• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

မြန်မာ-လာအိုနယ်စပ် သင်္ဘောမှောက်မှု လူအနည်းဆုံး ၂၀ ပျောက်ဆုံးနေ

by ဧရာဝတီ
4 September 2024
in Crime, သတင်း
A A
မြန်မာ-လာအိုနယ်စပ် သင်္ဘောမှောက်မှု လူအနည်းဆုံး ၂၀ ပျောက်ဆုံးနေ

ရွှေတြိဂံဒေသ မဲခေါင်မြစ်အတွင်း သင်္ဘောမှောက်ပြီး လူ အနည်းဆုံး ၂၀ ကျော်ပျောက်ဆုံးနေသည်/AFP

812
VIEWS
Share on FacebookShare on Twitter

လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့အကြား ရွှေတြိဂံဒေသ မဲခေါင်မြစ်အတွင်း သင်္ဘောမှောက်ပြီး လူ အနည်းဆုံး ၂၀ ကျော်ပျောက်ဆုံးနေကြောင်း အရာရှိများက AFP သတင်းဌာနသို့ စက်တင်ဘာလ ၄ ရက်နေ့တွင် ပြောသည်။

ထိုဖြစ်ရပ်သည် ၃ နိုင်ငံကို ခွဲခြားထားသည့် မြစ်အတွင်း ရေစီးသန်သောကြောင့် တနင်္လာနေ့နှောင်းပိုင်းက ဖြစ်ပွားသည်ဟု ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် ရဲအကြီးအကဲ မန်နော့စီနာကူလ်က AFP သတင်းဌာနသို့ ပြောသည်။

“အနည်းဆုံး လူ ၂၀ ပျောက်ဆုံးနေတယ်” ဟု သူပြောပြီး မြန်မာနိုင်ငံသား နောက်ထပ် ၁၆ ယောက်ကို ကယ်ဆယ်ခဲ့သည်ဟုလည်း ပြောသည်။

ထိုသင်္ဘောသည် လာအိုမှ လူများကို မြန်မာသို့ပို့ဆောင်နေချိန်တွင် အင်ဂျင်ပျက်ပြီး ဒုက္ခဖြင့် ရင်ဆိုင်ရကြောင်း မြန်မာမီဒီယာများက ဖေါ်ပြသည်။

AFP က ပထဝီအရ ရှာဖွေထားပြီး လူမှုကွန်ရက်ပြန့်နေသည့် ဗီဒီယိုတွင် လာအိုဘက်ကမ်းကမ်းရှိ လူများက ရေစီးသန်သောရေမှ လူများကို ဆွဲတင်နေသည်ကို တွေ့ရသည်။

ပျောက်ဆုံးနေသူအများစုသည် မြန်မာနိုင်ငံအရှေ့ပိုင်း ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဖြစ်ကြောင်း ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ပြောခွင့်ရ ဦးညီရမ်းက AFP သို့ပြောသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
5
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
16
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
32

“အဲဒီဖြစ်ရပ်ကို လာအိုအာဏာပိုင်တွေနဲ့ ပူးပေါင်းစုံစမ်းစစ်ဆေးနေဆဲဖြစ်လို့ အသေးစိတ်တွေကို မသိရသေးဘူး” ဟု သူပြောသည်။

၀ ဒေသမှ လူများသည် မည်သည့်အတွက် မြစ်အတွင်း ခရီးသွားနေသည်ကို သူအသေးစိတ်မပြောသော်လည်း ထိုဖြစ်ရပ်သည် လာအိုမှ ရွှေတြိဂံ အထူးစီးပွားရေးဇုန်နှင့် နီးကပ်သောနေရာတွင် ဖြစ်ပွားသည်။

ထိုအထူးစီးပွားရေးဇုန်သည် တရုတ်ပိုင် ကာစီနိုလောင်းကစားရုံများနှင့် ဟိုတယ်များရှိသော နေရာဖြစ်ပြီး ဆိုက်ဘာ ငွေကြေးလိမ်လည်သည့် လုပ်ငန်းများ၊ မူးယစ်မှောင်ခို၊ လောင်းကစားနှင့် အခြားရာဇဝတ်လုပ်ငန်းများအတွက် သံသယရှိသောနေရာဖြစ်သည်။

မြန်မာနှင့် တရုတ်နယ်စပ်မှ ၀ ဒေသသည် မြန်မာနိုင်ငံ ကျန်အစိတ်အပိုင်းများနှင့် လုံးဝနီးပါး အဆက်ပြတ်နေပြီး စစ်ဆေးရေးစခန်းများဖြင့် ဝန်းရံထားကာ ဒေသတွင်းထိန်းချုပ်မှုတင်းကျပ်ပြီး ထိုပိုင်နက်တွင် တရုတ်ယွမ်ငွေနှင့် တရုတ် အင်တာနက် ဝန်ဆောင်မှုကို အသုံးပြုသည်။

UWSA သည် ထိုင်းနှင့် လာအိုအနီး နယ်စပ်တွင်လည်း ပိုင်နက်နယ်မြေရှိသည်။

ဆင်းရဲပြီး အခြေခံ သယ်ယူပို့ဆောင်ရေးသာရှိကာ ဘေးကင်းလုံခြုံရေးစည်းကမ်း အကောင်အထည်ဖေါ်မှု အားနည်းသော မြန်မာတွင် ထိုသို့သော ဖြစ်ရပ်များ မကြာခဏဖြစ်သည်။

၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်း ချင်းတွင်းမြစ်တွင် လူအလွန်အမင်းတင်ဆောင်ထာသည့် သင်္ဘောမှောက်ပြီး ဆရာများနှင့် ကျောင်းသားများအပါအဝင် လူ ၇၃ ဦးရေနစ်သေဆုံးဖူးသည်။

ဇွန်လမှ အောက်တိုဘာလအထိ မိုး ရာသီအတွင်း သည်းထန်သောမိုးကြောင့် မြန်မာမှ မြစ်များတွင် ရေလျှံကာ ရေကြောင်းသွာလာခြင်းကို ပိုမိုခက်ခဲစေသည်။

ကိုးကား။ ။ AFP သတင်း At least 20 missing after boat mishap on Myanmar-Laos border

ဆက်စပ်ဖတ်ရှုရန်

လူငယ်များထွက်ခွာခွင့် ပိတ်ခဲ့သော ကော့သောင်း- ရနောင်းနယ်စပ်ဂိတ် ပြန်ဖွင့်

မြန်မာကို ဟန့်တားရန် Gripen ဂျက်တိုက်လေယာဉ်များ ထိုင်းဝယ်ယူမည်

ကျွမ်းထိုးမှောက်ခုံ ထိုင်းနိုင်ငံရေး

တရုတ်က နယ်စပ်ပိတ်၍ ရှမ်းမြောက်၌ ကုန်ဈေးနှုန်းမြင့်ကာ ဆေးဝါးပြတ်လာ

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

Your Thoughts …
Tags: UWSAကာစီနိုလောင်းကစားရုံမဲခေါင်မြစ်ရွှေတြိဂံဒေသလူပျောက်ဆုံးသင်္ဘောမှောက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ

တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ

by ဧရာဝတီ
14 October 2023
25.9k

အိုက်ဟောက်ကို ရန်ကုန်စီးပွားရေးအသိုင်းအဝိုင်းနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက ကောင်းကောင်းမှတ်မိနေကြဦးမှာပါ။

UWSA ဒုစစ်ဦးစီးချုပ်ကို တရုတ် ဖမ်းထား

UWSA ဒုစစ်ဦးစီးချုပ်ကို တရုတ် ဖမ်းထား

by ဧရာဝတီ
18 October 2023
23.7k

“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ဒုတိယစစ်ဦးစီးချုပ် တဦးဖြစ်သူ ပေါက်ကျွင်းဖုန်း (ခေါ် ) အာချန်အား တရုတ်နိုင်ငံ၊ ကူမင်းမြို့ ရဲတပ်ဖွဲ့က ယခုလပထမပတ်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း “ဝ” တပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်တချို့ထံမှ သိရသည်။

သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

by ကိုဦး
18 April 2024
23.2k

လက်ရှိ မြောက်ပိုင်းသုံးဖွဲ့၏ နောက်ကွယ်တွင် UWSA ကူညီနေသည်ကို သိသော်လည်း စစ်တပ် ထုတ်မပြောရဲပေ။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.7k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

Next Post
နိုင်ငံတဝန်း ဆေးဝါးပြတ်လပ်မှု ရင်ဆိုင်နေကြရ (ရုပ်/သံ)

နိုင်ငံတဝန်း ဆေးဝါးပြတ်လပ်မှု ရင်ဆိုင်နေကြရ (ရုပ်/သံ)

မြန်မာပြည်အလယ်ပိုင်းမှာ တော်လှန်ရေး အရင်ထက်ပိုမြင်လာရလိမ့်မယ် (ရုပ်/သံ)

မြန်မာပြည်အလယ်ပိုင်းမှာ တော်လှန်ရေး အရင်ထက်ပိုမြင်လာရလိမ့်မယ် (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved