• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

တော်လှန်ရေး အင်အားစုက မန္တလေးကို ဝင်သိမ်းမလား

by နေ့သစ်
5 September 2024
in Military, သူ့အတွေး သူ့အမြင်
A A
တော်လှန်ရေး အင်အားစုက မန္တလေးကို ဝင်သိမ်းမလား

မန္တလေးမြို့ အပေါ်စီး မြင်ကွင်း / ဧရာဝတီ

7.9k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီ ဆန့်ကျင်ရေး တော်လှန်ရေး အင်အားစုတွေက မန္တလေးတိုင်း မြောက်ပိုင်းက ပိုင်နက်တွေကို သိမ်းပိုက်ပြီး တောင်ဘက်ကို ဆက်လက် ချီတက်လာချိန်မှာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးဟာ တော်လှန်ရေး အင်အားစုများတွေရဲ့ အဓိကပစ်မှတ် ဖြစ်လာပါတယ်။

အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်က ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေဟာ မြို့ကို ဝိုင်းထားပြီး မြို့ထဲကို ထိုးဖောက် ဝင်ရောက်သလို ပတ်ဝန်းကျင်က စစ်ကောင်စီစခန်းတွေကိုလည်း ဆက်လက် တိုက်ခိုက်နေတယ်။

မန္တလေးနန်းတွင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ဟာ ဒရုန်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေ ခံရတယ်။ မန္တလေးကို သိမ်းတော့မယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်လာချိန်မှာပဲ စစ်ကောင်စီဟာ ခံစစ်တွေ တောင့်တင်းအောင် ကမန်းကတမ်း လုပ်ရတယ်။

မန္တလေးကို သိမ်းပိုက်ရေးဟာ တော်လှန်ရေး အရှိန်အဟုန် ထိန်းသိမ်းဖို့၊ စစ်ကောင်စီအုပ်ချုပ်ရေးကို စိန်ခေါ်ဖို့ အဓိကကျတယ်။ နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးဟာ အလယ်ပိုင်းတိုင်းက စစ်ဆင်ရေးတွေနဲ့ အထက်မြန်မာနိုင်ငံကို အင်အားဖြည့်တင်း ထောက်ပံ့ပို့ဆောင်ရာမှာ အရေးပါတယ်။

ဒါပေမယ့် တော်လှန်ရေး အင်အားစုတွေဟာ တပ်မြို့ ပြင်ဦးလွင်ကို အရင်သိမ်းပိုက်ရမယ်လို့ စစ်ရေးသုတေသီတွေက ပြောပါတယ်။ အဲဒီတောင်ပေါ် ခံတပ်မြို့ဟာ မန္တလေးကနေ ၇၄ ကီလိုမီတာ (၄၅ မိုင်ကျော်ခန့်) ဝေးပြီး စစ်တက္ကသိုလ်နဲ့ စစ်သင်တန်းကျောင်းတွေ အများအပြားရှိတဲ့မြို့ ဖြစ်ပါတယ်။

ဒါပေမယ့် တော်လှန်ရေး အင်အားစုတွေဟာ တပ်မြို့ ပြင်ဦးလွင်ကို အရင်သိမ်းပိုက်ရမယ်လို့ စစ်ရေးသုတေသီတွေက ပြောပါတယ်။ အဲဒီတောင်ပေါ် ခံတပ်မြို့ဟာ မန္တလေးကနေ ၇၄ ကီလိုမီတာ (၄၅ မိုင်ကျော်သာ) ဝေးပြီး စစ်တက္ကသိုလ်နဲ့ စစ်သင်တန်းကျောင်းတွေ အများအပြားရှိတဲ့မြို့ ဖြစ်ပါတယ်။

တော်လှန်ရေး အင်အားစုများ တိုက်ခိုက်ရန် ကြိုးစားနေသည့် မန္တလေးနှင့် ပြင်ဦးလွင်ပြ မြေပုံ / ဧရာဝတီ

“ပြင်ဦးလွင်က မန္တလေးကို မိုးနေတယ်။ အဲဒီ ခံတပ်မြို့ကို အရင် မသိမ်းရင် တော်လှန်ရေးတပ်တွေ ထောင်ချောက်မိနိုင်တယ်” လို့ တော်လှန်ရေးတပ်တွေ ချီတက်လာတာကို လေ့လာနေတဲ့ စစ်ရေးသုတေသီတဦးက ပြောပါတယ်။

စစ်ကောင်စီဟာ မန္တလေးကို ပြင်ဦးလွင်က တပ်တွေ လမ်းကြောင်း အမျိုးမျိုးနဲ့ ဖြန့်ကြက်လို့ ရတယ်လို့ သူက ရှင်းပြပါတယ်။

ပြင်ဦးလွင်ဟာ တိုင်းရင်းသားညီနောင် မဟာမိတ်တပ်တွေက ရှမ်းပြည်မြောက်ပိုင်းမြို့တော် လားရှိုးအပါအဝင် မြို့ပေါင်း ၂၅ မြို့ကို ထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်းနယ်စပ်မှာ ရှိတယ်။

လွန်ခဲ့တဲ့လမှာ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် (MDY-PDF) အပါအဝင် မဟာမိတ်အဖွဲ့ဟာ ပြင်ဦးလွင်က တနာရီကျော်ခရီးသာရှိတဲ့ နောင်ချိုနှင့် ကျောက်မဲကို သိမ်းပိုက်တယ်။ အဲဒီ စစ်ရေးရှုံးနိမ့်မှုကြောင့် ပြင်ဦးလွင်တပ်မြို့က စစ်တပ်မိသားစု အပါအဝင် ဒေသခံတွေ အလုံးအရင်း ထွက်ပြေးစေတယ်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.9k
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
664
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
3.9k
မန္တလေးတိုင်းမြောက်ပိုင်းတွင် မန္တလေး PDF များကို ကြိုဆိုနေသည့် ပြည်သူများ / မန္တလေး PDF

TNLA တပ်တွေက နောင်ချို-ရပ်စောက်လမ်းအပြင် ပြင်ဦးလွင် အရှေ့ဘက် တောင်ခမ်းကျေးရွာမှ တပ်ရင်း နှစ်ခုကိုလည်း သိမ်းပိုက်လိုက်တယ်။

စစ်တပ်ကနေ ပြည်သူ့ဘက်ကို ခိုလှုံပြီး ဘက်ပြောင်းလာတဲ့ ဗိုလ်ကြီးဟောင်း ဇင်ယော်က တော်လှန်ရေးတပ်တွေ မေမြို့ကို မချီတက်မီ တောင်ခမ်းကို သိမ်းပိုက်ဖို့ လိုတယ်လို့ ထောက်ပြပါတယ်။ တောင်ခမ်းက အောင်ပွဲဟာ နောင်ချိုကို ထိန်းချုပ်နိုင်ပြီး စစ်ကောင်စီက နောင်ချို-ရပ်စောက် လမ်းကနေ ရှမ်းပြည်တောင်ပိုင်းက တပ်ကူပို့တာကို တားဆီးနိုင်ပါတယ်။

“တော်လှန်ရေးတပ်တွေ ပြင်ဦးလွင်ကို သိမ်းနိုင်ရင် မန္တလေးက အလွယ်တကူ ကျဆုံးမယ်”

“တော်လှန်ရေးတပ်တွေ ပြင်ဦးလွင်ကို သိမ်းနိုင်ရင် မန္တလေးက အလွယ်တကူ ကျဆုံးမယ်” လို့ သူကပြောပါတယ်။

ဒါပေမယ့် မန္တလေးက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းဖို့ တော်လှန်ရေးတပ်တွေဟာ မြို့မြောက်ဘက်က အဓိက စစ်တပ်အမာခံ စခန်းတခုအပါအဝင် တပ်ရင်းဌာနချုပ် အများအပြားကို သိမ်းပိုက်ရပါမယ်လို့ ဗိုလ်ကြီးဟောင်း ဇင်ယော်က ပြောပါတယ်။ တချိန်တည်းမှာ စစ်ကောင်စီဟာ မန္တလေးနန်းတွင်းနဲ့ အခြားနေရာတွေမှာ ကာကွယ်ရေးအင်အားစုပြီး တိုက်ခိုက်မှုကို ခံစစ်ပြင် စောင့်နေပါတယ်။

တော်လှန်ရေးတပ်တွေက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ဒုံးကျည် ဒါဇင်ပေါင်းများစွာနဲ့ အင်္ဂါနေ့နံနက်မှာ တိုက်ခိုက်တယ်။ ဒုံးကျည် ခုနစ်လုံးက ပစ်မှတ်ကိုထိမှန်ပြီး စစ်ကောင်စီစစ်သား အများအပြားသေတယ်လို့ သူတို့က ပြောတယ်။

မန္တလေးတိုင်း တောင်ပိုင်းရှိ နွားထိုးကြီးမြို့နယ်တွင် PDF များက လုံခြုံရေးစစ်ဆေးနေစဉ် / နွားထိုးကြီး PDF

မန္တလေး PDF နဲ့ မဟာမိတ် တော်လှန်ရေးတပ်တွေဟာ မန္တလေးမြို့ မြောက်ဘက်က လေကြောင်းကာကွယ်ရေးတပ်နဲ့ အရှေ့ပိုင်း မြို့စွန်က စခန်းတွေ အပါအဝင် စစ်ကောင်စီစခန်း အနည်းဆုံး ၃၅ ခုကို သိမ်းပိုက်ထားပါတယ်။

မန္တလေး PDF နဲ့ မဟာမိတ် တော်လှန်ရေးတပ်တွေဟာ မန္တလေးမြို့ မြောက်ဘက်က လေကြောင်းကာကွယ်ရေးတပ်နဲ့ အရှေ့ပိုင်း မြို့စွန်က စခန်းတွေ အပါအဝင် စစ်ကောင်စီစခန်း အနည်းဆုံး ၃၅ ခုကို သိမ်းပိုက်ထားပါတယ်။

တချိန်တည်းမှာပဲ PDF တပ်အများအပြားဟာ မန္တလေးရဲ့တောင်ဘက် မြို့နယ် လေးခုမှာ မြင်းခြံခရိုင် အထူးစစ်ဆင်ရေးလို့ခေါ်တဲ့ ညှိနှိုင်းစစ်ဆင်ရေးကို ပြုလုပ်နေပါတယ်။

ဒါပေမယ့် မန္တလေးကို သိမ်းပိုက်ဖို့ PDF တပ်တွေဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက စစ်တပ်ကို တိုက်ခဲ့တဲ့ အတွေ့အကြုံ ဆယ်စုနှစ်ပေါင်းများစွာကို အသုံးပြုဖို့ လိုတယ်လို့ ဗိုလ်ကြီးဟောင်း ဇင်ယော်က ပြောပါတယ်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ As Resistance Enters Mandalay, is Myanmar’s Second City on Brink of Falling? ဘာသာပြန်သည်။)

You may also like these stories:

တောင်ခမ်း အမြောက်တပ်ဌာနချုပ် မကျရေး အပြင်းအထန် ခုခံနေရ

တောင်ခမ်း အမြောက်တပ် TNLA နှင့် မဟာမိတ်တို့ ဆက်လက်စစ်ဆင်

TNLA အပစ်ရပ်ဖို့ တရုတ် ခြိမ်းခြောက်စာပို့

မန္တလေးမြောက်ပိုင်း စစ်ဆင်ရေးနှင့် အောင်ပွဲများ အပိုင်း ၁

မန္တလေးမြောက်ပိုင်း စစ်ဆင်ရေးနှင့် အောင်ပွဲများ အပိုင်း ၂

Your Thoughts …
Tags: NUGPDFSliderTNLAစစ်ကောင်စီစစ်အာဏာသိမ်းမှုညှိနှိုင်းထိုးစစ်တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတော်လှန်ရေး အင်အားစုဒရုန်းတိုက်ခိုက်မှုမန္တလေးမြင်းခြံခရိုင် အထူးစစ်ဆင်ရေးရှော့တိုက်ဒုံးအမျိုးသားညီညွတ်ရေးအစိုးရ
နေ့သစ်

နေ့သစ်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မြို့သာတိုက်ပွဲအပြီး ဒေသခံ၇၀ ရာခိုင်နှုန်း မြို့ကို စွန့်ခွာ

မြို့သာတိုက်ပွဲအပြီး ဒေသခံ၇၀ ရာခိုင်နှုန်း မြို့ကို စွန့်ခွာ

ထီးချိုင့်မြို့ရဲ့ နောက်ဆုံးအခြေအနေ (ရုပ်/သံ)

ထီးချိုင့်မြို့ရဲ့ နောက်ဆုံးအခြေအနေ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved