• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြန်မာနှင့် မြောက်ကိုရီးယားကို နှိုင်းယှဉ်လေ့လာခြင်း

by Andrew Salmon
29 March 2018
in ဆောင်းပါး
A A
မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်နှင့် မြောက်ကိုရီးယားမှ ကင်ဂျုံအွန်တို့ တူညီသောအချက်မှာ အမျိုးသားရေး ဂုဏ်သိက္ခာ ကြီးမားသော ဆွေစဉ်မျိုးဆက်များမှ ဆင်းသက်လာခြင်းပင် / blogs.griffith.edu.au

မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်နှင့် မြောက်ကိုရီးယားမှ ကင်ဂျုံအွန်တို့ တူညီသောအချက်မှာ အမျိုးသားရေး ဂုဏ်သိက္ခာ ကြီးမားသော ဆွေစဉ်မျိုးဆက်များမှ ဆင်းသက်လာခြင်းပင် / blogs.griffith.edu.au

18.1k
VIEWS
Share on FacebookShare on Twitter

၂၀၁၀ ခုနှစ်အထိ မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံတို့သည် အာရှ၏ တဖက်စွန်းဆီမှ အထီးကျန်နိုင်ငံ ၂ ခုဖြစ်ခဲ့ကြသည်။ သို့သော် မြောက်ကိုရီးယားသည် အထီးကျန် အမှောင်ထုအတွင်း ကျန်ရစ်ခဲ့ပြီး မြန်မာနိုင်ငံသည် “ရိုဟင်ဂျာ” ပြဿနာကြောင့် ဝေဖန်မှု မုန်တိုင်းများ တိုက်ခံနေသော်လည်း နိုင်ငံတကာ အသိုင်းအဝန်း၏ အလင်းရောင်အောက်သို့ ရောက်ရှိ တိုးတက်လာသည်။

မြန်မာနှင့်မြောက်ကိုရီးယား ၂ နိုင်ငံလုံးတွင် နေထိုင်လေ့လာခဲ့သူ အင်္ဂလိပ်-အမေရိကန်ကပြား အင်ဒရေ အီဘရာဟင်မီယန် Andray Abrahamian သည် ” မြောက်ကိုရီးယားနှင့် မြန်မာ (သို့မဟုတ်) မတူညီသော လမ်းကြောင်းများ” (McFarland, 2018) ကို ရေးသားခဲ့သူ အသက် ၄၀ အရွယ် သုတေသီဖြစ်သည်။ သူသည် မြောက်ကိုရီးယားနိုင်ငံအကြောင်းကို လွန်စွာ စိတ်ဝင်စားလာခဲ့သည်။

“မြောက်ကိုရီးယားနဲ့ပတ်သက်တဲ့ သတင်းတွေဟာ ဇာတ်လမ်း အပြည့်အစုံကို ဖော်ပြခြင်း မရှိဘူးလို့ ကျနော်ခံစားမိပြီး စစ်ကာလမှာ မီဒီယာတွေက ရန်ဘက်နိုင်ငံတွေကို ဘယ်လိုရေးသားဖော်ပြကြတယ်ဆိုတာကို ကျနော်စိတ်ဝင်စားလာတယ်။ ဒါကြောင့်မို့ ကျနော့်ရဲ့ ပါရဂူဘွဲ့စာတမ်းအတွက် ဒီအကြောင်းကို လေ့လာဖို့ ဆုံးဖြတ်လိုက်တယ်” ဟု သူက ရှင်းပြသည်။

တောင်ကိုရီးယားနိုင်ငံ အူလ်စန်တတ္တသိုလ်တွင် ပါရဂူဘွဲ့အတွက် လေ့လာစဉ်အတွင်း သူသည် မြောက်ကိုရီးယား စီးပွားရေးလုပ်ငန်းများအတွက် ဆွေးနွေးပွဲများ ကျင်းပပေးသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းတခုဖြစ်သည့် Choson Exchange မှ အမှုဆောင်ဒါရိုက်တာ ဂျော့ဖ်စီး Geoff See နှင့်တွေ့ဆုံခဲ့ပြီး ပြည်ပ အထူးသဖြင့် စင်္ကာပူနှင့် တရုတ်နိုင်ငံများတွင် ဆက်လက်ပညာဆည်းပူးခဲ့သည်။ ထိုသို့တွေ့ဆုံခဲ့ခြင်းကြောင့် အီဘရာဟင်သည် Choson Exchange တွင် ၄ နှစ်ကြာမျှ အမှုဆောင်ဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့ပြီး ထိုကာလအတွင်း မြောက်ကိုရီးယားနိုင်ငံသို့ ၂၇ ကြိမ်သွားရောက်ခဲ့သည်။

၂၀၁၅ ခုနှစ်တွင်မူ သူ၏ဇနီးက မြန်မာနိုင်ငံတွင် သူ့အတွက် အလုပ်အကိုင်တခု စီစဉ်ပေးခဲ့သောကြောင့် ထိုအစီအစဉ်အတိုင်း လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့သည်။ “ကျနော်အရင်က မြန်မာနိုင်ငံကို တခေါက်ပဲ ရောက်ဖူးပေမယ့် မြန်မာနိုင်ငံဟာ အာရှက အခြားတခုတည်းသော အထီးကျန်နိုင်ငံဖြစ်နေတော့ အာရုံစိုက်မိနေခဲ့တယ်။ လူ့အဖွဲ့အစည်းတခု ပိုမို ပွင့်လင်းတဲ့ဖက်ကို ကူးပြောင်းလာရင် ဘာတွေဖြစ်မလဲဆိုတာကို ကျနော်လေ့လာချင်နေတာ” ဟု သူက ပြောသည်။

သူသည် မြန်မာနိုင်ငံ ရန်ကုန် တက္ကသိုလ်တွင် သင်ကြားပို့ချရင်း ကုမ္ပဏီများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအတွက် အကြံဉာဏ်များပေးနေသည်။

သူ အထူးပြုလေ့လာခဲ့သော နိုင်ငံ ၂ နိုင်ငံတွင် ယခင်က တူညီသောအချက်များစွာ ရှိသည်။ “ဒီ ၂ နိုင်ငံဟာ အရမ်းကို အထီးကျန်နေခဲ့တုန်းက တနိုင်ငံနဲ့ တနိုင်ငံဟာ မိတ်ဖက်နိုင်ငံတွေအဖြစ် လိုလိုလားလား ထူထောင်ဖို့ ကြိုးစားကြတယ်။ ၂ နိုင်ငံလုံးဟာ အရေးယူပိတ်ဆို့မှုတွေ ကြားမှာ ရုန်းကန်နေရတယ်။ ၂ နိုင်ငံလုံးက တရုတ်နိုင်ငံကို မှီခိုအားထားနေရပြီး မိတ်ဆွေတွေ လိုအပ်နေကြတယ်” ဟု ရှင်းပြသည်။

စိမ်းလန်းစိုပြေသော အပူပိုင်းဒေသမှ မြန်မာနိုင်ငံက အစားအစာ ပြတ်လပ်နေသော မြောက်ကိုရီးယားနိုင်ငံအတွက် ဆန်များ တင်ပို့ပေးပြီး မြောက်ကိုရီးယားက မြန်မာနိုင်ငံအတွက် လက်နက်များ ပြန်တင်ပို့ပေးသည်။ မြန်မာနိုင်ငံသည် တရုတ်၊ ရုရှား၊ အစ္စရေးတို့အပြင် အခြားလက်နက်ရောင်းချပေးသောနိုင်ငံများ လိုအပ်နေသည်။

မြောက်ကိုရီးယားနိုင်ငံသည် အင်ဂျင်နီယာပညာရပ်ဆိုင်ရာ စွမ်းရည်ကိုလည်း အသုံးချပြီး မြန်မာနိုင်ငံ၏ မြို့တော်သစ် နေပြည်တော်ကို ကူညီတည်ဆောက်ပေးသည်။ မြန်မာနိုင်ငံ၏ မြေအောက်လှိုဏ်ခေါင်းကွန်ရက်အတွက် ကျွမ်းကျင်မှုများကို ပံ့ပိုးပေးသည်။

ပြည်တွင်းနှင့် ပြည်ပ လုံခြုံရေးခြိမ်းခြောက်မှုများ

အင်ဒရေ အီဘရာဟင်မီယန် အဆိုအရ မြန်မာနိုင်ငံသည် နိုင်ငံတကာအသိုင်းအဝန်း၏ အလင်းရောင်အောက်သို့ ပြန်လည်ရောက်ရှိလာပြီး မြောက်ကိုရီးယားနိုင်ငံ မရောက်ရှိလာရခြင်း၏ အဓိကအကြောင်းရင်းမှာ ထိုစစ်အစိုးရများ ရင်ဆိုင်နေရသည့် လုံခြုံရေးအရ ခြိမ်းခြောက်မှုခြင်း မတူညီသောကြောင့်ဖြစ်သည်။ လူမျိုးစု ၁၀၀ ကျော်ရှိပြီး ယဉ်ကျေးမှုပေါင်းစုံ ရောနှောနေသည့် မြန်မာနိုင်ငံတွင် လုံခြုံရေး ခြိမ်းခြောက်မှုသည် ပြည်တွင်းခြိမ်းခြောက်မှုသာဖြစ်ပြီး ကိုင်တွယ်စီမံနိုင်သော အနေအထားတွင် ရှိသည်။ လူမျိုးတမျိုးတည်းသာ ရှိသော မြောက်ကိုရီးယားတွင်မူ လုံခြုံရေးအရ ခြိမ်းခြောက်မှုမှာ ပြည်ပခြိမ်းခြောက်မှုဖြစ်ပြီး ကိုင်တွယ်စီမံရန် မဖြစ်နိုင်သော အနေအထားတွင် ရှိနေသည်။

“ဒီ ၂ နိုင်ငံမှာ အဓိ ကွဲပြားခြားနားတာက ဖြစ်တည်ရေးဆိုင်ရာ လုံခြုံရေး အကျပ်အတည်းပဲ။ မြန်မာနိုင်ငံမှာ လူမျိုးစုလက်နက်ကိုင်တွေနဲ့ ကွန်မြူနစ်ပုန်ကန်မှုတွေက နိုင်ငံကို တစိတ်တပိုင်းစီဖြစ်သွားအောင် လုပ်ဖို့ ကြိုးစားကြတယ်။ သူတို့တွေက အရမ်းကို အင်အားကြီးမားပြီး နိုင်ငံကို တစစီဖြစ်သွားအောင်လုပ်ဖို့ တကယ်လည်း ကြိုးစားခဲ့ကြတယ်။ ဒီလို စစ်ပွဲတွေမှာ အစုလိုက်အပြုံလိုက် သေစေနိုင်တဲ့လက်နက်တွေက အသုံးမဝင်ဘူး။ မြန်မာစစ်အစိုးရအတွက် ပုန်ကန်မှု နှိမ်နင်းရေးက အဓိကပဲ” ဟု သူက ရှင်းပြသည်။

“သူတို့က ပုန်ကန်မှုတွေ၊ အကွဲအပြဲတွေကို သေသေချာချာ လေ့လာကြည့်ရှုတယ်။ အထူးသဖြင့် ၁၉၉၀ ခုနှစ်တွေမှာပေါ့။ ပြီးတော့မှ ဒီမိုကရေစီနဲ့ ဒေါ်အောင်ဆန်းစုကြည်ပြဿနာဘက်ကို လှည့်ပြီး အစီအစဉ်တခု ချမှတ်လာတယ်” ဟု ဆိုသည်။

လူမျိုးစု ကွဲပြားခြင်းမရှိသော မြောက်ကိုရီးယားနိုင်ငံ ရင်ဆိုင်နေရသော ခြိမ်းခြောက်မှုမှာမူ အတိုင်းအဆ ကွဲပြားပြီး ကြီးမားလှသည်။ ပထမအချက်အနေဖြင့် ပြိုင်ဘက်တောင်ကိုရီးယားနိုင်ငံ ရှိနေပြီး လူဦးရေ ၂ ဆ ပိုမိုများပြားကာ စီးပွားရေးအရ အဆ ၄၀ ပိုမိုကြီးမားနေသည်။ ဒုတိယအချက်မှာ တောင်ပိုင်းသည် ကမ္ဘာ့အင်အားအကြီးဆုံး အမေရိကန်နိုင်ငံနှင့် မဟာမိတ်ဖြစ်နေပြီး အမေရိကန်က ကျူးကျော်နိုင်ရန် အလားအလာ ရှိနေသည်။ အမေရိကန်သည် မြောက်ကိုရီးယားနိုင်ငံနှင့် ၁၉၅၀-၅၃ စစ်ပွဲကို ငြိမ်းချမ်းရေးစာချုပ်ဖြင့် အဆုံးမသတ်ဘဲ အပစ်အခတ်ရပ်စဲရေး စာချုပ်ဖြင့်သာ အဆုံးသတ်ထားသောကြောင့် မြောက်ကိုရီးယားနိုင်ငံနှင့် တရားဝင် စစ်ဖြစ်နေဆဲလည်း ဖြစ်သည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
470
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
179
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
3k

“သူ့ရဲ့ လုံခြုံရေးအကျပ်အတည်းအတွက် မြောက်ကိုရီးယားနိုင်ငံရဲ့ တုံ့ပြန်မှုက ညူကလီးယားလက်နက်ဖြစ်ပြီး ဒီညူကလီးယားလက်နက်ကြောင့်ပဲ အထီးကျန်ဖြစ်ရတယ်။ သူတို့က ဒီပြဿနာနဲ့ ခွဲထုတ်လို့မရ ဖြစ်နေတယ်” ဟု သူက ပြောသည်။

နိုင်ငံရေးခေါင်းဆောင်များ

ထိုနိုင်ငံ ၂ ခုမှ လူတဦးစီကြောင့် နိုင်ငံများ၏ ကံကြမ္မာများလည်း ကွဲပြားရသည်။ မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်ရှိနေပြီး မြောက်ကိုရီးယားနိုင်ငံတွင်မူ ကင်ဂျုံအွန် ဟုခေါ်သော ငယ်ရွယ်သည့် စစ်ဗိုလ်ချုပ်ရှိနေသည်။ ၎င်းတို့ ၂ ဦးစလုံးတို့သည် အမျိုးသားရေး ဂုဏ်သိက္ခာ လွန်စွာကြီးမားသော ဆွေစဉ်မျိုးဆက်များမှ လာကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ပြီး ကင်ဂျုံအွန်သည် နိုင်ငံတည်ထောင်သူ ခေါင်းဆောင်ကြီး ကင်အီဆွန်း၏ မြေးဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းခြိမ်းခြောက်မှုကို ကိုင်တွယ်နိုင်သောအခါ စစ်အစိုးရသည် ၎င်းတို့ အာရုံစိုက်ရမည့် နယ်ပယ်ကို ပြောင်းနိုင်ခဲ့သည်။ “မြန်မာနိုင်ငံ အထီးကျန်ဖြစ်ရတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကို ဖိနှိပ်လို့ပါ။ အတိုက်အခံတွေကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီး သူဟာ တကယ့်ကို သူရဲကောင်းကြီးဖြစ်လာလို့ ဒေါ်အောင်ဆန်းစုကြည်ကို ထိတွေ့ဆက်ဆံဖြေရှင်းဖို့ စစ်အစိုးရက စဉ်းစားရတယ်” ဟု အင်ဒရေ အီဘရာဟင်မီယန်က ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ပထွက်သွားအောင်လုပ်ဖို့ သူတို့တွေ ကြိုစားခဲ့၊ မျှော်လင့်ခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့ခင်ပွန်း ဗြိတိန်နိုင်ငံသား ဆုံးတာတောင် မြန်မာနိုင်ငံကို ပြန်လာခွင့်မရမှာစိုးလို့ နိုင်ငံက ထွက်မသွားခဲ့ဘူး။ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ပျောက်ကွယ်သွားအောင် မလုပ်နိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းမှာရော ပြည်ပမှာပါ လူထုထောက်ခံမှု အရမ်းများခဲ့တယ်။ သူ့ကို လူတွေ ချစ်ခင်ကြတာကို လျှော့တွက်လို့ မရတော့ဘူး” ဟု သူက ရှင်းပြသည်။

သူ၏ မျိုးရိုးဂုဏ်နှင့် လူထုထောက်ခံမှုတို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် အမြဲတစေ ရှင်သန်နေပြီး အနည်းဆုံး တစိတ်တပိုင်းအားဖြင့် ပေါ်ပေါ်ထင်ထင် ရှိနေသည်။ ထို့ကြောင့် စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို ထိတွေ့ဆက်ဆံဖြေရှင်းရန်မှတပါး အခြားနည်းလမ်းမရှိတော့ဘဲ နောက်ဆုံးတွင် အာဏာစင်္ကြန်အတွင်းသို့ ဝင်ခွင့်ပြုလိုက်ရသည်။

မြောက်ကိုရီးယားနိုင်ငံ၏ အခြေအနေမှာ ဆန့်ကျင်ဖက်ဖြစ်နေသည်။ အတွေးအခေါ်အရ စည်းလုံးညီညွတ်မှုအတွက် အခြေခံကို ဖန်တီးပေးသည့် လွန်စွာအရေးပါလှသော နိုင်ငံ တည်ထောင်သည့် မျိုးရိုးဂုဏ်ပုဒ် ရရှိထားသူမှာ စစ်အစိုးရကို အတိုက်အခံလုပ်နေသူ မဟုတ်ဘဲ နိုင်ငံ၏ ခေါင်းဆောင်ဖြစ်နေသည်။ ထိုအာဏာကို လျှော့တွက်မရနိုင်ပေ။

“မြောက်ကိုရီးယားနိုင်ငံဟာ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်ကလောက် ညီညွတ်ထိန်းချုပ်နိုင်စွမ်း မရှိတော့ရင်တောင်မှ ဒီနေ့အထိ အလုပ်ဖြစ်နေတဲ့ အတွေးအခေါ်နဲ့ တင်ပြချက်ကို ဖန်တီးထားနိုင်သေးတယ်။ အဲဒီဇာတ်လမ်းက ပြည်သူအများစုကြားမှာ အလုပ်ဖြစ်နေသေးတယ်။ ဒါမျိုးက မြန်မာနိုင်ငံမှာ မရှိဘူး” ဟု သူက ဆိုသည်။

ထို့အပြင် နိုင်ငံတော်က အကြီးအကျယ်ထိန်းချုပ်ထားခြင်းကြောင့် မြောက်ကိုရီးယား အစိုးရသည် နိုင်ငံကို ပြည်ပမှ မလေ့လာနိုင်အောင် အကြီးအကျယ်လုပ်ဆောင်နိုင်ခဲ့သည်။ “ကပ်ဆိုက်နေတဲ့နေရာကို ခိုးဝင်ပြီး သတင်းရေးသားဖော်ပြနိုင်တဲ့နေရာမှာလည်း ဒီ ၂ နိုင်ငံ မတူဘူး။ မြောက်ကိုရီးယားမှာ ဒါမျိုးကို စိတ်ကူးတောင်ယဉ်လို့ မရပေမယ့် မြန်မာနိုင်ငံမှာ ရတယ်” ဟု သူပြောသည်။

ကင်ဂျုံအွန်သည်သူ၏ မိသားစုတွင် ၃ ဆက်မြောက် အာဏာရသူဖြစ်သောကြောင့် ကျယ်ပြန့်သော အခြေခံများ ချမှတ်ထားပြီးဖြစ်ကာ အခြားမည်သည့်ခေတ်သစ်နိုင်ငံတွင်မျှ မရှိသော ဖိနှိပ်ရေး ယန္တရားဖြင့် သူ၏အာဏာကို ခိုင်မာအောင် လုပ်ဆောင်နိုင်သည်။ မြောက်ကိုရီးယားနိုင်ငံတွင် မူဝါဒချမှတ်သောအဆင့်၊ ခရိုင်အဆင့်၊ လမ်းမပေါ်အဆင့် အဆင့်တိုင်း အတိုက်အခံမရှိသလို တောတောင်များအတွင်းတွင်လည်း အတိုက်အခံ မရှိပေ။ တရုတ် သို့မဟုတ် တောင်ကိုရီးယား သို့မဟုတ် ရုရှားနိုင်ငံတို့၏ နယ်ခြားဒေသများတွင် စုပြုံချထားသော ပျောက်ကြားတပ်ဖွဲ့များလည်း မရှိပါ။

“မြောက်ကိုရီးယားမှာ အတိုက်အခံခေါင်းဆောင်တယောက် ပေါ်ပေါက်လာဖို့ဆိုတာ စဉ်းစားဖို့တောင် ခက်တယ်။ ထင်ထားတာထက် ပိုပြီး အတွေးအခေါ်အရ ညီညွတ်မှု ရှိနေတယ်။ ဖိနှိပ်ရေး ယန္တရားကလည်း ထင်ထားတာထက် ပိုပြီး သြဇာကြီးမားတယ်။ စနစ်ပြောင်းဖို့ ဖိအားတွေ မတိုးနိုင်အောင် လုပ်ထားတယ်” ဟု သူပြောသည်။

ဈေးကွက်စီးပွားရေးနှင့် လူမှုအခြေပြု အဖွဲ့အစည်းများ

သို့သော်မြောက်ကိုရီးယားသည် သတင်းများတွင် ဖေါ်ပြသကဲ့သို့ စစ်အေးတိုက်ပွဲအတွင် ကျန်ရစ်နေသည့်နိုင်ငံမဟုတ်ပေ။ “အပြောင်းအလဲအတွက် ဖိအားကတော့ရှိနေမယ်လို့ကျနော်ထင်တယ်။ စီးပွားရေး လုပ်ငန်းတွေ လုပ်လို့ရအောင် တည်ငြိမ်မှုလိုလားတဲ့ လူတန်းစားတခုကတော့ရှိနေမှာပဲ။ တရုတ်နိုင်ငံမှာ ခံစားနေရတဲ့ စီးပွားရေးအရ လွတ်လပ်မှုကို သူတို့လည်းမြင်မှာပဲလေ” ဟု အင်ဒရေ အီဘရာဟင်မီယန်က ပြောသည်။

ထိုလူတန်းစားသည် မြောက်ကိုရီးယားနိုင်ငံတွင် ဖူလုံမှုနှင့် အရေးယူပိတ်ဆို့မှုကို ခံနိုင်အောင် လုပ်ပေးနေသော ဈေးကွက်ဝင် စီးပွားရေးကို ဖန်တီးခဲ့သည့် လုပ်ငန်းရှင်များမှ ပေါက်ဖွားလာမည်ဖြစ်သည်။ ၁၉၉၀ ခုနှစ်များအလယ်တွင် အငတ်ဘေးများနှင့် ဥရောပ ကွန်မြူနစ်ဝါဒ ကျဆုံးမှုကြောင့် ဆိုရှယ်လစ် ကုန်စည်ဖြန့်ချိရေး စနစ်သည် ပျက်စီးသွားသော်လည်း အသက်ဆက်ပေးသော ဈေးများပေါ်ပေါက်လာကာ တရုတ်နိုင်ငံမှ မှောင်ခိုတင်သွင်းလာသော အစားအစာနှင့်ဆေးဝါးများကို ကုန်သွယ်ကြသည်။

ထိုမှောင်ခိုဈေးများမှတဆင့် မြောက်ကိုရီးယားနိုင်ငံသားအများစု၏ နေ့စဉ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေသည့် တနိုင်ငံလုံး အတိုင်းအတာနှင့် ကျယ်ပြန့်သည့် ဈေးကွက် ကွန်ယက်တခု ပေါ်ပေါက်လာခဲ့သည်။ ထိုဈေးကွက်ကွန်ရက်ပေါ်ပေါက်လာကြောင်းကို အချက်အလက်အများစုက ပြသနေသည်။ ထိုဈေးများသည် ယခုအခါ ဗြောင်ကျကျ လုပ်ကိုင်နေကြပြီဖြစ်သော်လည်း နိုင်ငံတော်က ကြီးကြပ်စောင့်ကြည့်နေသည်။

မြောက်ကိုရီးယားနိုင်ငံသည် ထိုဈေးကွက် ပေါ်ပေါက်လာခြင်းကို ခွင့်မပြုလိုဘဲ ခွင့်ပြုလိုက်ရသည်။ မြောက်ကိုရီးယားနိုင်ငံသည် ထိုဈေးများကို ၂၀၀၉ ခုနှစ်က ငွေကြေးစနစ်ပြုပြင်ပြောင်းလဲခြင်းဖြင့် တကြိမ်၊ ၂၀၁၁ ခုနှစ်က ကင်ဂျုံအီ ဈာပနအတွင်းကတကြိမ် ဖြိုခွင်းရန်ကြိုးစားသော်လည်း အောင်မြင်ခြင်းမရှိပေ။ မည်သည့် လူမှုအခြေပြုအဖွဲ့အစည်းမျှလည်း ပေါ်ပေါက်လာခြင်း မရှိပေ။ “လူမှုအခြေပြုအဖွဲ့အစည်း တကယ်ကို မရှိတဲ့ နိုင်ငံဗျ” ဟု အီဘရာဟင်က ဆိုသည်။

မြန်မာနိုင်ငံတွင်မူ ထိုသို့မဟုတ်ပေ။ “ မြန်မာနိုင်ငံက ၁၉၆၂ ကနေ ၁၉၈၈ အထိ ဆိုရှယ်လစ်နိုင်ငံဖြစ်ခဲ့တယ်။ နောက်တော့ ကြောက်စရာ အကြမ်းဖက်မှုတွေဖြစ်ပြီး ဆိုရှယ်လစ် စမ်းသပ်မှု အဆုံးသတ်သွားတယ်။ ဈေးကွက် စီးပွားရေးဖြစ်လာတယ်။ လူမှုအခြေပြုအဖွဲ့အစည်းတွေ နိုင်ငံရေးပါတီတွေ ပေါ်ပေါက်လာတယ်။ သူတို့က နိုင်ငံရေးကို အတော်မြန်မြန် ချေမှုန်းပစ်ပေမယ့် လူမှုအခြေပြုအဖွဲ့အစည်းတွေကို ခွင့်ပြုခဲ့တယ်” ဟုလည်း ပြောသည်။

ထိုအဖွဲ့အစည်းများ၏ အစောပိုင်းပုံစံမှာ ကျောင်းများ၊ ကျန်းမာရေးလုပ်ငန်းဆောင်ရွက်သော စေတနာအဖွဲ့များနှင့် ပုဂ္ဂလိက ကုမ္ပဏီများဖြစ်ပြီး ၎င်းတို့သည် ဆက်သွယ်ရေးနှင့် ကွန်ရက်ဖွဲ့စည်းရေးအတွက် အခြေခံများဖြစ်လာပြီး နောက်ပိုင်း နိုင်ငံရေးလှုပ်ရှားမှုများတွင် သြဇာကြီးမားလာကြသည်။

ဆိုရှယ်လစ်စနစ် ကျဆုံးသွားသော မြန်မာနိုင်ငံသည် နိုင်ငံရေးအပြောင်းအလဲနှင့် နောက်ဆုံးတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် စံနမူနာ ဖြစ်လာသည်။ “သူတို့တွေက ဒီမိုကရေစီတပိုင်းစနစ်အတွက် ဆယ်စုနှစ်တခုလောက် ကြိုတင်ပြင်ဆင်ခဲ့တယ်။ ရုတ်တရက် ထ လုပ်တာ မဟုတ်ဘူး။ မြောက်ကိုရီးယားနိုင်ငံမှာ ဒီလို အုပ်ချုပ်ရေး စနစ်ပြောင်းဖို့ စီစဉ်တာ မရှိဘူး” ဟု သူရှင်းပြသည်။

မြန်မာနှင့်မြောက်ကိုရီးယား ၂ နိုင်ငံလုံးတွင် နေထိုင်လေ့လာခဲ့သူ အင်္ဂလိပ်-အမေရိကန်ကပြား အင်ဒရေ အီဘရာဟင်မီယန်/ Andrew Salmon

အမျိုးသားရေးဝါဒ ပြန်လည်ခေါင်းထောင်လာခြင်း

နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် ၁၉၉၀ ခုနှစ်များမှ စတင်ခဲ့သည့် မပြီးဆုံးနိုင်သော ကြိုတင်ခန့်မှန်းချက်များအတိုင်း ရုတ်တရက် အပြောင်းအလဲ၊ ပြိုကွဲမှုများကို မမျှော်လင့်သင့်ကြောင်း အီဘရာဟင်က သတိပေးသည်။ တရုတ်နှင့် ဗီယက်နမ်တို့သည် အခြေခံကျသော စီးပွားရေး အပြောင်းအလဲများကို ပြုလုပ်ခဲ့ပြီး ပါတီ၏ ထိန်းချုပ်မှုကို ဆက်လက်ထိန်းသိမ်းထားသည်။ သူသည် မြောက်ကိုရီးယားကို ၁၉၇၄ ခုနှစ်က တိန့်ရှောင်ဖိန်၏ တရုတ်နိုင်ငံနှင့် တူနေသည်ဟု မြင်သည်။

“ ကျနော် မြောက်ကိုရီးယားတယောက်နဲ့ ဘေ့ဂျင်းမှာ မိုးထိုးနေတဲ့ အဆောက်အအုံတွေ၊ ဘေလ်ဘုတ်ကြီးတွေ၊ ကားတွေကို ကြည့်ပြီး စကား ပြောခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကဆိုရင် ဘေဂျင်းဟာ အခုလို နိုင်ငံတကာ မြို့တော်ကြီးဖြစ်လာမယ်လို့ ဘယ်သူမှ ထင်မှာ မဟုတ်ဘူးလို့ သူပြောတယ်။ နောက်ပြီးတော့ သူက ပြုံယမ်းဟာလည်း နောက် နှစ် ၂၀ ကြာရင် ဒီလိုပဲဖြစ်လာလိမ့်မယ် လို့ ဆက်ပြောုတယ်။ ကျနော်တို့ ပုန်ကန်မှုတွေ၊ တဆစ်ချိုးအပြောင်းအလဲတွေကို လိုချင်ကြတယ်။ ဒါပေမယ့် မြောက်ကိုရီးယားတွေ လိုချင်တာက လက်ရှိဘဝပုံစံအတိုင်း ပိုမိုချမ်းသာကြွယ်ဝချင်ကြတာ” ဟု ဆိုသည်။

ကပြားဖြစ်ပြီး နှစ်နိုင်ငံသားဖြစ်သော အီဘရာဟင်က မျိုးချစ်စိတ်ဓါတ်နှင့် ပိုမိုပြင်းထန်သော အမျိုးသားရေးဝါဒတို့နှင့်ပတ်သက်ပြီး ပြင်ပလူ တဦး၏ အမြင်ဖြင့်ပြောသည်။ သူမြင်တွေ့ရသော အရာများအတွက် အံ့သြ တုန်လှုပ် စိတ်ဖိစီးရသည်ဟု သူပြောသည်။

“အမျိုးသားရေးဝါဒဆိုတာ အံ့သြစရာကြီးပါ။ ပြည်သူတွေဟာ မှားယွင်းအုပ်ချုပ်မှုတို့ ဖိနှိပ်မှုတို့ ရှိနေတာတောင် သူတို့ နိုင်ငံကို အရမ်းကို ချစ်ကြတယ်။ လူတွေဟာ သူတို့ကိုယ်သူတို့နဲ့ သူတို့နိုင်ငံအကြောင်းကို ထင်ချင်ရာထင်ပြီး ဦးတည်ရာမဲ့ လျှောက်သွားနေကြတယ်။ တခါတခါ ချစ်ကြ ထောက်ခံကြတယ်၊ တခါတခါ စိတ်ပျက်ကြ မုန်းတီးကြနဲ့” ဟု ကောက်ချက်ချသည်။

မြန်မာနိုင်ငံတွင်လည်း လူမျိုးရေး အခြေပြု အမျိုးသားရေးဝါဒသည် အလားတူ သြဇာကြီးမားနေဆဲဖြစ်သည်ဟု အီဘရာဟင်က ဆိုသည်။ အထူးသဖြင့် လတ်တလောတွင် အများစုက ရိုဟင်ဂျာများကို ပစ်မှတ်ထားနေချိန်တွင် အမျိုးသားရေးသည် သြဇာကြီးမားနေသည်ဟု သူက ဆိုသည်။

“လူမျိုးတို့၊ နိုင်ငံတို့ ဆိုတာတွေက အရေးပါနေဆဲဆိုတာ အံ့သြစရာပဲ။ ဒါတွေက အရေးမပါတော့ဘူးလို့ ထင်ခဲ့တာ။ သူတို့တွေ ဒီမိုကရေစီပဲ လိုချင်တယ်လို့ ကျနော်တို့ ထင်ခဲ့တာ။ လူမျိုးရေး ဗဟိုပြု ဒီမိုကရေစီ ပုံစံအတွက် ကျနော်တို့ ပြင်ဆင်မထားခဲ့ကြဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူမျိုးရေး ဗဟိုပြု အမျိုးသားရေးဝါဒီလို့ ကျနော်တို့ မထင်ချင်ကြဘူး” ဟု အီဘရာဟင်က ပြောဆိုသည်။

( Asia Times ပါ Andrew Salmon ၏ Myanmar and North Korea: compared and contrasted ကို ဘာသာပြန်ဆိုသည်)

Your Thoughts …
Tags: နှိုင်းယှဉ်လေ့လာခြင်းမြန်မာမြောက်ကိုရီးယား
Andrew Salmon

Andrew Salmon

Contributor

Similar Picks:

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

by ဧရာဝတီ
22 September 2023
16.7k

ယာယီသမ္မတအနေဖြင့် စက်တင်ဘာ ၂၀ ရက်နေ့ကကျင်းပခဲ့သည့် ပြည်ထောင်စုနှင့် ပြည်နယ်ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (FSCC) အစည်းအဝေးတွင် ယခုကဲ့သို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်

မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်

by ဧရာဝတီ
3 November 2023
15.7k

ရှမ်းပြည်နယ်မြောက်ပိုင်းကို မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း “၁၀၂၇ စစ်ဆင်ရေး” ဆောင်ရွက်နေသည့် ညီနောင်မဟာမိတ်တပ်များက ဧရာဝတီသို့ ပြောသည်။

နောင်ချိုမြို့နဲ့ ဂုတ်တွင်းတံတားကို မဟာမိတ်တပ်တွေ စီးနင်းထိန်းချုပ်

နောင်ချိုမြို့နဲ့ ဂုတ်တွင်းတံတားကို မဟာမိတ်တပ်တွေ စီးနင်းထိန်းချုပ်

by မိုင်းခြိူဝ်းဇာရ်
30 October 2023
11.6k

TNLA နဲ့ MDY-PDF တို့ဟာ နောင်ချိုမြို့ပေါ် ရက်ကွက်တွေထဲ ဝင်ရောက်တာမျိုးမရှိသေးပေမယ့် မြို့ပတ်လည်လည်မှာ လှုပ်ရှားထိန်းချုပ်ထားပါတယ်။

မြောက်ကိုရီးယား လုပ်ကြံရေးသမားကို ဖမ်းဆီးခဲ့သည့် အမေ့ခံ ဒေါ်ဓားစန်းရီ

မြောက်ကိုရီးယား လုပ်ကြံရေးသမားကို ဖမ်းဆီးခဲ့သည့် အမေ့ခံ ဒေါ်ဓားစန်းရီ

by ဧရာဝတီ
11 October 2023
10k

"သူ့ရဲ့ ဘယ်လက် ပြတ်သွားတယ်။ ညာဘက်လက်မှာ လက်ချောင်း လေးချောင်းပြတ်ပြီး လက်မပဲ ကျန်တော့တယ်" ဟု ဒေါ်ဓားစန်းရီက ပြောသည်။

အမ်းမြို့

အမ်းမြို့

by ဧရာဝတီ
3 November 2024
9.3k

အမ်းမြို့သည် လေးဘက်၊ လေးမျက်နှာ၌ တောင်စွယ် တောင်ကုန်းများဖြင့် ဝန်းရံလျက်ရှိ၍ ထိုတောင်စွယ် တောင်ကုန်း တို့သည် သစ်ပင်တောအုပ်များဖြင့် ဖုံးလွှမ်းကာ မှိုင်းမှိုင်းညို့ညို့ ရှိနေသဖြင့် ရှုမျှော်ခင်း သာယာသည်။

လားရှိုးမြို့ပေါ်က စစ်ကောင်စီ စစ်တပ်စခန်းတွေ မြောက်ပိုင်းမဟာမိတ် ဝင်တိုက်

လားရှိုးမြို့ပေါ်က စစ်ကောင်စီ စစ်တပ်စခန်းတွေ မြောက်ပိုင်းမဟာမိတ် ဝင်တိုက်

by မိုင်းခြိူဝ်းဇာရ်
28 October 2023
8.4k

မြို့ပေါ်ထိ တိုက်ပွဲဖြစ်လာတော့ စျေးတွေ ပိတ်သိမ်းကုန်တယ်။ လမ်းပေါ်မှာလည်း လူသွားလာတာ နည်းတယ်။ ဆိုင်ခန်းတွေ ပိတ်ကြတာပဲ။ စိုးရိမ်ကြတာပေါ့

Next Post
သမ္မတကြီးအား ကြိုဆိုပါ၏

သမ္မတကြီးအား ကြိုဆိုပါ၏

ကိုရီးယား မင်းသမီး ဆောင်းဟေဂို

လက်ထပ်ပြီးနောက် ပထမဆုံး ကြော်ငြာအသစ်မှာ မြင်တွေ့ရတော့မယ့် မင်းသမီး ဆောင်ဟေဂို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved