• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာစစ်တပ်၏ အရပ်သားများအပေါ် အကြမ်းဖက်နေမှု “အယုတ်မာဆုံး လူမဆန်မှု”ဟု ကုလသမဂ္ဂပြော

by ဧရာဝတီ
28 September 2023
in သတင်း
A A
မြန်မာစစ်တပ်၏ အရပ်သားများအပေါ် အကြမ်းဖက်နေမှု “အယုတ်မာဆုံး လူမဆန်မှု”ဟု ကုလသမဂ္ဂပြော

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ္စတာ ဗော်လ်ကာ တာ့ခ်

2.8k
VIEWS
Share on FacebookShare on Twitter

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်တပ်က အရပ်သားများကို တိုက်ခိုက်မှုများ တိုးချဲ့ လုပ်ဆောင်နေသောကြောင့် မြန်မာနိုင်ငံအခြေအနေ ပျက်စီးယိုယွင်းနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲက စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြောသည်။

“ယမန်နေ့ (စက်တင်ဘာလ ၂၅ ရက်နေ့) ကအထိ စစ်တပ်နဲ့ စစ်တပ်နဲ့ ပတ်သက်သူတွေရဲ့ လက်ချက်နဲ့ လူပေါင်း ၄,၁၀၈ ဦး သေဆုံးတယ်လို့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက အတည်ပြုထားတယ်” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ္စတာ ဗော်လ်ကာ တာ့ခ်က မြန်မာနိုင်ငံဆိုင်ရာ အထူးအစည်းအဝေးတွင် ပြောကြားလိုက်ပြီး မြန်မာအခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် ချဉ်းကပ်မှု လမ်းကြောင်းသစ်များကို ထောက်ခံကြောင်း ပြောသည်။

“အရပ်သားတွေကို ပစ်မှတ်ထားဖို့ နည်းလမ်း သုံးခုကို အသုံးပြုနေတယ်။ လေကြောင်းတိုက်ခိုက်မှု၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုနဲ့ ရွာတွေကို မြေလှန်မီးရှို့တာပဲ” ဟု မစ္စတာ တာ့ခ်က ပြောသည်။

RelatedPosts

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
163
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
33
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
68

ထိုအစည်းအဝေးတွင် မြန်မာကိုယ်စားလှယ် ပါဝင်ခြင်း မရှိပေ။

အစားအစာ၊ ဆေးဝါးနှင့် နေအိမ်များ၊ ဘဝများကို ပြန်လည်ဆောက်ရန် လိုအပ်သော ပစ္စည်းများ အမြဲတမ်း ကင်းမဲ့နေသည့် ရိုဟင်ဂျာ လူမှုအသိုက်အဝန်း အပါအဝင် ရခိုင်ပြည်နယ်မှ ပြည်သူများကို မစ္စတာ တာ့ခ်က ကိုးကားပြောဆိုသည်။

အရပ်သားအုပ်ချုပ်ရေး ပျောက်ကွယ်

မြန်မာတွင် အရပ်သားအုပ်ချုပ်ရေး ပျောက်ကွယ်နေပြီး စစ်တပ်သည် ရည်ရွယ်ချက်ရှိရှိဖြင့် အုပ်ချုပ်ရေးနှင့် တရားဥပဒေကို ဖျက်ဆီးကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဒုက္ခသည် တသန်းကျော် ရောက်ရှိစေကြောင်း မစ္စတာ တာ့ခ်က ပြောသည်။

“လက်တွေ့ မြေပြင်အခြေအနေ လေးနက်မှုနဲ့ အပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတာကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ ဒီအခြေအနေကို နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ကို လွှဲပြောင်းပေးဖို့ ကျနော့်ရဲ့ တောင်းဆိုမှုကို ထပ်မံ တောင်းဆိုလိုပါတယ်” ဟုလည်း ၎င်းက ပြောသည်။

လွတ်လပ်သော သို့မဟုတ် မျှတသော တရားခွင် အခွင့်အရေးများမရှိဘဲ လူပေါင်း၂၄,၈၃၆ ဦးကို ဖမ်းဆီးခဲ့ပြီး ၁၉,၂၆၄ ဦးကို ဆက်လက် ဖမ်းဆီးထားကြောင်းနှင့် ၎င်းတို့အနက် ၁၅၀ ခန့်ကို စစ်တပ်ထိန်းချုပ် တရားရုံးများက သေဒဏ်ပေးထားကြောင်း ယုံကြည်ရသည့် သတင်းရင်းမြစ်များက ပြောသည်ဟု လူ့အခွင့်အရေးအကြီးအကဲက ပြောသည်။

“မြေပြင်စစ်ဆင်ရေးတွေမှာ လူ ၁၀ ဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၂၂ မှုကို မှတ်တမ်းတင်ထားတယ်” ဟုလည်း မစ္စတာ တာ့ခ်က ပြောသည်။

စစ်ဆင်ရေး အများအပြားတွင် စစ်ကောင်စီ စစ်သားများသည် ကျေးရွာများသို့ ဝင်ရောက်လာပြီး ထွက်မပြေးသေးသူများကို ဖမ်းဆီးကာ သတ်ဖြတ်ကြောင်း သက်သေခံချက် အများအပြားက ဖော်ပြနေသည်။

“သူတို့တွေ (စစ်ကောင်စီ) က သူတို့ဖမ်းမိသူတွေကို အရှင်လတ်လတ် မီးရှို့တာ၊ ကိုယ်အင်္ဂါအစိတ်အပိုင်း ဖြတ်တောက်တာ၊ အဓမ္မ ပြုကျင့်တာ၊ ခေါင်းဖြတ်တာနဲ့ ထုသတ်တာတွေ အပါအဝင် စဉ်းစားလို့တောင် မရနိုင်တဲ့ နာကျင်မှုတွေ ဖြစ်စေသလို ရွာသားတွေကိုဖမ်းပြီး တိုက်ခိုက်မှုနဲ့ မြေမြှုပ်မိုင်းတွေ ကာကွယ်ဖို့ လူသားဒိုင်းအဖြစ် သုံးတာတွေ လုပ်ကြတယ်” ဟုလည်း မစ္စတာ တာ့ခ်က ပြောသည်။

“ဒါဟာ အယုတ်မာဆုံး လူမဆန်မှုပဲ” ဟုလည်း ၎င်းက ပြောသည်။

အညှာတာကင်းမဲ့သော ဖိနှိပ်မှု

ပြည်သူထံမှ ချမ်းသာကြွယ်ဝမှု လုယူပြီး အာဏာရှင်လူနည်းစု အကျိုးစီးပွားကိုသာ ထိန်းသိမ်းထားရန် လူ့အဖွဲ့အစည်းကို ထိခိုက်စေပြီး မြန်မာပြည်သူများကို အတင်းအကျပ် ကျွန်ပြုသော အညှာတာကင်းမဲ့သည့် စနစ်ဖြစ်ကြောင်း မစ္စတာ တာ့ခ်က ပြောသည်။

မေလက ဆိုင်ကလုန်းမိုခါကြောင့် ဖြစ်လာသည့် အပျက်အစီးများ နောက်ပိုင်းတွင် လူသားချင်းစာနာမှု အကူအညီများ ကန့်သတ်ခြင်းက စစ်တပ်သည် အသက်ကယ် အကူအညီ လွန်စွာ လိုအပ်နေသည့် ပြည်သူများ ဘဝသာယာစိုပြေရေးထက် ၎င်းတို့၏ နိုင်ငံရေးအကျိုးစီးပွားကိုသာ ဦးစားပေးကြောင်း ပြသနေသည်ဟုလည်း ၎င်းက ပြောသည်။

You may also like these stories:

စစ်ကောင်စီကို စိတ်ဒုက္ခပေးသည့် အစီရင်ခံစာများ

စစ်ကောင်စီ မုဒိန်းကျင့်ခံရသူများ တိုင်ကြားရန် လူ့အခွင့်အရေးအဖွဲ့များ တိုက်တွန်း

စစ်ကောင်စီအား လက်တွေ့ကျသည့် အရေးယူမှုများ ပြုလုပ်ရန် တိုက်တွန်း

၂၀၂၂ အတွင်း စစ်ကောင်စီက ကလေးငယ် ၁၅၀ ကျော်ကို ရက်စက်စွာသတ်ဖြတ်

စစ်ကောင်စီ ကျူးလွန်သည့် အစုအပြုံလိုက် သတ်ဖြတ်မှု ၃၂ ခု ရှိ

၂ နှစ်အတွင်း အကြမ်းဖက်သတ်ဖြတ်မှုများကို ပြန်တူးဖော်ခြင်း

Your Thoughts …
Tags: ICCကုလသမဂ္ဂစစ်ကောင်စီစစ်အာဏာသိမ်းမှုမြေမြှုပ်မိုင်းမြေလှန်မီးရှို့မှုရိုဟင်ဂျာလူသားဒိုင်းလူ့အခွင့်အရေးအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအဓမ္မ ပြုကျင့်မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
နန်ဆန်ယန်တိုက်ပွဲ စက်တင်ဘာမြင်ကွင်း

နန်ဆန်ယန်တိုက်ပွဲ စက်တင်ဘာမြင်ကွင်း

ရာဇဝတ်ဂိုဏ်းများ ဖမ်းဆီးနိုင်ရေး ဘူးသီးတောင်၌ AA ပိတ်ဆို့စစ်ဆေး

ရာဇဝတ်ဂိုဏ်းများ ဖမ်းဆီးနိုင်ရေး ဘူးသီးတောင်၌ AA ပိတ်ဆို့စစ်ဆေး

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved