• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

တရုတ်ဝယ်လက်မရှိ၍ ကျောက်စိမ်းဈေးကွက်ပျက်

by ဧရာဝတီ
4 June 2024
in စီးပွားရေး
A A
တရုတ်ဝယ်လက်မရှိ၍ ကျောက်စိမ်းဈေးကွက်ပျက်

နေပြည်တော် ကျောက်မျက်ပြပွဲတပွဲတွင် ကျောက်စိမ်းကို စိတ်ဝင်စားနေသော တရုတ်ကုန်သည်များ / ဧရာဝတီ

2.8k
VIEWS
Share on FacebookShare on Twitter

တရုတ်အစိုးရက အွန်လိုင်းငွေလိမ်လည်မှု၊ အခွန်ကိစ္စတို့နှင့် ပတ်သက်၍ တရုတ် ကုန်သည်နှင့် ကုမ္ပဏီများကို ဖမ်းဆီး စစ်ဆေးခြင်း၊ ငွေကြေးလွှဲပြောင်းခြင်းတို့တွင် အခက်အခဲများရှိလာသဖြင့် ကျောက်စိမ်းအရောင်းအဝယ်မှာ ဖေဖော်ဝါ ရီလကုန်ပိုင်းမှစတင်၍ ရပ်တန့်သွားကြောင်း မန္တလေးကျောက်ဈေးကွက်အတွင်းက သိရသည်။

မန္တလေးမြို့ခံ ကျောက်မျက်လုပ်ငန်းရှင်တဦးက “အခုက တရုတ်ပြည်မှာ ကုမ္ပဏီတွေ၊ ကုန်သည်တွေကို ကျားဖြန့်ကိစ္စ၊ အခွန်ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ခေါ်ယူပြီး စစ်ဆေးတာ၊ ဖမ်းဆီးတာ၊ ထိန်းသိမ်းခံရတာမျိုးတွေရှိတော့ အဲဒီဂယက် က မြန်မာပြည်ကျောက်စိမ်းဈေးကွက်ကို ရိုက်ခတ်လာတာ။ ပြီးတော့ ငွေအလွှဲအပြောင်းတွေမှာလည်း နှစ်ဖက်စလုံးက စစ်ဆေးမေးမြန်းတာတွေ ရှိလာတာကြောင့်လည်း သက်ဆိုင်တယ်။ အဓိကတော့ တရုတ်အစိုးရရဲ့ တားဆီးထိန်းချုပ်မှု တွေကြောင့်ပါပဲ” ဟု ပြောသည်။

ကျောက်စိမ်း အရိုင်းတုံးများနှင့် အချောထည်များအား တရုတ်နိုင်ငံမှ အများဆုံးဝယ်ယူကြပြီး၊ ယခုအခါ ကျောက်စိမ်း ရောင်းဝယ်ခြင်းများကို အွန်လိုင်း (We Chat)မှ တဆင့် ပြုလုပ်နေကြသော်လည်း တန်ဖိုးကြီး ကျောက်များအရောင်း အဝယ်ဖြစ်မှု အလွန်နည်းကြောင်း တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ ကျောက်မျက်ဈေးတွင်လည်း We Chat အရောင်းအဝယ် များကိုပါ တရုတ်ရဲတပ်ဖွဲ့က မကြာခဏ ဝင်ရောက်ဖမ်းဆီးခြင်းများ ပြုလုပ်နေသည်ဟု ကျောက်မျက်လုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရသည်။

မဟာအောင်မြေမြို့နယ်တွင် နေထိုင်သော ကျောက်ပွဲစားတဦးက “အခုက ထမင်းစားကျောက်လောက်ပဲ အရောင်း အဝယ်ဖြစ်နေတာ။ We Chat ကနေ အရောင်းအဝယ်လုပ်နေသေးတာမို့ ထမင်းစားကျောက်လေးတွေတော့ ရှိနေ သေးတာမျိုးပေါ့။ တရုတ်က တအားနှိမ်ပြီး ဝယ်တာ၊ We Chat ထဲမှာ ၁ သိန်းပေးတဲ့ ကျောက်ကို သွားပေးရင် ၅ သောင်း၊ ၃ သောင်း အဲဒီလိုမျိုး ခေါင်းပုံဖြတ်ခံနေကြရတာ” ဟု ပြောသည်။

RelatedPosts

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
153
အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

30 December 2025
482
မွန် လုပ်ငန်းရှင် ၁၅ ဦးကို အခွန်ရှောင်မှုဖြင့် စစ်ကော်မရှင် ဖမ်းဆီးစစ်ဆေး

မွန် လုပ်ငန်းရှင် ၁၅ ဦးကို အခွန်ရှောင်မှုဖြင့် စစ်ကော်မရှင် ဖမ်းဆီးစစ်ဆေး

24 December 2025
2.7k

မြန်မာနိုင်ငံ၏ အကြီးဆုံးကျောက်မျက်ဈေးဖြစ်သည့် မန္တလေး မဟာအောင်မြေ ကျောက်စိမ်းကျောက်မျက်ရောင်းဝယ် ရေးစခန်း (ကျောက်ဝိုင်း) တွင်လည်း ကျောက်မျက်လုပ်ငန်းရှင်၊ ကုန်သည်များထက် ကျောက်မျက်ပွဲစားများ ပို၍ များ ကြောင်း သိရသည်။

ကျောက်ပွဲစားတဦးက “နေ့စဉ် စားဖို့အတွက် အခက်အခဲရှိနေလို့သာ ဝိုင်းကို သွားသွားနေရတာ။ လက်ရှိ နိုင်ငံရေးက အခြေအနေမကောင်းတော့ အဆင်ပြေသလို လုပ်စားနေကြရတာလေ၊ ပြီးတော့ ကျောက်လောကမှာ ကုန်သည်ထက် ပွဲစားလုပ်တဲ့သူက ပိုများတယ်။ အခုက ကျောက်ဈေးကွက်က စုတ်ပြတ်သပ်တဲ့အထိကို ဖြစ်နေပြီ၊ ဒီပုံစံအတိုင်း ဆက် သွားမယ်ဆိုရင် ကျောက်သမားအများစု နောက်ထပ် ၄၊ ၅ လအပြင် ထပ်ပြီး တောင့်မခံနိုင်ကြတော့ဘူး” ဟု ပြောသည်။

၂၀၁၉ ခုနှစ်က မန္တလေးကျောက်ဝိုင်းတွင် We chat ဖြင့် ရောင်းဝယ်နေသည့် တရုတ်ကုန်သည်များ (ဧရာဝတီ)

စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့က အသိအမှတ်ပြု တရားဝင်ဖွင့်လှစ်ပေးထားသည့် စစ်ကိုင်းမြို့ ရွှေမင်းဝံ ရပ်ကွက်ရှိ ဘော်ဂါကျောက်စိမ်းပုတီး၊ လက်ကောက်ဝိုင်းတွင်လည်း အရောင်းအဝယ် မရှိတော့သဖြင့် စစ်ကိုင်း ကျောက်သမားများမှာ မန္တလေးမြို့ထိ သွားရောက်လုပ်ကိုင်နေကြရကြောင်း သိရသည်။

စစ်ကိုင်းမြို့ခံ ကျောက်လက်ကောက်ရောင်းဝယ်သူတဦးက “ဘော်ဂါဝိုင်းမှာက တန်ဖိုးကြီးကျောက်ထက် တန်ဖိုးနည်း ပုတီးတွေနဲ့ လက်ကောက်လိုင်း သီးသန့်လေ၊ အခုက စစ်ကိုင်းမှာလည်း ဝိုင်းသာ ဖွင့်နေတာ ဘယ်လိုမှ လုပ်လို့မရလို့ မန္တလေးထိ တက်နေကြရတယ်။ ဘာကြောင့်လဲဆိုတော့ ကျောက်ဈေးကွက်က တရုတ်ကိုပဲ အားကိုးနေရတာဆိုတော့ တရုတ်က တအားကြီးကို ထိန်းချုပ်တာတွေ လုပ်လိုက်တော့ အရောင်းအဝယ်တွေ မဖြစ်ကြဘူး၊ ကွမ်ကျိုး၊ ရင်ကျန်း၊ ထိန်ကျုံး အဲဒီလိုင်းတွေကအစ ဈေးကွက်က ပျက်နေပြီ” ဟု ပြောသည်။

တရုတ်ဝယ်လက် မရှိသလောက်ဖြစ်ပြီး ဈေးကွက်ပျက်နေကာ အရောင်းအဝယ်များ ရပ်တန့်နေသော်လည်း နေပြည် တော် ကျောက်မျက်ပွဲများတွင်မူ လက်ရှိ ကျပ်ငွေတန်ဖိုးကျဆင်းလာခြင်းများကြောင့် ငွေသားကိုင်မထားလိုသည့် လုပ်ငန်းရှင်များ၊ ကုန်သည်ကြီးများက သိုလှောင်ရန် အများဆုံး ဝယ်ယူနေကြောင်း သိရသည်။

မန္တလေးမြို့ခံ ကျောက်မျက်လုပ်ငန်းရှင်တဦးက “နေပြည်တော်ပွဲမှာတော့ အရင်ကလောက် မဟုတ်ပေမယ့် လေလံဆွဲ တဲ့သူတွေ ရှိနေသေးတယ်။ လက်ရှိ မြန်မာကျပ်ငွေက တန်ကြေးမရှိတော့ ကျောက်ကို ဝယ်သိမ်းကြတာမျိုးပေါ့။ အဲဒါ က အရိုင်းဈေးကွက်ပေါ့၊ လော့အတွဲလိုက် ဝယ်ကြရတာ၊ အချောဈေးကွက်ကတော့ ကျနေတာဆိုတော့ ကျောက် သမားတော်တော်များများ ဒုက္ခရောက်ပြီး ကျပ်တည်းနေကြတယ်” ဟု ပြောသည်။

ထို့ပြင် မန္တလေးမှ ကချင်ပြည်နယ်သို့သွားရာ လမ်းတလျှောက် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေမှုကြောင့် လမ်း ကြောင်းပိတ်ခြင်းများရှိလာသဖြင့် ကျောက်ကုန်သည်ကြီးများ လာရောက်မှု အလွန်နည်းသွားကြောင်း ကျောက်ကုန် သည်တဦးက ပြောသည်။

၂၀၂၄ မေ ၃ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ကျောက်မျက်ပွဲတွင် တွေ့ရသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (CINCDS)

ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင်လည်း ငွေလွှဲငွေထုတ်ကိစ္စများခက်ခဲလာခြင်းနှင့်အတူ ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) က ကျောက်စိမ်းတူးဖော်ရေး၊ ရောင်းဝယ်ရေးကဏ္ဍများအတွက် အခွန် အခများအပြင် လုပ်ကွက်များ၌ ယန္တရားခွန်၊ အလုပ်သမားအခွန်၊ မြေခွန်၊ မြေစာပစ်ခွန်၊ မြေစာပစ်သည့်နေရာအား ရောင်းချခြင်း စသည့် အခြေအနေများကြောင့်လည်း ကျောက်အရောင်းအဝယ်ရပ်တန့်ခြင်းနှင့် သက်ဆိုင်နေကြောင်း ဖားကန့်ဒေသမှ ကျောက်မျက်လုပ်ငန်းရှင် အသိုင်းအဝိုင်းက ဆိုသည်။

ဖားကန့်ဒေသမှ ကျောက်မျက်လုပ်ငန်းရှင်တဦးက “၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျောက်စိမ်းတူးဖော်ရေး၊ ရောင်းဝယ်ရေး ကဏ္ဍအလုံးစုံရဲ့ ၉၀ ရာခိုင်နှုန်းကို KIA က ထိန်းချုပ်ထားတယ်။ အဲဒါကြောင့်မို့ ဖားကန့်ကို စက်သုံးဆီ တင်သွင်းမယ်ဆိုရင် KIA အကောက်ခွန်ဌာနက ဆီတပေပါ ၂ သောင်းနှုန်း ကောက်တယ်။ ကျောက်စိမ်းတူမယ့် လုပ် ကွက်ပိုင်ရှင်က ဆီဝယ်တဲ့အခါမှာလည်း ဆီတပေပါ ကျပ် ၂ သောင်းနှုန်း ထပ်ပြီး ကောက်ခံ၊ အရောင်းအဝယ် လုပ်ရင် လည်း အခွန်ပေးရတယ်၊ လောပန်းခွန်ဆိုတာလည်း ရှိသေးတယ်၊ ပွဲစားတွေလည်း အခွန်ပေးရတယ်၊ အဲဒီလို KIA ရဲ့ အခွန်ကောက်ခံတာတွေကလည်း ကျောက်ဈေးကွက်ပျက်တာရဲ့ တစိတ်တပိုင်းအဖြစ် ပါဝင်နေတယ်” ဟု ပြောသည်။

လက်ရှိအခြေအနေတွင် ဖားကန့်ဒေသ၌ ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းအများစုကို KIA က ထိန်းချုပ်ထားပြီး အကျိုး တူလုပ်ဆောင်နေခြင်းများလည်း ရှိနေကြောင်း သိရသည်။

ဖားကန့်ဒေသခံတဦးက “အခုက ကျောက်စိမ်းတူးဖော်ဖို့အတွက်ကို KIA က ကိုယ်တိုင်အကွက်ရိုက်၊ ကိုယ်တိုင်ရောင်း နေကြတာမျိုးပေါ၊ KIA က အရာရှိပိုင်းတွေ ရှယ်ယာအနေနဲ့ ပါတာမျိုးတွေလည်း ရှိတယ်၊ အဲဒါကို ဖားကန့်ဒေသတခု လုံး သိကြတယ်၊ ဘယ်သူမှ မပြောရဲကြဘူးဖြစ်နေတာ၊ ဒီကြားထဲ စစ်တပ်က ဝင်ဖမ်းတာတွေလည်း ခံနေကြရတယ်၊ ဖမ်းရင်လည်း အကုန်လုံးကို ဖမ်းတာမျိုး မဟုတ်ဘဲ မကြည်ရင် မကြည်တဲ့နေရာမျိုးတွေကို ကွက်ဖမ်းနေတာမျိုးဗျ” ဟု ပြောသည်။

အခွန်ကောက်ခံနေမှုများနှင့် ပတ်သက်၍ KIA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကို ဧရာဝတီက ဆက်သွယ် မေးမြန်းရာတွင် ပြောဆိုရန်အဆင်မပြေနိုင်ကြောင်း ပြန်လည်ဖြေကြားသည်။

၂၀၂၂ ဒီဇင်ဘာလကလည်း မန္တလေးမြို့တွင် We Chat ဖြင့် ကျောက်စိမ်း အရောင်းအဝယ်ပြုလုပ်သူ တရုတ်နိုင်ငံသား ကျောက်ကုန်သည်များအပါအဝင် မြန်မာကျောက်ကုန်သည်၊ ပွဲစား ၃၆၀ ကျော်အား စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့် ခြင်းများ ပြုလုပ်ခဲ့သေးသည်။

You may also like these stories:

မန္တလေး ကျောက်ဝိုင်းအား စည်းကမ်းချက်သစ်များဖြင့် စစ်ကောင်စီ တင်းကျပ်

ကျောက်စိမ်း ဝယ်ရောင်းများကို စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးနေ

Your Thoughts …
Tags: ကျားဖြန့်ကျောက်စိမ်းဈေးကွက်ကျောက်ဝိုင်းတရုတ်ဝယ်လက်ဖားကန့်မန္တလေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ

တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ

by ဧရာဝတီ
14 October 2023
25.9k

အိုက်ဟောက်ကို ရန်ကုန်စီးပွားရေးအသိုင်းအဝိုင်းနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက ကောင်းကောင်းမှတ်မိနေကြဦးမှာပါ။

သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

by ကိုဦး
18 April 2024
23.2k

လက်ရှိ မြောက်ပိုင်းသုံးဖွဲ့၏ နောက်ကွယ်တွင် UWSA ကူညီနေသည်ကို သိသော်လည်း စစ်တပ် ထုတ်မပြောရဲပေ။

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.7k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

by ဧရာဝတီ
3 February 2024
15.5k

ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသူများကို မြို့နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ခံဝန်လက်မှတ်ထိုး၍ ယင်းနေ့ ညမှာပင် ပြန်လွှတ်ပေးခဲ့ကြောင်း

၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

by စွယ်တော်
17 June 2025
15.5k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကမူ သူ့အာဏာတည်မြဲရေးအတွက် စစ်ရှုံးနေသည့် တပ်မှူးအဆင့်ဆင့်ကို အပြစ်ရှာပြီး စတေးနေဦးမည်သာ ဖြစ်သည်။

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

by ဧရာဝတီ
1 April 2025
15.2k

မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့က Sky Villa အဆောက်အဦ စတင်ပြိုကျခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေလာတာဖြစ်ပါတယ်။

Next Post
ပြင်သစ် ဓာတ်ပုံဆရာမ တဦး၏ တီယန်မင် အတွေ့အကြုံ

ပြင်သစ် ဓာတ်ပုံဆရာမ တဦး၏ တီယန်မင် အတွေ့အကြုံ

အတက်ကြမ်းနေသော ရွှေနှင့် ဒေါ်လာဈေးကွက်ကို စစ်ကောင်စီက အဖမ်းအဆီးများဖြင့် ထိန်းချုပ်

အတက်ကြမ်းနေသော ရွှေနှင့် ဒေါ်လာဈေးကွက်ကို စစ်ကောင်စီက အဖမ်းအဆီးများဖြင့် ထိန်းချုပ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.7k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved