• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Labor Rights

လူငယ်များထွက်ခွာခွင့် ပိတ်ခဲ့သော ကော့သောင်း- ရနောင်းနယ်စပ်ဂိတ် ပြန်ဖွင့်

by ဧရာဝတီ
3 September 2024
in Labor Rights, သတင်း
A A
လူငယ်များထွက်ခွာခွင့် ပိတ်ခဲ့သော ကော့သောင်း- ရနောင်းနယ်စပ်ဂိတ် ပြန်ဖွင့်
985
VIEWS
Share on FacebookShare on Twitter

တနင်္သာရီတိုင်းရှိ ကော့သောင်း- ရနောင်း နယ်စပ်ဂိတ်မှ အသက် ၁၈ နှစ်မှ ၃၅ နှစ်အောက် အမျိုးသားများ ဖြတ်သန်း ခွင့်ကို ယာယီပိတ်ခဲ့ရာ ယနေ့ ပြန်လည် ဖြတ်သန်းခွင့် ပေးလိုက်ပြီဖြစ်ကြောင်း မြို့ခံများထံက သိရသည်။

စက်တင်ဘာ ၂ ရက်နေ့တွင် လူငယ်အမျိုးသားများအား ၇ ရက် သက်တမ်းရှိ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (TBP) ဖြင့် ဖြတ်သန်းသွားလာမှုကို ကော့သောင်းနယ်စပ်ရှိ စစ်ကောင်စီ လက်အောက်ခံဌာနများက ကန့်သတ် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

ကော့သောင်းမြို့ခံ အမျိုးသားတဦးက “မနက်ပိုင်းမှာ တန်းစီတဲ့သူတွေကို ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လုံးဝ ခွင့်မပြု ဘူး။ အယောက် ၁၀၀ ကျော်လောက် ပြန်သွားရပြီးတော့ သတင်းဌာန အသီးသီးကလည်း သတင်း တောက်လျှောက် ဖော်ပြကြတဲ့အခါမှာ ကမ်းရိုးတန်းတိုင်းမှူး ဘယ်လိုတွေ အမိန့် ပြန်ချလိုက်လဲ မသိဘူး ပြန်ခွင့်ပြုလာတယ်။ ဒီနေ့ မနက်မှာလည်း အားလုံး ပုံမှန်အတိုင်း ဖြတ်သန်းနေကြပြီ ဖြစ်ပါတယ်” ဟု ပြောသည်။

ကော့သောင်းမှနေ ရနောင်းဘက်သို့ နေ့စဉ် အလုပ် သွားရောက်လုပ်ကိုင်သူများရှိသလို စျေးဝယ်ရန်သွားလာကြသူ များလည်း ရှိကြောင်း ကော့သောင်းမြို့ခံ တဦးက ဆိုသည်။

၎င်းက ”ပိတ်မယ်ဆိုရင်တော့ လူငယ်တွေရဲ့ အခွင့်အရေး အလုပ်အကိုင်တွေ ဆုံးရှုံးကုန်မှာ အဓိက ပြဿနာပေါ့။ များသောအားဖြင့် လူငယ်တွေပဲ အလုပ်သွား လုပ်ကြတာ များတယ်။ ဒီအသက်အရွယ်တွေကိုမှ ပိတ်တယ်ဆိုတော့ အခွင့်အလမ်းတွေ အကုန် ပိတ်ကုန်တာပဲ” ဟု ပြောသည်။

ထိုသို့ ကမ်းကူးခွင့် ပိတ်သည့်နေ့တွင်ပင် နေ့ချင်းပြန် အလုပ်လုပ်သူများ ရာနှင့်ချီ အခက်အခဲများဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

ထိုင်းဘက်ခြမ်းသို့ ကမ်းကူးမည်ဆိုပါက ၇ ရက် သက်တမ်းရှိ ယာယီဖြတ်သန်းခွင့်လက်မှတ်အပြင် ကော့သောင်း စာအုပ်ဟု ခေါ်ဆိုကြသည့် ကော့သောင်းဒေသခံများကို ထုတ်ပေးထားသည့် Border Pass (နှစ်နိုင်ငံ သဘောတူ နယ်စပ် ဖြတ်သန်းခွင့်) စာအုပ်အပြာ ကိုင်ဆောင်ထားသူများကိုမူ ကန့်သတ်ထားခြင်း မရှိသေးပေ။

မြန်မာ- ထိုင်း နယ်စပ်ဖြတ်ကျော်သည့် နယ်စပ်ဂိတ် ၄ ခုရှိပြီး တာချီလိတ်-မယ်ဆိုင်၊ မြဝတီ-မဲဆောက်၊ ကော့သောင်း-ရနောင်း၊ ထီးခီး- ဖူနာရွန်နယ်စပ်ဂိတ် တို့ ဖြစ်ကြသည်။

စစ်ကောင်စီသည် ဩဂုတ်လမှ စတင်၍ လေဆိပ်မှတဆင့် ပြည်ပနိုင်ငံများကို ထွက်ခွာမည့် စစ်မှုထမ်း အကျုံးဝင် အသက်အရွယ်ရှိ လူငယ်များကို သွားခွင့်မပေးဘဲ ပြန်လွှတ်နေရာမှ လက်ရှိ နယ်စပ်ဂိတ်ပါ ကန့်သတ်မှု တချို့ ထွက်ပေါ် လာခြင်းဖြစ်သည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
52
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
41
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
62

You may also like these stories:

အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်မှု ပြန်ဖြေလျှော့

PV PJ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ရန်ကုန်လေဆိပ်တင်းကျပ်

ပြည်ပထွက်ခွင့် တင်းကျပ်နေစဉ် ပတ်စ်ပို့နှုန်းထားတိုးမြှင့်

Your Thoughts …
Tags: ကော့သောင်းယာယီနယ်စပ်ဖြတ်သန်းခွင့်ရနောင်းနယ်စပ်ဂိတ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ပိုင်ရှင် ဖမ်းဝရမ်းထုတ်ခံရပြီးနောက် သူဌေးကျွန်းဟိုတယ် အကန့်အသတ်မရှိ ပိတ်

ပိုင်ရှင် ဖမ်းဝရမ်းထုတ်ခံရပြီးနောက် သူဌေးကျွန်းဟိုတယ် အကန့်အသတ်မရှိ ပိတ်

by ဧရာဝတီ
6 February 2024
8.8k

လက်ရှိတွင် သံသယရှိသူများ၏ နေအိမ်များကို ဝင်ရောက်စစ်ဆေးပြီး တရာခံများကို ရှာဖွေကာ၊ ပိုင်ဆိုင်မှုများဖြစ်သည့် ဇိမ်ခံကားများ၊ အသုံးအဆောင်ပစ္စည်းများ၊ လက်ဝတ်ရတနာများ အပါအဝင် လက်နက်များကိုပါ သက်သေအဖြစ် သိမ်းဆည်းခဲ့ကြောင်း

သူဌေးကျွန်း ဟိုတယ်ပိုင်ရှင်၏ ညီ စစ်ကြောရေး၌ သေဆုံး

သူဌေးကျွန်း ဟိုတယ်ပိုင်ရှင်၏ ညီ စစ်ကြောရေး၌ သေဆုံး

by ဧရာဝတီ
12 February 2024
7.8k

၎င်းသည် ဖေဖေါ်ဝါရီ ၂ ရက်နေ့အထိ ရန်ကုန်မြို့တွင် ရှိနေပြီး မိတ်ဆွေများက ကော့သောင်းသို့ မပြန်ရန် ပြောသော်လည်း ယင်းအမှုကိစ္စမှာ ၎င်းနှင့် သက်ဆိုင်ခြင်းမရှိဟု ယုံကြည်သလို တနင်္သာရီဒေသ၌ လုပ်ငန်းရှင် မြို့မျက်နှာဖုံးတဦးအဖြစ် လူသိများကာ အုပ်ချုပ်ရေးပိုင်းနှင့်လည်း သင့်မြတ်သဖြင့်...

ငါးဖမ်းစက်လှေ အပစ်ခံရမှု ထိုင်းနှင့် မြန်မာ ကော့သောင်း၌ ဆွေးနွေးမည်

ငါးဖမ်းစက်လှေ အပစ်ခံရမှု ထိုင်းနှင့် မြန်မာ ကော့သောင်း၌ ဆွေးနွေးမည်

by ဧရာဝတီ
3 December 2024
1.7k

ထိုင်းငါးဖမ်းစက်လှေ ပစ်ခတ်ခံရပြီး မြန်မာရေတပ်မှ ဖမ်းခေါ်သွားသည့် ရေလုပ်သား ၃၁ဦးအနက် ထိုင်းနိုင်ငံသား ၄ ဦး ပြန်လွတ်ရေး ထိုင်း- မြန်မာ နယ်ခြားကော်မတီမှ တာဝန်ရှိသူများ လာမည့်ရက် တနင်္သာရီတိုင်း ကော့သောင်းမြို့ ၌ တွေ့ဆုံရန်ရှိကြောင်း ထိုင်း...

ဆုံးရှုံးသွားသည့် နယ်စပ်ကုန်သွယ်ရေး ရေလမ်းဖြင့် အစားထိုး

ဆုံးရှုံးသွားသည့် နယ်စပ်ကုန်သွယ်ရေး ရေလမ်းဖြင့် အစားထိုး

by ဧရာဝတီ
23 July 2024
1.2k

ပြီးခဲ့သည့် ဧပြီလအတွင်းက ကွန်တိန်နာစနစ်သစ်ဖြင့် ကုန်သွယ်မှုဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာပြီးနောက်ပိုင်း ယခု ရန်ကုန်-ကော့သောင်း-ရနောင်း ရေကြောင်းမှ ကွန်တိန်နာဖြင့် တင်ပို့သည့် စနစ်သစ်ကို စစ်ကောင်စီက အကောင်အထည်ဖော်လာခြင်း ဖြစ်သည်

ရနောင်း- ကော့သောင်းကုန်သွယ်ရေး အဓိကကျလာသော်လည်း အခက်အခဲများ ကြုံနေရ

ရနောင်း- ကော့သောင်းကုန်သွယ်ရေး အဓိကကျလာသော်လည်း အခက်အခဲများ ကြုံနေရ

by ဧရာဝတီ
7 September 2025
684

ပို့ကုန်ရငွေ တန်ဖိုးအတိုင်း သွင်းကုန်တင်သွင်းခွင့်ပေးခြင်း၊ ကုမ္ပဏီတခုချင်းစီထက် အချင်းချင်း အကျိုးတူ ပို့ကုန် ရငွေဖြင့် သွင်းကုန်ခွင့်ပြုပေးခြင်းကို ခွင့်ပြုသော်လည်း ကုန်ပစ္စည်းများ ကန့်သတ်ထားခြင်း၊ ကုန်သွယ်ရေးဂိတ်တွင် စိစစ် မည့်အခြေအနေနှင့် လိုင်စင်ချပေးမည့် အခြေအနေများနှင့် ပတ်သက်ပြီး ဆွေးနွေးနေဆဲဖြစ်ကာ စနစ်တခု...

ထိုင်းကပြန်ပို့ချိန် စစ်မှုထမ်းပါသွားသူ ဘယ်လိုလွတ်မြောက်ခဲ့လဲ (ရုပ်/သံ)

ထိုင်းကပြန်ပို့ချိန် စစ်မှုထမ်းပါသွားသူ ဘယ်လိုလွတ်မြောက်ခဲ့လဲ (ရုပ်/သံ)

by ဧရာဝတီ
14 March 2025
222

ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးက လစဥ် မြန်မာနိုင်ငံကိုပြန်ပို့နေတဲ့ အကျဥ်းသားတွေဟာ စစ်ကောင်စီအတွက် စစ်မှုထမ်းအင်အားသစ်အဖြစ် စုဆောင်းခံနေကြရပါတယ်။

Next Post
ရှော့တိုက်ဒုံးကျပြီးနောက် မန္တလေးမြို့လူထု ထိတ်လန့်နေ

ရှော့တိုက်ဒုံးကျပြီးနောက် မန္တလေးမြို့လူထု ထိတ်လန့်နေ

ရန်ကုန်မြို့က ကျောတခင်းစာ (ရုပ်/သံ)

ရန်ကုန်မြို့က ကျောတခင်းစာ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved