• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

နွေဦးတော်လှန်ရေးအတွက် ကြီးထွားလာနေသော အတွင်းအန္တရာယ်များ

by ဇုန်းရိန်
28 October 2024
in သူ့အတွေး သူ့အမြင်
A A
နွေဦးတော်လှန်ရေးအတွက် ကြီးထွားလာနေသော အတွင်းအန္တရာယ်များ

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့က စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်ရေး ဆန္ဒပြသူများနှင့် လုံခြုံရေး ယူပေးနေသည့် စစ်ကိုင်းတော်လှန်ရေးသမားများ / Ko Pyay Kyaw

6.2k
VIEWS
Share on FacebookShare on Twitter

လက်ရှိ မြန်မာ့လူထု တော်လှန်ရေးအတွက် ကြီးထွားလာနေသော အတွင်းအန္တရာယ်များက မည်သည့်အရာများဖြစ်ကြောင်း သဘောတရားပိုင်းအရ နားလည်နိုင်စေရန် ကမ္ဘာကျော် တော်လှန်ရေးခေါင်ဆောင်ကြီးများ၏ အဆိုအမိန့် အချို့ကို ဦးစွာအကျဉ်းချုပ် တင်ပြလိုပါသည်။

မော်စီတုန်း ပြောခဲ့သည့် “ပြည်သူများအကြား ဝိဝါဒကွဲပြားမှုကို နည်းမှန်လမ်းမှန် ကိုင်တွယ်ဖြေရှင်းရေး” (On the Correct Handling of Contradictions Among the People-1957) မိန့်ခွန်း၊ ဗလာဒီမာ လီနင် ရေးခဲ့သည့် “လက်ဝဲ ကွန်မြူနစ်ဝါဒ – ဖရိုဖရဲဖြစ်မှု အစကနဦး (Left-Wing Communism: An Infantile Disorder- 1920) နှင့် လီယွန် ထရော့စကီး ရေးခဲ့သည့် “တော်လှန်ရေး သစ္စာဖောက်မှု” (The Revolution Betrayed- 1937) တို့ကို အကျဉ်းချုပ်ရလျှင် အရေးကြီး အချက် လေးချက်ကို ကောက်ချက် ထုတ်နိုင်ပါသည်။

အောင်မြင်သော တော်လှန်ရေးကို ဆင်နွဲနိုင်ဖို့ဆိုလျှင် (၁) တော်လှန်ရေးအင်အားစုများအကြား အတွင်းရေး စည်းလုံးမှု အရေးကြီးသည်၊ (၂) မိမိ၏ အုပ်ချုပ်ရေးယန္တရားသည် မိမိအဖွဲ့အစည်းကို နောက်ပြန်ဆွဲသည့်ယန္တရား မဖြစ်ရအောင် စနစ်တကျ စီမံခန့်ခွဲရန် အရေးကြီးသည်၊ (၃) တော်လှန်ရေးတွင် အတွင်းအန္တရာယ်သည် ပြင်ပအန္တရာယ်ထက် ပို၍အန္တရာယ်ကြီးသည်၊ (၄) ရန်သူ၏ အားနည်းချက်ကို ကျွမ်းကျင်စွာ အသုံးချနိုင်ရန် အရေးကြီးသည်။

အောင်မြင်သော တော်လှန်ရေးကို ဆင်နွဲနိုင်ဖို့ဆိုလျှင် (၁) တော်လှန်ရေးအင်အားစုများအကြား အတွင်းရေး စည်းလုံးမှု အရေးကြီးသည်၊ (၂) မိမိ၏ အုပ်ချုပ်ရေးယန္တရားသည် မိမိအဖွဲ့အစည်းကို နောက်ပြန်ဆွဲသည့်ယန္တရား မဖြစ်ရအောင် စနစ်တကျ စီမံခန့်ခွဲရန် အရေးကြီးသည်၊ (၃) တော်လှန်ရေးတွင် အတွင်းအန္တရာယ်သည် ပြင်ပအန္တရာယ်ထက် ပို၍အန္တရာယ်ကြီးသည်၊ (၄) ရန်သူ၏ အားနည်းချက်ကို ကျွမ်းကျင်စွာ အသုံးချနိုင်ရန် အရေးကြီးသည်။

ဤအချက် လေးချက်ကို ပေတံအဖြစ်အသုံးပြုပြီး လက်ရှိ လူထုတော်လှန်ရေးကို တိုင်းတာကြည့်မည်ဆိုလျှင် တော်လှန်ရေးတွင် ကြီးမားသောအန္တရာယ်များ ရှိနေသည်ကို စာဖတ်သူ တွေ့မြင်နိုင်မည်ဟု ယူဆပါသည်။

ကြီးထွားလာနေသည့် အတွင်းရေး စည်းလုံးမှုဆိုင်ရာ အန္တရာယ်

အတွင်းရေး စည်းလုံးမှုဆိုင်ရာ အန္တရာယ်ကို စစ်ကိုင်းတိုင်းတွင် မြင်နေရသည်။ စစ်ကိုင်းတိုင်းသည် ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက် အစောဆုံး လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့သော ဒေသတခုဖြစ်သည်။ စစ်ကိုင်းတိုင်းက လူထုတော်လှန်ရေးအတွက် ပထမဆုံးသော လွတ်မြောက်နယ်မြေ ဖြစ်လာနိုင်သည်ဟု သုံးသပ်ကြသည်အထိ တော်လှန်ရေး အားကောင်းသည့် ဒေသဖြစ်သည်။ သို့သော် လွတ်မြောက်နယ်မြေ ဖြစ်မလာသည့်အပြင် တော်လှန်ရေးအတွက် စိုးရိမ်ရသည့်အခြေအနေ ဖြစ်လာနေသည်ကို တွေ့ရသည်။

အကြောင်းမှာ ရန်သူ၏စိုးမိုးမှု အားနည်းသွားသည့် နယ်မြေများတွင် တော်လှန်ရေးအင်အားစုများသည် ဘုံရန်သူ ချေမှုန်းရေးထက် မိမိအဖွဲ့အစည်း နယ်မြေစိုးမိုးရေးကို ဦးစားပေးလာသည်ကို တွေ့ရသည်။ ဥပမာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF နှင့် ဗိုလ်နဂါး ဦးဆောင်သည့် ဗမာ့အမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) အကြားက ပြဿနာသည် ပို၍ ကြီးထွားလာနေသည်ဟု ဆိုနိုင်ပါသည်။

တော်လှန်ရေးအစပိုင်းတွင် BNRA ၏တပ်ရင်း လေးရင်းကို NUG ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်တွင် ထားရှိသည်အထိ NUG-BNRA အကြား ဆက်ဆံရေး ကောင်းမွန်ခဲ့သည်။ သို့သော် ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် NUG က ထိုတပ်ရင်း လေးရင်းကို ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှ ထုတ်ပယ်ခဲ့ချိန်ကစပြီး ဆက်ဆံရေး ဆိုးရွားလာသည်ဟု သုံးသပ်နိုင်သည်။

တနှစ်အကြာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင်မှု BNRA တပ်အဖွဲ့ဝင် အယောက် ၂၀ ကျော်ကို NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ PDF က ဖမ်းဆီးသည်အထိ ဆက်ဆံရေး ဆိုးရွားလာသည်ကို တွေ့ရသည်။

အောက်တိုဘာလ ၂၁ ရက်နေ့က TM Media နှင့် မေးမြန်းခန်းတွင် ဗိုလ်နဂါးက “ဒူကဘာ” (Dukaba) ဆိုသည့် စကားလုံးကို သုံးနှုန်းသွားသည်။ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အရာရှိကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။ BNRA တပ်အဖွဲ့ဝင်များကို ဖမ်းဆီးသွားသည့် NUG လက်အောက်ခံ PDF များကို KIA အရာရှိများက ဦးစီးနေသည်ဟု နားလည်ရသည်။ ဤအချက်ကို ကြည့်လျှင် NUG-BNRA အကြား ဆက်ဆံရေးနှင့် KIA-BNRA အကြား ဆက်ဆံရေး နှစ်ခုစလုံးက မကောင်းဟု ဆိုနိုင်သည်။

မေးမြန်းသူက ဤအခြေအနေတွင် “ဘာဆက်လုပ်မလဲ” ဟု ဗိုလ်နဂါးကို မေးမြန်းရာတွင် “ဆက်သွယ်မှုက ကမ်းကုန်သလို ဖြစ်နေပြီ” ဟု ဖြေဆိုသည်ကို တွေ့ရသည်။

“ဖက်ဒရယ် ဒီမိုကရေစီကို အော်နေသည့် အုပ်စုတွေဟာ မတူကွဲပြားမှုကို လက်ခံရမယ်။ အားလုံး၏ ဖြစ်တည်မှု၊ ကြိုးစားမှုကို အသိအမှတ်ပြုရမည်ဆိုတဲ့ စိတ်မရှိဘဲနဲ့ အခု ဒီတော်လှန်ရေးမှာ နိုင်ငံရေးတပ်ပေါင်းစု၊ စစ်ရေးတပ်ပေါင်းစုနဲ့ သွားရမည့်အစား၊ ပေါင်းစည်း ညီညွတ်မှုနဲ့ သွားရမည့်အစား၊ ရနိုင်သလောက်ကို မိမိတို့လက်ထဲတွင် ထိုးထည့်ပြီး စုစည်းထိန်းချုပ်မှုကို စိတ်ကူးယဉ်တယ်။ ကြီးရင် မှီမယ်၊ ငယ်ရင် ခြေမယ် ဆိုတဲ့ပုံစံမျိုး၊ ဘယ်လိုမှ မနိုင်ရင် မှီမယ်၊ နိုင်ရင် ခြေပစ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သွားနေတယ်” ဟူ၍ ဗိုလ်နဂါးက ထပ်လောင်းဖြေဆိုခဲ့သည်။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
339
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
578
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
144

တော်လှန်ရေးအင်အားစုများ အချင်းချင်းအကြားက ဤကဲ့သို့သော စိတ်ဝမ်းကွဲမှုသည် ဆင်နွှဲနေသည့် လူထုတော်လှန်ရေး (စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေး) တို့အတွက် မည်သို့မှ အကျိုးဖြစ်ထွန်းစေမည် မဟုတ်ကြောင်း ကမ္ဘာကျော် တော်လှန်ရေးခေါင်ဆောင်ကြီးများ၏ အဆိုအမိန့်များက ညွှန်ပြနေသည်။

တော်လှန်ရေးအင်အားစုများ အချင်းချင်းအကြားက ဤကဲ့သို့သော စိတ်ဝမ်းကွဲမှုသည် ဆင်နွှဲနေသည့် လူထုတော်လှန်ရေး (စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေး) တို့အတွက် မည်သို့မှ အကျိုးဖြစ်ထွန်းစေမည် မဟုတ်ကြောင်း ကမ္ဘာကျော် တော်လှန်ရေးခေါင်ဆောင်ကြီးများ၏ အဆိုအမိန့်များက ညွှန်ပြနေသည်။

တော်လှန်ရေး အုပ်ချုပ်ရေးယန္တရားက တော်လှန်ရေးကို နောက်ပြန်ဆွဲနေသလား

“The Revolution Betrayed” (1937) တွင် လီယွန် ထရော့စကီးသည် ဆိုဗီယက် ယူနီယံအတွင်း ယိုယွင်းပျက်စီးမှု (internal decay) နှင့် အကျင့်ပျက်ခြစားမှု (corruption) သည် ပြင်ပအရင်းရှင်တို့၏ ခြိမ်းခြောက်မှုထက် ပိုမိုဆိုးရွားသည်ဟု ထောက်ပြခဲ့သည်။

“အုပ်ချုပ်ရေးယန္တရား (bureaucracy) ကို ကောင်းစွာ စီမံခန့်ခွဲမှု မလုပ်နိုင်ပါက ပါတီကို၊ ဆိုဗီယက်နှင့် လွတ်လပ်သော အလုပ်သမားအဖွဲ့အစည်းများကို လည်ပင်းညှစ်လိမ့်မည်” ဟု သတိပေးခဲ့သည်။ ဆိုရှယ်လစ်နိုင်ငံ (ရုရှား) ၏ အကြီးမားဆုံး အန္တရာယ်သည် ပြည်ပအန္တရာယ် (ပြင်ပမှလာသည့် အန္တရာယ်) မဟုတ်ဘဲ ပြည်တွင်းအန္တရာယ် (အုပ်ချုပ်ရေး ယန္တရားကို မပြုပြင်နိုင်ခြင်း၊ မစီမံနိုင်ခြင်း) သာ ဖြစ်ကြောင်း သတိပေးခဲ့သည်။

လူထုတော်လှန်ရေးကို ဦးဆောင်နေသည့် NUG အနေဖြင့် “ပသုံးလုံး အာဏာစက်” ကို ဖြေရှင်းရမည် ဖြစ်ကြောင်း စက်တင်ဘာလ ၂၆ ရက်နေ့ ဘီဘီစီ၏ သတင်းတင်ပြမှုတွင် အသေးစိတ် သုံးသပ်တင်ပြထားသည်။ ဤ “ပသုံးလုံး” ပြဿနာသည်လည်း စစ်ကိုင်းတိုင်းတွင် ပို၍ ကျယ်လောင်နေသည်ကို တွေ့ရသည်။

စစ်ကိုင်းလူထု၏ အာဏာရှင်အမြစ်ဖြတ်ရေး ဆန္ဒပြ ထောက်ခံပွဲ

NUG သည် ၎င်း၏ ကွပ်ကဲမှုအောက်တွင် ဖွဲ့စည်းထားသည့် ရပ်ရွာဒေသကာကွယ်ရေးအတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ အုပ်ချုပ်ရေးအတွက် ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ (ပအဖ) နှင့် ရဲလုပ်ငန်းစဉ်များအတွက် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တို့ကို နိုင်နင်းစွာ ကွပ်ကဲအုပ်ချုပ်နိုင်ခြင်း မရှိကြောင်း လေ့လာသုံးသပ်ထားသည်။

အကျိုးဆက်အားဖြင့် NUG ၏ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် လူထုက NUG ကို ဆန့်ကျင်ဆန္ဒပြ လာကြသည်ကို တွေ့ရသည်။ ဤကဲ့သို့ တော်လှန်ရေးအစိုးရအဖြစ် ရပ်တည်နေသည့်အစိုးရကို လူထုက ဆန္ဒပြလာခြင်းသည် နိုင်ငံရေးအရ NUG ပုံရိပ်ကို များစွာထိခိုက်စေပါသည်။

တော်လှန်ရေးကို ပြင်ပရန်သူထက် ပို၍ခြိမ်းခြောက်လာနေသာ အတွင်းအန္တရာယ်

တော်လှန်ရေးအင်အားစုများ အကြားက နယ်မြေအငြင်းပွားမှုနှင့် တော်လှန်ရေးကို လက်ဝါးကြီးအုပ်လိုမှု (မောင်ပိုင် စီးလိုမှု) တို့သည် တော်လှန်ရေးကို ပြင်ပအန္တရာယ် (စစ်ကောင်စီ) ထက် ပို၍ခြိမ်းခြောက်လာနေသော အတွင်းအန္တရာယ် ဖြစ်နိုင်သည်ဟု သုံးသပ်လိုပါသည်။

ဥပမာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် KIA, တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကြား၊ ချင်းပြည်နယ်တွင် Chin Brotherhood– Chinland Council, ပလက်ဝနှင့်ပတ်သက်ပြီး အာရက္ခတပ်တော် (AA) နှင့် ချင်းတော်လှန်ရေး အင်အားစုများ အကြား ပဋိပက္ခ၊ ကချင်အထူးဒေသ (၁) KIA ၏ စစ်ဆင်ရေးကို ဆန့်ကျင်သော ဌာနေ ကချင်မျိုးနွယ်စုများ ဖြစ်ကြသည့် လာချိဒ်၊ လော်ဝေါ်တို့၏ ရင်တွင်းခံစားချက်၊ စစ်ကိုင်းတိုင်းဒေသတွင် NUG လက်အောက်ခံ PDF နှင့် NUG လက်အောက်ခံ မဟုတ်သော ဒေသခံ PDF တို့အကြားက ပဋိပက္ခများသည် တော်လှန်ရေးအတွက် မည်သို့မှ အကျိုးမဖြစ်နိုင်ပါ။

“အကယ်၍ စစ်ကောင်စီကို စစ်ရေးအရ အနိုင်တိုက်နိုင်ပေမယ့် သူတို့အချင်းချင်း ပြန်တိုက်ခိုက်နေကြမှာပဲ။ ဒါကြောင့် ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေဦးမှာပဲ” ဆိုသည့် အတွေးမျိုးက ဖော်ပြပါ ပဋိပက္ခများကို ကြည့်ပြီး စောင့်ကြည့်နေကြသော ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ အဖွဲ့အစည်းများ၊ စစ်ဘေးရှောင် ပြည်သူများကို ကူညီပေးနေကြသည့် အလှူရှင်နိုင်ငံ အချို့တွင် ရှိနေကြသည်ကို စာရေးသူအနေနှင့် သတိထားမိပါသည်။

“အကယ်၍ စစ်ကောင်စီကို စစ်ရေးအရ အနိုင်တိုက်နိုင်ပေမယ့် သူတို့အချင်းချင်း ပြန်တိုက်ခိုက်နေကြမှာပဲ။ ဒါကြောင့် ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေဦးမှာပဲ” ဆိုသည့် အတွေးမျိုးက ဖော်ပြပါ ပဋိပက္ခများကို ကြည့်ပြီး စောင့်ကြည့်နေကြသော ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ အဖွဲ့အစည်းများ၊ စစ်ဘေးရှောင် ပြည်သူများကို ကူညီပေးနေကြသည့် အလှူရှင်နိုင်ငံ အချို့တွင် ရှိနေကြသည်ကို စာရေးသူအနေနှင့် သတိထားမိပါသည်။

ထို့ကြောင့် ဗဟိုချုပ်ကိုင်မှု အားကောင်းရန် အရေးကြီးကြောင်း၊ စစ်ကောင်စီ ပြုတ်ကျသွား၍ မဖြစ်ကြောင်း၊ ပြုတ်ကျ မသွားအောင် ပံ့ပိုးရန်လိုကြောင်း စသည်ဖြင့် လူထုတော်လှန်ရေးအတွက် မည်သို့မှ အကျိုးမဖြစ်စေသည့် အယူအဆများ စတင် အမြစ်တွယ်လာနေသည်ကို သတိထားမိသည်။

ရန်သူ၏ အားနည်းချက်ကို ကျွမ်းကျင်စွာ အသုံးချနိုင်ရေး

စစ်ကောင်စီတွင် “နိုင်ငံရေးအရ တရားဝင်မှု” မရှိခြင်းသည် ၎င်း၏ အကြီးဆုံးအားနည်းချက် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ လူထုအများစု၏ ထောက်ခံမှု မရရှိသောကြောင့် ဖြစ်ပါသည်။

တချိန်တည်းတွင် NUG အပါအဝင် တော်လှန်ရေးအင်အားစုများသည်လည်း နိုင်ငံရေးအရ တရားဝင်မှု အပြည့်အဝ ရရှိထားသည်ဟု မဆိုနိုင်ပါ။ အကြောင်းမှာ လူထုအများစုက ထောက်ခံသည်ဟု ယူဆနိုင်သော်လည်း နိုင်ငံတွင်း ဗုဒ္ဓဘာသာဝင်များကို ကိုယ်စားပြုသည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန) က စစ်ကောင်စီကို လုံးဝ ထောက်ခံနေဆဲ ဖြစ်ပါသည်။

ယခုရရှိထားသည့် လူထုအများ၏ ထောက်ခံမှုကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန် (သို့မဟုတ်) ထောက်ခံမှု ပို၍ ရရှိရန်အတွက် တော်လှန်ရေးအင်အားစုများ အနေဖြင့် ယခုထက်ပို၍ ကြိုးစားပြသရန် အရေးကြီးပါသည်။ ဥပမာ- အထက်ဖော်ပြပါ ပဋိပက္ခများကို မြန်မြန်ဆန်ဆန် အချင်းချင်း ညှိနှိုင်းဖြေရှင်း ပြသကြရန် လိုအပ်ပါသည်။ တော်လှန်ရေးသည် အမှန်တကယ်ပင် အောင်မြင်နိုင်ကြောင်း နိုင်ငံရေးအရ စည်းလုံးမှုကို ပြသ၍ စစ်ရေးအရလည်း အချင်းချင်း ချိတ်ဆက်ဆောင်ရွက် ပြသရန် လိုအပ်ပါသည်။

အထူးသဖြင့် အထက်ဖော်ပြပါ ပဋိပက္ခများကို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်ခြင်းမရှိဘဲ ထိုကဲ့သို့သော ပြဿနာများ ပို၍ များပြားလာမည်ဆိုလျှင် လူထုထောက်ခံမှု အားနည်းလာနိုင်ကြောင်း သတိချပ်ဖို့ လိုပါသည်။ အကြောင်းမှာ လူများ၏ အတွေးအခေါ်၊ ရှုမြင်ပုံ၊ ခံစားချက်တို့သည် အချိန်ကြာမြင့်လာသည်နှင့်အမျှ ပြောင်းလဲလာတတ်သည်မှာ သဘာဝတရား ဖြစ်ပါသည်။

စစ်ကောင်စီ၏ အကြီးဆုံး အားသာချက်

“သင့်ရန်သူကို သိပြီး ကိုယ့်ကိုယ်ကိုယ်သိလျှင် စစ်ပွဲ ၁၀၀ ဆင်နွဲသော်လည်း ဘယ်တော့မှ ရှုံးမည် မဟုတ်ပါ” ဟု ကမ္ဘာကျော် တရုတ် စစ်ဗိုလ်ချုပ်နှင့် ဒဿနပညာရှင် ဆွန်ဇု က ဆိုခဲ့ပါသည်။ ထို့ကြောင့် လူထုတော်လှန်ရေး၏ ဘုံရန်သူ စစ်ကောင်စီ၏ အာသာချက်ကိုလည်း အသိအမှတ်ပြု နားလည်ဖို့ အရေးကြီးသည်။

စစ်ကောင်စီသည် “လက်ရှိအစိုးရ” (Incumbent) ဆိုသည့် အခွင့်အရေးကို ပိုင်ဆိုင်ထားခြင်းကြောင့် အရေးကြီးသော အားသာချက်များ ရှိနေသည်ကို အသိအမှတ်ပြု လက်ခံရမည် ဖြစ်သည်။ တနည်းအားဖြင့် စစ်ကောင်စီကို အထင်မသေးသင့်ပါ။

စစ်ကောင်စီသည် “လက်ရှိအစိုးရ” (Incumbent) ဆိုသည့် အခွင့်အရေးကို ပိုင်ဆိုင်ထားခြင်းကြောင့် အရေးကြီးသော အားသာချက်များ ရှိနေသည်ကို အသိအမှတ်ပြု လက်ခံရမည် ဖြစ်သည်။ တနည်းအားဖြင့် စစ်ကောင်စီကို အထင်မသေးသင့်ပါ။

ထိုအရေးကြီး အချို့အခွင့်အရေးများမှာ (၁) ပိုက်ဆံ ရိုက်နှိပ်ထုတ်ဝေခွင့်၊ သုံးစွဲခွင့် ရှိနေခြင်းကြောင့် စီးပွားရေးကို ချုပ်ကိုင်ထားနိုင်ခြင်း၊ (၂) နိုင်ငံကူးလက်မှတ်ကို ထုတ်ပေးခြင်း၊ ထိန်းချုပ်ခြင်း၊ ကန့်သတ်ခြင်း၊ (၃) လက်နက်များကို တရားဝင်ဈေးနှုန်းဖြင့် သက်သာစွာ ဝယ်ယူသုံးစွဲနိုင်ခြင်း၊ (၄) စစ်မှုထမ်းရန် အတင်းခေါ်ယူပြီး စစ်အင်အားကို ဖြည့်တင်း နိုင်ခြင်းတို့ ဖြစ်သည်။

လက်ရှိအစိုးရဆိုသည့် အခွင့်အရေးကို အနည်းငယ် ထပ်ဆင့် တင်ပြဆွေးနွေးရလျှင် (၁) ပိုက်ဆံ ရိုက်နှိပ်ထုတ်ဝေခွင့် ရှိနေသောကြောင့် လိုအပ်သလို ငွေကြေးကို လက်ဝါးကြီးအုပ်ထားနိုင်ခြင်း၊ စီးပွားရေးကို ချုပ်ကိုင်ထားနိုင်ခြင်းတို့ကြောင့် ၎င်း၏ စစ်ရေးစရိတ်ကို စိတ်တိုင်းကျ စီမံနိုင်ခြင်း ဖြစ်သည်။

(၂) နိုင်ငံကူးလက်မှတ်ကို ထိန်းချုပ်နိုင်သောကြောင့် လူထု၏ လှုပ်ရှားမှု (နိုင်ငံခြားခရီးစဉ်များ) ကို ကန့်သတ်နိုင်သည်သာမက အခွန်ငွေများကိုလည်း စည်းကြပ်နိုင်စွမ်း ရှိနေသည်။ ဥပမာ နိုင်ငံခြားတွင် အလုပ်လုပ်သော်လည်း စစ်ကောင်စီကို အခွန်မဆောင်လျှင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမပေးခြင်း။

(၃) လိုအပ်သည့် လက်နက်များကိုလည်း ဈေးနှုန်းသက်သာစွာ တရားဝင် ဝယ်ယူသုံးစွဲ နိုင်သောကြောင့် တော်လှန်ရေးအင်အားစုများနှင့် နှိုင်းယှဉ်လျှင် စစ်လက်နက်များကို ဖောဖောသီသီ သုံးစွဲနိုင်ပါသည်။

(၄) စစ်မှုထမ်းရန် အတင်းခေါ်ယူခြင်းဖြင့် စစ်အင်အားကို ဖြည့်တင်းနိုင်သည်။ အတင်းစစ်မှုထမ်းစနစ်ကို ကျင့်သုံးသည့် နိုင်ငံများစွာ ရှိသောကြောင့် နိုင်ငံတကာအနေနှင့်လည်း ထိရောက်သော ဝေဖန်မှု၊ ပိတ်ဆို့မှု ပြုလုပ်ရန် ခက်ခဲသည်။

တချိန်တည်းတွင် NUG ရရှိထားသည့် နိုင်ငံတကာမှ အကူအညီများသည် ၎င်း၏ စစ်ရေးအတွက် အထောက်အပံ့များ မဟုတ်ဘဲ လူသားချင်းစာနာမှု အရေးပေါ်အကူအညီကို အရပ်ဖက် အဖွဲ့အစည်းများထံမှ သွယ်ဝိုက်၍ ရရှိခြင်းသာ ဖြစ်နေသည်။

ထို့ပြင် နိုင်ငံတကာမျက်နှာစာတွင် စစ်ကောင်စီနှင့် NUG တို့ ရရှိထားသည့် ထောက်ခံမှုကို နှိုင်းယှဉ်လျှင် စစ်ကောင်စီသည် ၎င်း၏ မဟာမိတ်များ (ထောက်ခံသူများ) ထံမှ လက်တွေ့ကျသော အထောက်အပံ့များ (လက်နက်၊ ခဲယမ်း၊ နည်းပညာ) တို့ကို အခိုင်အမာရရှိနေသည်ကို တွေ့ရသည်။

ဥပမာ တရုတ်၏ ထောက်ခံမှုကို ရရှိထားသည့် စစ်ကောင်စီအတွက် အလွန်အရေးကြီးသည့် အားသာချက်တခု ဖြစ်နေသည်။ အကြောင်းမှာ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများသည် တရုတ်၏ဖိအားကို အာခံနိုင်စွမ်း မရှိခြင်း (သို့မဟုတ်) မလွန်ဆန်နိုင်ခြင်းတို့ကြောင့် တိုက်ပွဲများ ရပ်တန့်ရန် တွန်းအားပေးလာသည့်အခါ စစ်ကောင်စီအတွက် အသက်ရှူပေါက် ရရှိစေသောကြောင့် ဖြစ်သည်။

တချိန်တည်းတွင် NUG ရရှိထားသည့် နိုင်ငံတကာမှ အကူအညီများသည် ၎င်း၏ စစ်ရေးအတွက် အထောက်အပံ့များ မဟုတ်ဘဲ လူသားချင်းစာနာမှု အရေးပေါ်အကူအညီကို အရပ်ဖက် အဖွဲ့အစည်းများထံမှ သွယ်ဝိုက်၍ ရရှိခြင်းသာ ဖြစ်နေသည်။

နိဂုံးချုပ်အားဖြင့် လူထုတော်လှန်ရေးအင်အားစု ခေါင်းဆောင်များ၊ တော်လှန်ရေးကို ထောက်ခံအားပေးနေသူများနှင့် စာဖတ်မိတ်ဆွေများအားလုံး ဖော်ပြပါ ပဋိပက္ခများကို မြန်မြန်ဆန်ဆန် ဖြေရှင်းပြီး အောင်မြင်သော တော်လှန်ရေးကို ဆောင်ကြဉ်းပေးနိုင်ရန် မျှော်လင့်လျက် တင်ပြလိုက်ရပါသည်။

(ဇုန်းရိန်သည် မြန်မာအခြေစိုက် လူမှုဝန်ထမ်းလုပ်သားနှင့် လွတ်လပ်သော နိုင်ငံရေး သုတေသီဖြစ်သည်။)

You may also like these stories:

ညီညွတ်ရေးတည်ဆောက်ဖို့လိုနေသည့် စစ်ကိုင်းတိုင်း

တော်လှန်ရေးကို ထိခိုက်စေသော ရာဇဝတ်မှုများအား ထိန်းချုပ်ရန်လို

မြောင် ပ.လ.ဖ က ဖမ်းဆီးခဲ့သော ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

ဆန္ဒပြသူတွေကို NUG လက်အောက်ခံတပ်တွေဖမ်းဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်းကို ထိန်းချုပ်ဖို့ စစ်တပ်က စိတ်ကူးယဉ်လို့တောင် မရဘူး

ကာကွယ်ရေးတပ်ဖွဲ့တွေအပေါ် NUG ဩဇာညောင်းရဲ့လား

Your Thoughts …
Tags: BNRAKIANUGPDFSliderကာကွယ်ရေးဝန်ကြီးဌာနစစ်ကိုင်းတိုင်းစစ်ကောင်စီစစ်ဘေးရှောင်စစ်အာဏာသိမ်းမှုတော်လှန်ရေးအင်အားစုနယ်မြေစိုးမိုးရေးနယ်မြေအငြင်းပွားမှုနွေဦးတော်လှန်ရေးပသုံးလုံးဗဟိုချုပ်ကိုင်မှုမဟနလူထုတော်လှန်ရေးလူသားချင်းစာနာမှု အကူအညီအကျင့်ပျက်ခြစားမှုအတင်းအကျပ်စစ်သားစုဆောင်းမှုအမျိုးသားညီညွတ်ရေးအစိုးရ
ဇုန်းရိန်

ဇုန်းရိန်

Zung Ring သည် မြန်မာအခြေစိုက် လူမှုဝန်ထမ်းလုပ်သားနှင့် လွတ်လပ်သော နိုင်ငံရေး သုတေသီဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ကောင်စီကို တရုတ်က ထောက်ခံလာသောအခါ

စစ်ကောင်စီကို တရုတ်က ထောက်ခံလာသောအခါ

ရုပ်ရှင်ဝေဖန်သူ ကိုဟာဆယ်ယွန် ပျောက်ဆုံးနေ၍ မိသားစုများ စိုးရိမ်

ရုပ်ရှင်ဝေဖန်သူ ကိုဟာဆယ်ယွန် ပျောက်ဆုံးနေ၍ မိသားစုများ စိုးရိမ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved