• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

အရပ်သားများအား လေကြောင်းတိုက်ခိုက်မှု ကုလလုံခြုံရေးကောင်စီ ပြင်းထန်စွာရှုတ်ချ

by ဧရာဝတီ
25 August 2023
in သတင်းတို
A A
အရပ်သားများအား လေကြောင်းတိုက်ခိုက်မှု ကုလလုံခြုံရေးကောင်စီ ပြင်းထန်စွာရှုတ်ချ

ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေး / UNSC

2.8k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းစစ်ကောင်စီ လက်အောက်တွင် မြန်မာနိုင်ငံတဝှမ်း ရက်စက်သောအကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပေါ်နေပြီး အရပ်သားများအား သတ်ဖြတ်ခြင်းနှင့် အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်အသုံးပြုခြင်းတို့အား ပြင်းပြင်း ထန်ထန်ရှုတ်ချကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) အဖွဲ့ဝင် နိုင်ငံအများစုက ပူးတွဲကြေညာချက် ထုတ်ပြန်သည်။

ဩဂုတ် ၂၃ ရက်တွင် UNSC က မြန်မာ့အရေးနှင့်ပတ်သက်ပြီး တံခါးပိတ်အစည်းအဝေးတရပ် ကျင်းပခဲ့ပြီးနောက် အမေရိကန်၊ ဗြိတိန်၊ အယ်လ်ဘေးနီးယား၊ ဘရာဇီး၊ အီကွေဒေါ၊ ပြင်သစ်၊ ဂါဘွန်၊ ဂါနာ၊ ဂျပန်၊ မော်လတာ၊ မိုဇမ်ဘစ်၊ ဆွစ်ဇာလန်၊ အာရပ်စော်ဘွားများပြည်ထောင်စုတို့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံအတွင်း နိုင်ငံတကာဥပဒေများအား လေးစားလိုက်နာရန်နှင့် အရပ်သားများအားအကာအကွယ်ပေးရန် လိုအပ်ကြောင်းလည်း ပြောထားသည်။

အဆိုပါ ပူးတွဲထုတ်ပြန်ချက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ရုရှားနိုင်ငံနှင့်တရုတ်နိုင်ငံတို့ ပါဝင်ခဲ့ခြင်းမရှိပေ။

ယင်းအစည်းအဝေးတွင် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) အကြီးအကဲ Mr. Martin Griffiths ၏ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်ပြီး တင်ပြချက်များအား ကြားနာခဲ့ကာ လက်ရှိ မြန်မာနိုင်ငံ၌ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသည့် လူပေါင်း ၁၈ သန်းကျော်အနက် ၂ သန်းကျော်သည် အိုးမဲ့ အိမ်မဲ့ဖြစ်လျက် ၁၅ သန်းကျော်မှာ စားနပ်ရိက္ခာမလုံခြုံမှုနှင့် ကြုံတွေ့နေရကြောင်း ၎င်းတို့က ဆိုထားသည်။

UNSC ၏ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ဖြစ်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် မတရားဖမ်းဆီးခံထားရသူများအား အမြန်ဆုံးပြန်လွှတ်ပေးရန်၊ လူ့အခွင့်အရေး အပြည့်အဝလေး စားလိုက်နာရန်နှင့် တရားဥပဒေစိုးမိုးရေးမြှင့်တင်ရန်၊ ပြည်သူများ၏ ဒီမိုကရေစီလိုလားသည့်ဆန္ဒအား လေးစားရန်နှင့် အာဆီယံဘုံသဘောတူညီချက် ၅ ချက်အား လျင်မြန်စွာအကောင်အထည်ဖော်ရန် လိုအပ်ကြောင်းလည်း တိုက်တွန်းထားသည်။

ထို့ပြင် ရခိုင်ပြည်အကျပ်အတည်း မူလဇာစ်မြစ်အားဖြေရှင်းရေး၊ လူနည်းစုအခွင့်အရေးများအား အပြည့်အဝ အကာအကွယ်ပေးရေးနှင့် ရိုဟင်ဂျာများ၏ဆန္ဒအရ ဘေးကင်းပြီးဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရန် သံတမန်ရေးရာ ကြိုးပမ်းအားထုတ်မှုများအား ထောက်ခံကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် အခြေခံအကြောင်းအရာများအား ကိုင်တွယ်ဖြေရှင်းကာ ရိုဟင်ဂျာအခွင့်အရေးများ ပြန်လည်ပေးအပ်ရန် တိုက်တွန်းကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထက်ပါ တောင်းဆိုချက်များနှင့်ပတ်သက်ပြီး လုံလောက်သည့်တိုးတက်မှုများမရှိသည်ကို သတိပြုမိကြောင်းနှင့် အကျပ်အတည်းအတွက် ငြိမ်းချမ်းသောအဖြေရှာဖွေရာ၌ လုံခြုံရေးကောင်စီ၏ အကူအညီအားလုံး ရယူအသုံးပြုလျက် အာဆီယံ၏ကြိုးပမ်းမှုများအားကူညီပံ့ပိုးရန် ကတိကဝတ်ကို အလေးပေးဖော်ပြကြောင်းနှင့် မြန်မာပြည်သူများအတွက် ခိုင်မာသောထောက်ခံမှုအား ထပ်မံအတည်ပြုကြောင်းလည်း ၎င်းတို့က ဆိုထားသည်။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
387
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
189
COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
133

UNSC အစည်းအဝေး ကျင်းပသည့်နေ့၌ပင် အမေရိကန်အစိုးရက စစ်ကောင်စီထံ လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးပေးနေ သည့် Shoon Energy ကုမ္ပဏီနှင့် ကုမ္ပဏီပိုင်ရှင် ဒေါ်ခင်ဖြူဝင်း၊ Asai Sun ကုမ္ပဏီအုပ်စုထဲမှ ကုမ္ပဏီ ၁၁ ခုပိုင်ရှင် ဦးဇော်မင်းထွန်းတို့အား ပိတ်ဆို့အရေးယူမှုစာရင်းတွင် ထည့်သွင်းလိုက်ကြောင်း၊ မြန်မာနိုင်ငံသို့ လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးခြင်းလုပ်ကိုင်ရန် ဆုံးဖြတ်ထားသည့် နိုင်ငံခြားသားတဦးချင်း (သို့) မည်သည့်အဖွဲ့အစည်းကိုမဆို ပိတ်ဆို့အရေးယူမှုများ ချမှတ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း ကုလလုံခြုံရေးကောင်စီအစည်းအဝေးတွင် စစ်တပ်အပေါ် လေယာဉ်သုံးလောင်စာဆီနှင့် ငွေကြေးများ ဖြတ်တောက်ပစ်ရန် အဖွဲ့ဝင်နိုင်ငံများအား ထပ်မံတောင်းဆိုခဲ့သလို မြန်မာပြည်သူများ၏ အသက်အားကယ်တင်ရန် အချိန်ထပ်မံမစောင့်ဆိုင်းသင့်တော့သည့်အပြင် လူ့အသက်များ ထပ်မံမဆုံးရှုံးစေရန်နှင့် ဒေသတွင်းမတည်ငြိမ်မှုများရပ်တန့်နိုင်ရေး အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဆုံးဖြတ်ချက် နောက်ဆက်တွဲအရေးယူမှုများ စတင်ဆောင်ရွက်ပေးရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။

Your Thoughts …
Tags: UNSCလေကြောင်းတိုက်ခိုက်မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

by စွယ်တော်
15 July 2024
36.6k

တကယ်တမ်း ပြောရမည်ဆိုပါက ဒု တပ်ချုပ်အပါအဝင် ဗိုလ်ချုပ်ကြီးများသည် အဆင့်ပေါ်မူတည်၍ ဝေစားမျှစား ရပိုင်ခွင့်များအပေါ် သာယာနေကြသူများသာ ဖြစ်ကြသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ဖမ်းမိသည့် လေယာဉ်မှူး စကားက သေဆုံးရသူများ၏ မိသားစုများ ဒေါသကို ဆွ

ဖမ်းမိသည့် လေယာဉ်မှူး စကားက သေဆုံးရသူများ၏ မိသားစုများ ဒေါသကို ဆွ

by ယုဇန
18 December 2023
28.2k

သူ၏စကားများကြောင့် လူမှုကွန်ရက်တွင် ဝေဖန်မှတ်ချက်ပေးသူများ ဒေါသထွက်ကြပြီး လူသားချင်းစာနာမှု ကင်းမဲ့သူအဖြစ် ဝေဖန်ပြီး ဆဲဆိုကြသည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

စစ်ကောင်စီရဲ့ သေရေးရှင်ရေး ခြိမ်းခြောက်ခံနေရပြီ

စစ်ကောင်စီရဲ့ သေရေးရှင်ရေး ခြိမ်းခြောက်ခံနေရပြီ

by ရဲမျိုးဟိန်း
12 December 2023
26.8k

ယခုအခါ စစ်ကောင်စီသည် ၎င်းတို့တပ်များ အင်အား၊ စွမ်းရည်နှင့် စိတ်ဓာတ် အကြီးအကျယ် ထိခိုက်သွားပြီး ပိုမိုကြောက်စရာကောင်းသော ရန်သူကို ရင်ဆိုင်နေရသည်။

Next Post
ဝိုင်းမော်နှင့် မိုးမောက်အကြား စစ်ကောင်စီတပ် ပိတ်မိနေ

ဝိုင်းမော်နှင့် မိုးမောက်အကြား စစ်ကောင်စီတပ် ပိတ်မိနေ

စစ်ကောင်စီက တရုတ်ထံမှ ဒေါ်လာဘီလီယံချီ အထောက်အပံ့ရနေ

စစ်ကောင်စီက တရုတ်ထံမှ ဒေါ်လာဘီလီယံချီ အထောက်အပံ့ရနေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved