• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

မြန်မာကို ဟန့်တားရန် Gripen ဂျက်တိုက်လေယာဉ်များ ထိုင်းဝယ်ယူမည်

by Gabriel Honrada
4 September 2024
in Military, ဆောင်းပါး
A A
မြန်မာကို ဟန့်တားရန် Gripen ဂျက်တိုက်လေယာဉ်များ ထိုင်းဝယ်ယူမည်

ထိုင်းက ဝယ်ယူမည့် ဆွီဒင်ထုတ် Gripen E ဂျက်တိုက်လေယာဉ် / Saab

10.7k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံသည် မြန်မာပြည်တွင်းစစ် ကူးစက်မှုများနှင့် အရှေ့တောင်အာရှကို သြဇာလွှမ်းရန် တရုတ်-အမေရိကန် အားပြိုင်မှု မြင့်မားနေစဉ်အတွင်း ၎င်း၏ လေကြောင်းကာကွယ်ရေးကို အဆင့်မြှင့်တင်ရန်နှင့် စစ်တပ်ခေတ်မီရေး အားထုတ်မှုများကို အားပေးရန် အဆင့်မြင့် Saab Gripen E/F ဂျက်တိုက်လေယာဉ်များ ဝယ်ယူရန် စီစဉ်နေသည်။

ဆွီဒင်၏ အဆင့်မြင့် Saab Gripen E/F ဂျက်တိုက်လေယာဉ်များ ဝယ်ယူမည့် ၎င်း၏ရည်ရွယ်ချက်ကို တော်ဝင်ထိုင်းလေတပ် (RTAF) က ကြေညာခဲ့ကြောင်း ယခုလတွင် The War Zone က ဖော်ပြခဲ့သောကြောင့် ၎င်း၏ လက်ရှိ Gripen C/D မော်ဒယ် လေယာဉ်အုပ်စုထက် သိသိသာသာ အဆင့်မြှင့်တင်လိုက်ခြင်း ဖြစ်သည်။

၁၀ လကြာ သုံးသပ်လေ့လာမှု ပြုလုပ်ပြီးနောက် RTAF သည် လေယာဉ်သစ် ၁၂ စင်းမှ ၁၄ စင်းအထိ ဝယ်ယူရန် စီစဉ်နေပြီး ပေတောင်တန် ရှင်နာဝပ် အစိုးရအဖွဲ့သစ်၏ အတည်ပြုမှုကို စောင့်ဆိုင်းနေကာ ထိုလေယာဉ်များကို ပေးပို့မှု ၂၀၂၈ ခုနှစ်တွင် စတင်မည်ဟု မျှော်လင့်ရသည်။

၁၀ လကြာ သုံးသပ်လေ့လာမှု ပြုလုပ်ပြီးနောက် RTAF သည် လေယာဉ်သစ် ၁၂ စင်းမှ ၁၄ စင်းအထိ ဝယ်ယူရန် စီစဉ်နေပြီး ပေတောင်တန် ရှင်နာဝပ် အစိုးရအဖွဲ့သစ်၏ အတည်ပြုမှုကို စောင့်ဆိုင်းနေကာ ထိုလေယာဉ်များကို ပေးပို့မှု ၂၀၂၈ ခုနှစ်တွင် စတင်မည်ဟု မျှော်လင့်ရသည်။

Gripen E/F ဂျက်တိုက်လေယာဉ်သည် နိုင်ငံတကာ တိုက်လေယာဉ် ယှဉ်ပြိုင်မှုများတွင် အောင်ပွဲများများ မရကြောင်း၊ အထူးသဖြင့် အမေရိကန်လုပ် ပြိုင်ဘက်များဖြစ်သည့် F-35 နှင့် F-16 တို့နှင့်ယှဉ်လျှင် အောင်ပွဲမရကြောင်း The War Zone က ဖော်ပြသည်။ တော်ဝင်ထိုင်းလေတပ်သည် လက်ရှိအချိန်တွင် အဆင့်မြှင့်တင်ထားသည့် Gripen Cs နှင့် Ds များကို ပိုမိုများပြားသည့် လေယာဉ်အုပ်ဖြစ်သော အမေရိကန်လုပ် F-16 နှင့် F-5 Tiger II ဂျက်လေယာဉ်များနှင့်အတူ အသုံးပြုနေကြောင်းလည်း ထိုသတင်းတွင် ဆက်လက် ဖော်ပြထားသည်။

နောက်လာမည့် Gripen E/F သည် သက်တမ်းအရင့်ဆုံး F-16s များကို အစားထိုးမည်ဟု မျှော်လင့်ရပြီး နောက်ဆက်တွဲ အစီအစဉ်များတွင် F-5s များကို အစားထိုးမည်ဟု ယူဆရကြောင်း The War Zone က ဖော်ပြသည်။

ပိုမိုသစ်လွင်သော Gripen E/F များကို ထိုင်းနိုင်ငံက ဝယ်ယူခြင်းသည် ခေတ်မီရေး စီမံချက်များ၊ လုံခြုံရေး စိန်ခေါ်မှုများ၊ အထူးသဖြင့် မြန်မာတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ် ရိုက်ခတ်မှု ဖြစ်နိုင်ခြေနှင့် အိမ်နီးချင်းနိုင်ငံများတွင် သြဇာလွှမ်းရန် တရုတ်-အမေရိကန် အားပြိုင်မှု မြင့်မားလာခြင်း စသည့် စိန်ခေါ်မှုများနှင့် ကိုက်ညီသည်။

ထိုင်းနိုင်ငံ၏ ၂၀၂၀-၂၀၃၇ လေတပ် သေနင်္ဂဗျူဟာအရ Gripen E/F ဂျက်များဝယ်ရန် ထိုင်းနိုင်ငံ၏ စဉ်းစားသုံးသပ်မှုသည် မြင့်မားလာနေသည့် လေကြောင်းခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် လေကြောင်း ကာကွယ်ရေး စွမ်းရည်မြှင့်တင်ရန် ဖြစ်ကြောင်း သိရသည်။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
146
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
479
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
1.7k

လေကြောင်းခြိမ်းခြောက်မှုများ ပိုမိုအဆင့်မြင့်လာခြင်း၊ အထူးသဖြင့် မောင်းသူမဲ့လေယာဉ် (UAVs) များ အဆင့်မြင့်လာခြင်း၊ အိမ်နီးချင်း မြန်မာတွင်ကဲ့သို့ အလားအလာရှိသော ဒေသတွင်းပဋိပက္ခတို့သည် Gripen ကဲ့သို့ အဆင့်မြင့် ဂျက်တိုက်လေယာဉ်များ ဝယ်ယူရန် လိုအပ်စေသည့် အရေးပါသော အကြောင်းရင်းများဖြစ်ကြောင်း ထိုသေနင်္ဂဗျူဟာတွင် ဖော်ပြသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ထိုင်းစစ်သားများက လုံခြုံရေးယူနေစဉ် / AFP

ထိုဂျက်လေယာဉ်များကို လေကြောင်း အသာစီးရရေး၊ မြေပြင်တိုက်ခိုက်မှုနှင့် ထောက်လှမ်းရေး လုပ်ငန်းများတွင် သုံးရန် ရည်ရွယ်ထားသောကြောင့် သမားရိုးကျနှင့် အချိုးအစားမညီသော ခြိမ်းခြောက်မှုများအတွက် အမျိုးမျိုးသော အသုံးဝင်မှု ဖြစ်စေသည်ဟု ထိုသေနင်္ဂဗျူဟာတွင် ဖော်ပြထားသည်။

သို့သော် RTAF သည် ထိုသို့ အဆင့်မြင့် ဂျက်တိုက်လေယာဉ်များ ဝယ်ယူရေး၊ မောင်းနှင်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး ကုန်ကျစရိတ် မြင့်မားခြင်း အပါအဝင် ကြီးမားသော စိန်ခေါ်မှုများကို ရင်ဆိုင်ရမည်ဟုလည်း ထိုသေနင်္ဂဗျူဟာက ထောက်ပြသည်။

မြန်မာစစ်ကောင်စီသည် အတိုက်အခံများကို ဗုံးကြဲတိုက်ခိုက်ရာတွင် လေတပ်အင်အားကို အရှိန်မြှင့်တင်နေပြီး တရုတ်နှင့် ရုရှား အကူအညီဖြင့် လေတပ်ကို ခေတ်မီအောင် ဆက်လက် လုပ်ကိုင်နေသောကြောင့် မြန်မာမှ ပိုမိုစွမ်းရည်မြင့်သည့် တိုက်လေယာဉ်များ ထိုင်းလေပိုင်နက်အတွင်း ကျူးကျော်မည့် ပိုမိုမြင့်မားသော ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသည်။

မြန်မာစစ်ကောင်စီသည် အတိုက်အခံများကို ဗုံးကြဲတိုက်ခိုက်ရာတွင် လေတပ်အင်အားကို အရှိန်မြှင့်တင်နေပြီး တရုတ်နှင့် ရုရှား အကူအညီဖြင့် လေတပ်ကို ခေတ်မီအောင် ဆက်လက် လုပ်ကိုင်နေသောကြောင့် မြန်မာမှ ပိုမိုစွမ်းရည်မြင့်သည့် တိုက်လေယာဉ်များ ထိုင်းလေပိုင်နက်အတွင်း ကျူးကျော်မည့် ပိုမိုမြင့်မားသော ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသည်။

ရုရှားမှ Sukhoi SU-30 ဂျက်တိုက်လေယာဉ်များနှင့် တရုတ်လုပ် FTC-2000G များ အပါအဝင် မြန်မာလေတပ်၏ စွမ်းရည်သစ်များသည် စစ်ကောင်စီ၏ သေနင်္ဂဗျူဟာတွင် အရေးပါကြောင်း အန်ထော်နီ ဒေးဗစ်က Asia Times တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ဆောင်းပါး၌ ဖော်ပြခဲ့သည်။

စစ်ကောင်စီလေတပ်သည် ၂၀၂၂ နှစ်လယ်မှ စတင်ပြီး နေ့စဉ် လေယာဉ်ပျံသန်းမှု အရေအတွက် တိုးမြှင့်ပြီး ကချင်၊ ကရင်၊ ကရင်နီ၊ ရှမ်းနှင့် ချင်းပြည်နယ်များမှ အတိုက်အခံများကို ပစ်မှတ်ထားတိုက်ကြောင်း ၎င်းက ပြောသည်။

မြန်မာစစ်ကောင်စီသည် ဖက်ဒရယ် ဒီမိုကရက်တစ် လက်နက်ကိုင် အတိုက်အခံတို့၏ ဆုံးဖြတ်ချက်ကို ရိုက်ချိုးပြီး တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၊ ဗမာဦးဆောင်သည့် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် သွေးခွဲရန် ရည်ရွယ်ကြောင်းလည်း စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူ အန်ထော်နီ ဒေးဗစ်က ပြောသည်။

သက်တမ်းပိုမိုရင့်သည့် ရုရှားလုပ် Mig-29 နှင့် တရုတ်လုပ် F-7s များအပါအဝင် စစ်ကောင်စီ လေတပ်၏ အမျိုးစုံသော လေယာဉ်များကို ဝယ်ယူမှုသစ်များဖြင့် အားဖြည့်တင်းပြီး စစ်ဆင်ရေးအသုံးပြုလွယ်ကူစေရန် မြှင့်တင်ထားကြောင်း ဒေးဗစ်က ထောက်ပြသည်။ စစ်ကောင်စီလေတပ်၏ ပိုမိုများပြားလာသည့် လေယာဉ်မှူး အတွေ့အကြုံနှင့် နည်းဗျူဟာ အသုံးပြုမှု လွယ်ကူလာခြင်းကို လေတပ်စခန်း အများအပြားဖြင့် ထောက်ကူလိုက်သောအခါ ပစ်မှတ်တိကျမှု တိုးတက်လာကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထိုင်းနိုင်ငံသည် ကြားဖြတ်ဟန့်တားနိုင်သည့် စွမ်းရည် မရှိသောကြောင့် မဟုတ်ဘဲ နိုင်ငံရေးသုံးသပ်ချက်ဖြင့် ၎င်း၏ လေပိုင်နက်သို့ မြန်မာက ယခင် ကျူးကျော်မှုများကို ထိန်းထိန်းသိမ်းသိမ်း တုံ့ပြန်ခဲ့သည်။

ထိုင်းလေပိုင်နက်ကို မြန်မာ Mig-29 ဂျက်တိုက်လေယာဉ်တစင်း ၂၀၂၂ ခုနှစ်၊ ဇွန်လက ကျူးကျော်သည့် ဖြစ်ရပ်တွင် နှုတ်ဆိတ်နေသောကြောင့် ထိုင်းအစိုးရ ဝေဖန်ခံရကြောင်း ပညာရှင်များ လေ့လာသုံးသပ်ထားသည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက အာရှခေတ်ပြိုင်နိုင်ငံရေး ဂျာနယ်မှ ဆောင်းပါးတပုဒ်တွင် ခရစ်ဒ် ဆာနာ ချိုတီဆပ်နှင့် အခြားစာရေးသူများက ဖော်ပြသည်။

တော်ဝင်ထိုင်းလေတပ်သည် နောက်ထပ် ကျူးကျော်မှုများတွင် ပြင်းထန်သော ကနဦး သတိပေးချက် ထုတ်ပြန်သော်လည်း ထိုစဉ်က ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် ထိုဖြစ်ရပ်ကို အလေးမထားဘဲ ပြဿနာ အသေးအဖွဲ့ဟုဆိုကာ မရည်ရွယ်သော အမှားဖြစ်သည်ဆိုသည့် မြန်မာ၏ ရှင်းလင်းချက်ကို လက်ခံခဲ့သည်

တော်ဝင်ထိုင်းလေတပ်သည် နောက်ထပ် ကျူးကျော်မှုများတွင် ပြင်းထန်သော ကနဦး သတိပေးချက် ထုတ်ပြန်သော်လည်း ထိုစဉ်က ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် ထိုဖြစ်ရပ်ကို အလေးမထားဘဲ ပြဿနာ အသေးအဖွဲ့ဟုဆိုကာ မရည်ရွယ်သော အမှားဖြစ်သည်ဆိုသည့် မြန်မာ၏ ရှင်းလင်းချက်ကို လက်ခံခဲ့သည်ဟု ချိုတီဆပ်နှင့် အခြားသူများက ပြောသည်။

ထိုင်းနိုင်ငံ၏ တုံ့ပြန်မှုကို မြန်မာစစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ ထိုင်းနိုင်ငံနှင့် စီးပွားရေး ဆက်ဆံရေးများက သြဇာလွှမ်းမိုးသည်ဟု ယူဆရကြောင်း၊ ထိုသို့ဖြစ်ရခြင်းကြောင့် နယ်စပ်ဒေသတွင် တည်ငြိမ်ရေးနှင့် ပိုမိုကျယ်ပြန့်သော အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန် ထိုင်းအစိုးရ၏ တွက်ချက်ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း ၎င်းတို့ကပြောသည်။

မြန်မာပြည်တွင်းစစ်မှ အလားအလာရှိသော လေကြောင်း ကျူးကျော်မှုကို ကိုင်တွယ်ဖြေရှင်းခြင်းအပြင် ထိုင်းနိုင်ငံက Gripen E/F များ ဝယ်ယူခြင်းသည် အမေရိကန် ပြည်ထောင်စု၊ တရုတ်တို့နှင့် ချိန်ခွင်လျှာ ညှိထားသည့် ကာကွယ်ရေးဆိုင်ရာ သံတမန်ရေးက ထိုင်းစစ်တပ် ခေတ်မီရေး ပိုမိုကျယ်ပြန့်သော အားထုတ်မှုကို ထင်ဟပ်ပြီး အားပြိုင်မှု ပိုမိုကြီးမားလာနေသည့် အင်ဒို-ပစိဖိတ်တွင် အချုပ်အခြာအာဏာကို ထိန်းသိမ်းပေးသည်။

စစ်ဘက်ပစ္စည်း ဝယ်ယူခြင်းနှင့် နိုင်ငံတကာ စစ်ရေးလေ့ကျင့်မှုများတွင် ပါဝင်သည့် ထိုင်းနိုင်ငံ၏ ရှုမြင်ပုံသည် အနည်းငယ်ကွဲပြားသော ကာကွယ်ရေး သံတမန်ရေး သေနင်္ဂဗျူဟာကို ထင်ဟပ်ပြီး တရုတ်နှင့် အမေရိကန် ဆက်ဆံရေးများနှင့် ချိန်ခွင်လျှာညီအောင် လုပ်ထားသည်ဟု ယခုနှစ် အင်ဒို-ပစိဖိတ် ရေးရာဂျာနယ် (JIPA) ဆောင်းပါးတပုဒ်တွင် ပေါလ်ချိန်ဘာက ပြောသည်။

သမိုင်းကြောင်းအရဆိုပါက ထိုင်းနိုင်ငံသည် ဂျက်တိုက်လေယာဉ်များ အပါအဝင် စစ်လက်နက်ပစ္စည်းများကို ရောင်းချသူ အမျိုးမျိုးထံမှ ဝယ်ယူသော်လည်း အခြေခံအားဖြင့် အမေရိကန် ပြည်ထောင်စုထံမှ ဝယ်ယူကြောင်း ချိန်ဘာက ပြောသည်။

ထိုင်းလေပိုင်နက်ကို မြန်မာ Mig-29 ဂျက်တိုက်လေယာဉ်တစင်း ၂၀၂၂ ခုနှစ်၊ ဇွန်လက ကျူးကျော်ခဲ့စဉ်

သို့သော် အမေရိကန် ပြည်ထောင်စုနှင့် ထိုင်း ဆက်ဆံရေးသည် ထိုင်းနိုင်ငံမှ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချသည့် ၂၀၁၄ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းတွင် တင်းမာလာကြောင်း အလစ်ဆာချန်းက South China Morning Post (SCMP) ဆောင်းပါးတပုဒ်တွင် ရေးသားသည်။ အမေရိကန် ပြည်ထောင်စုသည် ပူးတွဲစစ်ရေးလေ့ကျင်မှု ရပ်ဆိုင်းလိုက်ပြီး စစ်ရေးအကူအညီ ဒေါ်လာ ၃ ဒသမ ၅ သန်းကို သဘောထားဖော်ပြမှုအဖြစ် ဆိုင်းငံ့လိုက်သောအခါ တရုတ်သည် ထိုလစ်လပ်သွားသော နေရာသို့ ဝင်လာသည်။

၂၀၁၄ ခုနှစ်မှ စတင်ပြီး ထိုင်းက တရုတ်ထံမှ ဝယ်ယူမှု တိုးလာပြီး တရုတ်က ရေငုပ်သင်္ဘောများ၊ သင်္ဘောပစ် ဒုံးကျည်များ၊ မြေပြင်မှဝေဟင်ပစ် ဒုံးကျည်များနှင့် သံချပ်ကာ တိုက်ခိုက်ရေးယာဉ်များကဲ့သို့သော ကြီးမားသည့် စစ်လက်နက်ပစ္စည်းများ ရောင်းချသည်ဟု စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေးအင်စတီကျု အချက်အလက်များက ပြသနေကြောင်း ၎င်းကထောက်ပြသည်။

တရုတ်နှင့် ထိုင်းနိုင်ငံတို့သည် စစ်ရေးလေ့ကျင့်မှုနယ်ပယ် တိုးချဲ့သော်လည်း ထိုလေ့ကျင့်မှုများသည် အမေရိကန် ပြည်ထောင်စုနှင့် ထိုင်း ပြုလုပ်သည့် လေ့ကျင့်မှုများလောက် အဆင့်မမြင့်ကြောင်း အလစ်ဆာချန်းက ဖော်ပြသည်။

ထိုလမ်းကြောင်းနှင့်အညီ တရုတ်နှင့် ထိုင်းနိုင်ငံတို့သည် Exercise Falcon Strike 2015 စစ်ရေးလေ့ကျင့်မှုအတွင်း ထိုင်းလေယာဉ်မှူးများက J-11 လေယာဉ် ၄၂ စင်းကို ပစ်ချမှုလေ့ကျင့်ပြီး တရုတ်လေယာဉ်မှူးများက ၎င်းတို့၏ J-11 များဖြင့် Gripen ၃၄ စီးကို ပစ်ချမှု လေ့ကျင့်သည်ဟု အမျိုးသားအကျိုးစီးပွားစာစောင် (TNI) တွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလက ဆောင်းပါးတခုတွင် ဒေးဗစ် အက်စ်က ရေးသားသည်။

မြင်နိုင်သည့်မြင်ကွင်း (WVR) တွင် စီးချင်းထိုးသောအခါ တရုတ်၏ J-11 များသည် အားသာချက်ရှိသော်လည်း Gripen များသည် မြင်နိုင်သည်မြင်ကွင်းထက် ကျော်လွန်သည့် (BVR) တိုက်စစ်တွင် အားသာချက်ရှိကာ ကီလိုမီတာ ၃၀ တွင် ထိုင်း၏ ထိမှန်မှု ၈၈ ရာခိုင်နှုန်းရှိပြီး တရုတ်၏ ထိမှန်မှု ၁၄ ရာခိုင်နှုန်းသာ ရှိသည်ဟု အက်စ်က မှတ်ချက်ချသည်။ Gripen များသည် ၄၉ ကီလိုမီတာတွင် ထိမှန်မှု ၁၀ ခုရှိပြီး J-11 များသည် ထိုအကွာအဝေးတွင် ထိမှန်မှု မရှိပေ။

တရုတ်နှင့် စစ်ရေးလေ့ကျင့်မှုများတွင် F-16 နှင့် F-5 မသုံးရန် အမေရိကန် ပြည်ထောင်စုက တားမြစ်သောကြောင့် ထိုင်းနိုင်ငံသည် F-16 များအစား Gripen ဂျက်လေယာဉ်များကို အသုံးပြုသည်။

တရုတ်နှင့် စစ်ရေးလေ့ကျင့်မှုမျာတွင် F-16 နှင့် F-5 မသုံးရန် အမေရိကန် ပြည်ထောင်စုက တားမြစ်သောကြောင့် ထိုင်းနိုင်ငံသည် F-16 များအစား Gripen ဂျက်လေယာဉ်များကို အသုံးပြုသည်။

ထိုင်းနိုင်ငံ၏ ကာကွယ်ရေး သံတမန်ရေးသည် လေယူရာယိမ်းသည့် သေနင်္ဂဗျူဟာမှ အဓိက အင်အားကြီးနိုင်ငံများ၊ အထူးသဖြင့် အမေရိကန်နှင့် တရုတ်အကြား ချိန်ခွင်လျှာထိန်းရန် ရည်ရွယ်သည့် ခွဲခြားထောက်ခံမှုကို ပိုမိုတွက်ချက်သည့် မူဝါဒအဖြစ်သို့ ဖြစ်ပေါ်တိုးတက်လာကြောင်း ချိန်ဘာက မှတ်ချက်ချသည်။

ထိုနှစ်ဖက်ခွ ထိတွေ့ဆက်ဆံမှုကို ထိုင်းနိုင်ငံက Cobra Gold ကဲ့သို့သော စစ်ရေးလေ့ကျင့်မှုများတွင် အမေရိကန် ပြည်ထောင်စုနှင့် ပါဝင်ပြီး Blue-Strike နှင့် Falcon Strike ကဲ့သို့သော စစ်ရေးလေ့ကျင့်မှုများတွင် တရုတ်နှင့် ပါဝင်ခြင်းက ပြသနေကြောင်း ၎င်းကပြောသည်။

အဓိက အင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေး ချိန်ခွင်လျှာညှိသည့် ထိုင်းနိုင်ငံ၏ သေနင်္ဂဗျူဟာသည် ၎င်း၏ စစ်ရေးစွမ်းရည်ကို တိုးတက်စေပြီး ဒေသတွင်း သြဇာကြီးထွားစေကြောင်း၊ အရှေ့တောင်အာရှသည် အမေရိကန်-တရုတ် အားပြိုင်မှုအကြား ညပ်နေစဉ် ၎င်း၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် မဟာမိတ်တခုတည်းသို့ မှီခိုမှု ရှောင်ရှားနိုင်ကြောင်း ချိန်ဘာက ပြောသည်။

(Asia Times သတင်း Thailand buying Gripens to keep Myanmar in check ကို ဘာသာပြန်သည်။)

You may also like these stories:

မြန်မာပြည်တွင်းစစ်နှင့် ထိုင်း-မြန်မာ ၂၀၂၄ ဆက်ဆံရေး

ထိုင်းပိုင်နက်ထဲ စစ်ကောင်စီတပ် ဝင်ရောက်မှု စုံစမ်းစစ်ဆေးရန် တိုက်တွန်း

ထိုင်းဘဏ်များ မြန်မာစစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေဟု ကုလသမဂ္ဂ အစီရင်ခံ

လေယာဉ်များကို မြင်သောအခါ

ဆုံးရှုံးနယ်မြေများကို ဗုံးကြဲရန် စစ်ကောင်စီက ရုရှားလုပ် လေယာဉ်များသုံးနေ

Your Thoughts …
Tags: EROsPDFဂျက်တိုက်လေယာဉ်စစ်ကောင်စီဆွီဒင်တရုတ်တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းထိုင်းပြည်တွင်းစစ်ရုရှားလေကြောင်းတိုက်ခိုက်မှုအမေရိကန်
Gabriel Honrada

Gabriel Honrada

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကျွမ်းထိုးမှောက်ခုံ ထိုင်းနိုင်ငံရေး

ကျွမ်းထိုးမှောက်ခုံ ထိုင်းနိုင်ငံရေး

တရုတ်က နယ်စပ်ပိတ်၍ ရှမ်းမြောက်၌ ကုန်ဈေးနှုန်းမြင့်ကာ ဆေးဝါးပြတ်လာ

တရုတ်က နယ်စပ်ပိတ်၍ ရှမ်းမြောက်၌ ကုန်ဈေးနှုန်းမြင့်ကာ ဆေးဝါးပြတ်လာ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved