• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မြန်မာ့အနာဂတ် ငြိမ်းချမ်းရေးအတွက် သင်ခန်းစာ ၈ ခုနှင့် တဝက်

by David Scott Mathieson
25 October 2023
in သူ့အတွေး သူ့အမြင်
A A
မြန်မာ့အနာဂတ် ငြိမ်းချမ်းရေးအတွက် သင်ခန်းစာ ၈ ခုနှင့် တဝက်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်က နေပြည်တော်တွင် ကျင်းပသည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၈ နှစ်ပြည့် အခမ်းအနားတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကပြဖျော်ဖြေသည့်အဖွဲ့အား ငွေသားဆု ပေးအပ်စဉ်

3.1k
VIEWS
Share on FacebookShare on Twitter

မြန်မာ၏ ၂၀၁၅ ခုနှစ် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ၈ နှစ်ပြည့် အခမ်းအနားကို စစ်ကောင်စီ ကျင်းပသောအခါ လွန်ခဲ့သော ၁၂ နှစ်ကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတိအလင်း ကျဆုံးမှုများကို စဉ်းစားသုံးသပ်ထိုက်ပါသလား။

မစဉ်းစား မသုံးသပ်ထိုက်ပါ။ အထူးသဖြင့် စစ်တပ်က အရပ်သားများကို အကြမ်းဖက် စစ်ဆင်ရေးများ ဆက်လက် ပြုလုပ်နေချိန်တွင် လက်ရှိနှင့် လက်ဟောင်းဗိုလ်ချုပ်များ၊ ဒေသတွင်း သံတမန်အချို့နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) ခေါင်းဆောင်အများအပြား တွေ့ဆုံဆွေးနွေးခြင်းသည် လှောင်ပြောင်သရော်သည့် ဟာသသာ ဖြစ်သည်။

RelatedPosts

ကမ္ဘာက နှုတ်ဆိတ်ချိန် တရုတ်နှင့် ရုရှားက ရုပ်သေးစစ်ကောင်စီကို ကျားကန်ပေးနေ

ကမ္ဘာက နှုတ်ဆိတ်ချိန် တရုတ်နှင့် ရုရှားက ရုပ်သေးစစ်ကောင်စီကို ကျားကန်ပေးနေ

23 May 2025
374
မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

23 May 2025
3.4k
မြန်မာ့အရေး သီးသန့် လာမည့်အပတ် အာဆီယံအစည်းအဝေး ၂ ခု ကျင်းပမည်

မြန်မာ့အရေး သီးသန့် လာမည့်အပတ် အာဆီယံအစည်းအဝေး ၂ ခု ကျင်းပမည်

22 May 2025
607

သို့သော် မည်သည်တို့သည် အလုပ်ဖြစ်နိုင်ခဲ့သည်နှင့် ရှေ့ဆက်နေသော တော်လှန်ရေး လှုပ်ရှားမှုအတွက် သင်ခန်းစာများ မည်သို့ ရယူသင့်သည်ကိုမူ စဉ်းစားသုံးသပ်ရန် အရေးကြီးသည်။ ထိုငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကြောင်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားမှု လွန်စွာများပြားသော်လည်း အရည်အသွေး အမျိုးမျိုးဖြစ်နေသည်။

ထိုသို့သော အကောင်းဆုံး ခွဲခြမ်းစိတ်ဖြာ လေ့လာမှုများအနက် တခုမှာ ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းတွင် အောင်သူငြိမ်း ရေးသားသည့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ နိုင်ငံတကာဇာတ်ကောင်များဆိုသည့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP) အစီရင်ခံစာဖြစ်သည်။ ထိုအစီရင်ခံစာသည် အနာဂတ် ငြိမ်းချမ်းရေး သင်ခန်းစာ မည်သည့် ကျမ်းစာအုပ်အတွက်မဆို အဓိက အနှစ်သာရ ဖြစ်သင့်သည်။

ထို့ပြင် NCA အပေါ် အဓိကကျသည့် ပြန်လည်သုံးသပ်မှု အစီရင်ခံစာတစောင်ကို ထာဝရ ယုံကြည်အားကိုးရသည့် Transnational Institute (TNI) က ၂၀၂၃ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။ TNI သည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ပြတ်သားသော အမှန်အမှား ခွဲခြားသိမြင် လုပ်ကိုင်ဆောင်ရွက်သည့် နိုင်ငံတကာအဖွဲ့အစည်း အနည်းငယ်အနက် တခုဖြစ်သည်။

မြန်မာနိုင်ငံ ‘အသွင်ကူးပြောင်းမှု’ နှင့် နိုင်ငံတကာ ထိတွေ့ဆက်ဆံမှု အားလုံးသည် ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် အမျိုးမျိုးသော စီးပွားရေး၊ စီမံအုပ်ချုပ်ရေး၊ ရွေးကောက်ပွဲ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ရုန်းကန်မှုတခုသာဖြစ်ပြီး ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာမွတ်ဆလင် လူနည်းစုကို လူမျိုးစုသုတ်သင်မှု စစ်ဆင်ရေး ဖြစ်စေသည့် ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် အကျပ်အတည်း၏ လွှမ်းမိုးခံနေရသည်။

လက်နက်ကိုင် ပဋိပက္ခသည် ဒေသအများအပြားတွင် ဆက်လက်ဖြစ်ပေါ်နေပြီး ကျေးလက်ဒေသများတွင် လက်နက်အကြီးအကျယ် တပ်ဆင်ထားသည့် သူပုန်အုပ်စုများဖြင့် အပိုင်းပိုင်းအစစ ဖြစ်နေပြီး မြန်မာစစ်တပ်သည် ဗြောင်ကျကျ အရှက်အကြောက် ကင်းမဲ့နေသည်။ သို့သော် ‘ပဋိပက္ခလွန်ကာလ’ စသည့် စကားလုံးများကို အမှုမဲ့အမှတ်မဲ့ သုံးလာသည်။

NCA ကျဆုံးရခြင်း၏ အဓိက အစိတ်အပိုင်းများကို အကြမ်းဖျဉ်းဖော်ပြပြီးဖြစ်ပြီး ဖော်ပြသင့်သလောက် ကျယ်ကျယ်ပြန့်ပြန့် မဖော်ပြရသေးသည့်တိုင် ၂၀၂၃ ခုနှစ် သံတမန်နှင့် အလှူရှင် မျိုးဆက်သစ်တခုအတွက် ပြဿနာအားလုံးကို လျစ်လျူရှုပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သစ်အတွက် ယန္တရားတခုအဖြစ် အသုံးပြုနိုင်လောက်အောင် လုံလောက်သည်။

NCA နှင့်ပတ်သက်သည့် အဓိက မှားယွင်းချက်မှာ ထိုလုပ်ငန်းစဉ်သည် ‘ပြည်တွင်းဖြစ် လုပ်ငန်းစဉ်’ ဖြစ်သည် ဆိုသည့် အချက်ဖြစ်သည်။ ထိုအချက်သည် ကြောင်တောင်တောင် အတွေးအခေါ် ဖြစ်သည်။

NCA နှင့်ပတ်သက်သည့် အဓိက မှားယွင်းချက်မှာ ထိုလုပ်ငန်းစဉ်သည် ‘ပြည်တွင်းဖြစ် လုပ်ငန်းစဉ်’ ဖြစ်သည် ဆိုသည့် အချက်ဖြစ်သည်။ ထိုအချက်သည် ကြောင်တောင်တောင် အတွေးအခေါ် ဖြစ်သည်။ အလှူရှင်များစွာ ပါဝင်သည့် ငြိမ်းချမ်းရေးပူးပေါင်းရန်ပုံငွေ (JPF)၊ ဂျပန်နှင့် အခြားနိုင်ငံအများအပြားမှ ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကျော်၊ စစ်ဖြစ်နေသော ဘက်အသီးသီးသို့ လက်နက်ရောင်းချနေသော တရုတ်၊ Lowy Institute Southeast Asia Aid Map ၏ အဆိုအရ ၂၀၁၅ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ဒေါ်လာ ၁၇ ဒသမ ၂ ဘီလီယံ အကူအညီပေးရေး စီမံကိန်းများနှင့်အတူ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် မည်သည့်အောင်မြင်မှုရသည် ဆိုသည်ကို မေးခွန်းထုတ်စရာ ဖြစ်နေသည်။

ကံမကောင်း အကြောင်းမလှစွာပင် များပြားလှသော အနောက်တိုင်း အလှူရှင်များက ၎င်းတို့သည် မသင့်လျော်သော နည်းလမ်းများကို ချမှတ်ခြင်းဖြင့် လူမှုအကွဲအပြဲမှ စနစ်တကျ ထွက်ပေါက်ကို စီစဉ်နိုင်မည်ဟု ထင်ကြသည်။ ရုပ်ရှင်ထုတ်လုပ်သူ ဖရန်စစ် ဖို့ဒ် ကော်ပိုလာက ဗီယက်နမ်စစ်ပွဲရုပ်ရှင် Apocalypse Now ထုတ်လုပ်ရိုက်ကူးခြင်းနှင့် ပတ်သက်ပြီး ပြောသည့်အတိုင်းဆိုရပါက “ကျနော်တို့ တောထဲမှာ ရောက်နေတယ်။ လူအများကြီးပဲ။ ငွေတွေ၊ ပစ္စည်းကိရိယာတွေ အများကြီး သုံးနိုင်တယ်။ တဖြည်းဖြည်းနဲ့ ကျနော်တို့ ရူးကြောင်ကြောင် ဖြစ်လာတယ်” ဟုသာ ပြောရမည်ဖြစ်သည်။ ‘တောထဲ’ ဆိုသည့် စကားလုံးနေရာတွင် နေပြည်တော်ဆိုသည့် စကားလုံးကို အစားထိုးလိုက်ပါ။ ထိုအခြေအနေသည် NCA အခြေအနေနှင့် သိပ်မကွာခြားလှပေ။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်က နေပြည်တော်တွင် ကျင်းပသည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၈ နှစ်ပြည့် အခမ်းအနားတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိန့်ခွန်းပြောနေစဉ်

သို့သော် အရေးပါသည့် ပကတိအခြေအနေ နှစ်ခုကို လျှော့မတွက်သင့်ပေ။ ပထမအချက်မှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်မှု၊ ဥပဒေနှင့် စီးပွားရေး တရားမျှတမှုတို့နှင့် ပတ်သက်သည့် ကျယ်ပြန့်သော ဆန္ဒရှိနေခြင်းဖြစ်သည်။ ထိုအချက်ကို စစ်တွေတွင်ဖြစ်စေ၊ စမ်းချောင်းတွင်ဖြစ်စေ၊ ဘားအံတွင်ဖြစ်စေ၊ လှိုင်သာယာတွင်ဖြစ်စေ အထင်အရှား တွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေးနှင့် တိုးတက်မှုအတွက် ဘဝကို မြှုပ်နှံလုပ်ကိုင်မှုကို ကျယ်ပြန့်သော ယုံကြည်မှု ရှိခဲ့သော်လည်း ထိုယုံကြည်ချက်ကို အားလုံးတူညီစွာ ယုံကြည်ကြသည် မဟုတ်သလို အမျိုးမျိုးသော နိုင်ငံရေးနှင့် လူမှုမဟာမိတ် ခိုင်မာအောင် ကြိုးစားသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လုပ်ရပ်များကိုလည်း တူညီစွာ ယုံကြည်ကြသည် မဟုတ်ပေ။

မည်သို့ဆိုစေ NLD သည် ၂၀၂၀ ပြည့်နှစ်တွင် ဒုတိယ သက်တမ်းအတွက် အနိုင်ရပြီး စစ်တပ်ပြန်လာမည်ကို မလိုလားသောကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပြီး NLD အနိုင်ရခြင်းဖြစ်သည်။ သို့သော် ထိုအချိန်ကပင် ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက် မှေးမှိန်နေပြီး NCA အပေါ် ယုံကြည်မှုမှာ ပြိုလဲလုနီးပါးဖြစ်နေသည်။

ဒုတိယ ပကတိအခြေအနေမှာ လွတ်လပ်စွာ ပြောဆိုခွင့်၊ အလုပ်သမားစည်းရုံးလှုပ်ရှားခွင့်နှင့် ဒေသခံ ငြိမ်းချမ်းရေး တည်ဆောက်သူများက လက်နက်ကိုင်အဖွဲ့အစည်းများကို မေးခွန်းထုတ်ရန် ကြိုးစားခြင်း အပါအဝင် နယ်ပယ် အများအပြားတွင် လူမှုတိုးတက်မှုများ သိသိသာသာရှိလာသည်။ ထိုတိုးတက်မှုများအတွက် အသိအမှတ် ပြုရမည့်သူအများစုမှာ မြန်မာ တသီးပုဂ္ဂလများနှင့် အဖွဲ့အစည်းများဖြစ်သည်။

သို့သော် အလှူရှင်များစွာ ပါဝင်သည့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းများမှသည် လူသားချင်းစာနာမှု အဖွဲ့အစည်းများအထိနှင့် စိုက်ပျိုးရေးမှသည် ပညာရေးအထိ အရာရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် ပြည်ပအကူအညီသည် အတန်အသင့် တိုးတက်မှုကို ဖြစ်ပေါ်စေကြောင်း အသိအမှတ်ပြုရမည် ဖြစ်သည်။ ပြည်ပ ငြိမ်းချမ်းရေး အထောက်အကူကို ဝေဖန်ခြင်းသည် ရရှိပြီးသော ကောင်းမွန်သည့် လုပ်ဆောင်မှုများ သို့မဟုတ် ပြည်ပ အခွန်ထမ်းများ၏ ထည့်ဝင်အကျိုးပြုမှုကို ဖုံးကွယ်မထားသင့်ပေ။ ထိုသို့ဆိုသောကြောင့် မသမာသော လုပ်ဆောင်သူများကို အပြစ်ကင်းလွတ်ခွင့် မပေးသင့်သော်လည်း မည်သည်က အလုပ်ဖြစ်သည်၊ မည်သည်က မအောင်မမြင်ဖြစ်သည်ကို ခွဲခြမ်းစိတ်ဖြာလေ့လာရန် လိုအပ်မည်ဖြစ်သည်။

အသုံးဝင်ရန် အလားအလာရှိသော မည်သည့် ‘သင်ခန်းစာယူသည့် လုပ်ငန်းစဉ်’ မဆိုသည် အနာဂတ်အမြင် ကျင့်သုံးရမည်ဖြစ်ပြီး မအောင်မြင်မှုများကို စိုးရိမ်တကြီး ဖုံးကွယ်သည့် နောက်ပြန်သုံးသပ်မှု မဖြစ်သင့်ပေ။

အသုံးဝင်ရန် အလားအလာရှိသော မည်သည့် ‘သင်ခန်းစာယူသည့် လုပ်ငန်းစဉ်’ မဆိုသည် အနာဂတ်အမြင်အဖြစ် ကျင့်သုံးရမည်ဖြစ်ပြီး မအောင်မြင်မှုများကို စိုးရိမ်တကြီး ဖုံးကွယ်သည့် နောက်ပြန်သုံးသပ်မှု မဖြစ်သင့်ပေ။ စစ်ကောင်စီကို ဆန့်ကျင်သည့် EAOs များ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူမှုအခြေပြု အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် တက်ကြွလှုပ်ရှားသူများသည် အတိတ်၏ မအောင်မြင်မှုများမှ သင်ခန်းစာများစွာ လေ့လာနိုင်ပြီး အဓိကအားဖြင့် လက်တွေ့ကျသော အနာဂတ်ကို ပုံဖော်ရန် ဖြစ်သည်။ အောက်တွင် ယေဘုယျ သင်ခန်းစာ ၈ နှင့် တဝက်ကို ဖော်ပြလိုက်သည်။

သင်ခန်းစာ (၁) အဓိကကျသည့် ထိခိုက်နစ်နာမှုများကို နားလည်ရေး

ဗဟိုအာဏာပိုင်ကို ဗြောင်ကျကျ ခုခံဆန့်ကျင်အောင် ပြည်သူများကို မည်သည်က ဖြစ်စေသည် သို့မဟုတ် ရက္ခိုင့်တပ်တော် (AA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကဲ့သို့သော ‘ပုန်ကန်မှုသစ်များ’ ကို မည်သည်က မောင်းနှင်သည်ဆိုသည့် ကိစ္စအပေါ် နက်နက်ရှိုင်းရှိုင်း သုံးသပ်မှု နည်းပါးခဲ့သည်။ အနောက်တိုင်း ပညာရပ်ဆိုင်ရာ အသုံးအနှုန်းအရ ၎င်းတို့ကို ‘ပဋိပက္ခမောင်းနှင်အားများ’ ဟု ခေါ်ရမည်ဖြစ်သော်လည်း ပိုမိုရိုးသားသည့် သုံးသပ်ချက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တခုနှင့် ပိုမိုပွင့်လင်းမြင်သာမှု ရှိလာခဲ့သည့်ကြားမှ ပြည်သူများသည် မည်သည့်အတွက် ဆက်လက် တိုက်ပွဲဝင်နေသနည်းဆိုသည့် မေးခွန်းဖြစ်သည်။

တိုင်းရင်းသားဒေသများမှ ပြည်သူအများအပြားက မြန်မာစစ်တပ်သည် လူ့အခွင့်အရေး ချိုးဖောက်သည့် အင်စတီကျူးရှင်းဖြစ်သည်ဟု ယူဆကာ အယုံအကြည် မရှိပေ။ ပြင်းထန်သော စစ်အင်အားပြိုင်ခြင်းသည် တိုးတက်မှုကို ဟန့်တားပြီး နေရပ်စွန့်ခွာမှုကို ဖြစ်စေသည်။ မြေမြှုပ်မိုင်းများ၊ အတင်းအကျပ် လုပ်အားခိုင်းစေမှုများနှင့် သားကောင်ရှာသည့် စစ်ဆေးရေးစခန်းများသည် ငြိမ်းချမ်းရေးအသွင် သိပ်မဆောင်လှပေ။

ကာလကြာမြင့်လှပြီဖြစ်သည့် ထိခိုက်နစ်နာ ဆုံးရှုံးမှုများတွင် သဘာဝ သယံဇာတ စီမံအုပ်ချုပ်မှု၊ မြေယာသိမ်းယူခြင်းနှင့် နေရပ်စွန့်ခွာရခြင်း၊ သဘာဝပတ်ဝန်းကျင် အဆင့်လျော့ကျခြင်း၊ စိုက်ပျိုးစီးပွား စီမံကိန်းများ၊ တရုတ်ရင်းနှီးမြှုပ်နှံမှု၊ ရွှေတူးဖော်ခြင်း၊ သစ်တောပြုန်းတီခြင်းတို့နှင့် ပတ်သက်သည့် ကျယ်ပြန့်သော ရေရှည် အကြောင်းအချက်များ ပါဝင်သည်။ ရာသီဥတုပြောင်းလဲခြင်း သက်ရောက်မှုများ၏ ထင်ရှားသော ပကတိအခြေအနေကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း ထည့်သွင်းသည်မှာ အချိန်နောက်ကျသည်။ ထိုကိစ္စသည် အနာဂတ်လုပ်ငန်းစဉ်များတွင် အဓိကကျသည့် သွင်ပြင်လက္ခဏာ ဖြစ်ရမည်။

၂၀၂၁ ခုနှစ်နှင့်နောက်ပိုင်း လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှသည် လက်နက်ကိုင်တော်လှန်ရေးအထိ လက်ရှိ ခုခံတော်လှန်ရေးလှုပ်ရှားမှုက လူမှုအသိုက်အဝန်းအသီးသီး၏ တိုက်ပွဲများသည် ပူးတွဲတည်ရှိနိုင်ပြီး တခုနှင့်တခု ပိုပို တောင့်တင်းအောင် လုပ်ပေးကြောင်း အခိုင်အမာ ပြသခဲ့သည်။ ယခုတော်လှန်ရေးသည် စစ်တပ်ကို နိုင်ငံရေးအာဏာမှ ဖယ်ရှားရန်သက်သက် မဟုတ်ဘဲ သစ်လွင်ပြီးပိုမိုတရားမျှတသော လူ့အဖွဲ့အစည်း ထူထောင်ရေး ဖြစ်သည်။ NCA လုပ်ငန်းစဉ်သည် အထက်လွှာအကျိုးစီးပွားကသာ ပုံဖော်သည့် အဘိုးအို စဉ်းစားနည်းသာဖြစ်ပြီး မျိုးဆက်ပြောင်းလဲခြင်းကို ထည့်သွင်းစဉ်းစားခြင်း မရှိပေ။ ယခု တော်လှန်ရေးသည် မြန်မာနိုင်ငံသစ် ထူထောင်ရေးဖြစ်သည်။

သင်ခန်းစာ (၂) ဗဟုအမြင်များကို လက်ခံကြိုဆိုရေး

မြို့ကြီးများမှပြည်သူများသည် တိုင်းရင်းသား ပဋိပက္ခဇုန်များမှ ငြိမ်းချမ်းရေးကို ကချင်နှင့် ကရင်ပြည်နယ်များမှပြည်သူများ NCA ကာလ အတွင်းက ဂရုစိုက်သလောက် ဂရုမစိုက်ပေ။ စစ်၏ရိုက်ခတ်မှုကို မခံရခြင်းကြောင့်ဖြစ်သည်ဟု နားလည်နိုင်သည်။

သို့သော် ယခုအခါ မြန်မာတနိုင်ငံလုံးကို ‘ပဋိပက္ခရိုက်ခတ်ခံနေရသည်’ ဟု ဆိုနိုင်ပြီး မည်သည့် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင်မဆို မဖယ်ထုတ်ဘဲ ထည့်သွင်းစဉ်းစားရမည့် တိုက်ရိုက်အတွေ့အကြုံ အမျိုးမျိုးရှိနေသည်။ ကျဉ်းမြောင်းသော ဆွေးနွေးမှုပုံစံများသည် အထူးအကျိုးစီးပွားကို ဖြစ်စေပြီး အမုန်းတရား အစုအဝေးကို ဖန်တီးပေးသည်။ ယခုအခါ အဓိပ္ပာယ်ပြည့်ဝသော နည်းလမ်းဖြင့် ထည့်သွင်းစဉ်းစားရမည့် အမြင်အမျိုးမျိုးနှင့် အနာဂတ် ဖက်ဒရယ်စနစ်အတွက် စဉ်းစားရမည့် တီထွင်ဆန်းသစ်မှု ရှိနေသည်။

အမျိုးသမီးများ ပါဝင်ရေးသည် အထင်ရှားဆုံး ချို့ယွင်းချက်များအနက် တခုဖြစ်သည်။ အဖွဲ့အစည်း ၃၈၃ ခုမှ အမျိုးသမီး ၆၇၀ ကျော် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် လုပ်ကိုင်နေသည်ဟု ၂၀၁၉ ခုနှစ်က ပြုလုပ်သည့် “ငြိမ်းချမ်းရေး အကျိုးပြုသော အမျိုးသမီးများ” တွင် တွေ့ရှိရသော်လည်း အမှန်တကယ် တရားဝင် အဆင့်မြင့်သည့် အပိုင်းတွင် ကိုယ်စားပြုမှု နည်းသည်။

ထူးခြားပြီး သြဇာကြီးမားလှသော အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) က အောက်တိုဘာလတွင် ကျင်းပသည့် ဘန်ကောက်ပြပွဲ၌ အဓိက အကြောင်းအရာဖြစ်သည့် ဆွေးနွေးပွဲများနှင့် ဇာတ်လမ်းတင်ပြပုံများတွင် အမျိုးသားများ လွှမ်းမိုးမှု ကြီးထွားနေဆဲ ဖြစ်သည်ကို ပြသနေပြီး ထိုကိစ္စကို စိန်ခေါ်ဖြေရှင်းရမည် ဖြစ်သည်။

သင်ခန်းစာ (၃) စစ်တပ်ပြုပြင်ပြောင်းလဲရေး အရေးပါ

ကင်းမီးကောက်နှင့် ဖားတို့ စမ်းချောင်းဖြတ်ကူးသည့် သင်ခန်းစာကို စဉ်းစားကြည့်ပါ။ (စမ်းချောင်းကို ဖြတ်ကူးရာတွင် သူ့ကိုသယ်သွားပေးရန် ကင်းမီးကောက်က ဖားကို အကူအညီတောင်းသည်။ ဖားက စမ်းချောင်းဖြတ်နေစဉ် ကင်းမီးကောက်က အဆိပ်ဖြင့်ထိုးခံရမည်ကို ကြောက်သောကြောင့် မသယ်ဆောင်ရဲပေ။ ကင်းမီးကောက်က ထိုသို့ လုပ်လျှင် နှစ်ကောင်လုံး သေမည်ဖြစ်သောကြောင့် ဖားကိုသတ်မည် မဟုတ်ကြောင်း ပြောသည်။ ထို့ကြောင့် ဖားက ကင်းမီးကောက်ကို သယ်ဆောင်ပေးသည်။ သို့သော် စမ်းချောင်းအလယ်သို့ ရောက်သောအခါ ကင်းမီးကောက်က ဖားကို အဆိပ်ဖြင့် ထိုးလိုက်သောကြောင့် နှစ်ကောင်လုံး သေသည်။)

မြန်မာစစ်တပ်သည် ၎င်းတို့အကျိုးစီးပွားနှင့် တနိုင်ငံလုံး၏ အကျိုးစီးပွားကို ဆန့်ကျင်ပြီး မည်သည်ကိုမဆို လုပ်ဆောင်မည့် အကြမ်းဖက် အင်စတီကျုးရှင်း အမြဲတမ်း ဖြစ်သည်။ ထိုစစ်တပ်ကို အရပ်သားအုပ်ချုပ်ရေးအောက်တွင် အပြည့်အဝထားရန် ပျက်ကွက်ပါက NLD ၏ အကြီးမားဆုံးအမှားနှင့် NCA ၏ ကြီးမားသော အဓိက မအောင်မြင်မှုကဲ့သို့ပင် ကျဆုံးမည်ဖြစ်သည်။

အနာဂတ် စိန်ခေါ်မှုသည် ကြီးမားလှသည်။ စစ်တပ်က လူ့အဖွဲ့အစည်းကို ချုပ်ကိုင်ထားခြင်းအပေါ် မည်သို့ အပြီးအပိုင် အဆုံးသတ်မည်နည်းနှင့် မျိုးဆက်များစွာ ပုန်ကန်မှုများကို မည်သို့ အဆုံးသတ်မည်နည်း ဆိုသည့် စိန်ခေါ်မှုများဖြစ်သည်။ အထူးသဖြင့် စစ်အာဏာသိမ်းပြီးနောက်တွင် လက်နက်ကိုင်ပြီး ခုခံတော်လှန်ရေးတွင် ပါဝင်လာသူများ အကြီးအကျယ် များပြားလာသောကြောင့် မြန်မာ၌ စစ်ရေးလျှော့ချခြင်း ပြုလုပ်ရာတွင် လုပ်ဆောင်ရမည့် ပိုမိုလက်တွေ့ကျသော သုတေသနနှင့် စံနမူနာပုံစံများ လိုအပ်သည်။ ထိုအတွေးအခေါ်သစ်ကို အကောင်အထည်ဖော်ရန် သုတေသီနှင့် ပညာရှင် မျိုးဆက်သစ်ကို လုံလောက်စွာ ထောက်ပံ့ရမည်ဖြစ်သည်။

သင်ခန်းစာ (၄) လုပ်ငန်းစဉ်အမျိုးမျိုးကို အားပေးပြီး တင်းကျပ်သော အချိန်ဇယားကို ပယ်ချပါ

NCA ၏ အမှားအယွင်းများအနက် တခုမှာ ထိုလုပ်ငန်းစဉ်သည် ဘူတာမှ စထွက်လာသည့် ရထားတစီး ဖြစ်ခဲ့ခြင်းဖြစ်သည်။ ထိုင်ခုံတခုရမည့် အခွင့်အလမ်းကို မည်သူမျှ လက်လွတ်မခံလိုပေ။ သို့သော် စာရေးသူ အမြဲတမ်း စဉ်းစားသည်မှာ ထိုရထားသည် ရန်ကုန်မြို့ပတ်ရထားဖြစ်ပါက အချိန်မရွေး ခုန်ချနိုင်သည်ဆိုသည့် အချက်ဖြစ်သည်။

လွန်စွာရှုပ်ထွေးသည့် လုပ်ငန်းအဆင့်ဆင့်နှင့် လုပ်ငန်းစဉ်များကို ဖန်တီးခဲ့သည့် ငြိမ်းချမ်းရေး ဗိသုကာများသည် တဖက်ပိတ် လုပ်ငန်းစဉ်အတွက် တာဝန်ဝတ္တရားများကို သတ်မှတ်ထားသည်။ သို့သော် ပကတိအခြေအနေအရ ချဉ်းကပ်ပုံ နည်းလမ်းပေါင်းစုံအတွက် ပျော့ပျောင်းမှု၊ မတူညီသော အချိန်ကန့်သတ်ချက်၊ တင်းကျပ်သော ပြဋ္ဌာန်းချက်များမှ သွေဖည်ခြင်းတို့သည် မြန်မာ့အနာဂတ် ပကတိအခြေအနေအတွက် မရှိမဖြစ် လိုအပ်ကြောင်း ပြသနေသည်။

NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များအကြား ၂၀၁၉ ခုနှစ်နှောင်းပိုင်းမှ စစ်အာဏာသိမ်းမှု ဖြစ်ပွားချိန်အထိ မကျေနပ်ချက်များအနက် တခုမှာ သေးငယ်လှသော EAOs များက ပိုမိုကြီးမားသော EAOs များကို မည်သို့မည်ပုံ အတားအဆီးအနှောင့်အယှက် ဖြစ်စေသည်ဆိုသည့် ကိစ္စဖြစ်သည်။

NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များအကြား ၂၀၁၉ ခုနှစ်နှောင်းပိုင်းမှ စစ်အာဏာသိမ်းမှု ဖြစ်ပွားချိန်အထိ မကျေနပ်ချက်များအနက် တခုမှာ သေးငယ်လှသော EAOs များက ပိုမိုကြီးမားသော EAOs များကို မည်သို့မည်ပုံ အတားအဆီးအနှောင့်အယှက် ဖြစ်စေသည်ဆိုသည့် ကိစ္စဖြစ်သည်။

ယခုအခါ တင်းကျပ်သော NCA ချဉ်းကပ်ပုံနည်းလမ်းသည် အကန့်အသတ် ဖြစ်လာသောအခါ ထိုကိစ္စသည် လွန်စွာ ထင်ရှားလာသည်။ ထိုသို့ဖြစ်သောကြောင့် ညှိနှိုင်းမှုများသည် အမြဲလိုလို နှေးကွေးနေပြီး ထိုသို့ အတင်းအကျပ် ထိတွေ့ဆက်ဆံမှုများက ရေရှည်ယုံကြည်မှုကို ထိခိုက်စေသည့်တိုင် EAOs များသည် စစ်တပ်နှင့် သို့မဟုတ် NLD နှင့် ဆက်လက် ဆွေးနွေးသောကြောင့် ချီးကျူးဂုဏ်ပြုခံရသည်။

သင်ခန်းစာ (၅) အဖွဲ့အစည်းအရွယ်အစား အရေးပါ

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် ပါဝင်ဆောင်ရွက်ခြင်း၏ စေလိုရာစေခံရသူ ဖြစ်သွားနိုင်ပြီး ပကတိအခြေအနေနှင့် ကင်းကွာသည်။ လွန်စွာသေးငယ်သည့် EAOs များသည် စစ်သားထောင်ပေါင်းများစွာရှိသည့် EAOs အဖွဲ့ကြီးများနှင့် စားပွဲဝိုင်းတွင် တန်းတူထိုင်ကြပြီး ပဋိပက္ခဖြေရှင်းရေး ကွင်းဆက်သို့ ချဉ်းကပ်ခွင့်ရကာ ပြီးပြည့်စုံခြင်း မရှိစေကာမူ ပိုမိုကျယ်ပြန့်သော လူမှုကိုယ်စားပြုမှုရရှိသည်ကို တွေ့ရသည်မှာ လွန်စွာ ကျိုးကြောင်းဆီလျော်မှု ကင်းမဲ့သည်။

ထိုသို့ဖြစ်နေသောကြောင့် မေးခွန်းထုတ်စရာကောင်းသည့် ကိုယ်စားလှယ် တိုင်းရင်းသားခေါင်းဆောင်များသည် ငြိမ်းချမ်းရေး ဆွေးနွေးသည့် စားပွဲဝိုင်းများတွင် အလွန်ကြီးမားသည့် ထိုင်ခုံများ ရရှိကြသည်။ စကားပြောကောင်းသော ချင်းခေါင်းဆောင်များသည် NCA ဆွေးနွေးမှုများကို သိမ်းပိုက်ထားသော်လည်း ၎င်းတို့သည် ဗဟိုအာဏာပိုင်ကို လုံခြုံရေး ခြိမ်းခြောက်နိုင်မှု မရှိသလောက်ပင် ဖြစ်သည်။

အာဏာမသိမ်းမီက တပ်အင်အား အများဆုံးရှိသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ အင်အားကြီးမားသော မြောက်ပိုင်း EAOs များသည် နေပြည်တော်နှင့် ဆက်ဆံမှုတင်းမာခြင်းအပြင် လွန်စွာကန့်သတ်သည့် တရုတ်နှင့် ပတ်သက်သော အချက်ကြောင့် တရားဝင်လုပ်ငန်း အစီအစဉ်များနှင့် မကြာခဏ ကင်းလွတ်နေသည်။ သို့သော် ၎င်းတို့သည် အနောက်တိုင်း ငြိမ်းချမ်းရေး လမ်းဖောက်လိုသူများကို မြန်မာစစ်တပ်နှင့် NLD ကဲ့သို့ပင် အယုံအကြည်ကင်းမဲ့ မထေမဲ့မြင်ပြုသည့် အချက်ကြောင့်လည်း ပါဝင်သည်။

စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်အဖွဲ့အစည်း အများအပြား ပျံ့နှံ့ပေါ်ပေါက်လာသောကြောင့် စေ့စပ်ညှိနှိုင်းမှုနှင့် ပါဝင်မှုအဆင့်များကို စီစဉ်ရာတွင် စဉ်းစားတွေးခေါ်မှု အများအပြား လိုအပ်သည်။ ပထဝီအရ၊ အကြောင်းအရာအရ၊ လက်နက်ကိုင်အုပ်စု အရွယ်အစားအရနှင့် နိုင်ငံရေးအဖွဲ့အစည်း ပုံစံအရ စဉ်းစားရမည်ဖြစ်သည်။

လတ်တလော နိုင်ငံတွင် လက်နက်ကိုင်အုပ်စုတိုင်း ပါဝင်နိုင်လောက်အောင် ကြီးမားသည့် ဆွေးနွေးရေးစားပွဲဝိုင်း မရှိပေ။ ငြိမ်းချမ်းရေး ညီလာခံတခုကို မနက်ဖြန်တွင် ထကျင်းပပါက ဖရိုဖရဲ ဖြစ်နေမည်ဖြစ်သည်။ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကြီးများနှင့် တပ်ဖွဲ့ငယ်များ၊ မြို့ပြနှင့် ကျေးလက် ကလပ်စည်းများ၊ EAOs အဖွဲ့ကြီးများနှင့် အဖွဲ့ငယ်များ၊ စစ်ကောင်စီဘက်က ရပ်တည်ပြီး လမ်းပျောက်သူများ ပါဝင်သည့် ဘက်ပေါင်းများစွာ ပါဝင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းတခု၏ လတ်တလော အနာဂတ်သည် မည်သည့်အသွင်သဏ္ဍာန် ဖြစ်လာမည်ကို နိုင်ငံရေးနှင့် လက်နက်ကိုင် ပါဝင်ပတ်သက်သူများ မည်မျှသေနင်္ဂဗျူဟာ ချမှတ်နေသနည်း။

လက်နက်ကိုင် ပဋိပက္ခသည် လမ်းပိတ်နေပြီး တွေ့ဆုံညှိနှိုင်းရေးအတွက် တဖွဲ့နှင့်တဖွဲ့ နိုင်ငံရေးသဘောထားများ ကွဲပြားလာနေကာ စီးပွားရေးနှင့် လူမှုတည်ငြိမ်မှုသည် ကြေမွနေသည်ဆိုသည့် အမြင်ရှိလျှင် မည်သည့်အရေးပေါ် စီစဉ်မှု ပြုလုပ်နေသနည်း။

သင်ခန်းစာ (၆) တရားမျှတမှုနှင့် တာဝန်ခံမှု အရေးပါ

စစ်ကောင်စီနှင့် ခုခံတော်လှန်ရေး အင်အားစုများ၏ ရာဇဝတ်မှုများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုလုပ်ငန်းစဉ် မပါဝင်သော မည်သည့် အနာဂတ် နိုင်ငံရေးအဖြေမှ မြန်မာပြည်သူများအတွက် မဖြစ်နိုင်သည့် သဘောရှိသည်။ သို့သော် ထိုကိစ္စသည် ၂၀၁၁ ခုနှစ်က ဖြစ်ခဲ့သည့်အတိုင်း အတိအကျပင် ဖြစ်သည်။

စစ်တပ်က ကျူးလွန်သည့် မကောင်းမှုများ အားလုံးကို အပြစ်ကင်းလွတ်ခွင့် ကော်ဇောအောက်တွင် ဖုံးထားပေးလိုက်ပြီး အနောက်တိုင်း လစ်ဘရယ် အတွေးအခေါ်သည် ထိုသို့ဖြစ်စေသည့် အဓိကအကြောင်းရင်း ဖြစ်သည်။ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှု မည်မျှကို မှတ်တမ်းတင်ထားနိုင်ခဲ့သည်ဖြစ်စေ ဝါရှင်တန်၊ ဘရပ်ဆဲလ်နှင့် လန်ဒန်မှ မြန်မာပြည်သူများ၏ မိတ်ဆွေများသည် ထိုအတိုင်း ထပ်လုပ်မည်ဖြစ်ပြီး ဘေဂျင်း၊ တိုကျိုနှင့် ကင်ဘာရာမှ မြန်မာပြည်သူများ၏ ရန်သူများသည်လည်း ထိုအတိုင်းသာ လုပ်မည်ဖြစ်သည်။ NUG ထိပ်တန်းနိုင်ငံရေး ခေါင်းဆောင်များသည်လည်း ထိုကိစ္စကို လိုက်နာမည်ဖြစ်ကာ အထူးသဖြင့် ပြန်လည် တည်ဆောက်ရေးအတွက် ငွေကြေးအထောက်အကူ ကတိပြုလျှင် ပိုမိုလိုက်နာမည်ဖြစ်သည်။

နေပြည်တော်တွင် ကျင်းပသည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ၈ နှစ်ပြည့် အခမ်းအနားတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တက်ရောက်လာသူများ / AFP

သို့သော် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို လေးနက်သော ပြဿနာများအဖြစ် သဘောထားရန်နှင့် လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံကို အရပ်သားထိန်းချုပ်မှုအောက်တွင် အခိုင်အမာထားပြီး အမှန်တကယ် လူ့အခွင့်အရေး လိုက်နာအောင်လုပ်ရန် ပျက်ကွက်ခြင်းသည် ရက်စက်ကြမ်းကြုတ်မှုများ၏ သားကောင်ဘဝ ကျရောက်ရသူများအတွက်ဖြစ်စေ၊ နိုင်ငံရေး အသွင်ကူးပြောင်းမှု တောင့်တင်းကြံ့ခိုင်မှုအရဖြစ်စေ မည်မျှ ထိခိုက်နစ်နာစေသည်ကို ရှင်းလင်းစွာ မြင်သင့်ပြီဖြစ်သည်။ စစ်တပ်မှသည် ဖိနှိပ်သော EAOs များအထိ အားလုံးကို NCA လုပ်ငန်းစဉ်က ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးခဲ့သည်။ အနာဂတ်တွင် ထိုသို့သော ကိစ္စကို ခွင့်မပြုသင့်တော့ပေ။

သူပုန်များ၏ စီမံအုပ်ချုပ်ရေးနှင့် အောက်ခြေမှ အထက်သို့လာသည့် ဖက်ဒရယ်ဝါဒသည် စစ်ကောင်စီဆန့်ကျင်ရေးတွင် ထိရောက်သည့် အစီအစဉ်များအဖြစ် ချီးကျူးသော လတ်တလော ယူဆသည့် သဘောသဘာဝ ရှိနေသည်။ ထိုဖြစ်ရပ်များသည် အရေးပါသော ဖြစ်ပေါ်တိုးတက်မှုများဖြစ်ကြောင်း သံသယဖြစ်ရန် မလိုပေ။

သူပုန်များက ထိန်းချုပ်သည့် လွတ်မြောက်နယ်မြေတွင် နေထိုင်သူအားလုံးသည် ထိုအုပ်ချုပ်ရေးပုံစံနှင့် အဆင်ပြေကြသည်ဟု ယူဆသည့် သဘောသဘာဝ တခုလည်း ရှိနေသည်။ တော်လှန်ရေးနယ်မြေများတွင် ဖြစ်နေသည့် လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ ချိုးဖောက်မှုများအတွက် အမှန်တကယ် တရားမျှတမှုနှင့် ပတ်သက်ပြီး NUG ၏ နှေးကွေးနေခြင်းသည် အနာဂတ် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု အစီအစဉ်များအတွက် အလားအလာ မကောင်းပေ။

ထို့ကြောင့် တာဝန်ခံမှု ရှိစေရန်အတွက် နိုင်ငံရေးနှင့် စစ်ရေးအထက်လွှာကို ဗြောင်ကျကျ စိန်ခေါ်နိုင်စေရန် လူမှုအခြေပြု အဖွဲ့အစည်းများကို တောင့်တင်းအောင် လုပ်ဆောင်ရမည်ဖြစ်သည်။ အနည်းဆုံး ထိုကိစ္စတွင် အာဏာရသူများနှင့် ၎င်းတို့၏ အကြံပေးများကို မယုံကြည်သင့်ပေ။ ခုခံတော်လှန်ရေးဘက်မှ ချိုးဖောက်မှုများကို ဖော်ထုတ်ခြင်းသည် မတည်ငြိမ်အောင်လုပ်ခြင်း ဖြစ်သည်ဟု အချို့ ငြင်းခုံဆွေးနွေးမည် ဖြစ်သော်လည်း လတ်တလောတွင် ထိုသို့လုပ်ရန် လူထုတောင်းဆိုမှုရှိနေကြောင်း ထင်ရှားသည်။

သင်ခန်းစာ (၇) တိကျသော အခြေအနေနှင့် ပဋိပက္ခ သရုပ်ခွဲလေ့လာမှု စုစည်းတည်ဆောက်ပါ

မြန်မာမှ ‘ပဋိပက္ခ သရုပ်ခွဲလေ့လာမှု’ အများအပြားသည် ထိုသို့မဖြစ်ကြောင်း၊ အများအားဖြင့် ‘အခြေအနေ လေ့လာမှု’ သာ ဖြစ်နေကြောင်း အနောက်တိုင်းမှ လုပ်ဖော်ကိုင်ဘက်တဦး မကြာသေးမီကပြောသည်။ လက်နက်ကိုင် ပဋိပက္ခ ပုံစံများ၊ ၎င်းနှင့် လူမှုပဋိပက္ခ ပုံစံများအကြား မည်သို့ ထိစပ်နေသည်ကို နားလည်မှုနှင့် ပတ်သက်ပြီး မှားယွင်းသော ချဉ်းကပ်ပုံတခု ရှိနေသည်။

မြန်မာမှ ‘ပဋိပက္ခ သရုပ်ခွဲလေ့လာမှု’ အများအပြားသည် ထိုသို့မဖြစ်ကြောင်း၊ အများအားဖြင့် ‘အခြေအနေ လေ့လာမှု’ သာ ဖြစ်နေကြောင်း အနောက်တိုင်းမှ လုပ်ဖော်ကိုင်ဘက်တဦး မကြာသေးမီကပြောသည်။

စစ်တပ်ကို အင်စတီကျူးရှင်းအဖြစ် နားလည်ခြင်း၊ ၎င်း၏စံနှုန်းများ၊ အတွင်းပိုင်း တင်းမာမှုများ၊ ညီညွတ်မှု၊ လေ့ကျင့်ရေး၊ အားနည်းချက်များနှင့် အရေးအကြီးဆုံးဖြစ်သည့် ၎င်း၏ စစ်တိုက်သည့် အပြုအမူနှင့် ပတ်သက်သည့် နားလည်မှုများ ပျောက်ကွယ်နေသည့် ဆယ်စုနှစ်တခု ရှိခဲ့သည်။

အတိတ်ကို ပြန်လည်ကြည့်ရှုပါက စစ်တပ်လွှတ်တော်ကိုယ်စားလှယ်များ မဲပေးသည့် ပုံစံကို ပညာရှင်များနှင့် သုတေသနလုပ်ငန်းများ၏ လေ့လာမှုသည် စိတ်ဝင်စားစရာ ကောင်းသလို ထင်သလို ကောက်ချက်ချပြီး လမ်းကြောင်းလွဲစေသောအရာလည်း ဖြစ်သည်။

NCA ကို အောင်ပွဲခံခဲ့သည့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGOs) သည် ငြိမ်းချမ်းရေးနှင့် စီမံအုပ်ချုပ်သည့် INGO များအဖြစ် အသွင်ပြောင်းပြီး ယခုအခါ စစ်ကောင်စီဆန့်ကျင်ရေး ခုခံတော်လှန်မှုကဏ္ဍ အများအပြားတွင် ဝင်ရောက်ကာ ‘စီမံအုပ်ချုပ်ရေး’ နှင့် ‘နယ်စပ်ဖြတ်ကျော် အကူအညီ’ ဆိုသည့် ဖွတ်ဖွတ်ကြေနေသော စကားလုံးများသည် ဘန်ကောက်အခြေစိုက် အခွင့်အရေးသမားများကို မြန်မာစစ်တပ်ရေးရာ ကျွမ်းကျင်သူများအဖြစ် ချက်ချင်း ပြောင်းလဲလိုက်သည်။

အနောက်တိုင်းအလှူရှင်ပုံစံနှင့် ကိုက်ညီသည့် လုံးဝမှားယွင်းသော ခွဲခြမ်းစိတ်ဖြာလေ့လာမှုကို သုတ်သင်ရှင်းလင်းရမည်ဖြစ်ပြီး ရေရှည်စစ်၏ ဆန္ဒစွဲကင်းသည့် ပကတိ အခြေအနေများနှင့် အနာဂတ် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုပုံစံများ ဖော်ထုတ်ရန် လိုအပ်ခြင်းတို့ဖြင့် အစားထိုးရမည် ဖြစ်သည်။

သင်ခန်းစာ (၇.၅) မြန်မာကိုသာ လေ့လာပါ၊ တောင်အာဖရိကကို လေ့လာနေရန် မလို

ငြိမ်းချမ်းရေးတည်ဆောက်သူ မျိုးဆက်သစ်သည် ပြည်တွင်းကို လေ့လာရမည်ဖြစ်ပြီး ပြည်ပကို လေ့လာရန် မလိုပေ။ လေ့လာရေး ခရီးများ၊ အဓိပ္ပာယ်မဲ့ အလုပ်ရုံဆွေးနွေးပွဲများနှင့် ပြည်သူ့အချိန်ကို ဖြုန်းတီးမည့် အခွင့်အရေးသမားများ ခေါ်သွင်းလာခြင်းကို ရပ်ပါ။ ယခုဖြစ်နေသည်မှာ တော်လှန်ရေးဖြစ်သည်၊ ငြိမ်းချမ်းရေး အမြတ်ထုတ်သူများအတွက် စောင့်ရှောက်ရေးဂေဟာ မဟုတ်ပေ။

သင်ခန်းစာ (၈) လစ်ဘရယ် ငြိမ်းချမ်းရေး တည်ဆောက်သည့် ပုံစံများသည် မြန်မာနှင့် မကိုက်ညီ

နိုင်ငံတကာ ငြိမ်းချမ်းရေးလုပ်ငန်း မြန်မာအတွက် လုံးဝပျက်ကွက်သော်လည်း ထိုသို့ဖြစ်ရခြင်းသည် မသိနားမလည်မှုကြောင့် မဟုတ်ဘဲ နေရာမှားသည့် စိတ်အားအလွန်အကျွံ ထက်သန်မှုကြောင့် ဖြစ်သည်။ မြန်မာအစီအစဉ်ရေးဆွဲရေး သို့မဟုတ် အလုအယက် အုပ်စုလိုက်လာသည့် နိုင်ငံတကာ ငြိမ်းချမ်းရေး အဖွဲ့အစည်းများ၏ အမည်များကို ထုတ်ဖော်ပြောဆိုရမည်ဆိုလျှင် အလွန်ကြီးမားသော ကျင်းတခုပင် ပြည့်သွားမည် ဖြစ်သည်။ ၎င်းတို့ အများစုသည် နိုင်ငံခြားသားများ ဖြစ်ပြီး ထောင်ထဲတွင်နှစ်ပေါင်း ၂၀ နေဖူးသည့် NLD လွှတ်တော်ကိုယ်စားလှယ်သစ်တဦးနှင့် စိတ္တဇ တိုက်ခိုက်ရေးသမား စစ်တပ်ထိပ်တန်း အရာရှိတဦး ပါဝင်သည်။

ထိုအဖွဲ့အစည်း အမည်များကို ဤနေရာတွင် ထုတ်ဖော်ပြောဆိုနေခြင်းသည် အသုံးမဝင်သော်လည်း အနာဂတ် ငြိမ်းချမ်းရေး အစီအစဉ်အားလုံးတွင် ၎င်းတို့၏ အသုံးဝင်မှုကို မေးခွန်းထုတ်သင့်ပြီး ၎င်းတို့အနက် အချို့သည် အနာဂတ် မြန်မာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် မည်သည်တို့ အမှန်တကယ် အောင်မြင်နိုင်သည် ဆိုသည်ကို ခွဲခြမ်းစိတ်ဖြာလေ့လာမှု လုပ်သင့်သည်။

NUG နှင့် EAOs များသည် ပြည်ပအကြံပေးအပေါ် မှီခိုမှု ကင်းရှင်းအောင် လုပ်ဆောင်သင့်သည်။ အထူးသဖြင့် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကြီးအကျယ် ထိခိုက်စေသည့် အနောက်တိုင်း ကြေးစားများကို မမှီခိုရန် လိုသည်။

မြန်မာ၏အနာဂတ်သည် မရေရာသော်လည်း ၎င်း၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် သမိုင်းဆိုင်ရာ နားလည်မှု၊ အနာဂတ် တီထွင်ဆန်းသစ်မှုနှင့် လွတ်မြောက်ရေးတို့အပေါ် မှီခိုသင့်သည်။ ထိုအရည်အသွေးများသည် NCA ၈ နှစ်ပြည့်နေ့က နေပြည်တော်တွင် မတွေ့ရသည့် အရည်အသွေးများ ဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ David Scott Mathieson ၏ 8 ½ Lessons for Future Peace in Myanmar ကို ဘာသာပြန်သည်။ ဒေးဗစ် စကော့ မက်သီဆန်သည် မြန်မာမှ ပဋိပက္ခ၊ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေး ပြဿနာများကို လေ့လာသည့် လွတ်လပ်သော သုတေသီဖြစ်သည်။)

You may also like these stories:

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

NCA ပွဲတက်သည့် အဖွဲ့ဝင် ၃ဦးကြောင့် ABSDF အဖွဲ့ ပုံရိပ်ထိခိုက်ဟု ဆို

၈ နှစ်ပြည့်သော်လည်း NCA အလုပ်မဖြစ်

အပစ်ရပ် EAOs ၅ ဖွဲ့နှင့် ဟန်ပြ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စစ်ကောင်စီ လုပ်နေဟုဆို

NCA သက်သေထားပြီး ကိုမြအေး ကိုယ်တိုင် ထုချေထွက်ဆို

ကရင့်တော်လှန်ရေးကို စောမူတူးစေးဖိုး ကျောခိုင်းသွားပြီ

Your Thoughts …
Tags: CDMEAOsINGONCANLDNUGPDFSliderTransnational InstituteWLBခုခံတော်လှန်ရေးလှုပ်ရှားမှုငြိမ်းချမ်းရေးငြိမ်းချမ်းရေးပူးပေါင်းရန်ပုံငွေစစ်ကောင်စီစစ်အာဏာသိမ်းမှုစေ့စပ်ညှိနှိုင်းမှုတနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်၊ စစ်ကောင်စီတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံတော်လှန်ရေးဒေါ်အောင်ဆန်းစုကြည်ဖက်ဒရယ်စနစ်လူ့အခွင့်အရေးသဘာဝပတ်ဝန်းကျင်အမျိုးသားညီညွတ်ရေးအစိုးရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
David Scott Mathieson

David Scott Mathieson

ဒေးဗစ် စကော့ မက်သီဆန်သည် ပဋိပက္ခ၊ လူသားချင်းစာနာမှု၊ လူ့အခွင့်အရေး ပြဿနာများနှင့် ပတ်သက်သည့် လွတ်လပ်သော သုတေသီ ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ကော့ကရိတ်တိုက်ပွဲ၌ စစ်ကောင်စီ တပ်ရင်းမှူးတဦး သေဆုံး

ကော့ကရိတ်တိုက်ပွဲ၌ စစ်ကောင်စီ တပ်ရင်းမှူးတဦး သေဆုံး

ကာကွယ်ရေးဝန်ကြီးကို ထုတ်ပယ်ကြောင်း တရုတ်ကြေညာ

ကာကွယ်ရေးဝန်ကြီးကို ထုတ်ပယ်ကြောင်း တရုတ်ကြေညာ

No Result
View All Result

Recommended

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

3 days ago
2.8k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

4 days ago
2.7k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ကရင့်တော်လှန်ရေးမှသည် နွေဦးတိုင် ဦးဆောင်ပါဝင်ခဲ့သူ စောထူးထူးလေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate