• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ကရင့်တော်လှန်ရေးကို စောမူတူးစေးဖိုး ကျောခိုင်းသွားပြီ

by ခင်မမ
6 October 2023
in သူ့အတွေး သူ့အမြင်
A A
ကရင့်တော်လှန်ရေးကို စောမူတူးစေးဖိုး ကျောခိုင်းသွားပြီ

ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စက်တင်ဘာ ၃၀ ရက်က နေပြည်တော်၌ တွေ့ဆုံစဉ်

9.5k
VIEWS
Share on FacebookShare on Twitter

ယခုရက်ပိုင်း အများအာရုံစိုက်ကြသည့် သတင်းတပုဒ်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဖက်လဲတကင်း ပြုလုပ်နေသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးတို့၏ သတင်းဖြစ်၏။

လက်ရှိ KNU ခေါင်းဆောင်များက အပစ်အခတ်ရပ်စဲရေး NCA စာချုပ် ပျက်ပြယ်သွားပြီဖြစ်ကြောင်း ရှင်းလင်းစွာ ပြောဆိုထားပြီး KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာများက စစ်ကောင်စီတပ်နှင့် ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်နေစဉ် KNU ဥက္ကဋ္ဌဟောင်းနှင့် စစ်တပ်ခေါင်းဆောင်တို့ ဖက်လဲတကင်းပုံ ထွက်လာခြင်း၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျင်းပမည့် ‌NCA ရေးထိုးသည့် နှစ်ပတ်လည်ပွဲသို့ တက်ရောက်ရန် စောမူတူးစေးဖိုး စောစီးစွာ ရောက်လာခြင်းတို့နှင့် ပတ်သက်၍ မဟာမိတ်တပ်ဖွဲ့များကြား၊ တော်လှန်ရေးတပ်ဖွဲ့များကြား၊ မြန်မာလူထုများကြားတွင် စောမူတူးစေးဖိုးနှင့် ပတ်သက်၍လည်းကောင်း၊ KNU နှင့် ပတ်သက်၍လည်းကောင်း မေးခွန်းများ ပေါ်လာသည်။

စောမူတူးစေးဖိုး ဘာလဲ၊ ဘယ်လဲ

စောမူတူးစေးဖိုးသည် KNU ပါတီ ၁၅ ကြိမ်မြောက် ကွန်ဂရက်ကျင်းပသည့် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် KNU ဥက္ကဋ္ဌ ပထမသက်တမ်း ရွေးချယ်ခံခဲ့ရပြီး ၁၆ ကြိမ်မြောက် ကွန်ဂရက် ကျင်းပသည့် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ဒုတိယသက်တမ်း ထပ်မံရွေးကောက်ခံခဲ့ရ၏။

ထို့နောက် ၂၀၂၃ ခုနှစ် ဧပြီ၊ မေ ၁၇ ကြိမ်မြောက် ပါတီကွန်ဂရက်အထိ ၁၁ နှစ် ကြာမြင့်သည့်တိုင်အောင် သက်တမ်း နှစ်ဆက် KNU ဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ဖြစ်၏။ KNU အဖွဲ့အစည်း၏ ဥက္ကဋ္ဌတာဝန် ယူထားခဲ့သူတယောက် အနေဖြင့် အဖွဲ့အစည်း၏ ဂုဏ်သိက္ခာ၊ ရပ်တည်နိုင်မှုတို့နှင့် ပတ်သက်၍လည်းကောင်း၊ အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ လေးစားလိုက်နာရာတွင်လည်းကောင်း စံပြဖြစ်သင့်သူများဖြစ်၏။

အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်နှင့် မိမိသဘောထား ကွဲလွဲမှုရှိစေကာမူ အဖွဲ့အစည်းဝင်များသည် အဖွဲ့အစည်း ကြံ့ခိုင်တောင့်တင်းရေးအတွက် နာခံရမည်ဖြစ်၏။ အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်နှင့် မိမိသဘောထား ကွဲလွဲသည်နှင့် သို့မဟုတ် အဖွဲ့အစည်း သဘောထားအား လက်မခံနိုင်သည်နှင့် မိမိသဘောအတိုင်း ထင်ရာစိုင်းခြင်းသည် မိမိအဖွဲ့အစည်းအား ပြိုကွဲရေး၊ ပျက်သုဉ်းရေးဆီသို့ ရှေးရှုစေသည်သာ ဖြစ်၏။

KNU အဖွဲ့အစည်း၏ ဥက္ကဋ္ဌတာဝန် ယူထားခဲ့သူတယောက် အနေဖြင့် အဖွဲ့အစည်း၏ ဂုဏ်သိက္ခာ၊ ရပ်တည်နိုင်မှုတို့နှင့် ပတ်သက်၍လည်းကောင်း၊ အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ လေးစားလိုက်နာရာတွင်လည်းကောင်း စံပြဖြစ်သင့်သူများဖြစ်၏။

စောမူတူးစေးဖိုးကဲ့သို့ KNU ဥက္ကဋ္ဌအဖြစ် ဆယ်နှစ်ကျော် တာဝန်ယူခဲ့ဖူးခဲ့သူတဦးအနေဖြင့် လက်ရှိ KNU ခေါင်းဆောင်များ၏ သဘောထားကို လက်မခံနိုင်ဘဲ မိမိသဘောဖြင့် ထင်ရာစိုင်းခြင်းသည် လွန်စွာတာဝန်မဲ့ရာ ရောက်ပေသည်။

အဖွဲ့အစည်းတခု တည်တံ့ခိုင်မြဲစေဖို့ဆိုလျှင် အနည်းစုက အများစုကို နာခံရမည်။ တဦးချင်းက အဖွဲ့အစည်းကို နာခံရမည်။ အောက်ခြေက အထက်အဖွဲ့အစည်းကို နာခံရမည်ဆိုသည့် ဒီမိုကရေစီ ဗဟိုချုပ်ကိုင်မှုကို တည်ဆောက်ရမည် ဖြစ်သည်။ သို့အတွက် စောမူတူးစေးဖိုးကဲ့သို့ ဥက္ကဋ္ဌတာဝန် ယူဖူးသူများအနေဖြင့် အဖွဲ့အစည်းအတွက် စံပြဖြစ်ရန် လိုအပ်သည်။

အဖွဲ့အစည်းနှင့် သဘောထားကွဲလွဲပြီး တဦးတချင်းက အဖွဲ့အစည်းကို မနာခံပါက၊ အနည်းစုက အများစုကို မနာခံပါက၊ အောက်ခြေက အထက်အဖွဲ့အစည်းကို မနာခံပါက ထိုအဖွဲ့အစည်း အနှေးနှင့်အမြန် ပြိုကွဲသွားမည်ဖြစ်၏။

KNU ဥက္ကဋ္ဌတာဝန် ယူခဲ့ဖူးသော စောမူတူးစေးဖိုးသည် KNU အဖွဲ့အစည်းအတွက် စံနမူနာယူစရာ အဖွဲ့ဝင်တယောက် မဟုတ်သည့်အပြင် အဖွဲ့အစည်းပြိုကွဲရေး၊ ဖရိုဖရဲဖြစ်ရေးကို ရှေးရှုစေသည်ကို ဝမ်းနည်းဖွယ်ရာ တွေ့ရ၏။ စောမူတူးစေးဖိုးသည် ကရင်အဖွဲ့အစည်းအတွက်၊ ကရင်လူမျိုးအတွက် စံပြမဖြစ်ခဲ့ပေ။

KNU ဥက္ကဋ္ဌတာဝန် ယူခဲ့ဖူးသော စောမူတူးစေးဖိုးသည် KNU အဖွဲ့အစည်းအတွက် စံနမူနာယူစရာ အဖွဲ့ဝင်တယောက် မဟုတ်သည့်အပြင် အဖွဲ့အစည်းပြိုကွဲရေး၊ ဖရိုဖရဲဖြစ်ရေးကို ရှေးရှုစေသည်ကို ဝမ်းနည်းဖွယ်ရာ တွေ့ရ၏။ စောမူတူးစေးဖိုးသည် ကရင်အဖွဲ့အစည်းအတွက်၊ ကရင်လူမျိုးအတွက် စံပြမဖြစ်ခဲ့ပေ။

စောမူတူးစေးဖိုး၏ ဤလုပ်ရပ်သည် မည်သည့်သက်ရောက်မှု၊ အကျိုးရလဒ်ကို ပေးမည်နည်း။ KNU ကို မည်မျှ ထိခိုက်စေမည်နည်း။ လက်ရှိ ပြတ်ပြတ်သားသား ရပ်တည်နေသော KNU ဗဟိုခေါင်းဆောင်မှုနှင့် ရဲရဲရင့်ရင့် တိုက်ပွဲဝင်နေကြသည် KNLA တပ်မဟာ အများစု၏ အနေအထားအရ KNU ၏ သဘောထား ပြောင်းဖွယ်ရာ မရှိပေ။ စောမူတူး၏ လုပ်ရပ်သည် KNU တပ်ဖွဲ့အတွင်း ဂယက်ရိုက်မှု ရှိနိုင်သော်လည်း KNU နှစ်ခြမ်းကွဲသည်အထိ မဖြစ်နိုင်ပါ။

စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်ကျော် ပြတ်ပြတ်သားသား ရပ်တည်ခဲ့သည့် KNU ၏ ရပ်တည်ချက်သည် စောမူတူးစေးဖိုး ဥက္ကဋ္ဌတာဝန် ယူစဉ်ကပင် တားဆီးမရသည်ဖြစ်ရာ လက်ရှိ ဥက္ကဋ္ဌ မဟုတ်သည့်အချိန်၌ ပို၍ပင် တားဆီးရန် ဖြစ်နိုင်မည် မဟုတ်ပါ။

စောမူတူးစေးဖိုးနှင့် သူလူအချို့သည် KNU ခေါင်းဆောင်မှု ရယူထားစဉ်ကပင် ရပ်တည်ချက် ခိုင်မာသည့် KNU ခေါင်းဆောင်အများစု၊ တပ်မှူးအများစု သဘောထားကို လွန်ဆန်၍ မရခဲ့ပေ။ သို့သော်လည်း စောမူတူးစေးဖိုးသည် ထိုစဉ်ကတည်းက မြန်မာစစ်ခေါင်းဆောင် ပေးသော ဘွဲ့တံဆပ်ကို လက်ခံယူထားသူဖြစ်ပြီး မြန်မာစစ်တပ်အား မျက်စတဖက် ပစ်ပြနေခဲ့သူဖြစ်၏။

၂၀၁၈ ခုနှစ်က တတိယအကြိမ်ပင်လုံညီလာခံသို့ တက်ရောက်လာသည့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် / ဧရာဝတီ

စောမူတူးစေးဖိုး၏ လူများသည် KNU အများစု ထောက်ခံမှု မရသည့်အပြင် စောမူတူးစေးဖိုးနှင့်အတူ နေပြည်တော်သို့ ပါသွားသော ဖဒိုရော်ဂျာခင် အပါအဝင် သူ့လူများမှာလည်း တရုတ်စီးပွားရေးသမားများနှင့် ပေါင်း၍ ငွေကြေးရယူပြီး ကာစီနိုလောင်းကစားရုံဖွင့်သည့် ကိစ္စနှင့် ပြဿနာရှုပ်ထွေးနေသဖြင့် ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ကျင်းပသော ၁၇ ကြိမ်မြောက် KNU ကွန်ဂရက်တွင် ဝင်ရောက် အရွေးမခံဘဲ နုတ်ထွက်ခဲ့ရသူများ ဖြစ်ကြ၏။ ထို့ပြင် အဆိုပါ ၁၇ ကြိမ်မြောက် ကွန်ဂရက်တွင် လောင်းကစားရုံတွင် ပါဝင်ပတ်သက်သည့် ကိစ္စနှင့်ပတ်သက်ပြီး အရေးယူရန် အောက်ခြေ တပ်မဟာများက တင်ပြခံထားသူများ ဖြစ်၏။

သို့သော် ကရင်အမျိုးသားခေါင်းဆောင် အမည်ဖြင့် ကရင်ငြိမ်းချမ်းရေး ကြွေးကြော်ပြီး စစ်အုပ်စုနှင့် ပလူးသည့် စောမူတူးစေးဖိုး၏ လုပ်ရပ်သည် KNU အဖွဲ့အစည်းအတွင်း အယူအဆ ရှုပ်ထွေးမှု အနည်းအကျဉ်း ဖြစ်ပေါ်စေသည်။

၁၉၄၉ ခုနှစ်ကတည်းက မားမားမတ်မတ် ရပ်တည်ခဲ့သော ကရင်အဖွဲ့အစည်းအား တယောက်တပေါက် တဗိုလ်တမင်းသာ ဖြစ်စေလိမ့်မည်။ ကရင်အမျိုးသား စည်းလုံးညီညွတ်ရေး၊ ကရင်ငြိမ်းချမ်းရေး ရစေလိမ့်မည် မဟုတ်ပေ။ သို့ဖြစ်ရာ စောမူတူးစေးဖိုး၏ လက်ရှိ လုပ်ရပ်ကြောင့် အလွန်ဆုံး မြန်မာစစ်တပ်နှင့် ပေါင်း၍ ကာစီနိုဖွင့်ပြီး ကိုယ်ကျိုးရှာကြမည့် ကရင်ငြိမ်းချမ်းရေးအမည်ခံအဖွဲ့တဖွဲ့ ထပ်ထွက်လာနိုင်သည်ထက် မပိုနိုင်ပေ။

ကရင်အမျိုးသားခေါင်းဆောင် အမည်ဖြင့် ကရင်ငြိမ်းချမ်းရေး ကြွေးကြော်ပြီး စစ်အုပ်စုနှင့် ပလူးသည့် စောမူတူးစေးဖိုး၏ လုပ်ရပ်သည် KNU အဖွဲ့အစည်းအတွင်း အယူအဆ ရှုပ်ထွေးမှု အနည်းအကျဉ်း ဖြစ်ပေါ်စေသည်။

ယခင် ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO) စစ်ဦးစီးချုပ် စောနယ်ဒါးမြသည် အရပ်သားများကို သတ်ဖြတ်သည်ဟူသော စွဲချက်ဖြင့် စောမူတူးစေးဖိုး ဥက္ကဋ္ဌဖြစ်စဉ်က အရေးယူခဲ့သည်။ စောနယ်ဒါးမြအား KNDO စစ်ဦးစီးချုပ်မှ ဖယ်ရှားခဲ့၏။

ယခု စောမူတူးစေးဖိုး ဖက်လဲတကင်း လုပ်နေသော စစ်ခေါင်းဆောင်သည် စစ်တပ် အာဏာသိမ်းပြီးကတည်းက လူ ၂ သောင်းကျော် ဖမ်းဆီးထားပြီး လူပေါင်းထောင်ချီ သတ်ဖြတ်ထားသည်။ ဘာသာရေး အဆောက်အအုံများ အပါအဝင် အရပ်သားအိုးအိမ် ၈၀၀,၀၀ ကျော် မီးရှို့ဖျက်ဆီးထားသည်။ ထိုသို့သော စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ခဲ့သူမျိုးကို ဖက်လဲတကင်းလုပ်နေသည့် စောမူတူးစေးဖိုးအား ကြည့်၍ စောနယ်ဒါးမြက ရယ်မော၍ နေပေလိမ့်မည်။ ထိုထက်မက စောမူတူးစေးဖိုးအား အမှန်တရားက ဟားတိုက်ရယ်မော၍ နေပေလိမ့်မည်။

KNU

KNU သည် အစဉ်အလာကြီးမားသော လက်နက်ကိုင်တပ်ဖွဲ့တခု ဖြစ်သကဲ့သို့ နိုင်ငံရေးအဖွဲ့အစည်းတခုလည်း ဖြစ်၏။ ၁၉၈၈ ခုနှစ် အရေးတော်ပုံ ကာလကတည်းက ပြည်မမှ ထွက်ပြေးလာသူများအား လက်ခံကာကွယ်ပေးခြင်း၊ ABSDF ကျောင်းသားတပ်မတော် ကူညီဖွဲ့စည်းပေးခြင်းတို့ကြောင့် ပြည်မလူထုက သတိပြုမိသော အဖွဲ့အစည်းတခု ဖြစ်၏။

၂၀၂၁ အာဏာသိမ်းစဉ် ကာလတွင် ပြည်မလူထုအား၊ နွေဦးတော်လှန်ရေးအား တက်တက်ကြွကြွ ထောက်ခံခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထဲတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့သည် ရှေ့တန်းအရောက်ဆုံး အဖွဲ့အစည်းများ ဖြစ်ကြ၏။

KNU သည် ထွက်ပြေးတိမ်းရှောင်လာကြသူများကို အကူအညီပေး၏။ အကာအကွယ်ပေးသည်။ CDM ပြုလုပ်လာသူ ဝန်ထမ်းများကို ကူညီပေးသည်၊ ကာကွယ်ပေးသည်။ ပြည်မနိုင်ငံရေး အင်အားစုများနှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့တွင် ပူးပေါင်းဆောင်ရွက်ကြ၏။ ထို့ပြင် စစ်ရေးအတွေ့ကြုံ ရင့်ကျက်သည့် အဖွဲ့အစည်းများဖြစ်သည့်အားလျော်စွာ PDF တပ်ဖွဲ့အား စစ်ရေး‌လေ့ကျင့် ပေးသည်။ စစ်ရေးအရ ကူညီခေါင်းဆောင်ပေးသည်။

KNU သည် ထွက်ပြေးတိမ်းရှောင်လာကြသူများကို အကူအညီပေး၏။ အကာအကွယ်ပေးသည်။ CDM ပြုလုပ်လာသူ ဝန်ထမ်းများကို ကူညီပေးသည်၊ ကာကွယ်ပေးသည်။ ပြည်မနိုင်ငံရေး အင်အားစုများနှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့တွင် ပူးပေါင်းဆောင်ရွက်ကြ၏။

ထိုသို့သော အခြေအနေအောက်တွင် KNU, KIO, KNPP, CNF တို့နှင့်ပတ်သက်၍ ပြည်မလူထုအမြင်တွင် ကရင်၊ ကချင်၊ ကရင်နီ၊ ချင်းလူမျိုးကိုယ်စားပြု အဖွဲ့အစည်းဆိုသည်ထက် ပိုသည်။ KNU, KIO, KNPP, CNF တို့အား မြန်မာပြည်နိုင်ငံရေး၊ မြန်မာပြည်တော်လှန်ရေး၏ အရေးပါသော အစိတ်အပိုင်းများအဖြစ် ကြည့်မြင်ကြသည်။ ထို့ပြင် တိုင်းရင်းသားလူမျိုးတို့၏ ဖက်ဒရယ်ဆိုသည်ကိုလည်း မြန်မာလူထု နားလည်လာနိုင်ကြသည်။ စာနာထောက်ခံလာကြသည်။ ဤသည်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ရပ်တည်မှု၊ သဘောထားမှန်ကန်မှု၏ အကျိုးဆက်ကြောင့်ဖြစ်၏။

ထို့ပြင် စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း KNU ၏ စစ်ရေးခေါင်းဆောင်မှုအောက်ရှိ KNU နှင့် PDF တပ်ဖွဲ့များသည် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် အောင်မြင်မှုများစွာ ရရှိခဲ့ကြသည်။

ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) ၏ မကြာမီက ထုတ်ပြန်သည့် အစီရင်ခံစာအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအထိ KNU လှုပ်ရှားနယ်မြေအတွင်း မြန်မာစစ်တပ်စစ်စခန်း ၂၄ ခု သိမ်းပိုက်ရရှိခဲ့ပြီး စစ်စခန်း ၃၈ ခုအား မြန်မာစစ်တပ်က စွန့်လွှတ်သွားခဲ့ကြ၏။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
307
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
141
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
5.5k
ကရင်ပြည်နယ်၊ ဘားအံခရိုင် သယုကျိုးရွာတွင် ၂၀၂၃ ခုနှစ် မတ်လ ၁၀ရက်နေ့က ပြုလုပ်သည့် ကရင်လက်နက်ကိုင် ၄ ဖွဲ့နှင့် ဒေသခံ ပြည်သူ တွေ့ဆုံပွဲ/ Nawtayar Media

ထိုစခန်းပေါင်း ၆၂ ခုထဲမှ ရှစ်ခုကိုသာ မြန်မာစစ်တပ် ပြန်လည် တပ်စွဲနိုင်ခဲ့သဖြင့် KNU ထိန်းချုပ်နယ်မြေ ပိုမိုကျယ်ပြန့်လာ၏။ ထိုစစ်ရေး ရလဒ်ကြောင့် ယခင် စစ်ကောင်စီလက်အောက်ရှိ စာသင်ကျောင်း ၃၇၀ သည်လည်း KNU ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာသည်ဟု သိရ၏။

ထို့ပြင် ရေး-ထားဝယ် ကားလမ်း၊ မြဝတီ၊ ကော့ကရိတ် ကားလမ်း၊ သထုံ၊ ကျိုက်ထို ကားလမ်းတို့မှာလည်း KNU နှင့် PDF တပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်တွင် ရောက်ရှိခဲ့၏။ ထူးခြားသည့်အောင်မြင်မှုမှာ နှစ်ပေါင်းများစွာ ချဉ်းကပ်‌ခြေချရန် မဖြစ်နိုင်ခဲ့သည့် စစ်တောင်းမြစ် အနောက်ဘက်ခြမ်း၊ ပဲခူးတိုင်းအတွင်းသို့လည်း KNU နှင့် PDF တပ်များ အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ကြခြင်း ဖြစ်သည်။

KNU သည် အခြား EAO များဖြစ်သည့် KIO, KNPP, CNF တို့ကဲ့သို့ပင် နွေဦးတော်လှန်ရေး အင်အားစုများကို အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည်။ သို့သော်လည်း KIO, KNPP, CNF အဖွဲ့များက ၎င်းတို့အဖွဲ့၏ နိုင်ငံရေးသဘောထားအမြင်နှင့် စစ်ရေးလုပ်ဆောင်ချက်များကို စမတ်ကျကျ လုပ်ဆောင်နေချိန်တွင် ထိုအဖွဲ့များနှင့် မတူဘဲ KNU အဖွဲ့တွင် အများက သို့လောသို့လော ဖြစ်စေသည့် လုပ်ဆောင်မှုမျိုး၊ အရပ်စကားနှင့် ဆိုရလျှင် ထ၍ဖောက်သူမျိုး ပေါ်လာတတ်သည်က သတိပြုဖွယ်ဖြစ်၏။

KIO, KNPP, CNF အဖွဲ့များက ၎င်းတို့အဖွဲ့၏ နိုင်ငံရေးသဘောထားအမြင်နှင့် စစ်ရေးလုပ်ဆောင်ချက်များကို စမတ်ကျကျ လုပ်ဆောင်နေချိန်တွင် ထိုအဖွဲ့များနှင့် မတူဘဲ KNU အဖွဲ့တွင် အများက သို့လောသို့လော ဖြစ်စေသည့် လုပ်ဆောင်မှုမျိုး၊ အရပ်စကားနှင့် ဆိုရလျှင် ထ၍ဖောက်သူမျိုး ပေါ်လာတတ်သည်က သတိပြုဖွယ်ဖြစ်၏။

၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့မှ မေလ ၄ ရက်နေ့အထိ ကျင်းပခဲ့သည့် KNU ၁၇ ကြိမ်မြောက် ကွန်ဂရက်မှ တင်မြှောက်သည့် KNU ဗဟိုကော်မတီသည် ၎င်းတို့သဘောထားကို ရှင်းလင်းစွာ ပြောဆိုခဲ့ပြီး ဖြစ်၏။ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၁ ရက်နေ့တွင်လည်း ရက် ၁၀၀ ပြည့် KNU ခေါင်းဆောင်မှုအသစ်က ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းစွာ ချပြပြီး ဖြစ်၏။ စစ်တပ်အာဏာသိမ်းပြီးကတည်းက အပစ်အခတ်ရပ်စဲရေး NCA ပျက်ပြယ်သွားပြီး ရှင်းလင်းခဲ့ပြီဖြစ်သည်။

ထို့ပြင် အာဏာသိမ်းစစ်တပ်သည် တရားဝင်အစိုးရ မဟုတ်သဖြင့် တွေ့ဆုံဆွေးနွေးရန် မရှိကြောင်း ရှင်းလင်းစွာ ပြောဆိုခဲ့ပြီး ဖြစ်၏။

လက်ရှိ စောမူတူးစေးဖိုး၏ လုပ်ရပ်နှင့် ပတ်သက်၍လည်း KNU နှင့် မသက်ဆိုင်ကြောင်း၊ အာဏာသိမ်းစစ်တပ်နှင့် တွေ့ဆုံဆွေးနွေးရန် မရှိကြောင်း ထပ်မံအတည်ပြုသည့်အပြင် လက်ရှိ လုပ်ရပ်သည် KNU အတွင်း ရှုပ်ထွေးအောင် ပြုလုပ်သကဲ့သို့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြသည့် မဟာမိတ်များကြား ရှုပ်ထွေးအောင်လုပ်သည့် လုပ်ရပ်ဖြစ်ကြောင်း၊ KNU အနေနှင့် မိမိနိုင်ငံရေး ရည်မှန်းချက် အောင်မြင်ရေးအတွက် မဟာမိတ်များနှင့် လက်တွဲ၍ တစိုက်မတ်မတ် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း KNU ဗဟိုကော်မတီက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်သည်ကို တွေ့ရသည်။

KNU ဗဟိုခေါင်းဆောင်များ အနေဖြင့် KNU အဖွဲ့အစည်း၏ နိုင်ငံရေးရည်မှန်းချက် ပေါက်မြောက်အောင်မြင်ရေး၊ အဖွဲ့အစည်းတည်တံ့ ခိုင်မာရေးအတွက် ရှင်းလင်းသော မူဝါဒရှိသကဲ့သို့ လက်တွေ့ အဖွဲ့အစည်းတွင်းတွင်လည်း စည်းရုံးရေးစည်းကမ်းအရ ပြတ်သားစွာ ကိုင်တွယ်ရန် လိုအပ်ပေလိမ့်မည်။

KNU ဗဟိုခေါင်းဆောင်များက အဖွဲ့အစည်းအတွင်း ညီညွတ်ရေး မပျက်ပြား‌စေရန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သော်လည်း တဖက်က မထိမ်းသိမ်းဘဲ၊ စည်းမစောင့်ဘဲ ရှုပ်ထွေးအောင်ပြုလုပ်နေသည်ကို သတိပြုရန်လို၏။ အဓိက တရားခံက စစ်တပ်ဖြစ်‌သည်ဟု ဆိုနိုင်သော်လည်း ဤအချင်းအရာသည် ကြက်တူရွေးက တော်တော်၊ မယ်ဘော်ကကဲ၍ ဖြစ်သည်ကိုလည်း သတိပြုသင့်ပေသည်။

ပတ်မကြီး ထိုးဖောက်သူ

စောမူတူးစေးဖိုး၏ လုပ်ရပ်သည် KNU နှင့် မဟာမိတ်များကြား ရှုပ်ထွေးစေသည်သာမက အဓိကအားဖြင့် ကရင်အမျိုးသားများနှင့် KNU အတွက် ကောင်းကျိုးရှိသည် မဟုတ်ပေ။ KNU အဖွဲ့အစည်းကို ဖြိုခွဲသည့်လုပ်ရပ် ဖြစ်သည်။

တကယ်တမ်း မညှာမတာပြောရလျှင် စောမူတူးစေးဖိုး၏ လက်ရှိလုပ်ရပ်သည် “မင်းသားကြီး မလုပ်ရ၍ ပတ်မကြီးအား ထိုးဖောက်သည့်လုပ်ရပ်” ဖြစ်၏။ ကိုယ့်သဘောထားနှင့်မတူ၍ KNU အဖွဲ့အစည်းအား ဖျက်ဆီးသည့် လုပ်ရပ်ဖြစ်သည်။ ထို့ကြောင့်လည်း လူတယောက်၏သမိုင်းသည် သေသောအခါမှသာ ပြီးသည်ဟု ဆိုကြခြင်းဖြစ်၏။

တကယ်တမ်း မညှာမတာပြောရလျှင် စောမူတူးစေးဖိုး၏ လက်ရှိလုပ်ရပ်သည် “မင်းသားကြီး မလုပ်ရ၍ ပတ်မကြီးအား ထိုးဖောက်သည့်လုပ်ရပ်” ဖြစ်၏။ ကိုယ့်သဘောထားနှင့်မတူ၍ KNU အဖွဲ့အစည်းအား ဖျက်ဆီးသည့် လုပ်ရပ်ဖြစ်သည်။

ခင်မမ ပြောပြန်လျှင်လည်း လွန်ရာကျပါမည်။

(ခင်မမသည် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတဦး ဖြစ်သည်။)

You may also like these stories:

စစ်ခေါင်းဆောင်ကို သွားတွေ့သည့် ဥက္ကဋ္ဌဟောင်းနှင့် မသက်ဆိုင်ကြောင်း KNU ပြော

KNU ခေါင်းဆောင်မှုသစ်ဆီက ဘာတွေ မျှော်လင့်နိုင်မလဲ

KNU ၏ ၁၇ ကြိမ်မြောက်ကွန်ဂရက် ပြန်လည်ကျင်းပ

BGF နှင့် KNU ခေါင်းဆောင်များ တွေ့ဆုံမှု ကရင်အရပ်ဘက်အဖွဲ့များ ဝေဖန်

PPST ဦးဆောင်နာယကအဖြစ် KNU ဥက္ကဋ္ဌ လက်ခံ

Your Thoughts …
Tags: CDMEAOKNUNCANUCCNUGPDFSliderငြိမ်းချမ်းရေးစစ်ကောင်စီစစ်ရာဇဝတ်မှုစောမူတူးစေးဖိုးတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံနွေဦးတော်လှန်ရေး
ခင်မမ

ခင်မမ

ခင်မမသည် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဇော်ဂျီ နှင့် နှုတ်ခမ်း ဆိုးဆေး

ဇော်ဂျီ နှင့် နှုတ်ခမ်း ဆိုးဆေး

ကိုးကန့်ထိပ်သီးလုပ်ငန်းရှင်များ တရုတ်ဖမ်းထား

ကိုးကန့်ထိပ်သီးလုပ်ငန်းရှင်များ တရုတ်ဖမ်းထား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.7k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved