• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

၂၀၂၂ အတွင်း စစ်ကောင်စီက ကလေးငယ် ၁၅၀ ကျော်ကို ရက်စက်စွာသတ်ဖြတ်

by ယုဇန
29 December 2022
in ဆောင်းပါး
A A
ယခုနှစ်တွင် စစ်ကောင်စီက ကလေးများကို သတ်ဖြတ်မှုသည် ၆၈ ရာခိုင်နှုန်းတိုးလာပြီး ကလေးငယ် အနည်းဆုံး ၁၅၂ ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ကြောင်း NUG ၏ စာရင်းများအရ သိရသည်။

ယခုနှစ်တွင် စစ်ကောင်စီက ကလေးများကို သတ်ဖြတ်မှုသည် ၆၈ ရာခိုင်နှုန်းတိုးလာပြီး ကလေးငယ် အနည်းဆုံး ၁၅၂ ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ကြောင်း NUG ၏ စာရင်းများအရ သိရသည်။

2k
VIEWS
Share on FacebookShare on Twitter

အိမ်မှ မီတာ ၁၅၀ ခန့်သာဝေးသောကျောင်းမှ စာသင်ကြားသံကြားတိုင်း ကလေး နှစ်ဦး၏မိခင် ဒေါ်သီတာဝင်း ငိုကြွေးရသည်။

အသက် ၃၇ နှစ်ရှိပြီဖြစ်သော မိခင် ဒေါ်သီတာဝင်းသည် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှ လက်ယက်ကုန်း ကျေးရွာတွင် နေထိုင်သည်။ စက်တင်ဘာလ ၁၆ ရက်နေ့တွင် စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုအတွင်း ကလေး ၇ ဦး သေဆုံးပြီး အခြားသူအများအပြား ဒဏ်ရာရသော နေရာဖြစ်သောကြောင့် လက်ယက်ကုန်း ကျေးရွာသည် လူသိများသည်။ ဒေါ်သီတာဝင်း၏သား အသက် ၇ နှစ်အရွယ် မောင်ဘုန်းတေဇသည် ထိုနေ့က ကျောင်းတွင် ပညာသင်ယူနေစဉ် စစ်ကောင်စီ Mi-35 ရဟတ်ယာဉ်တစင်း၏ ရက်စက်စွာ သတ်ဖြတ်ခံရသည့် ကလေးများအနက် တဦးဖြစ်သည်။

“ကျမသားလေးကို သတိရတယ်။ သူက အရမ်းလိမ္မာပြီး ကျမကို အရမ်းတွယ်တာတယ်” ဟု ဒေါ်သီတာဝင်းက ဧရာဝတီသတင်းဌာနသို့ မျက်ရည်စက်လက်ဖြင့် ပြောသည်။

တိုက်ခိုက်မှု ဖြစ်ပွားသည့်နေ့က သူ၏ ၁၆ နှစ်အရွယ် သမီးအပါအဝင် အခြားကျောင်းသား ၃၅၀ ခန့်နှင့်အတူ သူ၏သား တက်နေသောကျောင်းသည် အိမ်နှင့်နီးသော်လည်း သားဖြစ်သူကို အကာအကွယ် မပေးနိုင်ခဲ့သောကြောင့် သူ့ကိုယ်သူ အပြစ်တင်သည်။ ထိုကျောင်းတွင် စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ဒေါ်သီတာဝင်း မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ပြီး သူသည် ပစ်ခတ်မှုဖြစ်ပွားရာသို့ ပထမဆုံးရောက်သွားသော မိဘလည်းဖြစ်သည်။ သွေးအိုင်ထဲတွင် လဲကျနေသော သားကိုတွေ့ရပြီး သူမသေမီ စကားပြောနိုင်ခဲ့သည်။

“ကျောင်းကို အချိန်မီ မရောက်ခဲ့လို့ စိတ်ထိခိုက်တယ်။ တိုက်ခိုက်နေတုန်း ကျမကျောင်းကို ပြေးသွားခဲ့ရင် သားကို ကယ်ချင်ကယ်နိုင်ခဲ့မှာ” ဟု ဒေါ်သီတာဝင်း ပြောကြားစဉ် အသံများကွဲအက်ပြီး စိတ်ခံစားမှုကြောင့် တုန်ခါနေသည်။

မြန်မာတွင် သတ်ဖြတ်ခံရသော ကလေးများ

လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းမှ အရပ်သားများကို စစ်ကောင်စီက ရက်စက်စွာ သတ်ဖြတ်မှုများအတွင်း သားသမီးများ ဆုံးရှုံးခဲ့ရသည့် မိဘအများအပြားတွင် ဒေါ်သီတာဝင်းသည် တဦးမျှသာဖြစ်သည်။

စစ်ကောင်စီတပ်များသည် ခုခံတော်လှန်ရေးအင်အားစု ဒေသများကိုသာမက မြို့များ၊ ကျေးရွာများ၊ ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများကိုပါ ရမ်းသမ်း ပစ်ခတ်သည်။ လွန်ခဲ့သောနှစ်အတွင်း စစ်ကောင်စီတပ်များသည် ကလေးအနည်းဆုံး ၉၀ ကိုသတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးငယ်များရေးရာ ဝန်ကြီးဌာနက ဖော်ပြသည်။ ကလေးများကို ၎င်းတို့၏ နေအိမ်များအတွင်း ပစ်သတ်ခြင်းဖြစ်သည်။ ယခုနှစ်တွင် စစ်ကောင်စီက ကလေးများကို သတ်ဖြတ်မှုသည် ၆၈ ရာခိုင်နှုန်းတိုးလာပြီး ကလေးငယ်အနည်းဆုံး ၁၅၂ ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ကြောင်း NUG ၏ စာရင်းများအရ သိရသည်။

မောင်ဘုန်းတေဇ (၇ နှစ်)၊ မဆုရတီလှိုင် (၇ နှစ်)၊ မဇင်နွယ်ဖြိုး (၉ နှစ်)

နိုင်ငံတဝန်းမှ ကလေးများကို စစ်ကောင်စီ အမြောက်များ၊ လေကြောင်းတိုက်ခိုက်မှုများ၊ ဒရုန်းတိုက်ခိုက်မှုများနှင့် မြေမြှုပ်မိုင်းများက သတ်ဖြတ်နေသည်။ ထို့အပြင် စစ်ကောင်စီသည် အသက်မပြည့်သေးသည့် ငယ်ရွယ်သူများကို ဆက်လက်ဖမ်းဆီး နှိပ်စက် သတ်ဖြတ်နေသည်။

ဧရာဝတီသတင်းဌာနက ရရှိထားသော စာရင်းများအရ စစ်ကောင်စီတပ်များ၏ အမြောက်များဖြင့် ပစ်ခတ်မှုကြောင့် ကလေးအများဆုံး သေဆုံးရသည်။ ခုခံတော်လှန်ရေး အင်အားစုများ၏ အမာခံဒေသဖြစ်သော စစ်ကိုင်းတိုင်းတွင် ကလေးငယ်များ သတ်ဖြတ်ခံရမှု အမြင့်မားဆုံးဖြစ်ပြီး ကလေးငယ်များ ဒုတိယနှင့် တတိယအများဆုံး သတ်ဖြတ်ခံရသည့် ဒေသများမှာ စစ်ကောင်စီက လူမျိုးစု လက်နက်ကိုင်တပ်များနှင့် အပြင်းအထန် တိုက်ခိုက်နေသည့် ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်ဖြစ်သည်။

တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် နေရာများဖြစ်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များတွင် သတ်ဖြတ်ခံရသော ကလေးငယ် ၅၆ ဦးအနက် ၂၈ ဦးမှာ လက်နက်ကြီး ထိမှန်သေဆုံးခြင်းဖြစ်ပြီး ၁၀ ဦးမှာ လေကြောင်းတိုက်ခိုက်မှု၊ ၉ ဦးမှာ ဖမ်းဆီးခံရပြီး ညှဉ်းပန်း နှိပ်စက်မှုကြောင့် သေဆုံးခြင်းဖြစ်သည်။ သတ်ဖြတ်ခံရသော ကလေးများတွင် အသက် ၆ လအထိ ငယ်ရွယ်သောသူများမှသည် ၁၇ နှစ်အရွယ် အသက်မပြည့်သူများအထိ ပါဝင်သည်။

အသက် ၆ နှစ်အရွယ် မောင်အောင်ပြည့်စုံသည် စစ်ကိုင်းတိုင်း၊ ကျွန်းလှနှင့် ကန့်ဘလူနယ်စပ်ရှိ သူ၏ ကျေးရွာကို စစ်ကောင်စီ ဂျက်တိုက်လေယာဉ်များက ဗုံးကြဲသောအခါ သြဂုတ်လတွင် အသတ်ခံရသည်။

နိုဝင်ဘာလတွင် စစ်ကောင်စီက မြောင်မြို့နယ်၊ ညောင်ကယားကျေးရွာကို ဗုံးကြဲသောအခါ အသက် ၄ နှစ်အရွယ် ကလေးငယ်တဦး ပွဲချင်းပြီး သေဆုံးသည်။

စစ်ကောင်စီ အမြောက်ဒဏ်ကြောင့် သေဆုံးရသော ကလေးများ

အသက် ၁၆ နှစ်အရွယ် မောင်ငွေပိုင်သည် နိုဝင်ဘာလ ၁၆ ရက်နေ့က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဂြစ်ချောင်းကျေးရွာကို စစ်ကောင်စီက အမြောက်ဖြင့် ပစ်ခတ်သောအခါ သေဆုံးရသည့် ကလေးငယ် ၆ ဦးတွင် ပါဝင်သည်။ ထိုကလေးများသည် စစ်ကောင်စီတပ်များက မောင်တောမြို့နယ် အခြေစိုက်စခန်းတခုမှ အကြောင်းမဲ့ အမြောက်ဖြင့်ပစ်ခတ်စဉ် ဂြစ်ချောင်းရွာ ကလေး အမည်ကင်ပွန်းတပ်မင်္ဂလာ အခမ်းအနား တက်ရောက်နေသည့် သူများတွင် ပါဝင်သည်။

RelatedPosts

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
931
သဇင်ပန်း

သဇင်ပန်း

10 January 2026
70
လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

8 January 2026
118

မောင်ငွေပိုင်၊ သူ၏ အသက် ၉ နှစ်အရွယ်နှင့် ၆ နှစ်အရွယ်ညီများဖြစ်သူ မောင်ငွေအောင်နှင့် မောင်မင်းအောင်တို့သည် အသက် ၆ လအရွယ်ကလေး မဆောင်းဝေ၏ အမည်ပေးကင်ပွန်းတပ် မင်္ဂလာအခမ်းအနား တက်ရောက်နေခြင်း ဖြစ်သည်။

အခမ်းအနားတွင် ထိုကလေးများအပါအဝင် လူ ၅၀ ခန့် တက်ရောက်နေစဉ် စစ်ကောင်စီ၏ အမြောက်ဆံက ထိုအခမ်းအနား ကျင်းပနေသည့် နေအိမ်ပေါ် ကျရောက်ပေါက်ကွဲသည်။

ကလေးငယ် ၆ ဦးနှင့် လူကြီး ၇ ဦး သေဆုံးသည်။ ဒဏ်ရာရသူ ၂၀ အနက် အသက် ၅ နှစ်မှ ၁၅ နှစ်အရွယ်အထိ ကလေးများ ပါဝင်သည်။

မောင်ဇွဲနိုင်ဝင်း (၇ နှစ်)၊ မောင်အောင်မြင့်မြတ် (၅ နှစ်)၊ အမည်မသိသူတဦး၊ မောင်ငွေပိုင် (၁၆ နှစ်)၊ အမည်မသိသူတဦး

သူ၏ညီများကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် တဦးသေပြီး အခြားညီများ ဒဏ်ရာရသောကြောင့် မောင်ငွေပိုင်၏အစ်ကို မောင်ရဲလတ်နိုင်သည် ဒေါသဖြင့် လောင်ကျွမ်းနေခဲ့သည်။

သူ၏ညီများသည် အသားဟင်းစားချင်သောကြောင့် ထိုကင်ပွန်းတပ်မင်္ဂလာ အခမ်းအနားသို့ သွားခြင်းဖြစ်ကြောင်း အသက် ၁၈ နှစ်အရွယ် မောင်ရဲလတ်နိုင်က ပြောသည်။

၈ တန်းကျောင်းသား မောင်ငွေပိုင်သည် အမဲသားဟင်း ကြိုက်တတ်သည့် စာတော်ပြီး ကူညီတတ်သူ ဖြစ်သည်။

“ကျနော်တို့က အိမ်မှာ အသားဟင်း အမြဲတမ်း မချက်နိုင်ဘူး။ ဒါကြောင့် အသားစားချင်လို့ အမည်ပေးကင်ပွန်းတပ်ပွဲကို သွားခွင့်တောင်းတယ်” ဟု မောင်ရဲလတ်နိုင်က ရှင်းပြသည်။

ထိုအခမ်းအနား တက်ရောက်သည့် ဧည်သည်များသည် အစားအသောက် သုံးဆောင်ရန် ပန်းကန်များကို ပြင်ဆင်နေချိန်တွင် အမြောက်ဆံ ကျရောက်ပေါက်ကွဲသည်။

“ကျနော့်ညီ ငွေပိုင်က ထမင်းတစေ့တောင် မစားရသေးဘူး” ဟု မောင်ရဲလတ်နိုင်က ပြောကြားရင်း ငိုကြွေးသည်။

“ကျနော့်ညီတွေ အတွက်သာမက တနိုင်ငံလုံးက အကြောင်းမဲ့ သတ်ဖြတ်ခံနေရသူတွေ အတွက်ပါ ကျနော် ဝမ်းနည်းတယ်” ဟု သူပြောရင်း အသံတိမ်ဝင်သွားသည်။

အာဏာသိမ်းပြီးနောက်မှ ဒီဇင်ဘာလအထိ စစ်ကောင်စီက သတ်ဖြတ်ခံရသူ ၂,၆၆၂ ဦးရှိပြီး ဖမ်းဆီးခံရသူ ၁၆,၆၀၀ ဦး ရှိပြီဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖော်ပြသည်။

အာဏာသိမ်းပြီး တနှစ်ခွဲအတွင်း ကလေးငယ်အနည်းဆုံး ၃၈၂ ဦး သတ်ဖြတ်ခံရ သို့မဟုတ် ဒဏ်ရာရပြီး အငြင်းပွားဖွယ် ဖမ်းဆီးခံရသူ ၁,၄၀၀ ကျော်ရှိကာ ၁၄၂ ဦး ညှဉ်းပန်းနှိပ်စက်ခံရကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးလူ့အခွင့်အရေး အစီရင်ခံစာတင်သွင်းသူက ဇွန်လတွင် ပြောသည်။

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မိုးစစ်ကျေးရွာကို စစ်ကောင်စီက စက်တင်ဘာလတွင် အမြောက်ဖြင့် ပစ်သောအခါ အသက် ၇ နှစ်အရွယ် မောင်ဇွဲနိုင်ဝင်း သေဆုံးသည်။ ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်မှ အသက် ၅ နှစ်အရွယ် မိန်းကလေးတဦးမှာလည်း စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေသည့် မူကြိုကျောင်းကို စစ်ကောင်စီက နိုဝင်ဘာလတွင် အမြောက်ဖြင့် ပစ်သောအခါ သေဆုံးသည်။

ကလေးငယ်များ ပစ်သတ်ခံရ

စစ်ကောင်စီတပ်များသည် တနိုင်ငံလုံးတွင် ကလေးငယ်များကို ဖမ်းဆီးသတ်ဖြတ်နေသည်။ နိုဝင်ဘာလအတွင်း တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်တွင် ဆိုင်ကယ်စီးနေစဉ် စစ်ကောင်စီတပ်က ပစ်ခတ်သောကြောင့် အသက် ၁၄ နှစ်အရွယ် မောင်အောင်ဝေယံ သေဆုံးပြီး အသက် ၁၂ နှစ်အရွယ် သူ၏နှမ မယွန်းပြည့်သဇင် ဒဏ်ရာရသည်။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မကြီးအုပ်ကျေးရွာကို စစ်ကောင်စီတပ်က စီးနင်းတိုက်ခိုက်စဉ် အသက် ၁၃ နှစ်အရွယ် မောင်ခန့်ခန့်ငြိမ်း ပစ်သတ်ခံရသည်။

မောင်အောင်ဝေယံ (၁၄ နှစ်)၊ မောင်ခန့်ခန့်ငြိမ်း (၁၃ နှစ်)

ထိုရက်စက်ကြမ်းကြုတ် လူမဆန်မှုကြောင့် လက်ယက်ကုန်း ကျေးရွာကျောင်းကို Mi-35 ဖြင့် တိုက်ခိုက်စဉ် အသက် ၇ နှစ်အရွယ် သားအသတ်ခံရသည့် ဒေါ်သီတာဝင်းကဲ့သို့သော ပြည်သူများသည် စစ်တပ်ကို နာကျည်း မုန်းတီးကြသည်။ စစ်ကောင်စီတပ်များသည် စစ်ကိုင်းတိုင်းတွင် အရပ်သားများကို သတ်ဖြတ်ပြီး ကျေးရွာများကို မီးရှို့နေကြောင်း သူကပြောသည်။ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်များ၏ မီးရှို့မှုကြောင့် လက်ယက်ကုန်းကျေးရွာမှ နေအိမ် ၂၀၀ ခန့် ပျက်စီးသွားသည်။

“ကျမတို့ကို သေနတ်နဲ့ကျည်ဆံတွေ ပေးပါ။ ကျမတို့ ထွက်မပြေးဘူး။ သူတို့ကို ပြန်ပစ်မယ်” ဟု ဒေါ်သီတာဝင်းက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

သက်ကြီးရွယ်အိုများနှင့် ကလေးများကို သတ်ဖြတ်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်ကို နိုင်ငံတကာ အသိုက်အဝန်းက သိ၊ မသိ သူက မေးခွန်းထုတ်သည်။

“တခြားလူတွေရဲ့ စကားကို မယုံရင်တောင် ကလေးတွေဆုံးရှုံးခဲ့တဲ့ မိခင်တွေရဲ့စကားကို ယုံကြည်ကြပါ” ဟု သူကပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ ယုဇန၏ Merciless Murders: Over 150 Children Killed by Myanmar Junta in 2022 ကို ဘာသာပြန် ဖော်ပြသည်။)

You may also like these stories:

စစ်ပွဲပဋိပက္ခကြားက အမေတွေ

စစ်ကောင်စီ လူသတ်တာ ၂၄၀၀ ကျော်ပြီ

ကလေးများ ပြန်ပြောပြသော လက်ယက်ကုန်း လူသတ်ပွဲ

မြန်မာကလေးများ ထပ်မံသတ်ဖြတ်မခံရရေး ကမ္ဘာက ချက်ခြင်းအရေးယူရမည်

လက်ယက်ကုန်း ပစ်ခတ်မှုကို ခမရ ၃၆၈ တပ်ရင်း ကျူးလွန်ဟု NUG ဆို

Your Thoughts …
Tags: AAPPMi-35 ရဟတ်ယာဉ်NUGကလေးသူငယ်ခုခံတော်လှန်ရေးအင်အားစုများစစ်ကိုင်းတိုင်းစစ်ကောင်စီစစ်အာဏာသိမ်းမှုဒရုန်းတိုက်ခိုက်မှုမီးရှို့မှုမြေမြှုပ်မိုင်းထောင်မှုယကားပြည်နယ်ရခိုင်ပြည်နယ်လေကြောင်းတိုက်ခိုက်မှုအကြမ်းဖက်သတ်ဖြတ်မှုအမြောက်ပစ်ခတ်မှုအရပ်သားပစ်မှတ်
ယုဇန

ယုဇန

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မူဆယ်မြို့ရှိ တရုတ်- မြန်မာ နယ်စပ်ဂိတ်တခု / ဧရာဝတီ

တရုတ်-မြန်မာနယ်စပ်ဂိတ်များ လာမည့်နှစ်ဆန်း၌ ပြန်ဖွင့်မည်

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်

ဒေါက်တာ ခလမ်ဆမ်ဆွန် မတရားအသင်း ဆက်သွယ်မှုဖြင့် တရားစွဲခံရ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved