• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တောင်ခမ်း အမြောက်တပ်ဌာနချုပ်မကျရေး အပြင်းထန် ခုခံနေရ

by ဧရာဝတီ
4 September 2024
in သတင်း
A A
တောင်ခမ်း အမြောက်တပ်ဌာနချုပ်မကျရေး အပြင်းထန် ခုခံနေရ

နောင်ချိုနယ်ရှိ တောင်ခမ်း အမြောက်တပ်ကို တိုက်ခိုက်နေသည့် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် PDF ပူးပေါင်းတပ်များ (TNLA)

4k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ် နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီတံတားအနီး တောင်ခမ်းမြို့နယ်ခွဲ အခြေစိုက် အမြောက်တပ်ရင်းများကို သိမ်း ယူရန် တိုက်ခိုက်နေသည့် တိုက်ပွဲများမှာ ယနေ့အထိ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်ကလည်း လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူပေးနေကြောင်း ကျောက်မဲခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် (ပကဖ) တဦးက ပြောသည်။

တောင်ခမ်းတွင် စစ်တပ်က အမှတ် ၉၀၂ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်(မစခ-၉၀၂)ရှိပြီး ကွပ်ကဲမှုအောက်တွင် အမတ-၂၀၆၊ အမတ- ၃၅၄နှင့် အမတ- ၄၀၆ နှင့် စသည့် အမြောက်တပ်ရင်းများ ရှိပြီး TNLA နှင့် PDF ပူးပေါင်း တပ်များက အမတ-၂၀၆ နှင့် အမတ-၄၀၆ တို့အား ဩဂုတ် ၂၈ ရက်က သိမ်းပိုက်ထားပြီဖြစ်ကြောင်း TNLA က ပြောထား သည်။

ယခုအခါ အဓိက ကျသည့် အမှတ် ၉၀၂ အမြောက်စခန်း ကွပ်ကဲမှုဌာနချုပ် (မစခ ၉၀၂)နှင့် အမတ ၃၅၄ တို့ကို ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် PDF ပူးပေါင်းတပ်များက ဆက်လက်တိုက်ခိုက်နေခြင်း ဖြစ်ပြီး ယနေ့ မနက်တွင် တပ်စခန်းဝင်းအတွင်း စီးနင်းဝင်ရောက်နေကြောင်းသိရသည်။

ပကဖ အဖွဲ့ဝင်တဦးက “၉၀၂ တပ်ကိုက ဝင်လုံးနေတုန်းပဲ၊ မရသေးဘူး။ တပ်ဝင်းက အကျယ်ကြီး ဘန်ကာအခိုင်အမာနဲ့ စက်သေနတ်နဲ့ ထောက်ထားတာ။ မိုးကလည်း ရွာနေတယ်၊ စစ်တပ်ဘက်ကတော့ ၁၅၅ အမြောက်ရော ဂျက်ဖိုက်တာနဲ့ လာထုနေတာ” ဟု ပြောသည်။

စစ်မြေပြင်သို့ စစ်တပ်က ပို့ဆောင်သော စစ်ကူတပ်သားများတွင် ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များ လည်း ပါဝင်ရာ ဖရိုဖရဲ ထွက်ပြေးနေကြသည့်အတွက် လိုက်လံ ရှင်းလင်းနေရကြောင်း ၎င်းက ပြောသည်။

TNLA နှင့် ပူးပေါင်းတပ်များသည် ဩဂုတ်လဆန်းပိုင်းကစတင်ကာ တောင်ခမ်းရှိ အမြောက် တပ်စခန်းအားလုံး အပြီးသတ်သိမ်းပိုက်ရရှိရေး ထိုးစစ်ဆင်နေခြင်း ဖြစ်ပြီး၊ ယခုအခါ တောင်ခမ်းရွာမြောက်ဘက်အစွန်ရှိ အမြောက်စခန်း ကွပ်ကဲမှု ဌာနချုပ်နှင့် ရွာတောင်ဘက်အစွန် မကျီးရေ ရွာအနီးက အမတ ၃၅၄ တို့အား အပြီးသတ်သိမ်းပိုက်ရန် ဆက်လက်ထိုးစစ်ဆင်နေခြင်းလည်းဖြစ်သည်။

မစခ- ၉၀၂ သည် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(ရမခ) နယ်မြေအတွင်း တခုတည်းသော အမြောက်တပ်ကွပ်ကဲမှု ဌာနချုပ်ဖြစ်ပြီး ၎င်း၏ လက်အောက်ခံ အမြောက်တပ်ရင်း ၁၃ ရင်းအား ရမခ နယ်မြေအတွင်းရှိ လားရှိုး၊ မိုင်းရယ်၊ ဟိုပန်၊ နမ့်လန်၊ အင်တော- ကျောက်ဂူ၊ ကွတ်ခိုင်၊ အင်ခို၊ နောင်ချို၊ လောက်ကိုင်စသည့်ဒေသများတွင် ဖြန့်ခွဲချထားသည်။

တောင်ခမ်းဒေသနှင့် ပြင်ဦးလွင်တို့ မြေအနေအထား ဆက်စပ်မှုပြ မြေပုံ(ဧရာဝတီ)

လက်ရှိတွင် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) နှင့် လားရှိုးမြို့အား မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) က သိမ်းပိုက်ထားပြီး ဖြစ်သည်။

လတ်တလော တိုက်ပွဲပြင်းထန်နေသည့် တောင်ခမ်းသို့ စစ်တပ်က ရပ်စောက်၊ ကျောက်ဂူဘက်မှ မြေပြင်စစ်ကူများ ပို့ဆောင်ခြင်း၊ လေကြောင်းက ဗုံးကြဲခြင်းအပြင် စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့အခြေစိုက်တပ်များကလည်း လက်နက်ကြီးများဖြင့် တောင်ခမ်းဘက်သို့ ပစ်ကူပေးနေကြောင်း စစ်ရေးသတင်းအရင်းများက ပြောသည်။

ပြင်ဦးလွင်မြို့သည် တောင်ခမ်းရွာ အနောက်မိုင်နှစ်ဆယ်ခန့်အကွာတွင်ရှိပြီး တောင်ခမ်းအား လက်လွှတ်ရပါက စစ်တပ်အနေဖြင့် ပြင်ဦးလွင်ပါ ခြိမ်းခြောက်ခံရမည့် အခြေအနေဖြစ်ကြောင်းလည်း ၎င်းတို့က ဆိုသည်။

ပကဖ အဖွဲ့ဝင်တဦးက “ တောင်ခမ်းကိုရရင် ပြင်ဦးလွင်ကို ကောင်းကောင်း ခြိမ်းခြောက်နိုင်ပါတယ်၊ အပေါ်စီးက နေရတဲ့ သဘော ရှိတယ်။ အခုပြင်ဦးလွင်ဘက်က လက်နက်ကြီးတွေကလည်း မစခ ၉၀၂ ပတ်ဝန်းကျင်က ယာပြင်၊ သရက်ချိုရွာ တွေဘက် ပစ်နေတာ” ဟု ပြောသည်။

ထို့ပြင် တောင်ခမ်းသည် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်း ဆက်သွယ်ရေးလမ်းကြောင်းပေါ်တွင်ရှိသည့်အတွက် အရေးပါပြီး ထိုကတဆင့် ရှမ်းပြည်တောင်ပိုင်း ကျောက်ဂူ၊ ရပ်စောက်မြို့နယ်တို့အထိ တိုက်ပွဲများဖြစ်ပွားလာနိုင် ကြောင်းလည်း စစ်ရေးလေ့လာသူများက သုံးသပ်သည်။

လက်ရှိတွင်လည်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA)က ရပ်စောက်၊ ကျောက်ဂူဒေသတွင် ထိုးဖောက် လှုပ်ရှားနေပြီး ထိတွေ့တိုက်ပွဲအချို့လည်း ဖြစ်ပွားခဲ့သည်။

DPLA သည် နောင်ချိုမြို့သိမ်းတိုက်ပွဲများ၌ TNLA ၊ PDF များနှင့်အတူ လက်တွဲတိုက်ပွဲဝင်ခဲ့သည့်တပ်ဖွဲ့ဖြစ်ပြီး ဩဂုတ် ၈ ရက်နေ့က ကျောက်ဂူဒေသတွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် DPLA တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၉ ဦး သေဆုံး ကာ ၈ ဦး အရှင်ဖမ်းမိခဲ့ကြောင်းနှင့် လက်နက် ၁၉ လက်သိမ်းဆည်းရရှိခဲ့ကြောင်း DPLA မှတ်တမ်းဓာတ်ပုံများနှင့် အတူ သတင်းထုတ်ပြန်ခဲ့သည်။

ယမန်နေ့ စက်တင်ဘာ ၃ ရက်တွင်မူ စစ်တပ်က ကျောက်ဂူတိုက်နယ်၊ ဝါးပြားကျေးရွာသို့ လေကြောင်းမှ လေးကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် အသက် ၆၀ နှစ်အရွယ် သက်ကြီးပိုင်းတဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဘာသာရေး အဆောက်အဦ တချို့ ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း DPLA က ထုတ်ပြန်ထားသည်။

ဆက်စပ်ဖတ်ရှုရန်

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
505
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
37
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
83

TNLA အပစ်ရပ်ဖို့ တရုတ် ခြိမ်းခြောက် စာပို့

တောင်းခမ်း အမြောက်တပ် TNLA နှင့် မဟာမိတ်တို့ ဆက်လက်စစ်ဆင်

တရုတ်က နယ်စပ်ပိတ်၍ ရှမ်းမြောက်၌ ကုန်ဈေးနှုန်းမြင့်ကာ ဆေးဝါးပြတ်လာ

Your Thoughts …
Tags: TNLAတိုက်ပွဲတောင်ခမ်းမစခ ၉၀၂အမြောက်တပ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.6k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရေး အိန္ဒိယ ဆွေးနွေး

စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရေး အိန္ဒိယ ဆွေးနွေး

မြန်မာ-လာအိုနယ်စပ် သင်္ဘောမှောက်မှု လူအနည်းဆုံး ၂၀ ပျောက်ဆုံးနေ

မြန်မာ-လာအိုနယ်စပ် သင်္ဘောမှောက်မှု လူအနည်းဆုံး ၂၀ ပျောက်ဆုံးနေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved