• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီက တရုတ်ထံမှ ဒေါ်လာဘီလီယံချီ အထောက်အပံ့ရနေ

by ဧရာဝတီ
25 August 2023
in သတင်း
A A
စစ်ကောင်စီက တရုတ်ထံမှ ဒေါ်လာဘီလီယံချီ အထောက်အပံ့ရနေ

စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီး ဒေါက်တာ ကံဇော်ကို ဩဂုတ်လ ၁၈ ရက်နေ့၌ တရုတ်နိုင်ငံ၊ ကူမင်းတွင် ကျင်းပသည့် မဲခေါင်ဒေသခွဲ (GMS) စီးပွားရေးစင်္ကြံ အုပ်ချုပ်ရေးမှူးများ ဖိုရမ်တွင် တွေ့ရစဉ် / MOI

6.1k
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံသည် မြန်မာတွင် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းပေါင်း ၅၉၇ ခုရှိနေပြီး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၂၁ ဒသမ ၈၆၃ ဘီလီယံရှိကြောင်း စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီး ဒေါက်တာ ကံဇော်က လွန်ခဲ့သောအပတ်၌ တရုတ်နိုင်ငံ၊ ကူမင်းတွင် ကျင်းပသည့် မဲခေါင်ဒေသခွဲ (GMS) စီးပွားရေးစင်္ကြံ အုပ်ချုပ်ရေးမှူးများ ဖိုရမ်တွင် ပြောသည်။

တရုတ် ရင်းနှီးမြှုပ်နှံမှုသည် မြန်မာမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၂၃ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး အများစုသည် လျှပ်စစ်စွမ်းအင်ကဏ္ဍတွင် ဖြစ်ကြောင်း ၎င်းကပြောသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှုများ၊ အရေးယူပိတ်ဆို့မှုများနှင့် လုပ်ငန်းများ ပြန်လည် ထွက်ခွာမှုများ ရှိသော်လည်း တရုတ်နိုင်ငံသည် မြန်မာဗိုလ်ချုပ်များနှင့် ထိတွေ့ ဆက်ဆံမှု မြှင့်တင်နေပုံရသည်။

ဒေါက်တာ ကံဇော်၊ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးအောင်နိုင်ဦးတို့သည် နိုင်ငံတကာအခမ်းအနား သုံးခုဖြစ်သော ၇ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ၊ ၂၇ ကြိမ်မြောက် သွင်းကုန် ထုတ်ကုန်ပြပွဲနှင့် မဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံ အုပ်ချုပ်ရေးမှူးများ ဖိုရမ်တို့တွင် ရင်းနှီးမြှုပ်နှံမှုရှာရန် လွန်ခဲ့သောအပတ်က ကူမင်းမြို့သို့ သွားကြသည်။

၎င်းတို့၏ ခရီးစဉ်အတွင်း တရုတ်နိုင်ငံပိုင် CGTN သတင်းဌာနနှင့် တွေ့ဆုံရာတွင် ဦးအောင်နိုင်ဦးက အချို့နိုင်ငံများသည် တရုတ်နိုင်ငံ၏ မြန်မာမှ ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) ပုံရိပ်ကို ထိခိုက်အောင် လုပ်နေကြောင်း ပြောသည်။

မြန်မာတွင် လက်နက်ကိုင်စစ်မီး တောက်နေသော်လည်း တရုတ်သည် လက်ရှိ ရေနံနှင့်ဓာတ်ငွေ့ ပိုက်လိုင်းများ၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမှ ရေနက်ဆိပ်ကမ်း၊ သံဖြူ၊ ကြေးနီနှင့် မြေရှားသတ္တု တူးဖော်မှုများ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် နယ်စပ်ကုန်သွယ်ရေးအပြင် ရင်းနှီးမြှုပ်နှံမှုများ ချဲ့ထွင်နေသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
9
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
90

ဘေဂျင်းသည် ကျောက်ဖြူနှင့် ရှမ်းပြည်နယ်မှ အဓိကကျသည့် နယ်စပ်မြို့ မူဆယ်ကို မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ဖြစ်သည့် မန္တလေးမှတဆင့် ချိတ်ဆက်သည့် ရထားလမ်းကို တည်ဆောက်နေသည်။ ထိုရထားလမ်းသည် BRI ၏ အစိတ်အပိုင်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ အစိတ်အပိုင်းဖြစ်သည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေမှတဆင့် တရုတ်သည် မြန်မာမှ စီမံကိန်း ၉၂ ခုအတွက် အမေရိကန် ဒေါ်လာ ၂၇ ဒသမ ၄ သန်း ထောက်ပံ့နေကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးက ဖေဖော်ဝါရီလတွင် ပြောသည်။

မတ်လ အစောပိုင်းတွင် စစ်ကောင်စီနှင့် ဘေဂျင်းတို့သည် ရခိုင်ပြည်နယ်တွင် လေအားလျှပ်စစ်စီမံကိန်း သုံးခုအတွက် သဘောတူစာချုပ် ချုပ်ဆိုကြသည်။ စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးသည် မတ်လ တတိယပတ်တွင် ယူနန်ပြည်နယ်သို့သွားပြီး မြန်မာ လျှပ်စစ်စွမ်းအားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ပြည်နယ်အစိုးရနှင့် စီးပွားရေးသမားများကို ဖိတ်ခေါ်သည်။

ဧပြီလတွင် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီဝင်နှင့် ယူနန်ပြည်နယ်ပါတီ အတွင်းရေးမှူး မစ္စတာ ဝမ်နင်းသည် မင်းအောင်လှိုင်ကို နေပြည်တော်တွင် တွေ့ဆုံပြီး ဆန်၊ လယ်ယာထုတ်ကုန်၊ မြေသြဇာနှင့် ဓာတ်အားရောင်းဝယ်ရေး စာချုပ်များ ချုပ်ဆိုသည်။

အာဏာသိမ်းပြီးနောက် ဓာတ်အားပြတ်တောက်မှုများ ဆိုးရွားလာသောကြောင့် စစ်ကောင်စီသည် လျှပ်စစ်အတွက် တရုတ်ကို ပိုမို မှီခိုအားထားလာသည်။

ဓာတ်အားပြတ်တောက်ခြင်းသည် စစ်ကောင်စီအတွက် စိန်ခေါ်မှုဖြစ်ကြောင်း မင်းအောင်လှိုင်က သူ၏ ဝန်ကြီးအဖွဲ့ကို ပြောသည်။ လက်ရှိ ဓာတ်အားထုတ်လုပ်မှုသည် နိုင်ငံ၏ လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းပင် မပြည့်ကြောင်း စစ်ကောင်စီခေါင်းဆောင်က ဝန်ခံသည်။

ဓာတ်အားပြတ်တောက်ရခြင်းသည် တရုတ် ကျောထောက်နောက်ခံပြု မြစ်ဆုံစီမံကိန်း အပါအဝင် စီမံကိန်းကြီးများကို သူဖြုတ်ချခဲ့သည့် ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက ဆိုင်းငံ့ခဲ့သောကြောင့် ဖြစ်သည်ဟု အပြစ်တင်သည်။

ဘေဂျင်းသည် စစ်ကောင်စီကို နိုင်ငံတကာစင်မြင့်တွင် ထောက်ခံပြီး စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သူများအား ဖြိုခွဲရန် ဒေါ်လာ သန်းပေါင်းများစွာတန်သည့် လက်နက်များ ရောင်းချနေသောကြောင့် မြန်မာတွင် တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ် မြင့်မားနေသည်။

မေလတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ကန်းသည် မြန်မာသို့ ရောက်လာပြီး စစ်ကောင်စီနှင့်အတူ ကမ္ဘာ့မျက်နှာစာတွင် ရပ်တည်မည်ဟု ကတိပြုသည်။ သူ၏ခရီးစဉ်နောက်ပိုင်း တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့် ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်းကို စောင့်သည့် စစ်ကောင်စီတပ်များကို တိုက်ခိုက်မှုများ ဖြစ်လာသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှ ဝမ်ပေါင် တရုတ်သတ္တုတူးဖော်ရေး ကုမ္ပဏီနှင့် စစ်တပ်ပိုင် ဓာတုစက်ရုံတို့သည် ဒေသခံကျေးရွာများကို သတ်ဖြတ် တိုက်ခိုက်ရန်နှင့် အရပ်သားများကို အငြင်းပွားဖွယ် ဖမ်းဆီးရန် အခြေစိုက်စခန်းအဖြစ် သုံးခွင့်ပြုနေသောကြောင့် သြဂုတ်လ ၂၀ ရက်နေ့တွင် ဒေသခံများက ဆန့်ကျင် ကန့်ကွက်ကြသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ China Pouring in Billions to Prop Up Myanmar’s Military Regime ကို ဘာသာပြန်သည်။)

You may also like these stories:

တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစောင့် စစ်တပ်စခန်း CDF အရှိုတပ်ဖွဲ့ တိုက်ခိုက်

တရုတ်အကျိုးစီးပွားကို မတိုက်ခိုက်ရန် NUG ကို တရုတ် လာရောက်ဆွေးနွေး

တကောင်းနီကယ်စက်ရုံသို့ သွယ်တန်းထားသော လျှပ်စစ်ဓာတ်အားလိုင်းတာဝါ မိုင်းခွဲခံရ

တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်စီမံကိန်းများ အမြန်ဆုံးပြန်စရန် စစ်ကောင်စီ မျှော်လင့်

Your Thoughts …
Tags: BRIGMSNLDစစ်ကောင်စီစီးပွားရေးတရုတ်တရုတ်ဆန့်ကျင်ရေးမဲခေါင်ဒေသခွဲမြစ်ဆုံစီမံကိန်းရင်းနှီးမြှုပ်နှံမှုရေနံနှင့်ဓာတ်ငွေ့ဝမ်ပေါင်အရေးယူပိတ်ဆို့မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကလေးမြို့တွင် စက်သုံးဆီနှင့် ကုန်ပစ္စည်းများ ပြတ်

ကလေးမြို့တွင် စက်သုံးဆီနှင့် ကုန်ပစ္စည်းများ ပြတ်

ဖားကန့်၌ စစ်တပ်က အရပ်သားများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်သွား

ဖားကန့်၌ စစ်တပ်က အရပ်သားများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်သွား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved