်း၏တပ်များကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိကြောင်း ပြသနေသည်။

ထိရောက်သော အမိန့်ပေး ကွင်းဆက်တခု မရှိလျှင် NUG သည် ဒလန်သတင်းပေးကိစ္စကိုင်တွယ်ခြင်းနှင့်ပတ်သက်သည့် ၎င်း၏မူများကိုဖြစ်စေ ၎င်း၏တပ်ဖွဲ့များအတွက် ကျင့်ဝတ်များကိုဖြစ်စေ အကောင်အထည်ဖေါ်ရန် စွမ်းရည်ကင်းမဲ့နေမည်

စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် စစ်သားနှင့် ရဲ ၁၃၀၀၀ ဘက်ပြောင်းလာသည်ဟု NUG ကပြောသော်လည်း တပ်မှထွက်ပြေးသည့် နှုန်းသည် မြန်မာစစ်တပ်တွင် သမိုင်းအရ မြင့်မားသည်ကို မှတ်သားထိုက်ပေသည်။ စစ်တပ်က ယခုထက် ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်သည့် ကာလ ၂၀၀၅ ခုနှစ်က စစ်တိုင်းတတိုင်းတည်းတွင်ပင် တပ်ပြေး ၄၇၀၁ ဦး ရှိပြီး စစ်တပ်မှ ဘက်ပြောင်းလာသည့်နှုန်းသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း နှေးကွေးသွားပုံ ရသည်။

ခံနိုင်ရည်စစ်ပွဲ

အလှည့်ကျအစားထိုးရန် အရန်အင်အား ကြီးကြီးမားမားမရှိဘဲ အဆက်မပြတ်နီးပါးတိုက်ခိုက်နေရသည်မှာ ၂ နှစ်ကြာလာပြီးနောက် စစ်ကောင်စီတပ်များသည် စစ်ပမ်းလာသည့် လက္ခဏာများ ပြသလာကြသည်။ အချို့စစ်သားများက တိုက်ခိုက်ရန် ဗြောင်ကျကျ ငြင်းဆန်ကြသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလက ဘက်ပြောင်းလာသူတဦး၏ အဆိုအရ ခြေမြန်တပ်ရင်း ၁၀၂ တရင်းလုံးသည် တိုက်ခိုက်ရန် ငြင်းဆန်ပြီး လက်နက်များကို ၎င်းတို့၏ စစ်မြေပြင်တပ်မှူးထံ ပြန်လည်အပ်နှံကြောင်း သိရသည်။ ၂၀၂၃ ခုနှစ် ဧပြီလက သီးခြားသတင်းတပုဒ်တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးသည် သူ၏တပ်များ အကျအဆုံးများပြီး ထိုတပ်များက ဆက်လက်တိုက်ခိုက်ရန် ငြင်းဆန်သောကြောင့် တာဝန်မှ ရပ်စဲခံရကြောင်း ဖေါ်ပြထားသည်။

ထိုသို့သော ခံစားမှုများသည် စစ်ကောင်စီတပ်များအတွင်းတွင်သာ ဖြစ်နေခြင်းမဟုတ်ဘဲ စစ်ကောင်စီနှင့် မဟာမိတ် နယ်ခြားစောင့်တပ်ဖွဲတခုသည် NUG ဘက်သို့ ပြောင်းသွားသည်။ ထိုနောက်ပိုင်းတွင် အလားတူ ဘက်ပြောင်းခြင်းမရှိသော်လည်း ထိုဖြစ်ရပ်များက စစ်ကောင်စီ၏ ထိရောက်သော အမိန့်ပေးကွင်းဆက် ထိန်းချုပ်နိုင်စွမ်း ကျဆင်းနေကြောင်း ပြသနေသည်။ သို့သော် စစ်ကောင်စီ၏ ဆယ်စုနှစ်များစွာ သက်တမ်းရှိသည့် အင်စတီကျူးရှင်း ယန္တရား၊ ကျယ်ပြန့်သော အတွေ့အကြုံနှင့် တင်းကျပ်သော ထိန်းချုပ်ရေး အစီအမံများကြောင့် စစ်ကောင်စီသည် ၎င်းတို့တပ်များကို NUG က PDF အပေါ် သြဇာသက်ရောက်သည်ထက် ပိုမိုသြဇာသက်ရောက်နိုင်စေသည်။

စစ်ကောင်စီ၏ ဆယ်စုနှစ်များစွာ သက်တမ်းရှိသည့် အင်စတီကျူးရှင်း ယန္တရား၊ ကျယ်ပြန့်သော အတွေ့အကြုံနှင့် တင်းကျပ်သော ထိန်းချုပ်ရေး အစီအမံများကြောင့် စစ်ကောင်စီသည် ၎င်းတို့တပ်များကို NUG က PDF အပေါ် သြဇာသက်ရောက်သည်ထက် ပိုမိုသြဇာသက်ရောက်နိုင်စေသည်။

ယခုအခါ မြန်မာတွင် ပြည်သူများသည် အကြမ်းဖက်မှုကို နေ့စဉ်ရင်ဆိုင်နေရသည်။ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒုဝန်ကြီးချုပ် ဒွန် ပရာမွတ် ဝီနိုင်းကို ဖိတ်ခေါ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဝှက်ဖဲသုံးရန် အားထုတ်မှုသည်လည်း ပြင်းထန်သော တုံ့ပြန်မှုများဖြစ်စေသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
49
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
807
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
226

လူမှုကွန်ရက်တွင်ပျံ့နှံ့နေသည့် ပို့စ်တခုတွင် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးသည်ဖြစ်စေ စစ်ကောင်စီနှင့် ဆွေးနွေးပွဲတွင် ပါဝင်သည်ဖြစ်စေ လူငယ်များသည် စစ်ကောင်စီကို ဆက်လက်ဆန့်ကျင်တိုက်ခိုက်မည်ဟု ဖေါ်ပြထားသည်။ ဒွန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေဆုံခြင်းနှင့် ပတ်သက်သည့် NUG နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်ကလည်း ပြည်သူလူထုသည် နိုင်ငံရေးအထက်လွှာက ရလဒ်များပုံဖေါ်ရန် အပေါ်ယံ ကြိုးစားမှုများဘက်သို့ အလွယ်တကူယိမ်းမည်မဟုတ်ကြောင်း ပြသနေသည်။

စစ်ပွဲ၏ အဆုံးကို မမြင်ရဘဲ ဆက်လက်ဖြစ်နေသောကြောင့် လက်ရှိ ခံနိုင်ရည်စစ်ပွဲ၏ မည်သည့်ရလဒ်မဆိုသည် ၎င်းတို့၏ အမိန့်ပေးကွပ်ကဲရေးကွင်းဆက်ကို ခိုင်မာအောင်လုပ်နိုင်သည့်စွမ်းရည်အပေါ် မူတည်နေသည်။

မြန်မာ့နိုင်ငံရေး နှစ်ဘက်လုံးမှ အထက်လွှာသည် သြဇာ အကန့်အသတ်ဖြင့်သာရှိပြီး ၎င်းတို့၏ ထောက်ခံသူအသီးသီးနှင့် လက်နက်ကိုင်အင်အားစုများကို ထိန်းချုပ်ရန် ရုန်းကန်နေရသည်။ စစ်ပွဲ၏ အဆုံးကို မမြင်ရဘဲ ဆက်လက်ဖြစ်နေသောကြောင့် လက်ရှိ ခံနိုင်ရည်စစ်ပွဲ၏ မည်သည့်ရလဒ်မဆိုသည် ၎င်းတို့၏ အမိန့်ပေးကွပ်ကဲရေးကွင်းဆက်ကို ခိုင်မာအောင်လုပ်နိုင်သည့်စွမ်းရည်အပေါ် မူတည်နေသည်။ ထိုသို့သောစွမ်းရည် ၂ ဘက်လုံးတွင် မရှိပါက အပြစ်မဲ့သူများနှင့် အရပ်သားများသည် ထိုပြင်းထန်သော အကြမ်းဖက်မှုလှိုင်းများ၏ ဒဏ်ကို အဓိက ခံကြရမည်ဖြစ်သည်။

( CNA ပါ ၎င်းတို့ ၂ ဦး ပူးတွဲရေးသားသော Commentary: Who decides the cessation of violence in Myanmar? ကို ဘာသာပြန်သည်။)

You may also like these stories:

သားရိုင်းကို သွေးအရသာ ပေးမသိစေရ

စစ်ရှောင်စခန်းကို စစ်ကောင်စီက အကြီးဆုံးဗုံး သုံးတိုက်ခိုက်ဟု AI ထုတ်ပြန်

မုန်လိုင်ခက် စစ်ရှောင်စခန်းမှ သန်းခေါင်ယံအိပ်မက်ဆိုး

၈ နှစ်ပြည့်သော်လည်း NCA အလုပ်မဖြစ်

မြန်မာ့အနာဂတ် ငြိမ်းချမ်းရေးအတွက် သင်ခန်းစာ ၈ ခုနှင့် တဝက်

မုန်လိုင်ခက်စစ်ရှောင်စခန်း တိုက်ခိုက်မှုအပေါ် သဘောထားအမြင်များ

Your Thoughts …
Tags: EAONUGPSFSliderစစ်ကောင်စီအကြမ်းဖက်သမားအာဏာသိမ်းမှု
သီတာ & ကြည်စင်

သီတာ & ကြည်စင်

သီတာသည် စင်ကာပူရှိ ISEAS – Yusof Ishak Institute ၏ မြန်မာအစီအစဉ်မှ ဧည့်သုတေသီဖြစ်ပြီး ကြည်စင်သည် ထိုအင်စတီကျုမှ သုတေသီ ဖြစ်သည်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကော့ကရိတ်တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး

ကော့ကရိတ်တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး

လောက်ကိုင်- လားရှိုးလမ်း တိုက်ပွဲကြောင့် ပိတ်လိုက်ရ

လောက်ကိုင်- လားရှိုးလမ်း တိုက်ပွဲကြောင့် ပိတ်လိုက်ရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved