• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

by ဧရာဝတီ
11 September 2023
in သတင်း
A A
တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

ကိုဗစ်ကာလ မတိုင်မီက ဇီးရိုးဘတ်ဂျက်ဖြင့် မြန်မာသို့ လာရောက်လည်ပတ်သည့် တရုတ်ခရီးသည်များ (ဧရာဝတီ)

1.8k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာတလွှား ကိုဗစ် ၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု ကျဆင်းသွားပြီဖြစ်၍ အာဆီယံနိုင်ငံများအပါအဝင် ကမ္ဘာ့ခရီးသွားဈေးကွက် နိုင်ငံများက နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာရေး အရှိန်မြှင့် ဆောင်ရွက်လာသလို၊ စစ်ကောင်စီ ကလည်း တရုတ်ခရီးသွားများ ဝင်ရောက်လာစေရေး ကြိုးပမ်းလျက် ရှိသည်။

တရုတ်နိုင်ငံအနေဖြင့်လည်း ယခုနှစ်အတွင်း၌ ၎င်းတို့နိုင်ငံသားများအား ပြည်ပနိုင်ငံများသို့ ခရီသွားလာခွင့် ပြန်လည် ခွင့်ပြုပေးခဲ့ရာ အဖွဲ့လိုက် ခရီးသွားလာလည်ပတ်နိုင်သော ခွင့်ပြုနိုင်ငံများစာရင်း၌ မြန်မာနိုင်ငံအား ထည့်သွင်းလာခဲ့သည်။

ထို့အတွက် စစ်ကောင်စီသည် ကိုဗစ်မတိုင်မီကာလများကဲ့သို့ တရုတ်နိုင်ငံ ခရီးသွားများ အလုံးအရင်း ဝင်လာဖို့ မျှော်လင့်နေပြီး ပြီးခဲ့သည့် သြဂုတ် ၂၉ ရက်က ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီး ဒေါ်သက်သက်ခိုင်မှ တရုတ်ခရီးသွား အများအပြား လာတော့မည်ဖြစ်ရာ အဆင်သင့် ဖြစ်နေစေရေး ကြိုတင်ပြင်ဆင်နိုင်ရန်ဆိုကာ မြန်မာ- တရုတ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအဖွဲ့၊ တရုတ်ခရီးသွား ဈေးကွက်ဆောင်ရွက်နေသည့် ကုမ္ပဏီများ၊ မြန်မာ- တရုတ်ချစ်ကြည်ရေး အသင်း(ဗဟို)၊ မြန်မာ- တရုတ် ပူးပေါင်းဆောင်ရွက်ရေးအသင်း (ဗဟို)၊ တရုတ်ကုန်သည်ကြီးများအသင်းမှ ပုဂ္ဂိုလ်များကို တွေ့ဆုံကာ ပြောကြားခဲ့သည်။

ထို့အပြင် တရုတ်နိုင်ငံသားများကို ဆိုက်ရောက်ဗီဇာ (Visa On Arrival) ကိုပင် ပြန်လည်ခွင့်ပြုရန် စီစဉ်လျက်ရှိကြောင်းလည်း ခရီးသွားလုပ်ငန်းဈေးကွက်မှ သိရသည်။

စစ်ကောင်စီ ထိုသို့ ကြိုးပမ်းနေသော်လည်း မြန်မာနိုင်ငံတွင်း မတည်မငြိမ်မှုများနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကြောင့် ခရီးစဉ်ဒေသများသို့ သွားလာရန် အကန့်အသတ်ရှိခြင်း၊ ပြည်တွင်း ကုန်ဈေးနှုန်း ကြီးမြင့်မှုများအပြင် မြန်မာနိုင်ငံ အနေဖြင့် လတ်တလော အခြေအနေများအရ တခြားသော ဒေသတွင်း နိုင်ငံများထက် ခရီးသွားဧည့်သည်များအတွက် လုံခြုံစိတ်ချ ကောင်းမွန်သော ခရီးသွားဒေသ ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ခြင်း မရှိကြောင်း ခရီးသွားလုပ်ငန်းရှင်များ က ထောက်ပြ ပြောဆိုကြသည်။

ခရီးသွား လုပ်ငန်းရှင်တဦးက “တရုတ်တွေလာဖို့အတွက် လေကြောင်းလိုင်းတွေလည်း ပြေးဆွဲနေပြီဆိုတော့ လာချင်လည်း လာမယ်ပေါ့။ ဒါပေမယ့် Safety issues ပေါ့၊ ဧည့်သည်တွေ တော်တော်များများက လာရင် နောက်ကြောင်းအေးချင်တယ်၊ ကိုယ်ကိုယ်တိုင်လည်း သောကကင်းချင်တယ်ပေါ့။ လည်စရာ ပတ်စရာ၊ ဝယ်စရာ ခြမ်းစရာ၊ ပျော်စရာ ပါးစရာတွေကလည်း ထိုင်းနိုင်ငံနဲ့ ယှဉ်ရင် ကျနော်တို့မှာ ဘာမှမရှိဘူး။ နောက်ကန့်သတ်ချက်တွေကလည်းများ ဆိုတော့ တချို့ဒေသတွေဆိုရင် ကာဖျူး (ညမထွက်ရ အမိန့်) က ရှိနေသေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ကိုဗစ်ကာလ မတိုင်မီက ဇီးရိုးဘတ်ဂျက်ဖြင့် မြန်မာသို့ လာရောက်လည်ပတ်သည့် တရုတ်ခရီးသည်များ (ဧရာဝတီ)

ထို့ပြင် ခရီးသွား ကုမ္ပဏီများဘက်တွင်လည်း ခရီးစဉ်များ ရေးဆွဲရာတွင် နေရာဒေသ အကန့်အသတ်ရှိခြင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများထံမှ သွားလာခွင့်အတွက် ခွင့်ပြုချက် တောင်းခံရခြင်းနှင့် မကြာခဏ မူဝါဒအပြောင်းအလဲများက စိန်ခေါ်မှုရှိစေကြောင်း ၎င်းက ဆိုသည်။

၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည် ဗီဇာဖြင့် နိုင်ငံခြားသား၂ သိန်း ၃ သောင်းခန့် ဝင်ရောက်ခဲ့ကြောင်း စစ်ကောင်စီ၏ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။ ထိုပမာဏသည် မြန်မာနိုင်ငံသို့ ကိုဗစ်မတိုင်မီကာ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှု၏ ၁၀ ရာခိုင်နှုန်း အောက်သာ ရှိသည်။

စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံသည် နိုင်ငံခြားခရီးသွားများ သွားရောက်လည်ပတ်ရန်အတွက် အန္တရာယ်ရှိသော နိုင်ငံများအနက် ရှေ့တန်းရောက်လာခဲ့ပြီး အမေရိကန် အပါအဝင် ဥရောပနိုင်ငံကြီးများ၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံသားများသည် လာရောက် လည်ပတ်မှု မရှိသလောက် ဖြစ်သွားကာ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်၊ ဂရိ၊ စပိန် အပါအဝင် လက်တင်အမေရိက နိုင်ငံတချို့မှ နိုင်ငံခြားသားများသာ လာရောက်လည်ပတ်ကြလေ့ရှိကြောင်း သိရသည်။

ပုဂံဒေသရှိ စားသောက်ဆိုင်ပိုင်ရှင်တဦးက “အခု ပုဂံဒေသမှာတော့ ထိုင်းနဲ့ ဗီယက်နမ်တွေတော့ နည်းနည်းပါးပါး တွေ့နေရတယ်။ ဒါပေမယ့် အရင်က စားသောက်ဆိုင် ရာနဲ့ချီပြီး အလုပ်ဖြစ်ခဲ့တာနဲ့ အခု ၂ ဆိုင်၊ ၃ ဆိုင်လောက်ပဲ အလုပ်ဖြစ်နေတဲ့ အခြေအနေကတော့ အများကြီး ကွားခြားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

စစ်ကောင်စီသည် တရုတ်နိုင်ငံခရီးသွားများကို ဝင်ရောက်လာရန် ကြိုတင်ပြင်ဆင်လျက်ရှိသော်လည်း ခရီးသွားလုပ်ငန်း ကဏ္ဍအတွင်း၌ ပါဝင်လုပ်ကိုင်နေသူများ အားလုံးကို သတင်းအချက်အလက် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေမှု အားနည်းလျက်ရှိကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံသို့ ခရီးသွားဗီဇ (Tourist visa) ဖြင့် နိုင်ငံခြားသား ၂ သိန်း ဝင်ရောက်လာသော်လည်း အမှန်တကယ် ခရီးသွားဦးရေမှာ ထက်ဝက်ခန့်သာဖြစ်ကာ၊ ကျန်သူများသည် မြန်မာနိုင်ငံသို့ လာရောက်ရန် တခြားသော ကိစ္စရပ်များရှိ၍ အွန်လိုင်းမှ အလွယ်တကူ လျှောက်၍ရသော Tourist ဗီဇာလျှောက်ပြီး လာရောက်ကြသူများဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက ပြောဆိုကြသည်။

ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်းရှင်တဦးက “တရုတ်တွေက အခုလည်း ဝင်တာတွေတော့ရှိတယ်။ Tourist visa နဲ့တော့ မဟုတ်ဘဲ Business visa လျှောက်ပြီးပဲ ဝင်လာကြတာ။ အမှန်တကယ် ခရီးသွားလာချင်လို့ဆိုပြီး ကျမတို့ဆိုရင် တခြား နိုင်ငံသားတွေကိုလည်း ဝန်ဆောင်မှု ပေးခဲ့ရတာမျိုး မရှိသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသားသည်ပင် ပြည်တွင်း မတည်ငြိမ်မှု အခြေအနေများနှင့် ဘေးကင်းလုံခြုံစိတ်ချရမှုများ မရှိသည့် အတွက် ပြည်ပခရီးစဉ်များကိုသာ ထွက်ခွာသူများလျက်ရှိပြီး နိုင်ငံခြားသားခရီးသွားများ လာရောက်နိုင်ခြေ အင်မတန် နည်းပါးကြောင်း ၎င်းက ပြောဆိုသည်။

စစ်ကောင်စီသည် တရုတ်ခရီးသွားများအပြင် ရုရှားနှင့် အိန္ဒိယနိုင်ငံသား ခရီးသွားများကို ဝင်ရောက်လာနိုင်ရေး ကြိုးစားလျက်ရှိပြီး ရန်ကုန်နှင့် မန္တလေးမြို့များမှနေ ရုရှားနိုင်ငံ နိုဗိုဆီဗရစ်မြို့သို့ တိုက်ရိုက်လေကြောင်းပျံသန်းမှုကို စက်တင်ဘာလ ၅ ရက်တွင် စတင်လိုက်ပြီဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင် (MAI) ကြေညာခဲ့သည်။

ပြီးခဲ့သည့်နှစ်အတွင်း၌ စစ်ကောင်စီသည် ရုရှားနိုင်ငံသား ခရီးသွားများအတွက် ဗီဇာဖြေလျှော့မှုများ ပြုလုပ်ပေးခဲ့ပြီး ယခုတွင် တရုတ်နှင့် အိန္ဒိယခရီးသွားများအတွက် ဗီဇာဖြေလျှော့မှုများ လုပ်ဆောင်ပေးရန် စီစဉ်လျက်ရှိသည်။

ကိုဗစ်ကာလ မတိုင်မီက ဇီးရိုးဘတ်ဂျက်ဖြင့် မြန်မာသို့ လာရောက်လည်ပတ်သည့် တရုတ်ခရီးသည်များ (ဧရာဝတီ)

စစ်ကောင်စီဘက်က ထိုသို့ စီစဉ်နေသော်လည်း မြန်မာနိုင်ငံ ခရီးသွားကဏ္ဍသည် ကိုဗစ်ကာလ မတိုင်ခင်ကဲ့သို့ အလုံးအရင်းဖြင့် ဝင်ရောက်လာသော ခရီးသွား ဧည့်သည်များကို ဝန်ဆောင်မှုပေးမည့် ဟိုတယ်နှင့် စားသောက်ဆိုင် အများအပြား မရှိတော့ခြင်း၊ ပြည်တွင်းအလုပ်အကိုင် ရှားပါးမှုကြောင့် ကျွမ်းကျင်လုပ်သားများမှာ ပြည်ပနိုင်ငံများသို့ ထွက်ခွာမှု မြင့်တက်လျက်ရှိကြောင်း ခရီးသွားလုပ်ငန်းရှင်များက ပြောဆိုကြသည်။

ဝါရင့်ခရီးသွား လုပ်ငန်းရှင်တဦးက “ခရီးသွားလုပ်ငန်း ကဏ္ဍဆိုတာက Soft skill တွေနဲ့ အလုပ်လုပ်ရတာ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံက အပြောင်းအလဲတခုခုကြောင့် ခရီးသွားတွေ ပြန်ဝင်လာတယ်ဆိုဦးတော့ ကျနော်တို့ ခရီးသွားလုပ်ငန်း ကဏ္ဍက အဆင်သင့် မဖြစ်နေတော့ဘူး” ဟု ပြောဆိုသည်။

ထို့ပြင် တရုတ်ခရီးသွားများ ဖိတ်ခေါ်မှုသည် နိုင်ငံအတွက် အကျိုးအမြတ် မရှိစေမည့် ဇီးရိုးဘတ်ဂျက်ခရီးသွားများ မဖြစ်ရန် လိုအပ်ပြီး သတိထား ကိုင်တွယ်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဇီးရိုးဘတ်ဂျက်ခရီးသွား ဆိုသည်မှာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်လိုသော တရုတ်ခရီးသွားများကို တရုတ်ခရီးသွား အေဂျင်စီများကသာ ဝန်ဆောင်မှုပေးပြီး တရုတ်နိုင်ငံသား ပိုင်ဆိုင်သော ဟိုတယ်နှင့် စားသောက်ဆိုင်များကို အသုံးပြုစေခြင်း၊ သတ်မှတ်ပေးထားသော အမှတ်တရ အရောင်းပစ္စည်းဆိုင်များတွင်သာ ဝယ်ယူစေသလို ငွေပေးချေမှုစနစ်ကိုလည်း တရုတ်နိုင်ငံ၏ ငွေပေးချေမှုစနစ်များကို အသုံးပြုစေခြင်း ဖြစ်သည်။

ထို့အတွက်ကြောင့် တရုတ် ဇီးရိုဘတ်ဂျက်ခရီးသွားများ လာရောက်လည်ပတ်မှုသည် နိုင်ငံအတွက် အခွန်အခလည်း မရှိသလို နိုင်ငံခြားဝင်ငွေ ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသည်။

တရုတ်နိုင်ငံ ခရီးသွားများဘက်တွင်လည်း အာဏာသိမ်းပြီးနောက် ကြီးမားကျယ်ပြန့်လာသော မြန်မာနယ်စပ်များရှိ လူကုန်ကူးမှုနှင့် အွန်လိုင်းငွေကြေး လိမ်လည်လုပ်ငန်းများကြောင့် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန် စိုးရိမ်မှုများ ရှိနေပြန်သည်။

တရုတ်- မြန်မာ နယ်စပ်နှင့် ထိုင်း-မြန်မာနယ်စပ်တို့ရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များတွင် အခြေပြုလှုပ်ရှားကြသော ထိုရာဇာဝတ်ဂိုဏ်းများသည် တရုတ်နိုင်ငံသားများကို လိမ်သွင်းပြီး အွန်လိုင်းမှ ငွေကြေးလိမ်လည်ရာတွင် အတင်းအကျပ် ပါဝင်လုပ်ကိုင်စေပြီး တရုတ်ပြည်တွင်းရှိ ပင်စင်စားသက်ကြီးရွယ်အိုများအပြင် တရုတ်နိုင်ငံသားများထံမှာ ငွေကြေး လိမ်လည်ကြသည်။

RelatedPosts

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

11 January 2026
2
ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

11 January 2026
3
အခုရွေးကောက်ပွဲက ခြောက်ခြောက်ကပ်ကပ်ပါပဲ (ရုပ်/သံ)

အခုရွေးကောက်ပွဲက ခြောက်ခြောက်ကပ်ကပ်ပါပဲ (ရုပ်/သံ)

11 January 2026
13

မြန်မာနိုင်ငံ၊ မူဆယ်၊ လောက်ကိုင်နှင့် တာချီလိတ်၊ မြဝတီတို့ဘက် တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြသည့် ကျာ့ဖြန့် ဟုခေါ်သည့် အွန်လိုင်း ငွေကြေးလိမ်လည်မှုလုပ်ငန်းများတွင် ခိုင်းစေခံနေရသည့် လူများ၏ ဘဝအကြောင်းကို ကြောက်စရာကောင်းသည့် အကြောင်းတရားများကို အခြေခံ ရိုက်ကူးထားသော “ဘယ်တော့မှ မလောင်းတော့ဘူး” No More Bets အမည်ရှိ ရုပ်ရှင်ဇာတ်ကားကြောင့်လည်း တရုတ်ဆိုရှယ်မီဒီယာပေါ်တွင်လည်း မြန်မာပြည်အပေါ် မကောင်းမြင် လာစေပြီး ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။

ထိုသို့သော အခြေအနေများတွင် ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည် မြှင့်တင်ရေးအတွက် တရုတ်ခရီးသွားများကို ဆွဲဆောင်ရန် စစ်ကောင်စီ၏ ကြိုးပမ်းချက်သည် အချည်းအနှီးသာ ဖြစ်လိမ့်မည်ဟု သုံးသပ်ပြောဆိုမှုများလည်း ရှိနေသည်။

You may also like these stories:

“ဝ” ဒေသရှိ အွန်လိုင်းလိမ်လည်နေသူ ၁၀၀၀ ကျော်ကို တရုတ်ရဲလက်အပ်

အွန်လိုင်းလောင်းကစားမှုဖြင့် ဖမ်းထားသူနှစ်ဦးအား တရုတ်ထံ စစ်ကောင်စီ လွှဲပြောင်း

တရုတ်ရာဇဝတ်ဂိုဏ်းများ ထိုင်း-မြန်မာနယ်စပ်ကို ထိန်းချုပ်ထား

Your Thoughts …
Tags: ခရီးသွားလုပ်ငန်းစစ်ကောင်စီတရုတ်ခရီးသွား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပိုဆိုးလာဖွယ်ရှိဟု ကမ္ဘာ့ဘဏ်ပြော

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပိုဆိုးလာဖွယ်ရှိဟု ကမ္ဘာ့ဘဏ်ပြော

NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved