• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပဇီကြီး လေကြောင်းတိုက်ခိုက်မှုတွင် အမျိုးသမီးနှင့် ကလေး အများဆုံး သေဆုံး

by ဧရာဝတီ
11 April 2023
in သတင်း
A A
စစ်ကောင်စီသည် လူအများစုဝေးသော အရပ်ဘက်ပစ်မှတ်များကိုပါ လေကြောင်းမှ တိုက်ခိုက်နေသည်

စစ်ကောင်စီသည် လူအများစုဝေးသော အရပ်ဘက်ပစ်မှတ်များကိုပါ လေကြောင်းမှ တိုက်ခိုက်နေသည်

8.4k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာတွင် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ တရာထက် မနည်း ရှိနိုင်ပြီး အများစုမှာ ကလေးနှင့် အမျိုးသမီးများ ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

မျက်မြင်တွေ့ရှိသူများ၏ ပြောပြချက်အရ ယနေ့ (ဧပြီ ၁၁) မနက် ၈ နာရီဝန်းကျင်တွင် ပဇီကြီးရွာပြင်ရှိ ပြည်သူ့အုပ်ချုပ်ရေးရုံးသစ်ဖွင့်ပွဲ ပြုလုပ်နေစဉ် ဂျက်လေယာဉ် ၁ စီးက လူ ၁၅၀ ကျော်ရှိနေသည့် ကွင်းပြင်တည့်တည့်သို့ ဗုံး ၁ လုံး ကြဲချခဲ့ကြောင်း သိရသည်။

ထို့သို့ ဗုံးကြဲတိုက်ခိုက်မှုအပြီးတွင် အသက်ရှင်ကျန်ရစ်သူဦးရေမှာ ၄၀ ခန့်သာ ရှိတော့ပြီး သေဆုံးသူဦးရေမှာ အနည်းဆုံး ၁၀၀ ဝန်းကျင် ရှိကြောင်း၊ ထိုသေဆုံးမှုထဲတွင် ကလေးငယ် ၂၀ ကျော် ပါဝင်ပြီး အမျိုးသမီး အများစုနှင့် ကိုယ်ဝန်ဆောင်များလည်း ပါဝင်သလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၀ ဦးခန့်လည်း ပါဝင်ကြောင်း ရုပ်အလောင်းကောက်ယူရေးတွင် ပါဝင်နေသူများက ဆိုသည်။

ရုပ်အလောင်းကောက်ယူမှုတွင် ပါဝင်သူ တဦးက “ကလေးတွေက ၃ ၊ ၄၊ ၅ နှစ်အရွယ်လေးတွေ ဆိုတော့ အမေတွေနဲ့ လိုက်လာတာလေ။ ခန္ဓာကို တပိုင်းတစတွေ၊ တချို့ကလေးတွေဆို သောက်ရေအိုးစင်မှာတောင် တပိုင်းက သွားချိတ်နေတာ။ တပိုင်းက လမ်းဘက်မှာ။ ရုပ်အလောင်းက ပီကို မပီတော့တာ၊ ခေါင်းပြတ်တဲ့လူနဲ့ ခြေပြတ်တဲ့လူနဲ့ ဘယ်သူ ဘယ်ဝါကို ခွဲမရဘူး။ အဲဒါတွေကို အကုန်ပုံပြီးတော့မှ မီးရှို့တာပေါ့။ အသားဖတ်တွေဆို တံမြက်စည်းနဲ့တောင် လှဲရှင်းပြီး မီးရှို့တာ၊ကျန်တာတွေလည်း ကျန်သေးတယ်” ဟု ပြောသည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်ပြီးနောက် Mi 35 တစီးဖြင့် ရွာအနီး ထွက်ပြေးနေသည့် ပြည်သူများကို နာရီဝက် ဝန်းကျင်ကြာ လေကြောင်းပစ်ခတ်မှု ထပ်မံ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “နမခ ( အနောက်မြောက်တိုင်းစစ်ဌာနချုပ်) က Mi 35 တစီး တက်လာတယ်။ တံတားဦးကနေ ဂျက်ဖိုက်တာ ၁ စီး တက်လာတယ်။ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲပြီးတော့ Mi 35 နဲ့ လိုက်ပြီး ပစ်သွားတာပေါ့။ လူအုပ်ပြေးရင် ပြေးတဲ့နောက်ကို လိုက်ပစ်တာပေါ့။ အကျွေးအမွေး လုပ်နေတုန်း စားနေတဲ့ နေရာကို ဗုံးက တည့်တည့်ပစ်ချတာ” ဟု ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီလက အသက်ဆုံးရှုံးသွားကြရသူများ၏ မိသားစုဝင်များနှင့်အတူ ထိခိုက်ကြေကွဲဝမ်းနည်းရကြောင်း ထုတ်ပြန်သည်။ ” အကြမ်းဖက်စစ်ကောင်စီဟာ သူ့ရဲ့ တကယ့်ဇာတိရုပ်ကို ထပ်မံဖော်ထုတ်ပြသလိုက်တာဖြစ်ပြီး ရက်စက်ကြမ်းကြုတ်လွန်းတဲ့ စစ်ရာဇဝတ်မှုတခုကို ထပ်မံကျူးလွန်လိုက်ခြင်းဖြစ်ပါတယ်”ဟုလည်း ရေးသားထားသည်။

စစ်ကောင်စီသည် လူအများစုဝေးသော အရပ်ဘက်ပစ်မှတ်များကိုပါ လေကြောင်းမှ တိုက်ခိုက်နေသည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက် ညပိုင်းက ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မြောက်ဘက်ရှိ အနန့်ပါရွာတွင် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO/KIA) ဖွဲ့စည်းခြင်း ၆၂ နှစ်ပြည့် အထိမ်းအမှတ် တေးဂီတပွဲ ကျင်းပနေစဉ် စစ်ကောင်စီတပ် ၏ တိုက်လေယာဉ်များက လာရောက် ဗုံးကြဲသဖြင့် KIA တပ်ဖွဲ့မှ တပ်မဟာမှူး ၁ ဦးအပါအဝင် အရာရှိ၊ စစ်သည်များ၊ အနုပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် အရပ်သား စုစုပေါင်း လူဦးရေ ၇၀ ကျော် သေဆုံးခဲ့ရသည်။

ထို့ပြင် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ကျောင်းသား ၂၀၀ ခန့် ပညာသင်နေသည့် လက်ယက်ကုန်းကျေးရွာကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ပြီးနောက် ခြေလျင်တပ်များဖြင့် ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့ခြင်းကြောင့် ကလေးငယ် ၇ ဦးအပါအဝင် လူ ၁၃ ဦး သေဆုံးသည်။

စစ်ကောင်စီ အာဏာသိမ်းလိုက်သည့် ၂ နှစ်အတွင်း ကလေးငယ် အနည်းဆုံး ၂၆၅ ဦးကို သတ်ဖြတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးငယ်များ ရေးရာ ဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားသည်။

You may also like these stories:

KIO အထိမ်းအမှတ်ပွဲ ဗုံးကြဲတိုက်ခိုက်ခံရမှု လူ ၁၀၀ ကျော် သေဆုံး

ကလေးများ ပြန်ပြောပြသော လက်ယက်ကုန်း လူသတ်ပွဲ

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
391
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
56

မြန်မာဆိုင်ရာ ကုလသမဂ္ဂရုံးများ လူသတ် စစ်ကောင်စီကို တရားဝင်မှုပေးနေ

နမ်းနိန်းရွာသားတွေ ဘယ်လို အသတ်ခံခဲ့ရလဲ

ရွှေဘိုသို့ အိမ်အပြန်တခေါက်

Your Thoughts …
Tags: Mi-35ကန့်ဘလူပဇီကြီးရွာလေကြောင်းတိုက်ခိုက်သေဆုံးအမျိုးသမီးနှင့် ကလေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကန့်ဘလူ အချုပ်စခန်းက အာဏာအလွဲသုံး လိင်အမြတ်ထုတ်မှု

ကန့်ဘလူ အချုပ်စခန်းက အာဏာအလွဲသုံး လိင်အမြတ်ထုတ်မှု

by အသွင်သစ်
1 March 2024
25.6k

“လင်းယုန်ကို အာခံပြီး ထွက်သွားရင် အသက်အာမခံချက်မရှိဘူး။ အရှင်ထွက် မရှိဘူး။ အသေထွက်ပဲရှိမယ်” ဆိုတဲ့ ကြိမ်းဝါးသံက မရှိုင်းဇာနည်အတွက် ထိတ်လန့် တုန်လှုပ်စေခဲ့ပါတယ်။

မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

by ဧရာဝတီ
4 December 2023
7.9k

ထိုစခန်းသိမ်းတိုက်ပွဲများတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူးအဆင့်အပါအဝင် တပ်ဖွဲ့ဝင်အများအပြား လက်နက်ချ အညံ့ခံခဲ့ကြကြောင်း

ကော့ကရိတ်မြို့တွင်း စစ်တပ်နေရာယူ၊ မြိုခံများ ပြန်လာရန် ခေါ်

ကော့ကရိတ်မြို့တွင်း စစ်တပ်နေရာယူ၊ မြိုခံများ ပြန်လာရန် ခေါ်

by စောလွင်
22 April 2024
6.6k

မြဝတီတွင် ပိတ်မိနေသည့် အမှတ် ၂၇၅ ခြေလျင်တပ်ရင်းကို ကူမည့် တပ်များသည် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး မှ အဓိကသွားနေခြင်းဖြစ်ပြီး လမ်းဟောင်းအပါအဝင် အခြားတောလမ်းများ ၄ ခုခန့်တွင် စစ်ကြောင်းများခွဲ၍ တက်နေ သည်ဟုလည်း ကာကွယ်ရေးရဲဘော်များနှင့် ဒေသခံများကပြောသည်။

နေပြည်တော်ငလျင် သေဘေးမှ လွတ်ခဲ့သူတဦး၏ ပြောပြချက်

နေပြည်တော်ငလျင် သေဘေးမှ လွတ်ခဲ့သူတဦး၏ ပြောပြချက်

by ပပ
29 March 2025
5.4k

တဒင်္ဂအတွင်းဖြစ်ပေါ်လာသည့် ငလျင်အတွင်း သေဘေးမှလွတ်မြောက်ခဲ့သည့် နေပြည်တော်၊ ပျဉ်းမနားမြို့နေ ဒေသခံ အမျိုးသမီးတဦးကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။

မိုးမိတ်တွင် ပိတ်မိနေသူများ အမြန်ဆုံးထွက်ခွာကြရန် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ သတိပေး

မိုးမိတ်တွင် ပိတ်မိနေသူများ အမြန်ဆုံးထွက်ခွာကြရန် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ သတိပေး

by ဧရာဝတီ
26 January 2024
5.1k

တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသော ၃ ရက်ခန့်အတွင်း ပရဟိတအသင်းများက ရုပ်အလောင်းကောက်ယူရာတွင် ရုပ်အလောင်း ၄၀ ကျော်ထိ ရရှိခဲ့ပြီး အဆိုပါ အလောင်းများကို ဘောလုံးကွင်းထဲ၌ စုပုံ မီးရှို့ သဂြိုဟ်ပေးခဲ့ကြောင်း

ထောင်တွင်းနှိပ်စက်သည့် ဒဏ်ရာများကြောင့် တေးရေး၊တေးဆို စံလင်းစံ သေဆုံးဟုဆို

ထောင်တွင်းနှိပ်စက်သည့် ဒဏ်ရာများကြောင့် တေးရေး၊တေးဆို စံလင်းစံ သေဆုံးဟုဆို

by ဧရာဝတီ
3 January 2024
5.1k

ကိုစံလင်းစံ မသေဆုံးမီက ဆေးကုသခွင့်ရရှိရန် မိသားစုဝင်များက အကျဉ်းထောင်သို့ တောင်းခံခဲ့သော်လည်း ထောင်ပြင်ပတွင် ဆေးကုသမှု မပေးခဲ့ဘဲ ဆေးမြီးတိုများဖြင့်သာ ကုသပေးခဲ့ကြောင်း

Next Post
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခံရပြီးနောက် သေဆုံး ပျက်စီးမှုများ / CJ

ပဇီကြီးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုမှ လွတ်မြောက်လာသူနှင့် မေးမြန်းခြင်း

ပြည်ပပို့မည့် ဆန်များ သင်္ဘောပေါ် တင်နေသည်ကို ရန်ကုန် ဆိပ်ကမ်းတွင် တွေ့ရစဉ် / ဧရာဝတီ

စစ်ကောင်စီ ထိန်းချုပ်မှုကြောင့် ဆန်တင်ပို့မှု သိသိသာသာ ကျဆင်းလာနေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved