• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ညီညွတ်ရေးတည်ဆောက်ဖို့လိုနေသည့် စစ်ကိုင်းတိုင်း

by စောရယ်
10 September 2023
in ဆောင်းပါး
A A
ညီညွတ်ရေးတည်ဆောက်ဖို့လိုနေသည့် စစ်ကိုင်းတိုင်း

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့က စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်ရေး ဆန္ဒပြသူများနှင့် လုံခြုံရေး ယူပေးနေသည့် စစ်ကိုင်းတော်လှန်ရေးသမားများ / Ko Pyay Kyaw

10.1k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး ၇ ခုအနက် နယ်မြေအကျယ်ဆုံးနှင့် အာဏာသိမ်းမှုဆန့်ကျင်ရေး အားကောင်းသော စစ်ကိုင်းတိုင်းတွင် တော်လှန်ရေးအင်အားစုများကြား အငြင်းပွားမှုပြဿနာများ မကြာခဏ ဖြစ်ပေါ် လျက်ရှိသည်။

အချို့ပြဿနာများက ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ပြေလည်သွားသော်လည်း အချို့မှာမူ တဖွဲ့နှင့်တဖွဲ့ ပစ်ခတ်ကြသည် အထိ ပြဿနာက ပိုကြီးသွားလေသည်။ အချို့သောပြဿနာများကတော့ ပြေလည်သွားခြင်း၊ ပိုကြီးလာခြင်းမျိုး မဟုတ်ဘဲ ပိုနေမြဲကျားနေမြဲ ဆက်ရှိနေသည့် အခြေအနေ ဖြစ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများကြား ညှိနှိုင်းဆွေးနွေးနိုင်ရေး ပေါင်းစည်းပေးသည့် စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးကော်မတီဝင် ကိုလွမ်းသူကတော့ “စစ်ကိုင်းက တော်လှန်ရေးလည်း အားကောင်းသလို အကွဲအပြဲ လည်း အားကောင်းတယ်” ဟု မှတ်ချက်ချသည်။

စစ်ကိုင်းတိုင်း သို့မဟုတ် တော်လှန်ဒေသ

စစ်ကိုင်းတိုင်းသည် ဧရိယာစတုရန်းမိုင်ပေါင်း ၃၆,၁၇၉ ကျယ်ဝန်းပြီး လူဦးရေ ၅ သန်းကျော်နေထိုင်ကာ တိုင်းအတွင်း ခရိုင်ပေါင်း ၁၃ ခရိုင်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတခု ရှိသည်။ စစ်ကိုင်းတိုင်းသည် ဥရောပတိုက်က ဘယ်လ်ဂျီယံ နိုင်ငံ၏ နှစ်ဆကျော် ကျယ်ဝန်းသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ အာဏာသိမ်းမှုဖြစ်ပြီးနောက် စစ်ကောင်စီကို နည်းလမ်းပေါင်းစုံနှင့်ဆန့်ကျင်ရာ၌ စစ်ကိုင်းတိုင်း သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှလွဲ၍ ကျန်ဒေသအားလုံးနီးပါးက အင်တိုက်အားတိုက်ပါဝင်လျက်ရှိရာ တတိုင်း လုံးနီးပါး တော်လှန်ရေးတွင်ပါဝင်နေသည်ဟု ဆိုရပေမည်။

စစ်ကိုင်းတိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အသိအမှတ်ပြုထားသည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ရင်းပေါင်း ၁၀၀ ခန့်ရှိသည်ဟု စစ်ရေးလေ့လာသူများက ဆိုသည်။ ထို့ပြင် အရေအတွက်ခန့်မှန်းရန် ခက်ခဲ သည့် ဒေသအခြေပြုကာကွယ်ရေးတပ် (Local PDF) များလည်း ရှိသည်။ ၎င်းတို့အားလုံးတွင် လက်နက်နှင့် ခဲယမ်းမီး ကျောက် မပြည့်စုံမှုများ ရှိနေဆဲဖြစ်သည်။

96 Soldiers – PDF အညာဒေသ တပ်ခွဲ တပ်ဖွဲ့ဝင်များ / Ko Pyay

နိုင်ငံရေးရပ်တည်ချက်တွင် ယေဘုယျအားဖြင့် စစ်အာဏာရှင်စနစ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုသည့် အခြေခံမူပေါ် ရပ်တည်ချက်တူကြောင်း တွေ့ရသည်။

စစ်ကိုင်းတိုင်းတွင် တော်လှန်ရေးတပ်အစုအဖွဲ့ပေါင်း ၂၀၀ ခန့် ရှိနိုင်ကြောင်း စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးကော်မတီဝင် ကိုလွမ်းသူက ခန့်မှန်းသည်။

၎င်းက “တိတိကျကျပြောဖို့တော့ ခက်တယ်။ စစ်ကိုင်းဖိုရမ်မှာပါတဲ့ အင်အား ၁၇၃ ဆိုတာက လက်နက်ကိုင်တော်လှန် ရေး အင်အားစုတင် မဟုတ်ပါဘူး။ အလွှာပေါင်းစုံက တော်လှန်ရေးအင်အားစုတွေပါတယ်။ လက်နက်ကိုင်တော်လှန် ရေးအင်အားစုတွေပါတယ်။ သပိတ်တိုက်ပွဲလုပ်နေတဲ့သူတွေပါမယ်။ CDM တွေပါမယ်။ နယ်ပယ်စုံကဟာတွေ ခြုံလိုက် တဲ့အခါ ၁၇၀ ကျော် ဖြစ်သွားတာပါ။ တတိုင်းလုံးအတိုင်းအတာဆိုရင် ကျနော်တို့ ယင်းမာပင်ခရိုင်မှာကို တပ်ရင်းတပ်ဖွဲ့ အင်အား ဆယ်နဲ့ချီရှိပါတယ်” ဟု ဆိုသည်။

လက်နက်ကိုင်လှုပ်ရှားမှု (Armed Struggle)နှင့် နှီးနွယ်သောအစုအဖွဲ့တွင် ထပ်ခွဲမည်ဆိုပါက ခရိုင်အလိုက်ဖွဲ့ထား သည့် တိုက်ခိုက်ရေးတာဝန်ယူရသော PDF တပ်ရင်းများ၊ ကာကွယ်ရေးတာဝန်ယူရသော ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပ.လ.ဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) နှင့် Local Defense Force (LDF) များ ဟူ၍ အစုအဖွဲ့ ၅ ဖွဲ့ ရှိသည်။

အဆိုပါ ၅ ဖွဲ့အနက် LDF မှလွဲ၍ ကျန်အစုအဖွဲ့ ၄ ခုမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ဖြစ်သည်။

RelatedPosts

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

8 January 2026
112
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
4k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
2.3k

စစ်အာဏာသိမ်းမှု ၂ နှစ်ကျော်လာချိန်တွင် တော်လှန်ရေးအင်အားစုများကြား အငြင်းပွားမှုနှင့် ပစ်ခတ်ကြသည်အထိ ဖြစ်သော ပဋိပက္ခများကို လက်နက်ကိုင်လှုပ်ရှားမှုနှင့်နှီးနွယ်သော အစုအဖွဲ့များ၌ အဖြစ်များကြောင်း တွေ့ရှိရသည်။

စစ်ကိုင်းတိုင်းအတွင်းက စစ်ကောင်စီတပ်

စစ်ကိုင်းတိုင်း၏ တော်လှန်ရေးအင်အားစုများအကြောင်း ပြောမည်ဆိုပါက တော်လှန်ရေးအင်အားစုများ၏ ရန်သူဖြစ် သည့် စစ်ကောင်စီတပ် အခြေအနေကိုလည်း မေ့ထား၍မဖြစ်ပေ။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကို ဗဟိုပြုကာ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်ကို လွှမ်းမိုးရန်ကြိုးစားနေကြောင်း စစ်ရေးလေ့လာသူများက ဆိုသည်။ နမခ လက်အောက်တွင် အခြေချ စစ်ဗျူဟာ ၃ ခုရှိပြီး ၎င်းတို့သည် စစ်ကိုင်းတိုင်း ခန္တီး၊ ချင်းပြည်နယ် ဟားခါးနှင့် မတူပီတို့တွင် တည်ရှိသည်။

စစ်ကိုင်းတိုင်း ကလေးမြို့တွင် လက်အောက်ခံတပ်ရင်း ၁၄ ရင်းရှိသည့် တပ်မအသွင်ပြောင်းထားသော ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) တခုရှိသလို လက်အောက်ခံတပ်ရင်း ၁၁ ရင်းရှိသော တပ်မ(၃၃) သည် စစ်ကိုင်းမြို့၌ ရှိသည်။ လတ်တလောတွင် တပ်မ(၃၃) သည် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်သို့ရောက်ရှိကာ စစ်ရေးလှုပ်ရှားနေသည်။

စစ်ကိုင်းတိုင်းသည် တော်လှန်ရေးအင်အားစုများကို နှိမ်နင်းရန်ရည်ရွယ်သည့် စစ်ကောင်စီ၏ အနော်ရထာစစ်ဆင်ရေး ကို ၂၀၂၁ ခုနှစ်အတွင်း ကြံ့ကြံ့ခံနိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်၏ လူသတ်မှုများနှင့် ရွာစဉ်ပတ်မီးရှို့မှုများကို ယနေ့ ထိတိုင် ရင်ဆိုင်နေရဆဲဖြစ်သည်။

လက်ရှိတွင် စစ်ကိုင်းတိုင်း၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ၏ အားပြိုင်မှုသည် ဘတပြန်ကျားတပြန် အခြေအနေ ရှိနေကြောင်း စစ်ကိုင်းတိုင်းအခြေစိုက် 96 Soldiers PDF တာဝန်ခံ ကိုဇေယျာလွင်က ပြောသည်။

၎င်းက “သူတို့ (စစ်ကောင်စီ)ကနေ စစ်ကိုင်းတိုင်းထဲမှာ စစ်ကြောင်းတွေထိုးပြီး ရွာတွေကိုမီးရှို့၊ သူတို့သွားချင်တဲ့လမ်း အတိုင်း အေးအေးဆေး‌ဆေး သွားလို့ရတာရှိသလို သူတို့စစ်ကြောင်းထိုးတဲ့အခါမှာ အေးအေးဆေးဆေးသွားမရဘဲ နောက်ပြန်ခေါက်သွားတာတွေလည်း ရှိပါတယ်။ သူတို့ဘက်က စစ်ကြောင်း ၁၀ ကြောင်း လာတယ်ဆိုရင် ကျနော်တို့ က ၁၀ ကြောင်းလုံးကို လုပ်ချင်တိုင်းလုပ်ခွင့်ပေးပြီး မခုခံဘဲရှိနေတာမျိုးမဟုတ်သလို ၁၀ ကြောင်းလာရင် ၁၀ ကြောင်း လုံးကို ဖွဲ့စည်းပုံပျက်အောင် ကျနော်တို့ဘက်က တိုက်နိုင်တာမျိုးတော့ မဟုတ်ပါဘူး” ဟု ဆိုသည်။

အင်အားစုများကြားက ပြဿနာ

စစ်အာဏာရှင်တော်လှန်ရေး အားကောင်းသလို လက်နက်ကိုင်အင်အားစုများကြား အငြင်းပွားမှုပြဿနာများ မကြာ ခဏ ဖြစ်ပေါ်နေသည့် စစ်ကိုင်းတိုင်းတွင် သတ်မှတ်ချက် မဟုတ်သော်လည်း NUG အောက်ဝင်သောအဖွဲ့သည် တရားဝင်ပြီး NUG အောက်မဝင်သည့်အဖွဲ့မှာ တရားမဝင်ဆိုသော အမြင်ကွဲပြားမှုများ ရှိနေသည်။

လတ်တလောတွင်လည်း မြန်မာ့တော်ဝင်နဂါးတပ် (MRDA) တည်ထောင်သူ ဗိုလ်နဂါးနှင့် NUG ၏ ကာကွယ်ရေး ဝန်ကြီးဌာနကြား အငြင်းပွားမှုများဖြစ်နေကြောင်း လူမှုကွန်ရက်တွင် ဗိုလ်နဂါး၏ Live လွှင့်ပြောဆိုမှုအရ သိရသည်။

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က RFA သတင်းဌာနနှင့် ဩဂုတ် ၁၇ ရက်အင်တာဗျူးတွင် MOD ကွပ်ကဲမှု အောက်သို့ပေးထားသည့် MRDA တပ်ရင်း ၄ ရင်းသည် MRDA အဖြစ်သာ လှုပ်ရှားဆောင်ရွက်မှုများသဖြင့် အမိန့်ပေး စနစ်ရှုပ်ထွေးမှုများ ဖြစ်လာသောကြောင့် MRDA အနေနှင့်ရပ်တည်ရန် ဗိုလ်နဂါးထံ အကြောင်းကြားခဲ့ကြောင်း ပြောခဲ့ သည်။

အဆိုပါ တပ်ရင်း ၄ ရင်းမှာ ယင်းမာပင်ခရိုင် အမှတ် (၃) တပ်ရင်း၊ အမှတ် (၄) တပ်ရင်း၊ အမှတ် (၅) တပ်ရင်းနှင့် အမှတ် (၆) တပ်ရင်းတို့ဖြစ်ပြီး ယင်းတပ်ရင်းများမှ တပ်ရင်းမှူး ၄ ဦးသည် ဩဂုတ် ၂၆ ရက်တွင် ပူးပေါင်း၍ ကြေညာ ချက်တစောင် ထုတ်ပြန်လာသည်။

ကြေညာချက်တွင် ၎င်းတို့တပ်ရင်း ၄ ရင်းသည် ဗိုလ်နဂါးလက်အောက်တွင် ရပ်တည်မည်မဟုတ်ဘဲ NUG ကာကွယ် ရေးဝန်ကြီးဌာနလက်အောက်၌သာ ရပ်တည်မည်ဖြစ်ကြောင်း၊ NUG ကာကွယ်ရေးဌာနကလည်း ၎င်းတို့ကို လက်အောက်ခံတပ်ရင်းများအဖြစ် အသိအမှတ်ပြုထားကြောင်း ပါရှိသည်။

တဖက်တွင်လည်း တော်လှန်ရေးအင်အားစုများအတွက် ရန်ပုံငွေရှာပြီး ငွေကြေးထောက်ပံ့ခြင်းများ ပြုလုပ်နေသည့် Fundraiser အမျိုးသမီးတဦးနှင့် ဗိုလ်နဂါးတို့ကြား NUG ၏ တော်လှန်ရေးထောက်ပံ့ငွေ ပေးအပ်မှုဆိုင်ရာကိစ္စနှင့် စပ်လျဉ်း၍ အငြင်းပွားလျက် ရှိပြန်သည်။

အလားတူ ကိုဇေယျာလွင် ဦးဆောင်သည့် 96 Soldiers PDF နှင့် NUG လက်အောက် ဒီပဲယင်း ပ.က.ဖ တို့ကြား နယ်မြေအခြေချမှုဆိုင်ရာ ကိစ္စနှင့်ပတ်သက်၍ အငြင်းပွားမှု ဖြစ်နေသည်။

ကိုဇေယျာလွင် ဦးဆောင်သည့်အဖွဲ့သည် ဒီပဲယင်းမြို့နယ်ထဲမှ ရွာတရွာကို ဝင်ရောက်အခြေချရန် ကြိုးစားသဖြင့် NUG လက်အောက်ခံ မြို့နယ် ပ.က.ဖ က ဇူလိုင် ၂၄ ရက်တွင် စာထုတ်ကန့်ကွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အငြင်းပွားမှုနှင့် ပတ် သက်၍ NUG ဘက်က ညှိနှိုင်းဖြေရှင်းလာမှု မရှိသေးကြောင်း ကိုဇေယျာလွင်၏ ပြောပြချက်အရ သိရသည်။

၎င်းက “ကျနော်တို့နဲ့ တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီး ပြေလည်အောင်၊ နားလည်မှုလွဲတယ်ဆိုရင်လည်း ပြေလည်အောင် ဖြေရှင်းတာတွေ တခုမှမရှိဘူး။ ၂၄ ရက်နေ့ စပို့တဲ့အချိန်ကနေ ဒီကနေ့အထိ ဘယ်သူမှ တာဝန်ယူဖြေရှင်းပေးတာ မရှိဘူး” ဟု ပြောသည်။

လက်ရှိတွင် NUG လက်အောက်ခံ ပ.က.ဖ ဘက်က ထပ်မံကန့်ကွက်မှုမရှိသဖြင့် 96 Soldiers PDF သည် ယင်းနေရာ ၌ ဆက်လက် အခြေချနေထိုင်နေကြောင်း ၎င်းက ဆိုသည်။

ကိုဇေယျာလွင်က “သူတို့က မနေနဲ့လို့ပြောပေမယ့် အဲဒီမှာ ဒေသခံတာဝန်ရှိသူတွေ ခွင့်ပြုတဲ့အတွက် ကျနော်တို့က ဆက်နေပါတယ်။ ကျနော်တို့ကို အဲဒီအတွက်ကြောင့် လာပြီးရှေ့ဆက်တိုးပြီးတော့ ပြောတာဆိုတာ တခုခုထပ်ပြီး လာ ပြောတာ မရှိပါဘူး။ အဲဒီစာထုတ်ပြီးကတည်းက တာဝန်ရှိတဲ့သူဘယ်သူကမှ အကြောင်းကြားဆက်သွယ်ပြောဆိုတာ မျိုး တခုမှမရှိဘူး” ဟု ပြောသည်။

စစ်ကိုင်းတိုင်းက တော်လှန်ရေးအင်အားစုအချင်းချင်း နှုတ်ဖြင့်အငြင်းပွားမှုမှသည် လက်နက်ဖြင့်ပါ ပစ်ကြခတ်ကြသည် အထိ ဖြစ်သွားခဲ့သည်က ဝက်လက်မြို့နယ်ထဲရှိ LDF ဖြစ်သော ဗိုလ်ကျားကြီးအဖွဲ့နှင့် ရွှေဘိုခရိုင် PDF တပ်ရင်း-၂ တို့ ကြားက ပြဿနာဖြစ်သည်။

၂၀၂၂ မတ်လက ယင်းမာပင်ခရိုင် ကနီမြို့နယ် ချောင်းမရွာ မီးရှှိုုခံခဲ့ရမှု ဖြစ်စဉ်(AAMIJ)

၂၀၂၂ ဩဂုတ် ၃၁ ရက်တွင် ဝက်လက်မြို့နယ်အရှေ့ပိုင်းရှိ LDF ဗိုလ်ကျားကြီးအဖွဲ့၏ ကင်းစခန်းတခုကို ရွှေဘိုခရိုင် PDF တပ်ရင်း-၂ ၏ လက်အောက်ခံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဝင်ရောက်ပစ်ခတ်ရာ အဖွဲ့ဝင် ၂ ဦး သေဆုံး ပြီး ၁၂ ဦး ဖမ်းဆီးခံခဲ့ရသည်။

အဆိုပါအမှုအတွက် စုံစမ်းအရေးယူပေးရန် ဗိုလ်ကျားကြီးအဖွဲ့က NUG ထံ တိုင်ကြားထားသော်လည်း ရလဒ်တစုံတရာ ထွက်မလာသေးကြောင်း ဝက်လက်မြို့နယ်ထဲမှ တော်လှန်ရေးအင်အားစုများနှင့် နီးစပ်သူတဦးက ဆိုသည်။

၎င်းက “ကျနော် သိသလောက်ကတော့ ဗိုလ်ကျားကြီးပြဿနာက ရှိနေတုန်းပဲ။ NUG က မြေပြင်မှာ လာရောက်စစ် ဆေးခြင်း မရှိဘူး။ NUG က တခုအားနည်းတာက အပေါ်မှာ သူတို့လုပ်တာတွေကောင်းတယ်၊ သဘောကျတယ်။ ဒါပေမယ့် မြေပြင်မှာ ဘာဖြစ်နေသလဲဆိုတာ သူတို့မသိဘူး။ အောက်မှာကျတော့ သူတို့ဖြစ်နေတာတွေ ကွဲလွဲမှုရှိ တယ်” ဟု ပြောသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေကမူ ၎င်းတို့လက်အောက်ခံတပ်ဖွဲ့များ ပြစ်မှု ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိပါက ထိရောက်စွာအရေးယူကြောင်း ဧရာဝတီကို ပြောသည်။

၎င်းက “ခုနောက်ပိုင်း LDF ပဲဖြစ်ဖြစ်၊ PDF ပဲဖြစ်ဖြစ် စစ်သည်တော်ကျင့်ဝတ်ကို လိုက်နာဖို့အတွက် စနစ်တကျထိန်းညှိ ပြီးတော့ တဖက်ကလည်းသင်ပေးတယ်။ အနီးကပ် ညှိနှိုင်းပေါင်းစပ် ကွပ်ကဲပေးတဲ့အလုပ်ကိုလည်း လုပ်နေပါတယ်။ ရှေ့လျှောက်လည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်သွားဖို့ရှိပါတယ်။ အဲဒီလိုပဲ တဖက်မှာလည်း မလုပ်ရဘူးလို့ တရားဝင် တား မြစ်ထားပြီးသား ဖြစ်တဲ့အတွက် ကျူးလွန်ခဲ့သည်ရှိသော် တိတိကျကျ၊ ထိထိရောက်ရောက် အရေးယူတာ‌တွေ လုပ် ဆောင်နေပါတယ်” ဟု ဆိုသည်။

NUG အနေဖြင့် တော်လှန်ရေးကာလအတွင်း အကြမ်းဖက်မှု၊ စစ်ရာဇဝတ်မှုများအား စုံစမ်းဖော်ထုတ်ရန်နှင့် တရားစီ ရင်နိုင်ရန် တိုင်ကြားမှုများဆိုင်ရာကော်မတီကို ဖွဲ့ထားသော်လည်း တိုင်ကြားလာသည့်အမှုပေါင်း ၁၄၀ အနက် အနည်း စုကိုသာ ဖြေရှင်းနိုင်ကြောင်း NUG ထံမှ သိရသည်။

ပြဿနာ၏ဇာစ်မြစ်

ထိုသို့ စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးအင်အားစုများကြား အငြင်းပွားမှုနှင့် ပစ်ခတ်ကြသည်အထိ ပဋိပက္ခဖြစ်ရ ခြင်းမှာ အပြန်အလှန်လေးစားမှုနှင့် ယုံကြည်မှုအားနည်းခြင်းတို့ကြောင့် ဖြစ်သည်ဟု စစ်ကိုင်းတိုင်းအခြေစိုက် တော်လှန်ရေးအင်အားစုအချို့က ရှုမြင်သည်။

စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ဝင် ကိုလွမ်းသူက“အပြန်အလှန်လေးစားတန်ဖိုးထားဖို့၊ အပြန်အလှန်ယုံကြည်ဖို့၊ အပြန်အလှန်ထိန်းကြောင်းမှု တည်ဆောက်ဖို့ လိုတယ်။ ပစ်ခတ်ပြီးဖြေရှင်းကြတယ်ဆိုတာက အပြန်အလှန်ယုံကြည်မှု နဲ့ လေးစားတန်ဖိုးထားမှု နည်းနေသေးတယ်။ ပြောရရင် လက်နက်ကိုင်တော်လှန်ရေးဟာ နိုင်ငံရေးအထိန်းအကွပ် နည်းနေသေးတာ” ဟု ဆိုသည်။

ထို့ကြောင့် စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးတပ်များတွင် နိုင်ငံရေးမှူးများခန့်အပ်ကာ အပြန်အလှန် ချိတ်ဆက် ညှိနှိုင်းဆွေးနွေးရန်လိုကြောင်း ၎င်းက ထောက်ပြသည်။

ရွှေဘိုခရိုင်အခြေစိုက် LDF တခုမှ တာဝန်ရှိသူတဦးကလည်း NUG အနေဖြင့် အောက်ခြေတွင် စည်းကမ်းလိုက်နာမှု ရှိပြီး မှန်မှန်ကန်ကန် အလုပ်လုပ်သည့် ဝန်ထမ်းများ ခန့်အပ်ရန်လိုသလို လူ ၄/၅/၁၀ ယောက်ခန့်ဖြင့် စုဖွဲ့ထားသော LDF များသည်လည်း တဖွဲ့တည်းမရပ်တည်ဘဲ ပိုမိုစုစည်းကြရန်လိုကြောင်း ပြောဆိုသည်။

၎င်းက “အဓိကတော့ COC ပေါ့။ စစ်ဒေသတခုရှိရင် LDF နေနေ၊ ပ.က.ဖ နေနေ တပ်ရင်းတပ်ဖွဲ့တွေဟာ အချိတ် အဆက်မိမိနဲ့ တိုက်ပွဲကို ပူးပေါင်းဆောင်ရွက်လို့ရှိရင် စစ်ကိုင်းတိုင်းအနေနဲ့ ပိုပြီးထိရောက်တဲ့ တော်လှန်ရေးအရွေ့တခု နဲ့ အောင်မြင်ဖို့ရာ အများဆုံးသေချာတယ်” ဟု ပြောသည်။

ထို့ပြင် NUG အနေဖြင့် LDF များကို နိုင်ငံရေးစကားဝိုင်းများ ပြုလုပ်ကာ ပိုမိုစည်းရုံးသင့်ကြောင်း၊ NUG ဘက်က တော် လှန်ရေးတိုးတက်ရန် တပ်ရင်း ၃ ရင်းမှ ၅ ရင်းအထိပါသည့် စစ်ဗျူဟာစုဖွဲ့ရန် ပြင်ဆင်နေသည်ဟု ကြားရသော်လည်း မြေပြင်တွင် LDF များကို ဆက်သွယ်စည်းရုံးလာခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

ယုံကြည်မှုတည်ဆောက်ရန် လိုနေသည်

ထိုကဲ့သို့ အချင်းချင်းအငြင်းပွားမှုနှင့် ပြဿနာဖြစ်ပွားမှုများ နည်းရန်အတွက် အပြန်အလှန် ယုံကြည်မှုတည်ဆောက် ရေး လိုအပ်နေကြောင်း စစ်ကိုင်းတိုင်းအခြေစိုက် တော်လှန်ရေးအင်အားစုအချို့၏ ထောက်ပြမှုများလည်း ရှိသည်။

ဝက်လက်မြို့နယ်ထဲမှ တော်လှန်ရေးအင်အားစုများနှင့် နီးစပ်သူတဦးကမူ စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းတွင် ပိုမို ရက်စက်သည့် တိုက်ခိုက်သတ်ဖြတ်မှုများ ပြုလုပ်လာနေသဖြင့် တော်လှန်ရေးအင်အားစုများအချင်းချင်း ပိုမိုညီညွတ် ရန် လိုအပ်လာပြီဖြစ်ကြောင်း ထောက်ပြသည်။

၎င်းက “တပ်ရင်းတပ်ဖွဲ့နဲ့ ရပ်ရွာကာကွယ်ရေးတာဝန်ယူတဲ့ ပ.က.ဖ တွေကြား ရင်းနှီးမှုပိုရှိလာရင် ကျနော်တို့ကြား ပြဿနာတွေ နည်းလာမယ်။ အခုနောက်ပိုင်းမှာ စစ်တပ်က လုံးဝကို အပျောက်မီးရှို့ပစ်တာ။ တွေ့တာနဲ့သတ်ပစ်တာ။ အဲဒီတော့ ကျနော်တို့အချင်းချင်းက စည်းလုံးမှရမယ်။ မစည်းလုံးရင် အခြေအနေက ပိုဆိုးမယ်” ဟု ဆိုသည်။

လက်နက်၊ ခဲယမ်း၊ ရိက္ခာ မပြည့်စုံသော်လည်း တော်လှန်စိတ်ဓာတ်တခုဖြင့် စစ်အာဏာရှင်ကို တွန်းလှန်နေသူများချင်း ပြဿနာတက်နေပါက စစ်အာဏာရှင်တော်လှန်ရေးခရီး ကြန့်ကြာနေမည်ဖြစ်သလို ပြည်သူလူထုသည်လည်း အထိနာ သထက်နာလာမည် ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူတချို့ကလည်း ထောက်ပြသည်။

စစ်ကိုင်းလူထု၏ အာဏာရှင်အမြစ်ဖြတ်ရေး ဆန္ဒပြ ထောက်ခံပွဲ

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) ၏ အချက်အလက်များအရ စစ်အာဏာသိမ်းမှု ဖြစ်သည့် ၂၀၂၁ ဖေဖော်ဝါရီမှ ယခုနှစ်ဇွန်လ ၃၀ ရက်ထိ စစ်ကိုင်းတိုင်းအတွင်း နေအိမ် ၆၀,၀၀၀ ခန့် မီးရှို့ခံထားရ သလို သိန်းနှင့်ချီသောဒေသခံများမှာလည်း အိုးပစ်အိမ်ပစ်ကာ စစ်ဘေးရှောင်နေကြရသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းထဲမှ တော်လှန်ရေးအင်အားစုများကြား အငြင်းပွားမှုကြုံလာပါက သက်ဆိုင်ရာအစုအဖွဲ့၏ အထက်လူကြီးချင်း တွေ့ဆုံဆွေးနွေးကာ သဘောတူညီချက်ရယူပြီး အောက်ခြေတပ်ဖွဲ့ချင်း ပြဿနာမဖြစ်ရေး စေ့စပ် ပေးမှုများရှိသလို အငြင်းပွားမှုဖြစ်သော အင်အားစုနှစ်ခုကြား ၂ ဖွဲ့စလုံးနှင့်ရင်းနှီးသည့် အခြားအစုအဖွဲ့တခုက ဝင်ညှိ နှိုင်းပေးခြင်းများရှိကြောင်း စစ်ကိုင်းတိုင်းအခြေစိုက် တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ၃၀၊ ၃၁ ရက်များတွင် ပြုလုပ်ခဲ့သော ပထမအကြိမ် စစ်ကိုင်းဖိုရမ်သည် တိုင်းအတွင်းရှိ တော်လှန်ရေး အင်အားစုများကြား ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ယုံကြည်မှုတည်ဆောက်သည့်လုပ်ငန်းစဉ် ပိုမိုအားကောင်းလာစေရန် ရည်ရွယ်သလို ဆက်လက်၍လည်း ကြိုးပမ်းနေကြောင်း ကိုလွမ်းသူက ပြောသည်။

စစ်ကိုင်းဖိုရမ်တွင် မြို့နယ်ပေါင်း ၂၈ မြို့နယ်မှ တော်လှန်ရေးအင်အားစု ၁၇၃ ဖွဲ့ကြား သဘောထားစုစည်း ချက် ၂ ချက် ချမှတ်ခဲ့ရာ ညီညွတ်ရေးကိုရှေးရှုသည့် အချက်အချို့ ပါဝင်ကြောင်း တွေ့ရသည်။

ပထမအချက်မှာ စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးအစုအဖွဲ့များကြား အားလုံးဆွေးနွေးဆုံးဖြတ်ချက်ဖြင့် တိုင်းအတိုင်ပင်ခံ ကောင်စီ (သို့မဟုတ်) အစုအဖွဲ့တခုတည်ဆောက်ကာ အာဏာရှင်စနစ်အားလုံးချုပ်ငြိမ်းရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးဖော်ဆောင်ရန် ဖြစ်သည်။

ဒုတိယအချက်မှာ တိုင်းအဆင့် အရေးတကြီးလိုအပ်နေသော နိုင်ငံရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များအဖြစ် အချက် ၄ ချက်ကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့်အညီ လုပ်ဆောင်သွားရန် ဖြစ်သည်။

နိုင်ငံရေးရှေ့လုပ်ငန်းစဉ် ၄ ချက်မှာ တိုင်းအဆင့် အသွင်ကူးပြောင်းရေးကာလ အစီအမံများပေါ်ပေါက်ရေး၊ တိုင်းအဆင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မူဝါဒများရေးဆွဲရေး၊ တိုင်းအတွင်း အုပ်ချုပ်ရေးနှင့်စစ်ရေးအဖွဲ့များကြား အပြန်အလှန်ထိန်းကျောင်း နိုင်ရေးနှင့် ဒေသတွင်းကာကွယ်ရေးအဖွဲ့များ စုစည်းအားကောင်းရေးတို့ ဖြစ်သည်။

ထိုသို့ စစ်ကိုင်းဖိုရမ် ကျင်းပပြီးသော်လည်း တော်လှန်ရေးအင်အားစုများကြား အပြန်အလှန်ယုံကြည်မှု တည်ဆောက် ရေးမှာ မပြည့်စုံသေးဘဲ ဆက်လက်လုပ်ဆောင်ရန် လိုနေသေးကြောင်း၊ ဖိုရမ်ကို တိုင်းအဆင့် နိုင်ငံရေးဦးဆောင်အဖွဲ့ ပေါ်ပေါက်လာသည်အထိ ဒုတိယအကြိမ်၊ တတိယအကြိမ် စသဖြင့် အဆင့်ဆင့်ပြုလုပ်သွားရန် စီစဉ်ထားကြောင်း ဖိုရမ်ဖြစ်မြောက်ရေး ကော်မတီဝင် ကိုလွမ်းသူက ပြောသည်။

ဆက်လက်၍ ၎င်းက “ကျနော်တို့အနေနဲ့က စုံလင်ကွဲပြားနေတဲ့အဖွဲ့အစည်းတွေကို ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အလွတ်တန်း ချိတ်ဆက်ပြီးတော့မှ အမိန့်ပေးကွပ်ကဲမှု တခုတည်းအောက်ကိုရောက်ဖို့ ဝိုင်းဝန်းကြိုးစားတဲ့ ပလက် ဖောင်းတွေ စတင်နေပါတယ်” ဟု ဆိုသည်။ ။

You may also like these stories:

စစ်ကိုင်းဖိုရမ်က နွေဦးတော်လှန်ရေးကို တဆစ်ချိုး မြှင့်တင်ပေးနိုင်မလား

စစ်ကိုင်းတိုင်းတွင် စစ်တပ်က လူသတ်မီးရှို့မှုများ ဆက်တိုက်ကျူးလွန်နေ

စစ်ကိုင်းတိုင်းအတွင်း စစ်ခုံရုံးဖြင့် အမိန့်ချခံရသူ ၁၇၃ ဦးထိ ရှိလာ

စစ်ကိုင်းမှ ရွာပေါင်း ၃၀ ကျော် ဒေသခံ ၁ သောင်းခန့် စစ်ကြောင်းကြောင့် တိမ်းရှောင်

Your Thoughts …
Tags: NUGPDFSliderစစ်ကိုင်းတိုင်းစစ်ကောင်စီ
စောရယ်

စောရယ်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကုန်သွယ်ရေး တာဝန်ခံ ဗိုလ်ချုပ်ရန်နောင်စိုးနှင့် စီးပွားရေးသမားတချို့ စစ်ဆေးခံနေရ

ကုန်သွယ်ရေး တာဝန်ခံ ဗိုလ်ချုပ်ရန်နောင်စိုးနှင့် စီးပွားရေးသမားတချို့ စစ်ဆေးခံနေရ

တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved