• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထောင်တွင်းနှိပ်စက်သည့် ဒဏ်ရာများကြောင့် တေးရေး၊တေးဆို စံလင်းစံ သေဆုံးဟုဆို

by ဧရာဝတီ
3 January 2024
in သတင်း
A A
ထောင်တွင်းနှိပ်စက်သည့် ဒဏ်ရာများကြောင့် တေးရေး၊တေးဆို စံလင်းစံ သေဆုံးဟုဆို

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃ ရက်က စစ်ကောင်စီထုတ်ပြန်ထားသော ကိုစံလင်းစံနှင့်အဖွဲ့အား ဖမ်းဆီးမှုဇယား/MOI

5.1k
VIEWS
Share on FacebookShare on Twitter

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် ထောင်ဒဏ်နှစ်ရှည်ချခံထားရသော နိုင်ငံရေးအကျဉ်းသား တေးရေးတေးဆို စံလင်းစံ ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်၌ ဒီဇင်ဘာ ၃၀ရက် က သေဆုံးသွားခဲ့ရခြင်းမှာ လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်ခံရသည့် ဒဏ်ကြောင့်ဖြစ်ကြောင့် မိသားစုဝင်များက ပြောသည်။

ထောင်အာဏာပိုင်တို့က ဦးနှောက် ရေအိတ်တည်သည့် ရောဂါကြောင့် သေဆုံးသွားပြီဖြစ်ကြောင်း အကျဉ်းထောင်မှ မိသားစုဝင်များထံ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် အကြောင်းကြားခဲ့သည်ဟု မိသားစုဝင်တဦးက ပြောသည်။

ကိုစံလင်းစံ၏ မိသားစုဝင်တဦးက “စစ်ကြောရေးမှာက တော်တော် အရိုက်ခံခဲ့ရတာ။ ခေါင်းမှာဆိုရင်လည်း တုတ် ၂ ချောင်းကုန်တယ်တဲ့၊ အရိုက်ခံခဲ့ရတာ။ ခေါင်းမှာက သွေးမထွက်ဘူးတဲ့။ ဘု ၉ ခု ၊ ၁၀ ခုလောက်ရှိတယ်တဲ့၊ လက်နဲ့ကိုင်ကြည့်ရင် ပျော့စိပျော့စိ ဖြစ်နေတယ်တဲ့။ ကျင်စက်နဲ့လည်း တို့တယ်။ လက်ဝါး ၂ဖက်နဲ့ နားတွေကိုပိတ်ရိုက်တာ နား ၂ရက်လောက် မကြားရဘူး။ နားထဲကလည်း သွေးတွေထွက်တယ်တဲ့။ သူရုံးထုတ်တော့ ပြန်ပြောပြတာ။ လူချင်းတွေ့ရတော့လေ။ ကျမတို့ထင်တာတော့ ဒီဒဏ်တွေကြောင့် အခုလိုသေဆုံးတာပဲ ရေအိတ်ရဲ့ သဘောက မသေနိုင်ဘူးလေ” ဟုပြောသည်။

ကိုစံလင်းစံ၏ ရေအိတ်ရောဂါကို ကုသပြီးသည်မှာ ၈နှစ်ခန့်ရှိပြီဖြစ်ကြောင်းနှင့် ၎င်းသည် စစ်ကြောရေး နှင့် ထောင်တွင်း ရိုက်နှက်ခံရမှုများကြောင့် ယခုကဲ့သို့ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။

ကိုစံလင်းစံ နာရေးလုပ်ရန် ခွင့်ပြုခဲ့သော်လည်း အလောင်းအား ဓာတ်ပုံရိုက်ခွင့် မပြုခဲ့ကြောင်း၊ အလောင်း၏ ခန္ဓာကိုယ်ကို အဝတ်ဖြူနှင့် ပတ်ထားသည့်အတွက် မမြင်ရဘဲ ဦးခေါင်းတွင် ခွဲစိတ်ဒဏ်ရာ ချုပ်ရိုးများကို တွေ့ခဲ့ရကြောင်း ကိုစံလင်းစံ၏ အစ်မဖြစ်သူက ပြောသည်။

၎င်းက “အလောင်းကိုကြည့်ရတာတော့ ခေါင်းပိုင်းကို ဖော်ထားတယ်။ ခန္ဓာကိုယ်ကို အဝတ်အဖြူနဲ့ပတ်ထားတယ်။ ခေါင်းမှာက ခွဲစိတ်ထားတဲ့ ချုပ်ရိုးအကြီးကြီးတွေ တွေ့တယ်” ဟု ပြောသည်။

ကိုစံလင်းစံ မသေဆုံးမီက ဆေးကုသခွင့်ရရှိရန် မိသားစုဝင်များက အကျဉ်းထောင်သို့ တောင်းခံခဲ့သော်လည်း ထောင်ပြင်ပတွင် ဆေးကုသမှု မပေးခဲ့ဘဲ ဆေးမြီးတိုများဖြင့်သာ ကုသပေးခဲ့ကြောင်းသိရသည်။

ကိုစံလင်းစံသည် ဒဏ်ရာများကြောင့် အကျဉ်းထောင်တွင်း ထမင်းစားသည့်အခါမျိုးတွင် ကိုယ်တိုင်မစားနိုင်သည့်အပြင် လမ်းလျှောက်သည့်အခါတွင်လည်း လူ ၂ယောက်ကို အားကိုး၍ သွားလာရကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောသည်။

ကိုယ်တိုင် ရေးသားသည့် “မုန်းမေ့မရ” သီချင်းအား သီဆိုနေစဉ်

အကျဉ်းထောင်နှင့် နီးစပ်သူတဦးက “သူက ဇက်ခိုင်နေတာ လမ်းလျှောက်လို့မရဘူး။ ၂ယောက်တွဲ လျှောက်ပေးရတယ်။ အဲဒါဖျာပုံထောင်မှာကတည်းက လမ်းလျှောက်လို့ မရတာလည်း မြင်သာတယ်။ ပုသိမ်ထောင်ရောက်သွားတော့လည်း သူ့ဘာသာလျှောက်လို့ မရဘူး။ ရိုက်နှက်ခံရတဲ့ ဒဏ်ရာကြောင့် နာတာရှည်ဖြစ်သွားတယ်။ ဘယ်ဘက် ညာဘက် လှည့်လို့မရဘူး။ ဆေးကုသခွင့် မရလို့ သေသွားတာတော့ ထင်ရှားတယ်” ဟု ပြောသည်။

ဧရာဝတီတိုင်း၊ ဖျာပုံဇာတိဖြစ်သော ကိုစံလင်းစံသည် မအူပင် တက္ကသိုလ်တွင် ဒုတိယနှစ် သမိုင်းဘာသာဖြင့် အဝေးသင် တက်ရောက်နေသူဖြစ်ပြီး ဂီတ အနုပညာကို ဝါသနာပါသူဖြစ်သလို ၎င်းကိုယ်တိုင် ရေးဆိုခဲ့သည့် “မုန်းမေ့မရ” သီချင်းမှာ လူငယ်များအကြားထင်ရှားခဲ့သည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကို ဆန့်ကျင်ရင်း ဖျာပုံတွင် ဦးဆောင်ဆန္ဒပြမှုများလုပ်ခဲ့သောကြောင့် နာမည်ထွက်လာ၍ မတ်လမှ စတင်ကာ နေအိမ်မှ တိမ်းရှောင်သွားခဲ့ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာတွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
1
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
6
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
22

၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့က ဖျာပုံမြို့တွင် ဖြစ်ပေါ်ခဲ့သည့် ပစ်ခတ်မှု တခုသည် ကိုစံလင်းစံ ဦးဆောင်သည့် လူငယ်တစု၏ လုပ်ရပ်ဖြစ်ကြောင်း၊ ကိုစံလင်းစံသည် Black Dragon Force Pyapon- BDFP (ဖျာပုံ ပြည်သူကာကွယ်ရေးတပ်) ဦးဆောင်သူဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီး ကိုစံလင်းစံနှင့်အတူ လူငယ်တချို့ကို ဖမ်းဆီး တရားစွဲဆိုခဲ့သည်။

ထို့နောက် ဖျာပုံအကျဉ်းထောင်ရှိ အထူးတရားရုံးတွင် ၁ နှစ်နီးပါးခန့် တရားရင်ဆိုင်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် အောက်တိုဘာတွင် လူသတ်မှု နှစ်မှု အတွက် သေဒဏ် ၂ ကြိမ် ၊ ပုဒ်မ ၅၀ (က) (ဈ) (ည) အတွက် ထောင်ဒဏ် ၃၅ နှစ် နှင့် ပုဒ်မ ၅၂ (က) အတွက် ထောင်ဒဏ် ၂၅ နှစ် အမိန့်ချခံခဲ့ရသည်။

ကိုစံလင်းစံနည်းတူ ဒီဇင်ဘာအတွင်း အင်းစိန်အကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသူတဦး ဆေးကုသခွင့် မရသည့်အတွက် သေဆုံးခဲ့သည်။

အင်းစိန်‌ထောင်တွင်း သေဆုံးခဲ့သူမှာ ပုဒ်မ ၅၀ (ည) ဖြင့် အကျဉ်းကျနေသည့် အသက် ၂၃ နှစ်အရွယ် မချယ်ရီဝင်းဖြစ်ပြီး အပူချိန်အလွန်အမင်း တက်ခဲ့ပြီးနောက် အချိန်မီ လုံလောက်သည့် ဆေးကုသမှု မရရှိခဲ့သဖြင့် ဒီဇင်ဘာ ၂၁ ရက်တွင် သေဆုံးခဲ့ကြောင်း သိရသည်။

မချယ်ရီဝင်းသည် ဒီဇင်ဘာလ ၁၈ ရက်‌နေ့နှင့် ၁၉ ရက်‌နေ့တို့တွင် အဖျားတက်သဖြင့် ဆေးကုသခွင့်တောင်းခံရာ အကျဉ်းထောင်တွင်းသို့ လူကြီးလမ်းကြောင်း လာရန်ရှိသည်ဟုဆိုကာ ဆေးဝါးကုသမှုကို ချက်ခြင်း မပြုလုပ်ပေးခဲ့သဖြင့် သေဆုံးခဲ့ရကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူများက ဆိုသည်။

မချယ်ရီဝင်းသည် ကရင်နီ(ကယား) ပြည်နယ်၊ လွိုင်ကော်မြို့မှဖြစ်ပြီး ပြည်ပသို့ ထွက်ခွာရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ ည ဖြင့် စွပ်စွဲထောင်ချခံခဲ့ရသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

လက်ရှိတွင် စစ်ကောင်စီက အကျဉ်းထောင်သို့ မိသားစုဝင်များ ပေးပို့သည့်ပါဆယ်ထဲတွင် အခြေခံလိုအပ်သော အင်္ဂလိပ်ဆေးဝါးများကို ပို့ဆောင်ခွင့် မပြုခြင်း ၊ အကျဉ်းထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိခြင်း ၊ အရေးကြီးလူနာများကို ပြင်ပဆေးရုံသို့ ပို့ဆောင်ပေးခြင်းကို အချိန်နှင့်တပြေးညီ မပြုလုပ်ပေးသည့်အတွက် ၂၀၂၃ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ ၁၈ ဦးအထိ အသက်သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ သိရသည်။

အကျဉ်းထောင်အတွင်းမှ အခြေအနေများကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အနေဖြင့် ဝင်ရောက်ကြည့်ရှု၍ ကူညီဆောင်ရွက်ပေးရန် နိုင်ငံရေး အကျဉ်းသားများအရေး လှုပ်ရှားသူများက တောင်းဆိုကြသည်။

၂ဝ၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အတွက် ဖမ်းဆီးခံခဲ့ရသူ ၂၅,၆၅၆ ဦးရှိပြီး ယင်းတို့အနက် ၁၉,၈၅၈ ဦးမှာ လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ သိရသည်။

You may also like these stories:

၂၀၂၃ ခုနှစ် မြန်မာပြည်၏ အမှန်နှင့် အမှောင် အင်အားစုများ

ထောင်တွင်း ဆေးကုသခွင့်မရ၍ သေဆုံးသည့် နိုင်ကျဉ်း ၁၆ ဦးခန့် ရှိလာ

အိန္ဒိယထောင်၌ အစာငတ်ခံဆန္ဒပြ မြန်မာအမျိုးသမီးများ ရိုက်နှက်ခံရ

နိုင်/ကျဉ်းများအား ထောင်တွင်းအကြမ်းဖက်ဖိနှိပ်မှု ဆိုးရွားလာနေ

Your Thoughts …
Tags: စံလင်းစံဆေးကုသခွင့်ညှဉ်းပန်းသေဆုံးအကျဉ်းထောင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကော့ကရိတ်မြို့တွင်း စစ်တပ်နေရာယူ၊ မြိုခံများ ပြန်လာရန် ခေါ်

ကော့ကရိတ်မြို့တွင်း စစ်တပ်နေရာယူ၊ မြိုခံများ ပြန်လာရန် ခေါ်

by စောလွင်
22 April 2024
6.6k

မြဝတီတွင် ပိတ်မိနေသည့် အမှတ် ၂၇၅ ခြေလျင်တပ်ရင်းကို ကူမည့် တပ်များသည် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး မှ အဓိကသွားနေခြင်းဖြစ်ပြီး လမ်းဟောင်းအပါအဝင် အခြားတောလမ်းများ ၄ ခုခန့်တွင် စစ်ကြောင်းများခွဲ၍ တက်နေ သည်ဟုလည်း ကာကွယ်ရေးရဲဘော်များနှင့် ဒေသခံများကပြောသည်။

စစ်တပ်၏ ဖမ်းဆီးနှိပ်စက်ခံရသော မတ္တရာသံဃနာယက အတွင်းရေးမှူး ဆရာတော် ပျံလွန်

စစ်တပ်၏ ဖမ်းဆီးနှိပ်စက်ခံရသော မတ္တရာသံဃနာယက အတွင်းရေးမှူး ဆရာတော် ပျံလွန်

by ဧရာဝတီ
22 January 2024
5.8k

ဦးဝါယမအား အဓမ္မ လူဝတ်လဲကာ ဆက်လက်ဖမ်းဆီးခဲ့ပြီးနောက် နိုဝင်ဘာ ၁၄ ရက် ည ၇ နာရီခန့်၌ ဇီးဖြူပင်ကုန်းကျေးရွာအနီး ချောင်းဘောင်တွင် ကားပေါ်မှ ပစ်ချထားခဲ့ခြင်း

နေပြည်တော်ငလျင် သေဘေးမှ လွတ်ခဲ့သူတဦး၏ ပြောပြချက်

နေပြည်တော်ငလျင် သေဘေးမှ လွတ်ခဲ့သူတဦး၏ ပြောပြချက်

by ပပ
29 March 2025
5.4k

တဒင်္ဂအတွင်းဖြစ်ပေါ်လာသည့် ငလျင်အတွင်း သေဘေးမှလွတ်မြောက်ခဲ့သည့် နေပြည်တော်၊ ပျဉ်းမနားမြို့နေ ဒေသခံ အမျိုးသမီးတဦးကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။

မိုးမိတ်တွင် ပိတ်မိနေသူများ အမြန်ဆုံးထွက်ခွာကြရန် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ သတိပေး

မိုးမိတ်တွင် ပိတ်မိနေသူများ အမြန်ဆုံးထွက်ခွာကြရန် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ သတိပေး

by ဧရာဝတီ
26 January 2024
5.1k

တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသော ၃ ရက်ခန့်အတွင်း ပရဟိတအသင်းများက ရုပ်အလောင်းကောက်ယူရာတွင် ရုပ်အလောင်း ၄၀ ကျော်ထိ ရရှိခဲ့ပြီး အဆိုပါ အလောင်းများကို ဘောလုံးကွင်းထဲ၌ စုပုံ မီးရှို့ သဂြိုဟ်ပေးခဲ့ကြောင်း

ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်

ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်

by ဧရာဝတီ
27 September 2023
4.7k

ရဟတ်ယာဉ်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရုတ်တရက် ရောက်လာသဖြင့် ယင်းကျေးရွာများမှ ဒေသခံများ ထွက်မပြေးနိုင် ဘဲ ပိတ်မိနေသူ ၁၀၀ ဦးခန့် ရှိကြောင်း၊ လက်ရှိအချိန်အထိ အဆက်အသွယ် ပြတ်တောက်နေကြောင်း ဒေသခံများနှင့် ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။

လျှို့ဝှက်သော ထောင်တိုးချဲ့မှုများ ဂြိုဟ်တုမှ တွေ့ရ

လျှို့ဝှက်သော ထောင်တိုးချဲ့မှုများ ဂြိုဟ်တုမှ တွေ့ရ

by ဧရာဝတီ
2 February 2024
3.6k

အာဏာသိမ်းပြီးကာလ ထောင်စနစ်တိုးချဲ့ခြင်းသည် နိုင်ငံရေး အတိုက်အခံများ၊ သတင်းသမားများနှင့် တက်ကြွလှုပ်ရှားသူများကို အစုလိုက်အပြုံလိုက်ဖမ်းဆီးချိန်နှင့် တိုက်ဆိုင်နေသည်။

Next Post
ဒရုန်းခေတ်ရောက်ပြီ

ဒရုန်းခေတ်ရောက်ပြီ

နှစ်ကုန်၌ အထည်ချုပ်အပါအဝင် CMP လုပ်ငန်း ၇ ခုခန့် ပိတ်သိမ်း

နှစ်ကုန်၌ အထည်ချုပ်အပါအဝင် CMP လုပ်ငန်း ၇ ခုခန့် ပိတ်သိမ်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved