• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

လေယာဉ်များကို မြင်သောအခါ

by ခင်နဒီ
4 June 2024
in ဆောင်းပါး
A A
လေယာဉ်များကို မြင်သောအခါ

စစ်ကောင်စီ၏ လူသတ်လေကြောင်းတိုက်ခိုက်မှုကို အနုပညာရှင် လေးဦးက စုပေါင်း သရုပ်ဖော်ထားစဉ်

740
VIEWS
Share on FacebookShare on Twitter

ကမ္ဘာတဝန်းမှ ပြည်သူအများစုအတွက် လေယာဉ်တစင်း ကောင်းကင်တွင် ပျံသန်းနေသည်ကို မြင်တွေ့ရခြင်းသည် စိတ်လှုပ်ရှားစရာ ဖြစ်သည်။ အထူးသဖြင့် ကလေးများသည် လေယာဉ်များကို မြင်ရလျှင် ပဉ္စလက် ပစ္စည်းများသဖွယ် တအံ့တသြ ငေးကြည့်ကြပြီး အရွယ်ရောက်ပြီးသူများအတွက် လေယာဉ်များသည် အတိတ်က ခရီးသွားခဲ့သည်ကို အခုတ်တရရှိသည့် အမှတ်တရများ သို့မဟုတ် စွန့်စားမှုသစ်တခုအတွက် အိပ်မက်များအဖြစ် နှစ်သက်စွဲလန်းစရာ အတွေးများကို ဖြစ်စေသည်။

သို့သော် ယနေ့မြန်မာတွင် လေယာဉ်များသည် လုံးဝခြားနားသည့် ဆက်စပ်မှုများကို ဖြစ်စေသည်။ ကောင်းကင်မှ လေယာဉ်များသည် နည်းပညာ၏ အံ့သြဖွယ်ရာ အောင်မြင်မှု မဟုတ်တော့ဘဲ စိတ်ဒဏ်ရာများကို ဖြစ်စေသည့် အရာများ၊ သေခြင်းတရားနှင့် အဖျက်တရား၏ သင်္ကေတများ ဖြစ်လာကြသည်။

လေကြောင်းတိုက်ခိုက်ခံရမှု သရုပ်ဖော် ပန်းချီကားတချပ် / ကောင်းကောင်း

အရပ်သားပစ်မှတ်များကို စစ်ကောင်စီ၏ လူသတ် လေကြောင်းတိုက်ခိုက်မှု သုံးနှစ်ကျော်ကြာ ကာလကြောင့် မြန်မာပြည်သူများအမြင်တွင် လေယာဉ်များသည် ကောင်းကင်မှ ထိုးဆင်းသုတ်သည့် မကောင်းဆိုးရွား သတ္တဝါကြီးများအဖြစ် ပြောင်းလဲသွားစေသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
37
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
218
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
114

လေယာဉ် အင်ဂျင်သံများသည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများတွင် သေဆုံးရသည့် ရာနှင့်ချီသော အပြစ်မဲ့ ကလေးငယ်များနှင့် အခြားအရပ်သား ပြည်သူများ၏ အသက်များ၊ နေရပ်စွန့်ခွာရသူများ သို့မဟုတ် အခြားတနည်းနည်းဖြင့် ခံစားရသော ဒုက္ခများနှင့် လုံခြုံသောအနာဂတ် ခိုးယူခံရသည့် ကလေးများ၏ မျက်နှာများကို စိတ်ဖိစီးဖွယ် ပြန်လည်သတိပေးသည့် အသံဖြစ်လာသည်။

စစ်ကောင်စီ၏ လူသတ် လေကြောင်းတိုက်ခိုက်မှုနှင့် အသက်မသေဘဲ လွတ်မြောက်လာသူများက ပြသလိုက်သည့် လူသားစိတ်ဓာတ် ခံနိုင်ရည်ကို မီးမောင်းထိုးပြရန် မြန်မာအနုပညာအဖွဲ့အစည်း New Burma သည် ထိုအကြောင်းအရာနှင့် ပတ်သက်သည့် ပြပွဲတခုကို ဘန်ကောက်တွင် ကျင်းပခဲ့ပြီး မေလ ၃၀ ရက်နေ့တွင် အဖွဲ့လိုက် ဆွေးနွေးပွဲတခုကိုလည်း ပြုလုပ်ခဲ့သည်။

ထိုင်းမြို့တော်တွင် ကျင်းပခဲ့သည့် ‘When We See the Planes’ အမည်ရှိ ပြပွဲသည် ဖန်တီးမှုအမျိုးမျိုးဖြင့် သရုပ်ဖော်သည့် မြန်မာပန်းချီဆရာများ၊ ရုပ်ရှင်ရိုက်ကူးသူများနှင့် သတင်းဓာတ်ပုံသမားများ အပါအဝင် အနုပညာသမားများ၏ လက်ရာများကို စုစည်း ပြသထားသည်။

When We See the Planes ပြပွဲမှ အနုပညာလက်ရာ နှစ်ခု

ထိုလက်ရာများတွင် ကရင်နီ၊ ကရင်၊ ကချင်နှင် ရှမ်းပြည်နယ်များမှ ကျောင်းများ၊ ဘာသာရေး အဆောက်အအုံများနှင့် ဆေးရုံများကိုပင် အလွတ်မပေးသည့် အရပ်သားပစ်မှတ်များကို သိမ်းကြုံး လေကြောင်းတိုက်ခိုက်မှုများအပြီး ရိုက်ကူးထားသည့် ဓာတ်ပုံများ၊ ထိုလေကြောင်း တိုက်ခိုက်မှုများကို ဆွဲထားသည့် ပန်းချီများ၊ သရုပ်ဖော်များ၊ ဖြတ်ညှပ်ကပ် အနုပညာလက်ရာများ၊ မှတ်တမ်းရုပ်ရှင်တိုများ၊ ဗီဒီယိုများနှင့် အသံအင်စတော်လေးရှင်း အနုပညာလက်ရာများ ပါဝင်သည်။

စစ်အာဏာမသိမ်းမီက မြန်မာနိုင်ငံအလယ်ပိုင်း အညာမှ ကလေးများသည် လေယာဉ်တစင်း ကောင်းကင်တွင် ပျံသန်းသွားသည်ကို တွေ့ပါက စိတ်လှုပ်ရှားစွာ မော့ကြည့်ပြီး လက်များဝှေ့ယမ်း နှုတ်ဆက်ကြကာ အချို့သည် လေယာဉ်သွားရာ လမ်းကြောင်းအတိုင်းပင် ပြေးလိုက်ကြကြောင်း မေလ ၃၁ ရက်နေ့က အဖွဲ့လိုက်ဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းမှ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး သပိတ်ကော်မတီဝင် ရှင်းသန့်က ပြောသည်။

သို့သော် ယခုအခါ ထိုကလေးများသည် လေယာဉ်တစင်း ပျံသန်းနေသည်ကိုတွေ့လျှင် အိမ်ထဲ သို့မဟုတ် ပုန်းအောင်းရန် နေရာများသို့ ထွက်ပြေးကြပြီး ဖြစ်ပျက်ခဲ့သည့် စိတ်ဒဏ်ရာဟောင်းများကို ပြန်လည်ခံစားကြရသည်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက်ပြဇယား / ဉာဏ်လင်းသစ်

စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုကြောင် ပြည်သူများ နေ့စဉ်သေဆုံးနေကြောင်း ရှင်းသန့်က ပြောပြီး နိုင်ငံတကာအစိုးရများအနေဖြင့် မြန်မာပြည်သူများ၏ဘဝကို ကယ်ဆယ်ရန် ထိရောက်စွာ လုပ်ကိုင်ရေး တောင်းဆိုသည်။ တော်လှန်ရေး အမာခံဒေသ စစ်ကိုင်းတိုင်းသည် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကို အပြင်းအထန်ခံရသည့် ဒေသများတွင် ပါဝင်သည်။

ဉာဏ်လင်းသစ် သုတေသနအဖွဲ့၏ အဆိုအရ စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယခုနှစ် ဧပြီလ ၃၀ ရက်နေ့အတွင်း လေကြောင်းတိုက်ခိုက်မှု ၂,၄၇၁ ကြိမ် ပြုလုပ်ပြီး လူအနည်းဆုံး ၁,၂၉၅ ဦး သေဆုံးကြောင်း သိရသည်။

ယခုနှစ် ပထမ လေးလအတွင်း ကလေးငယ် ၆၁ ဦးအပါအဝင် အရပ်သား ၃၅၉ ဦး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွင် အသတ်ခံရကြောင်း အထက်ပါ သုတေသနအဖွဲ့က ဖော်ပြသည်။

ထိုပြပွဲသည် မြန်မာစစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားများခံစားရသည့် အဖျက်စွမ်းအားကြီးသော သက်ရောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် စစ်ကောင်စီကို လေယာဉ်ဆီရောင်းချမှု ဖြတ်တောက်ရေးအတွက် အရေးယူပိတ်ဆို့ရန် နိုင်ငံတကာ အသိုက်အဝန်းကို ဖျောင်းဖျစည်းရုံးရေး ဖြစ်ကြောင်း New Burma ကို တည်ထောင်သူတဦးဖြစ်သည့် မနှင်းက ပြောသည်။

When We See the Planes ပြပွဲမှ ဓာတ်ပုံများ / ကောင်းကောင်း

“လေယာဉ်ဆီ ဖြတ်တောက်နိုင်မှသာ လူသတ်လေကြောင်းတိုက်ခိုက်မှု လျှော့ချနိုင်မယ်” ဟု ၎င်းက ပြောသည်။

ထိုပြပွဲကို အစောပိုင်း ရက်အနည်းငယ်အတွင်း ထိုင်းတက်ကြွလှုပ်ရှားသူများ၊ အဝေးရောက်မြန်မာများ၊ သံတမန်များ၊ ပညာရှင်များနှင့် တတိယကြားနိုင်ငံများမှ ပြည်သူများ စသည့် နောက်ခံအမျိုးမှ လာရောက်ကြည့်ရှုသူ ၁၀၀ ကျော်ရှိကြောင်း သိရသည်။

“သူတို့မှာ ဂျက်လေယာဉ်တွေရှိတယ်။ ဒါပေမယ့် ကျမတို့မှာတော့ စက္ကူလေယာဉ်တွေပဲ ရှိတယ်” ဟု ကြာသပတေးနေ့က အဖွဲ့လိုက် ဆွေးနွေးပွဲတွင် ပြပွဲ၏ ရည်ရွယ်ချက်ကို ရှင်းပြစဉ် မနှင်းက ပရိသတ်ကို ပြောသည်။ ပြပွဲတွင် စစ်ကောင်စီကို တော်လှန်မှု၏ တီထွင်ဆန်းသစ်မှု သင်္ကေတအဖြစ် ပြသထားသည့် စက္ကူခေါက်လေယာဉ်များကို ရည်ညွှန်းပြောကြားခြင်း ဖြစ်သည်။

အဖွဲ့လိုက် ဆွေးနွေးပွဲနိဂုံးတွင် တက်ရောက်လာသူများက မြန်မာပြည်သူများနှင့် သွေးစည်းခိုင်မာမှုကို ၎င်းတို့၏ စက္ကူခေါက်လေယာဉ်များပေါ်တွင် သတင်းစကားများ ရေးသားဖော်ပြကြသည်။

ထိုပြပွဲကို ဇွန်လ ၂ ရက်နေ့အထိ ဘန်ကောက်ရှိ Studio Fluff တွင် ပြသခဲ့သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ‘When We See the Planes’: From Childhood Wonder to Harrowing Reality in Myanmar ကို ဘာသာပြန်သည်။)

You may also like these stories:

မင်းကင်း မတောရွာမင်္ဂလာဆောင် ဗုံးကြဲခံရ၊ သေဆုံးသူ ၂၇ ဦးထိ ရှိလာ

ဆောလေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၈ ဦးရှိလာ

ကောလင်း လေကြောင်းတိုက်ခိုက်မှု စာသင်ကျောင်းနှင့်အိမ်များ ပျက်စီး

မျက်မြင်သက်သေတွေ ပြောတဲ့ ဒေါဆီးအီ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှု

အရပ်သားများအား လေကြောင်းတိုက်ခိုက်မှု ကုလလုံခြုံရေးကောင်စီ ပြင်းထန်စွာရှုတ်ချ

ပဇီကြီး လေကြောင်းတိုက်ခိုက်မှုတွင် အမျိုးသမီးနှင့် ကလေး အများဆုံး သေဆုံး

Your Thoughts …
Tags: ကလေးသူငယ်စစ်ကောင်စီစစ်ရာဇဝတ်မှုစစ်အာဏာသိမ်းမှုလေကြောင်းတိုက်ခိုက်မှုလေယာဉ်ဆီအနုပညာအရပ်သားပစ်မှတ်အရေးယူပိတ်ဆို့မှု
ခင်နဒီ

ခင်နဒီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အသုံးချခံ ဖြစ်သွားတဲ့ ကဗျာတပုဒ်

အသုံးချခံ ဖြစ်သွားတဲ့ ကဗျာတပုဒ်

တရုတ်ဝယ်လက်မရှိ၍ ကျောက်စိမ်းဈေးကွက်ပျက်

တရုတ်ဝယ်လက်မရှိ၍ ကျောက်စိမ်းဈေးကွက်ပျက်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved