• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

BGF နှင့် KNU ခေါင်းဆောင်များ တွေ့ဆုံမှု ကရင်အရပ်ဘက်အဖွဲ့များ ဝေဖန်

by ဧရာဝတီ
13 March 2023
in သတင်း
A A
ကရင်ပြည်နယ်၊ ဘားအံခရိုင် သယုကျိုးရွာတွင် ၂၀၂၃ ခုနှစ် မတ်လ ၁၀ရက်နေ့က ပြုလုပ်သည့် ကရင်လက်နက်ကိုင် ၄ ဖွဲ့နှင့် ဒေသခံ ပြည်သူ တွေ့ဆုံပွဲ/ Nawtayar Media

ကရင်ပြည်နယ်၊ ဘားအံခရိုင် သယုကျိုးရွာတွင် ၂၀၂၃ ခုနှစ် မတ်လ ၁၀ရက်နေ့က ပြုလုပ်သည့် ကရင်လက်နက်ကိုင် ၄ ဖွဲ့နှင့် ဒေသခံ ပြည်သူ တွေ့ဆုံပွဲ/ Nawtayar Media

6.2k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်နှင့် စစ်ကောင်စီကို တိုက်နေသည်ဟုဆိုသော ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုမှာ မဖြစ်သင့်ကြောင်း ကရင်အရပ်ဘက်အဖွဲ့ ၆၈ ဖွဲ့ဖြင့်ဖွဲ့ထားသည့် အပြည်ပြည်ဆိုင်ရာ စုပေါင်းကရင်လှုပ်ရှားမှုကွန်ရက် (GKSC) က ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့က ဘားအံခရိုင် သယုကျိုးရွာတွင် ကရင်လက်နက်ကိုင် ၄ ဖွဲ့နှင့် ဒေသခံ ပြည်သူ ၅၀၀ ခန့် တွေ့ဆုံသည့် တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် KNU ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA (PC) ၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နှင့် BGF တို့မှ ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ကြသည်။

DKBA၊ KNLA (PC) နှင့် BGF တို့သည် KNU မှ ခွဲထွက်ထားသည့် လက်နက်ကိုင်အဖွဲ့များဖြစ်ပြီး BGF သည် စစ်ကောင်စီတပ်၏ လက်အောက်ခံအဖွဲ့ဖြစ်ကာ DKBA နှင့် KNLA (PC) တို့သည် အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် အဖွဲ့များလည်း ဖြစ်သည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
45
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
36
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
55

တွေ့ဆုံပွဲသို့ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ၊ KNU တပ်မဟာ (၇) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဖောဒို၊ ဗျူဟာမှူး စောဒိကွယ်၊ KNU ကာကွယ်ရေးဌာနတာဝန်ခံ ပဒိုစောရော်ဂျာခင် ၊ ခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေးနှင့် KNU ဗဟိုကော်မတီဝင် ပဒိုစောသမိန် ထွန်းစသည့် ခေါင်းဆောင်များတက်ရောက်ခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးကောင်စီ၏ Nawtayar သတင်းဌာနက ထုတ်ပြန်သည့် ဓာတ်ပုံများအရ သိရသည်။

BGF ဘက်က ခေါင်းဆောင်ဗိုလ်မှူးချုပ် စောချစ်သူ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ ခေါင်းဆောင် ဒေါက်တာနော်ကပေါ်ထူး၊ DKBA ခေါင်းဆောင် ဗိုလ်မှူးချုပ် စောဆန်းအောင် တို့လည်း ဆွေးနွေးပွဲကို တက်ရောက်ကြောင်း တွေ့ရသည်။

GKSC ၏ ပြောရေးဆိုခွင့်ရှိသူ စောသူးကဘီးက ဗိုလ်မှူးချုပ် စောချစ်သူသည် ဒေသတွင်း၌ နာမည်ဆိုးဖြင့် ကျော်ကြားသော တရုတ်ရာဇဝတ်ဂိုဏ်းများ အခြေချရာ ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းအား တာဝန်ယူ ကိုင်တွယ်နေသူ ဖြစ်သဖြင့် KNU ခေါင်းဆောင်များ တွေ့ဆုံရန် မသင့်ဟု ဆိုရခြင်း ဖြစ်ကြောင်း ဧရာဝတီကိုပြောသည်။

၎င်းက “အဲဒီလိုနာမည်ထွက်တဲ့ ခေါင်းဆောင်တွေနဲ့ KNU ခေါင်းဆောင်တွေ သွားရောက် တွေ့ဆုံဆွေးနွေး ၊ အတူအစည်းအဝေးထိုင် ဓာတ်ပုံရိုက် ၊ လူထုကိုလည်း ဘာကတိမှ တိတိကျကျမပေးနိုင်ဘဲ ဒီလိုလုပ်နေတာတွေက KNU ရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့မြင်တယ်” ဟု မှတ်ချက်ပေးသည်။

ကရင်ပြည်နယ်၊ ဘားအံခရိုင် သယုကျိုးရွာတွင် ၂၀၂၃ ခုနှစ် မတ်လ ၁၀ရက်နေ့က ပြုလုပ်သည့် ကရင်လက်နက်ကိုင် ၄ ဖွဲ့နှင့် ဒေသခံ ပြည်သူ တွေ့ဆုံပွဲ/ Nawtayar Media

ရွှေကုက္ကိုလ် စီမံကိန်းသည် တရုတ်ရာဇဝတ်ဂိုဏ်းများ၏ ပါဝင်ပတ်သက်မှုဖြင့် ဒေသတွင်း လူကုန်ကူးမှု၊ လုပ်အားခေါင်းပုံဖြတ် စေခိုင်းမှု၊ အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်မှု ၊ တရားမဝင် လောင်းကစားလုပ်ငန်းများကြောင့် ဒေသတွင်း နာမည်ဆိုးဖြင့် ကျော်ကြားသည်။

တဖက်တွင်လည်း KNU သည် KK Park ဟု လူသိများသည့် ဟွမ်ယာ တရုတ်မြို့သစ်စီမံကိန်းကို KNU နယ်မြေ မော်ထိုတလေးတွင် ခွင့်ပြုထားသဖြင့် KNU ခေါင်းဆောင်ပိုင်း နှုတ်ထွက်ပေးရန် အထိပင် ကရင်အရပ်ဘက်အဖွဲ့များ၏ တောင်းဆိုမှုကို ကြုံနေရသည်။

စီမံကိန်းအကောင်အထည်ဖော်ရေးတွင် KNU ကာကွယ်ရေးဌာနအကြီးအကဲ ပဒိုစောရော်ဂျာခင် ပါဝင် ပတ်သက်မှုမှာ ဟွမ်ယာလုပ်ငန်းစုတွင် ပါဝင်သည့် Trans-Asia International Holding Group(Thailand) Co,Ltd နှင့် ဒေသခံ မုလအိအလင်းကုမ္ပဏီတို့အကြား လုပ်ငန်းစတင်နိုင်ရေး မြေငှားရမ်းစာချုပ် ချုပ်ဆိုရာတွင် ဒေသခံမြေပိုင်ရှင်များကိုယ်စား ပါဝင် တက်ရောက်ခဲ့ခြင်းသာ ဖြစ်ကြောင်း KNUက တုန့်ပြန်ထားသည်။

နာမည်ဆိုးဖြင့် ကျော်ကြားသော စီမံကိန်းမှ အကျိုးအမြတ်များရနေသည့် BGF ခေါင်းဆောင်များနှင့် KNU ဆက်လက်တွေ့ဆုံနေမည်ဆိုပါက ကရင်ပြည်သူလူထု၏ အမြင်မကြည်လင်မှုများနှင့် ကြုံရနိုင်ကြောင်း ကရင်အရပ်ဘက်အဖွဲ့ အချို့က ဆိုသည်။

BGF ခေါင်းဆောင်များနှင့် KNU ခေါင်းဆောင်များ တွေ့ဆုံမှုနှင့်ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးထံ ဧရာဝတီက ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပေ။

ထူးခြားချက်မှာ အဆိုပါတွေ့ဆုံပွဲသို့ သွားသည့် KNU ယာဉ်တန်းသည် မတ်လ ၉ ရက် နေ့လည်ပိုင်းက လှိုင်းဘွဲ့မြို့နှင့် ပိုင်ကျုံမြို့အကြားတွင် အမည်မသိလူအချို့၏ မိုင်းဆွဲတိုက်ခိုက်ခံရပြီး အဆိုပါ တိုက်ခိုက်မှုတွင် ယာဉ်အချို့ ပျက်စီးခဲ့သော်လည်း KNU ခေါင်းဆောင်ပိုင်း ထိခိုက်မှု တစုံတရာမရှိပေ။

လူထုတွေ့ဆုံပွဲတက်ခဲ့သည့် ကရင်ငြိမ်းချမ်းရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်ကမူ တွေ့ဆုံပွဲသည် ကရင်လက်နက်ကိုင်အဖွဲ့များ ဆွေးနွေးညှိနှိုင်းခြင်းထက် ကရင်လက်နက်ကိုင်များနှင့် လူထုတွေ့ဆုံကာ အမြင်ဖလှယ်သည့် ပွဲသာဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။

၎င်းက “ကရင်လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့လုံး ရောနှောပြီးနေတဲ့ တပ်မဟာ ၇ နယ်မြေမှာတော့ အဲဒီလိုပစ်ခတ်တိုက်ခိုက်မှု ပြဿနာတွေ မဖြစ်အောင် ပြည်သူလူထုတွေကို ကော်မတီရဲ့ လုပ်ဆောင်ချက်တွေ ရှင်းလင်းချပြတဲ့ လူထုတွေ့ဆုံပွဲ အခမ်းအနားပဲဖြစ်ပါတယ်။ အပြန်အလှန်ညှိနှိုင်းဆွေးနွေးပွဲလို့ ပြောတာထက်ပေါ့လေ။ အဲဒီကော်မတီက လုပ်ဆောင်တာတွေနဲ့ လူထုရဲ့ သဘောထားတွေ မရှင်းလင်းတဲ့ အချက်တွေကို အပြန်အလှန် ဖလှယ်တဲ့ လူထုတွေ့ဆုံပွဲလို့ပြောရင် ပိုမှန်ပါတယ်” ဟု ဆိုသည်။

ဆွေးနွေးပွဲတွင် တက်ရောက်လာသည့် ပြည်သူအချို့က ကရင်လက်နက်ကိုင် ၄ ဖွဲ့ပေါင်းစည်းရေး အခြေအနေ အပါအဝင် ကရင်ပြည်နယ်၌ တစထက်တစ များပြားလာသော လောင်းကစားနှင့် မူးယစ်ဆေးဝါးပြဿနာအား မည်ကဲ့သို့ ဖြေရှင်းပေးနိုင်မည်ကို မေးမြန်းခဲ့ကြသော်လည်း ကရင်လက်နက်ကိုင် ခေါင်းဆောင်များက တိတိပပ အဖြေမပေးနိုင်ခဲ့ကြောင်း ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

၎င်းက “ဒီကိစ္စရပ်တွေဆိုတာက ကျနော်တို့ ကျေးရွာတွေကြားမှာ အနာဂတ်မျိုးဆက်သစ် လူငယ်တွေအတွက် ရင်လေးစရာကိစ္စတခုဖြစ်တယ်ဆိုတာ ကျနော်တို့ကိုယ်တိုင် ခံယူထားတယ်။ သို့သော် ဒီလိုကြီးမားကျယ်ပြန့်ပြီး ခက်ခဲတဲ့ ကိစ္စတွေအပေါ်မှာ လက်နက်ကိုင် စည်းလုံးညီညွတ်ရေး ကော်မတီအနေနဲ့ ဒါက အမျိုးသားတရပ်လုံးနဲ့ဆိုင်တဲ့ကိစ္စဖြစ်တဲ့အတွက် လက်နက်ကိုင်ပဲဖြစ်ဖြစ်၊ ကရင်နိုင်ငံရေးပါတီပဲဖြစ်ဖြစ် ၊ ကရင်လူထုပဲဖြစ်ဖြစ်၊ ဘာသာရေးခေါင်းဆောင်တွေ အားလုံးရဲ့ပူးပေါင်းမှုနဲ့ တဆင့်ပြီးတဆင့် ကိုင်တွယ်ဖြေရှင်းသွားမယ်ဆိုတာမျိုး အကြမ်းဖျင်း ရှင်းပြ ပြောပြတာတော့ ရှိပါတယ်” ဟု ဆိုသည်။

အပြည်ပြည်ဆိုင်ရာ စုပေါင်းကရင်လှုပ်ရှားမှုကွန်ရက် (GKSC) ၏ ပြောရေးဆိုခွင့်ရှိသူ စောသူးကဘီးကမူ ကရင်လက်နက်ကိုင် ၄ ဖွဲ့သည် ၂၀၁၂ ခုနှစ်နောက်ပိုင်းမှ စတင်ကာ မကြာခဏတွေ့ဆုံဆွေးနွေးကြသော်လည်း ကရင်လက်နက်ကိုင်များအကြားပေါင်းစည်းရေးနှင့် ပတ်သက်၍ ထူးခြားသည့် ဘုံသဘောတူညီချက် တစုံတရာ ရလာသည်ကို မတွေ့ရကြောင်း ဆိုသည်။

၎င်းက “ဒီကနေ့အထိ လက်ဆုပ်လက်ကိုင်ပြောလို့ရတဲ့ သဘောတူညီမှုက ဘာတခုမှ ရလာတာမတွေ့ဘူး။ ဒီဟာကြီးက ဘာကြောင့် ဆက်တွေ့နေတာလဲဆိုတာက ကျနော်တို့အတွက် မေးခွန်းအကြီးကြီး တခုဖြစ်တယ်ပေါ့။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပြန်ကြည့်မယ်ဆိုရင်လည်း KNU ရဲ့ တပ်မဟာ နယ်မြေတော်တော်များများကို BGF နဲ့ စစ်ကောင်စီပေါင်းပြီးတော့ လာတိုက်နေတာရှိတယ်ပေါ့။ အခုလက်ရှိအချိန်မှာ ကရင်လက်နက်ကိုင်တွေ ပြန်လည်ပေါင်းစည်းရေးဆိုပြီး တွေ့ဆုံပွဲလုပ်နေတာက အဓိပ္ပာယ်မဲ့တယ်လို့ပဲ ပြောချင်ပါတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၇) နယ်မြေ ဖြစ်သည့် လှိုင်းဘွဲ့မြို့နယ် တကောကျေးရွာ၌ ကရင်လက်နက်ကိုင်တပ်ဖွဲ့ စည်းလုံးညီညွတ်ရေးကော်မတီက ဦးဆောင်၍ လူထုပါဝင်သော ဆွေးနွေးပွဲ ကို ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သော်လည်း ကရင်လက်နက်ကိုင် ၄ ဖွဲ့ကြား ပြန်လည်ပေါင်းစည်းရေးနှင့် ပတ်သက်၍ သဘောတူညီချက် ရခဲ့ခြင်း မရှိပေ။

You may also like these stories:

ရာဇဝတ်ဂိုဏ်း၊ စစ်ကောင်စီတို့နှင့် ပတ်သက်သူများကို KNU ခေါင်းဆောင် မရွေးရန် တိုက်တွန်း

နာမည်ဆိုးထွက်နေတဲ့ KK Park က KNU ထိန်းချုပ်နယ်မြေတွင် ဖြစ်

ကရင်ပြိုင်ဘက်အုပ်စုအချင်းချင်း တိုက်ခိုက်မှုရပ်ရန် တောင်းဆို

သီရိပျံချီဘွဲ့ခံ စစ်ဘုရင်တဦးရဲ့ အလှူပွဲ

Your Thoughts …
Tags: BGFKNUရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းလူထုတွေ့ဆုံပွဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

by ဧရာဝတီ
24 January 2024
21.8k

ဇန်နဝါရီ ၂၁ ရက်မှစတင်ကာ BGF တပ်များအနေဖြင့် စစ်တပ်နှင့်ပူးတွဲစစ်ဆင်ရေးဝင်နေသည့် ရှေ့တန်းစခန်းများမှ ပြန်လည်ဆုတ်ခွာခဲ့ကာ ဌာနချုပ်ရှိရာ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသနှင့် တပ်ရင်းစခန်းများတွင် ပြန်လည်စုဖွဲ့ထားပြီး တစုံတရာ ထပ်မံ ညွှန်ကြားမှု မရှိသေးကြောင်း

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.9k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

စောချစ်သူကို လမ်းပြခဲ့သူ

စောချစ်သူကို လမ်းပြခဲ့သူ

by စောနေတိုး
30 January 2025
16.7k

စောချစ်သူအား ယခုလို ကျော်ကြားလာစေရန် လမ်းပြပေးခဲ့သူမှာ ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် စစ်ထောက်လှမ်းရေး ဟောင်းများပင်။

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

by ဇေယျ (အညာ)
10 August 2023
15.8k

ယခုလည်း မြန်မာစစ်ခေါင်းဆောင်က အကြီးဆုံးဘုရားဆိုသည်ကို ငွေကြေးသန်းပေါင်းများစွာ အကုန်အကျခံ၍ တည်ပြီးချိန်တွင် မြန်မာငွေက နောက်တဆင့်တိုး၍ ဖောင်းပွနေ၏။

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

by ဧရာဝတီ
9 April 2024
15.4k

ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်ကို ဧရာဝတီက ယနေ့ ညနေ ၅ နာရီခန့်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

Next Post
စစ်ကောင်စီလက်ချက်ကြောင့် ဖမ်းဆီးခံရ၊ သေဆုံးခဲ့ရသည့် သားသမီးများ - ကိုခိုင်မြဲ၊ ကိုအောင်မျိုးလင်း၊ ကိုနိုင်နိုင်၊ ကိုစိုးပြည့်အောင်၊ မလူစီယာ၊ မအန်ကောညက်၊ ကိုဟိန်းဖြိုးဦး၊ ကိုသန်းထက်အောင်

မိခင်သောကနှင့် တော်လှန်ရေး ဆုတောင်း

စခန်းတာဝန်ခံကို မုဒိမ်းမှုဖြင့် တိုင်တန်းထားသည့် အမျိုးသမီးများ

ဒုက္ခသည်စခန်းမှ အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးများအမှု တရားမစွဲတင်နိုင်သေး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved