• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်

by ဧရာဝတီ
27 September 2023
in သတင်း
A A
ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်

ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် /Chaung U Revolution Army

4.7k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် စက်တင်ဘာ ၂၆ ရက်က အရပ်သားတဦးနှင့် ကာကွယ်ရေး တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး၍ ဒေသခံရာချီ ပိတ်မိကာ ပျောက်ဆုံးနေသူများလည်းရှိကြောင်း သိရသည်။

စက်တင်ဘာလ ၂၆ ရက် နံနက် ၉ နာရီခန့်က ချောင်းဦးမြို့နယ် ငါးယှန်ကျေးရွာအနီး မုံရွာ- မန္တလေးကားလမ်းပေါ်၌ မဲ လက်မှတ်ရောင်းနေသော ချောင်းဦးဒေသကာကွယ်ရေးအဖွဲ့အား ၂ မိုင်ခန့်အကွာ နတ်ရေကန်ရွာတွင် စခန်းချထားသည့် စစ်ကောင်စီတပ်က ဝင်စီးရာ PDF ၂ ဦး ခေါင်းဖြတ်သတ်ခံရပြီး ၄ဦး ဒဏ်ရာရသွားကြောင်း Chaung U Revolution အဖွဲ့ ကဆိုသည်။

Chaung U Revolution အဖွဲ့တာဝန်ခံက “အရှင်ဖမ်းမိသွားတဲ့ ၂ ယောက်ကို ခေါင်းဖြတ် သတ်သွားတာ။ အဲဒီနေရာက ပုံမှန်ဆိုရင်တော့ PDF တွေ စိုးမိုးနယ်မြေပဲ။ စစ်ကောင်စီက တပ်စွဲထားတဲ့ နေရာမှာပဲ နေတယ်။ တခါတလေမှ အဲဒီဘက် ကို လာတာ။ မဲကောက်ခံမှုက ရက်စိတ်လာတော့ စစ်ကောင်စီက သတိထားမိပြီး အပိုင်ဝင်ပစ်တာနဲ့ တူပါတယ်” ဟု ပြောသည်။

ယင်းပစ်ခတ်မှုအပြီး နေ့လယ် ၂ နာရီခန့်၌ ချောင်းဦး – ပခုက္ကူကားလမ်းဘေးရှိ မင်းတည်၊ မင်းခေါင်၊ မကျီးခွ ရွာများကို စစ်ကောင်စီတပ်က Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ပစ်ခတ်ကာ Mi 17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ဖြင့် စစ်ကောင်စီတပ် အင်အား ၇၀ ခန့်ကို ချထားပြီး ရွာများကို စီးနင်းသဖြင့် အသက် ၂၀ အရွယ် အမျိုးသမီး ၁ ဦး ကျည် ထိ မှန်ပြီး သေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

ဒေသခံတဦးက “အဲဒီ ၃ ရွာက ရွာချင်းဆက်၊ ၃ ရွာပေါင်းမှ ရွာကြီး ၁ ရွာစာလောက်ရှိမှာပေါ့။ ၁ ရွာနဲ့ ၁ ရွာ ခြံစည်းရိုးခြား တာတို့ လှည်းလမ်းလေးခြားတာတို့လောက်ပဲ ရှိတယ်။ တိုက်ပွဲမရှိဘဲ သက်သက်ကြီး လာပစ်သွားတာ။ ဒီနားမှာ PDF စခန်းအကြီးအကျယ်တွေလည်း မရှိပါဘူးဗျာ။ ဘာမှ မရှိဘဲနဲ့ ဒီတိုင်းကို ဝင်လုပ်သွားတာ” ဟု ဆိုသည်။

ရဟတ်ယာဉ်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရုတ်တရက် ရောက်လာသဖြင့် ယင်းကျေးရွာများမှ ဒေသခံများ ထွက်မပြေးနိုင် ဘဲ ပိတ်မိနေသူ ၁၀၀ ဦးခန့် ရှိကြောင်း၊ လက်ရှိအချိန်အထိ အဆက်အသွယ် ပြတ်တောက်နေကြောင်း ဒေသခံများနှင့် ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။

“သူတို့က ရုတ်တရက် လေယာဉ်ကနေ ဆင်းပြီးလာတာဆိုတော့ ဒေသခံ ပြည်သူ ၁၀၀ ကျော် ဓားစာခံအနေနဲ့ ပိတ်မိနေ တယ်။ ၃ ရွာပေါင်းပေါ့၊ သူတို့တပ်ဖြန့်နိုင်သလောက်မှာ ရှိနေတယ်။ အခုအချိန်အထိ ဖမ်းထားတာ” ဟု Chaung U Revolution အဖွဲ့တာဝန်ခံက ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် မကျီးခွကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့နေပြီး ဖမ်းဆီးခံရသော ပြည်သူအချို့ သတ်ခံ ရမှု ရှိသော်လည်း အသေးစိတ် အချက်အလက်များကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ထံမှ သိရသည်။

ထို့ကြောင့် လမ်းအသုံးပြုသော ပြည်သူများ၏ လုံခြုံရေးအတွက် ယနေ့မှစ၍ နောက်ထပ် ကြေညာချက်တစုံတရာ မထုတ် ပြန်မီအထိ ချောင်းဦး – ပခုက္ကူလမ်းပိုင်းကို အသုံးပြုသွားလာခြင်း မပြုကြရန် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က အသိပေး ထားသည်။

You may also like these stories:

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
152
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
1.4k
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
79

ချောင်းဦးမြို့ပေါ်ကို လက်နက်ကြီးနဲ့ ပစ်လို့ သေဆုံး၊ ဒဏ်ရာရသူများရှိ

ညီညွတ်ရေးတည်ဆောက်ဖို့လိုနေသည့် စစ်ကိုင်းတိုင်း

စစ်ကိုင်းမှ ရွာပေါင်း ၃၀ ကျော် ဒေသခံ ၁ သောင်းခန့် စစ်ကြောင်းကြောင့် တိမ်းရှောင်

Your Thoughts …
Tags: PDFချောင်းဦးလေကြောင်းတိုက်ခိုက်သေဆုံး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
မြန်မာစစ်တပ်၏ အရပ်သားများအပေါ် အကြမ်းဖက်နေမှု “အယုတ်မာဆုံး လူမဆန်မှု”ဟု ကုလသမဂ္ဂပြော

မြန်မာစစ်တပ်၏ အရပ်သားများအပေါ် အကြမ်းဖက်နေမှု "အယုတ်မာဆုံး လူမဆန်မှု"ဟု ကုလသမဂ္ဂပြော

နန်ဆန်ယန်တိုက်ပွဲ စက်တင်ဘာမြင်ကွင်း

နန်ဆန်ယန်တိုက်ပွဲ စက်တင်ဘာမြင်ကွင်း

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.2k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved