• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

နန်ဆန်ယန်တိုက်ပွဲ စက်တင်ဘာမြင်ကွင်း

by မိုးစက်ငြိမ်းချမ်း
28 September 2023
in ဆောင်းပါး
A A
နန်ဆန်ယန်တိုက်ပွဲ စက်တင်ဘာမြင်ကွင်း

ကချင်ပြည်နယ်၊ မိုင်ဂျာယန် မြို့နယ်တွင် လှုပ်ရှားနေသည့် KIA တပ်ဖွဲ့များ (ဓာတ်ပုံ - ဧရာဝတီ)

8.5k
VIEWS
Share on FacebookShare on Twitter

နန်ဆန်ယန်တိုက်ပွဲသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လဆန်းမှ စသည်ဖြစ်ရာ သုံးလခန့် ရှိသွားပြီဖြစ်၏။ နန်ဆန်ယန်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ မြောက်ပိုင်းတိုင်းစစ်ဌာချုပ် (မပခ) စစ်တိုင်းအတွင်းရှိ တပ်မ ၈၈၊ စကခ ၂၁၊ စကခ ၃ နှင့် မပခ တိုင်းတပ်များမှ တပ်ရင်း ၁၀ ရင်းခန့်ကို ထုတ်နုတ် ထိုးစစ်ဆင်ခြင်းဖြစ်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ တပ်မဟာ ၃ နှင့် တပ်မဟာ ၅ မှ တပ်အချို့၊ ဗဟိုဌာနချုပ်မှတပ်များ ပေါင်းစပ်တိုက်ပွဲဝင်နေသည်ကို တွေ့ရ၏။

စစ်ကောင်စီတပ်သည် နန်ဆန်ယန်ဒေသကို ပြန်လည် ထိန်းချုပ်ပြီး လိုင်ဇာဒေသအား ပြန်လည် ထိုးစစ်ဆင်ရန် ရည်ရွယ်ပုံရ၏။ နန်ဆန်ယန်ဒေသတိုက်ပွဲတွင် စစ်ကောင်စီတပ်က ထိုးစစ်ဖြစ်ပြီး KIA က ခံစစ်ဖြစ်၏။

သို့သော် KIA ၏ ခံစစ်သည် ခံစစ်သေမဟုတ်ဘဲ ခံစစ်ရှင်ဖြစ်သည်။ မြစ်ကြီးနား၊ ဝိုင်းမော်ဒေသမှ နန်ဆန်ယန်သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ် စစ်ကြောင်းများ၊ ဗန်းမော်၊ မြို့သစ်၊ ဒေါဖုန်းယန်ဒေသမှ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ် စစ်ကြောင်းများအား ဖြတ်တောက် တိုက်ခိုက်ခဲ့သကဲ့သို့ အချို့စခန်းများကိုပင် ပြန်လည်တိုက်ခိုက် သိမ်းပိုက်သည်ကို တွေ့ရ၏။ သို့နှင့် နန်ဆန်ယန်တိုက်ပွဲသည် တိုက်ပွဲပေါင်းများစွာပါသည့် သုံးလခန့်ကြာမြင့်လာပြီဖြစ်သည့် တိုက်ပွဲကြီး ဖြစ်လာသည်။

စစ်ကောင်စီတပ်သည် ကချင်ပြည်နယ်အတွင်း ဖြန့်ခွဲပြီး စစ်ဆင်ရေး ပြုလုပ်လျက်ရှိသော စစ်နယ်အသီးသီးရှိ တပ်များမှ တပ်ရင်း ၁၀ ရင်းခန့်ကို ထုတ်နုတ်၍ နန်ဆန်ယန်စစ်ဆင်ရေးကို ပြုလုပ်သည်ဖြစ်ရာ ကျန်သည့် စစ်နယ်များတွင် လစ်ဟာမှုများ ဖြစ်လာ၏။ မပခ စစ်တိုင်းအတွင်း လစ်ဟာသည့်နေရာများတွင် KIA မှ ပြန်လည်၍ တိုက်ခိုက်မှုများ ပြုလုပ်လာရာ ထိုတိုက်ပွဲများသည်လည်း နန်ဆန်ယန်တိုက်ပွဲကြီး၏ အဆက်ဟု ဆိုရပေမည်။ နန်ဆန်ယန်တိုက်ပွဲ၏ တတိယလဖြစ်သော စက်တက်ဘာလတွင် တိုက်ပွဲများ ပိုမို ပြင်းထန်လာသည်ကို အောက်ပါအတိုင်း တွေ့ရ၏။

စစ်ကောင်စီတပ်သည် ကချင်ပြည်နယ်အတွင်း ဖြန့်ခွဲပြီး စစ်ဆင်ရေး ပြုလုပ်လျက်ရှိသော စစ်နယ်အသီးသီးရှိ တပ်များမှ တပ်ရင်း ၁၀ ရင်းခန့်ကို ထုတ်နုတ်၍ နန်ဆန်ယန်စစ်ဆင်ရေးကို ပြုလုပ်သည်ဖြစ်ရာ ကျန်သည့် စစ်နယ်များတွင် လစ်ဟာမှုများ ဖြစ်လာ၏။

ကျောက်ကြီးတိုက်ပွဲ

စက်တင်ဘာ ၁ ရက်နေ့တွင် ဖြစ်ပွားသည့် ကျောက်ကြီးတိုက်ပွဲသည် ကသာမြို့နယ်အတွင်း ဖြစ်၏။ စက်တင်ဘာ ၁ ရက်နေ့ မနက် ၅ နာရီခန့်တွင် ကသာမြို့နယ်၊ ကျောက်ကြီးရွာရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုနှင့် ရဲစခန်း တခုအား KIA နှင့် PDF များက အလစ်အငိုက်ရယူ တိုက်ခိုက်ခဲ့ရာ မနက် ၇ နာရီခန့်တွင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်ကို တွေ့ရ၏။ စစ်ကောင်စီတပ်ဘက်မှ အသေအပျောက် များပြားပြီး လက်နက်ခဲယမ်းများစွာ KIA က သိမ်းပိုက်ရရှိဟုသိရသည်။ ထိုတိုက်ပွဲတွင် စစ်တပ်က လေကြောင်းပစ်ကူ ပေးခဲ့သည်ကို တွေ့ရ၏။ ထိုတိုက်ပွဲသည် နန်ဆန်ယန်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေချိန်တွင် တိုက်ခိုက်ခဲ့သော တိုက်ပွဲဖြစ်၏။

တာပိန်လမ်းဖြတ်တိုက်ပွဲ

စက်တင်ဘာလ ၄ ရက် ည ၉ နာရီခန့်တွင် ဗန်းမော်၊ မြို့သစ်မှ တာပိန်မြစ်ကူးတံတားကို ဖြတ်လာသည့် စစ်ကောင်စီတပ်၏ ကား ၁၁ စီးပါ ယာဉ်တန်းအား KIA တပ်ဖွဲ့များက ဖြတ်တောက် တိုက်ခိုက်ရာ ကားတစီး ချောက်ထဲကျပြီး စစ်တပ်မှ ခုနစ်ယောက်သေကာ အများအပြား ဒဏ်ရာရရှိခဲ့၏။ သို့သော် နောက်ထပ် ကား ၁၀ စီးပါ စစ်တပ်ယာဉ်တန်းကိုမူ KIA က ဖြတ်တောက်နိုင်ခြင်း မရှိဘဲ ကုန်းလော အခြေပြု စစ်တပ်တွင်းသို့ ဝင်ရောက်သွားနိုင်ခဲ့သည်ဟု သိရသည်။

ဆမားလမ်းခွဲတိုက်ပွဲ

ဝိုင်းမော်မှ နန်ဆန်ယန်သို့ ချီတက်လာသည့် စစ်ကောင်စီ စစ်ကြောင်းအား စက်တင်ဘာလ ၅ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် KIA က ဖြတ်တောက် တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းပစ်ကူ အသုံးပြုခဲ့သည်ကို တွေ့ရသည်။ စစ်တပ်ဘက်မှ ခမရ ၃၈၇ နှင့် ခလရ ၃၇ ပူးပေါင်းအင်အား ၂၀၀ ခန့်အား KIA ဗဟိုမှ ရင်း ၂၅၄ က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရ၏။

ဝိုင်းမော်မှ နန်ဆန်ယန်သို့ ချီတက်လာသည့် စစ်ကောင်စီ စစ်ကြောင်းအား စက်တင်ဘာလ ၅ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် KIA က ဖြတ်တောက် တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းပစ်ကူ အသုံးပြုခဲ့သည်ကို တွေ့ရသည်။

ကချင်ပြည်နယ် နန်ဆန်ယန်ဒေသပြ မြေပုံ

ထိုတိုက်ပွဲတွင် စစ်တပ်က လက်နက်ကြီးပစ်ကူသာမက လေကြောင်းပစ်ကူပါ အသုံးပြုခဲ့၏။ စက်တင်ဘာ ၇ ရက်နေ့အထိ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်တပ်က ၃၀ ကျော် သေဆုံးကာ အများအပြား ဒဏ်ရာရှိခဲ့သည်ဟု သိရ၏။

နမ်ဂျက်တိုက်ပွဲ

စက်တင်ဘာလ ၉ ရက်နေ့တွင် တနိုင်းမြို့နယ်၊ လီဒိုလမ်းမပေါ် နမ်ဂျက်ကျေးရွာအနီးရှိ ခမရ ၃၉၀ တပ်စခန်းအား နံနက် ၅ နာရီခန့်က KIA တပ်မဟာ ၂ တပ်ဖွဲ့များက အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်သိမ်းခဲ့ရာ နံနက် ၇ နာရီခန့်တွင် သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ပြီး အလောင်း သုံးလောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့၏။

ခလားတောင်ကြောတိုက်ပွဲ

ဒေါဖုန်းယန်မှ နန်ဆန်ယန်သို့ စစ်ကူလာသည့် အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီ စစ်ကြောင်းအား ဒေါဖုန်းယန်အလွန် ၅ မိုင်ခန့်အကွာရှိ ခလားတောင်ကြောတွင် စက်တင်ဘာ ၉ ရက်နေ့ ည ၇ နာရီခန့်တွင် KIA က ဖြတ်တောက် တိုက်ခိုက်ခဲ့၏။ တနာရီခန့် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေါဖုန်းယန်မှ လက်နက်ကြီးပစ်ကူ များစွာပေးခဲ့သည်ဟု သိရ၏။

ခလားတောင်ခြေ လမ်းဖြတ်တိုက်ပွဲ

စက်တင်ဘာလ ၁၀ ရက်နေ့ နေ့လည် ၁၂ နာရီခွဲခန့်တွင် ဗန်းမော်မှ နန်ဆန်ယန်သို့ စစ်ကူလာသော စစ်ကား ၁၃ စီးပါ ယာဉ်တန်းအား ခလားတောင်ခြေရှိ တံတားအနီးတွင် KIA တပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကားသုံးစီး ပျက်စီးပြီး သေဆုံးဒဏ်ရာရသူများ ရှိခဲ့သည်ဟု သိရ၏။

ဟောင်းပါးတိုက်ပွဲ

စက်တင်ဘာလ ၁၁ ရက်နေ့ မနက် ၅ နာရီခန့်တွင် ဖားကန့်ဒေသ ဟောင်းပါးရှိ KIA ရင်း ၂၆ ရှေ့တန်း လှုပ်ရှားစခန်းတခုကို စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ပူးပေါင်း အင်အား ၁၀၀ ခန့်တို့မှ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ KIA နှင့် PDF ၁၀ ဦး ဆုတ်ခွာနိုင်ခဲ့သော်လည်း ငါးဦးကျဆုံးပြီး လက်နက် ငါးလက်ဆုံးရှုံးခဲ့သည်ဟု သိရ၏။

အောင်ဂျာ စခန်းသိမ်းတိုက်ပွဲ

စက်တင်ဘာလ ၁၆ ရက်နေ့တွင် နန်ဆန်ယန်အနီးရှိ လိုင်လွမ်-အောင်ဂျာစခန်းအား KIA တပ်ဖွဲ့များက နံနက် ၆ နာရီခွဲခန့်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ၈ နာရီခန့်တွင် သိမ်းပိုက်ရရှိခဲ့သည်။ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူသာမက လေကြောင်းပစ်ကူပါ အသုံးပြုခဲ့သည်ကို တွေ့ရ၏။ စစ်တပ်အဖို့ နန်ဆန်ယန်ဒေသကို ထိုးဖောက်သိမ်းပိုက်နိုင်ခြင်း မရှိသည့်အပြင် လက်လွှတ်လိုက်ရသည့် အောင်ဂျာစခန်းအား ပြန်လည် သိမ်းပိုက်နိုင်ရန် ကြိုးစားရတော့မည် ဖြစ်၏။

စက်တင်ဘာလ ၁၆ ရက်နေ့တွင် နန်ဆန်ယန်အနီးရှိ လိုင်လွမ်-အောင်ဂျာစခန်းအား KIA တပ်ဖွဲ့များက နံနက် ၆ နာရီခွဲခန့်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ၈ နာရီခန့်တွင် သိမ်းပိုက်ရရှိခဲ့သည်။ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူသာမက လေကြောင်းပစ်ကူပါ အသုံးပြုခဲ့သည်ကို တွေ့ရ၏။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ နမ့်ပေါင် လေတပ်စခန်းကို စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၇ နာရီခွဲ အချိန်တွင် KIA နှင့် KPDF အထူးလှုပ်ရှားတပ်ဖွဲ့က ရှော့တိုက်ဒုံးများနှင့် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။ လေတပ်စခန်းအတွင်း ထိခိုက်ပျက်စီးမှုများ ရှိသည်ဟု သိရသော်လည်း အတည်ပြု၍ မရပါ။

ဆမားလမ်းခွဲတိုက်ပွဲ

ဆမားလမ်းခွဲ ရော်ဘာခြံများအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ် ခမရ ၃၁၈၊ ခမရ ၃၈၄၊ ခမရ ၃၈၅ တပ်ဖွဲ့များနှင့် KIA တပ်များကြား အောင်ဂျာ စခန်းသိမ်းတိုက်ပွဲအပြီး စက်တင်ဘာလ ၁၆ ရက်နေ့ နေ့လယ် ၁ နာရီခန့်မှစ၍ လက်နက်ကြီးများပါ အသုံးပြု၍ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့၏။ ဆမားလမ်းခွဲတွင် KIA နှင့် စစ်ကောင်စီတပ်ကြား ရပ်လိုက်၊ တိုက်လိုက်ဖြင့် တိုက်ပွဲတောက်လျှောက် ဖြစ်ပွားနေပြီး စစ်တပ်ဘက်က သေဆုံးသူများကို အလောင်းကောက်ယူခြင်း မရှိသဖြင့် အနံ့သက်ဆိုးများဖြင့် လှိုင်နေသည်ဟု မြေပြင်သတင်းများအရ သိရ၏။

ဒရူးခစခန်းသိမ်းတိုက်ပွဲ

စက်တင်ဘာ ၂၀ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မြစ်ကြီးနားနှင့် ဆွမ်ပရာဘွမ်ကြားရှိ စစ်တပ် အင်အား ၃၀ ခန့် တပ်စွဲထားသော ဒရူးခ တပ်စခန်းအား KIA နှင့် KPDF များ အလစ်အငိုက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ ၃ နာရီခန့် အပြင်းအထန်တိုက်ခိုက်ပြီး စခန်းကို နံနက် ၁၀ နာရီခန့်တွင် သိမ်းပိုက်ရရှိခဲ့သည်။ စခန်းအတွင်း ခွဲမှူးအပါအဝင် အလောင်း ၁၄ လောင်း ကျန်ခဲ့ပြီး အရှင် နှစ်ယောက် ဖမ်းဆီးရမိ၏။

လက်နက်နှင့် ခဲယမ်းမီးကျောက် အများအပြား ကားသုံးစီးတိုက်ခန့် သိမ်းဆည်းရမိခဲ့၏။ KIA ဘက်မှ တဦးကျဆုံးပြီး လေးဦးဒဏ်ရာရခဲ့သည်။ ဒရူးခ တပ်စခန်းမှ အကွဲကွဲအပြားပြား ထွက်ပြေးခဲ့ကြသည့် စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်များအား ၅ ရက်ခန့်ကြာသည်အထိ အဆက်အသွယ်မရဟု စစ်တပ်နှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ သိရ၏။

ဖားကန့်ပြောက်ကျား

စက်တင်ဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဖားကန့်၊ ဆိုင်းတောင်ရွာအတွင်း ရဲများစီးလာသော မော်တော်ယာဉ်ကို KIA မှ တိုက်ခိုက်ခိုက်ခဲ့ရာ နှစ်ဦးသေပြီး သုံးဦး ဒဏ်ရာရရှိသွားခဲ့၏။

ဆွမ်ပရာဘွမ် လမ်းဖြတ်တိုက်ပွဲ

စက်တင်ဘာလ ၂၂ ရက် နေ့လယ် ၁ နာရီခန့်တွင် မြစ်ကြီးနား၊ ဆွမ်ပရာဘွမ်လမ်းပိုင်း၊ ဖုန်အိမ်ကျေးရွာနှင့် ဝိုင်ရှီးကျေးရွာကြားတွင် စကခ ၃ လက်အောက်ခံ ခလရ ၃၈၇ တပ်ဖွဲ့များကို KIA တပ်မဟာ ၁ လက်အောက်ခံ ရင်း ၄ နှင့် KPDF များက ဖြတ်တောက် တိုက်ခိုက်ခဲ့သည်။ ဒရူးခ စခန်းကျပြီး စစ်ကူအဖြစ် တက်လာသည့် စစ်ကောင်စီ စစ်ကြောင်းအား KIA မှ ဖြတ်တောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

နှစ်နာရီခန့် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ် ဆုတ်ခွာသွားခဲ့၏။ စစ်တပ်မှ ၁၄ ဦး သေဆုံးပြီး ကျန်သူများ ဆုတ်ခွာသွားကြ၏။ စစ်တပ်စစ်ကြောင်းနှင့် အတူပါသည့် လက်နက်ခဲယမ်း သယ်ဆောင်လာသော ကားနှစ်စီးနှင့်အတူ လက်နက်ခဲယမ်း အများအပြားအား KIA က သိမ်းဆည်းရမိခဲ့သည်။ KIA ဘက်မှ နှစ်ဦး ကျဆုံးခဲ့၏။

နန့်ပေါင် လေတပ်စခန်း တိုက်ခိုက်မှု

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ နမ့်ပေါင် လေတပ်စခန်းကို စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၇ နာရီခွဲ အချိန်တွင် KIA နှင့် KPDF အထူးလှုပ်ရှားတပ်ဖွဲ့က ရှော့တိုက်ဒုံးများနှင့် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။ လေတပ်စခန်းအတွင်း ထိခိုက်ပျက်စီးမှုများ ရှိသည်ဟု သိရသော်လည်း အတည်ပြု၍ မရပါ။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ နမ့်ပေါင် လေတပ်စခန်းကို စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၇ နာရီခွဲ အချိန်တွင် KIA နှင့် KPDF အထူးလှုပ်ရှားတပ်ဖွဲ့က ရှော့တိုက်ဒုံးများနှင့် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။ လေတပ်စခန်းအတွင်း ထိခိုက်ပျက်စီးမှုများ ရှိသည်ဟု သိရသော်လည်း အတည်ပြု၍ မရပါ။

ဆိုင်းတောင်တိုက်ပွဲ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာရှိ စရဖရုံးနှင့် ရဲစခန်းကို KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာ ၂၅ ရက်နေ့ နံနက် ၄ နာရီခန့်တွင် တပြိုင်တည်း စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ စရဖရုံးမှ သုံးဦး ဖမ်းဆီးရမိပြီး ဒဏ်ရာရကာ ထွက်ပြေးသွားသော စရဖ တပ်ဖွဲ့ဝင်သုံးဦးအားလည်း လိုက်လံ ရှင်းလင်းနိုင်ခဲ့သည်ဟု ဆိုသည်။

နန်ဆန်ယန်တိုက်ပွဲ သုံးသပ်ချက်

ဤသို့ မြစ်ကြီးနား၊ ဆွမ်ပရာဘွမ် ကားလမ်း၊ ဖားကန့်၊ ဆိုင်းတောင်ဒေသတို့တွင် တိုက်ပွဲများဖြစ်နေသည့် တပြိုင်တည်း နန်ဆန်ယန်၊ ဆမားလမ်းခွဲ တဝိုက်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ပြီး ဆုံးရှုံးသွားသော အောင်ဂျာစခန်းကို သိမ်းပိုက်နိုင်ရန် ကြိုးစားနေသော်လည်း သိမ်းပိုက်နိုင်ခြင်း မရှိပေ။ နန်ဆန်ယန်တိုက်ပွဲကြီး၏ တတိယလဖြစ်သည့် စက်တင်ဘာလတွင် စစ်ရှိန်က လျော့မကျသည့်အပြင် ပိုတိုးလား၏။ စက်တင်ဘာ တလလုံးလိုလို တိုက်ပွဲများ ဖြစ်ပွားနေသည်ကို အထက်ပါအတိုင်း တွေ့ရ၏။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာ/ /မြစ်ကြီးနားဂျာနယ်

နန်ဆန်ယန်ကို ဦးတည်ပြီး ဆက်စပ်နေသည့် တိုက်ပွဲများစွာ သုံးလခန့် ဖြစ်ပေါ်နေသည့်အတွက် နန်ဆန်ယန်တိုက်ပွဲကြီးဟု ခေါ်ရခြင်းဖြစ်၏။ နန်ဆန်ယန်သို့ မြစ်ကြီးနား၊ ဝိုင်းမော်နှင့် ဗန်းမော်၊ မြို့သစ် စစ်မျက်နှာ နှစ်ဖက်မှ စစ်ကောင်စီတပ် စစ်ကြောင်းများ ထိုးဖောက်ရန် ကြိုးစားသည်ကို တွေ့ရ၏။ မြစ်ကြီးနား၊ ဗန်းမော်ကားလမ်းလည်း အရပ်သားများ အသုံးပြု၍ မရတော့ပေ။ နန်ဆန်ယန်တိုက်ပွဲမှ စစ်ရေးအရ အောက်ပါအချက်များကို တွေ့ရ၏။

ပထမဦးစွာ တွေ့ရသည့်အချက်မှာ နန်ဆန်ယန်တိုက်ပွဲတွင် စစ်တပ်သည် တပ်အင်အား အလုံအလောက် မသုံးနိုင်ပေ။ မပခ နယ်မြေအတွင်းရှိ တိုင်းတပ်၊ စကခ ၃၊ စကခ ၂၁၊ တပ်မ ၈၈ တို့မှ တပ်များအား ထုတ်နုတ်၍ စုပေါင်းစပ်ပေါင်း ထိုးစစ်ဆင်နေရခြင်း ဖြစ်၏။

လက်ရှိ မပခ စစ်တိုင်းဌာနချုပ် နယ်‌မြေအတွင်း စစ်တပ်၏ ခြေလျင်ခြေမြန် တပ်ရင်း ၇၀ ခန့်သာ ရှိ၏။ ၂၀၁၇၊ ၂၀၁၈ ကချင်ပြည်နယ် စစ်ဆင်ရေးကာလက တပ်ရင်း ၁၀၀ ကျော် အသုံးပြုနိုင်ခဲ့သည်နှင့် ကွာခြားသည်။ လက်ရှိတွင် အခြားစစ်တိုင်းများမှ တပ်များ ယခုတိုင် ထပ်ဖြည့်နိုင်ခြင်း မရှိပေ။ လောလောဆယ် အပစ်ရပ်ထားသော ရခိုင်ပြည်နယ်မှ တပ်အချို့အား ထပ်မံထုတ်နုတ်၍ အင်အားဖြည့်တင်းမည်ဟု လေသံပစ်နေသော်လည်း ယခုအထိ ဖြည့်တင်းနိုင်သည်ကို မတွေ့ရသေးပေ။

လက်ရှိ နန်ဆန်ယန် ထိုးစစ်တွင် စုစည်းထားသည့် တပ်များမှာ တပ်ပေါင်းစုံမှ ထုတ်နုတ်ထားသည်ဖြစ်ရာ ကွပ်ကဲမှု၊ ဟန်ချက်ညီမှုတွင် အားနည်းသည်။ လက်ရှိ စစ်အင်အားနှင့် ထိုးစစ်ဆင်ရန် မလုံလောက်ရာ စစ်တပ်သည် လိုင်ဇာကို ခြိမ်းခြောက်သည်မျှသာ ပြုလုပ်နိုင်သည်။

လက်ရှိ နန်ဆန်ယန် ထိုးစစ်တွင် စုစည်းထားသည့် တပ်များမှာ တပ်ပေါင်းစုံမှ ထုတ်နုတ်ထားသည်ဖြစ်ရာ ကွပ်ကဲမှု၊ ဟန်ချက်ညီမှုတွင် အားနည်းသည်။ လက်ရှိ စစ်အင်အားနှင့် ထိုးစစ်ဆင်ရန် မလုံလောက်ရာ စစ်တပ်သည် လိုင်ဇာကို ခြိမ်းခြောက်သည်မျှသာ ပြုလုပ်နိုင်သည်။

ဒုတိယအနေနှင့် လက်ရှိ နန်ဆန်ယန်တိုက်ပွဲတွင် စစ်တပ်အင်အားသည် လိုင်ဇာအား ခြိမ်းခြောက်ရန်သာ တတ်နိုင်သည့် အခြေအနေတွင် ရှိသော်လည်း အဘယ်ကြောင့် သုံးလခန့်အချိန်ဆွဲ၍ တိုက်ခိုက်နေသနည်းဟု မေးခွန်းပေါ်လာ၏။ နန်ဆန်ယန်၊ လိုင်ဇာဒေသသည် ၂၀၂၁ ခုနှစ် မတ်လ အလောဘွမ် တိုက်ပွဲပြီးကတည်းက ငြိမ်သက်နေသည့် ဒေသဖြစ်၏။

သို့သော် KIA သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်းဆောင်ရွက်နေ၏။ အညာဒေသမှ PDF များကို လေ့ကျင့် လက်နက်တပ်ဆင်ပေးနေသကဲ့သို့ စစ်ဆင်ရေးများတွင်လည်း ပါဝင်နေ၏။ လိုင်ဇာဌာနာချုပ် နယ်မြေတွင်လည်း လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ဝန်ထမ်းများစွာကို လက်ခံထား၏။ ထိုသို့သော အခြေအနေတွင် KIA နှင့် လိုင်ဇာဒေသအား ဖိအားပေးရန်၊ ခြိမ်းခြောက်နိုင်ရန် ဤစစ်ဆင်ရေးကို ပြုလုပ်သည်ဟု ဆိုရမည်။

ထို့ပြင် စစ်ကောင်စီတပ်သည် စစ်စရိတ်သုံးစွဲမှု၊ စစ်လက်နက်ခဲယမ်း သုံးစွဲမှုတွင် EAO များထက် သုံးစွဲနိုင်မှုကို အသာစီးရယူပြီး အချိန်ဆွဲတိုက်ပါက ရေရှည်တွင် ၎င်းတို့ အသာရနိုင်သည်၊ KIA အနေဖြင့် စစ်စရိတ်၊ လက်နက်ခဲယမ်း သုံးစွဲမှုတွင် ကြာကြာမခံနိုင်ဟု ယူဆပြီး ရေရှည်တိုက်ခိုက်ရန် ရည်ရွယ်ပုံရ၏။ ထို့ပြင် အခြားနေရာများတွင် စစ်ဆင်ရေးပြုလုပ်ပါက KIA တပ်များ ရှောင်သွားနိုင်သည်၊ လိုင်ဇာဌာနချုပ် နယ်မြေတွင်မူ KIA တို့ မလွှဲမရှောင်သာ ပြန်လည် ခုခံစစ်ဆင်နွှဲရမည်ဟု တွက်ဆပုံရ၏။

RelatedPosts

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
3.3k
လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

8 January 2026
112
ကျောက်ဖြူတိုက်ပွဲဧရိယာ ပိုမိုကျယ်ပြန့်လာ

ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

7 January 2026
1.6k

သို့သော် KIA က ခံစစ်သေဖြင့် ရင်ဆိုင်ခြင်းမပြု။ ခံစစ်ရှင်ဖြင့် ရင်ဆိုင်သည်။ ခံစစ်ရှင်ဆိုသည်က ခံစစ်သေကဲ့သို့ ကတုတ်ကျင်းထဲထိုင်ပြီး ထိုးလာသည့် ရန်သူကို ရင်ဆိုင်သည် မဟုတ်ပေ။ ထိုးစစ်ဆင်လာသည့် ရန်သူကို ဖြတ်တောက် တိုက်ခိုက်ခြင်း၊ ၎င်းတို့အခြေပြုရာ စခန်းငယ်များကိုပင် ပြန်လည်သိမ်းပိုက်ခြင်း၊ လစ်ဟာနေသော ရန်သူ့နောက်တန်း နေရာများကို တိုက်ခိုက်ခြင်းတို့ ပါဝင်၏။ ခံစစ်ရှင်ဆိုသည်မှာ တက်ကြွသော ခံစစ်ဖြစ်သကဲ့သို့ ခံစစ်ထဲက ထိုးစစ်ဖြစ်၏။ ရန်သူလုပ်သမျှ ငြိမ်ခံမနေဘဲ မိမိစိတ်တိုင်းကျ ပြန်လည် စစ်ကစားခြင်းဖြစ်၏။

KIA တပ်များသည် နယ်မြေကျွမ်းကျင်ကြ၏။ ထိုးစစ်ဆင်ရန် တက်လာသည့် စစ်ကြောင်းများကို ကြားဖြတ် တိုက်ခိုက်ရုံသာမက နန်ဆန်ယန်အနီးမှ စခန်းအချို့ကိုပင် ပြန်လည် တိုက်ခိုက်သိမ်းပိုက်ပြီး တက်ကြွသည့် ခံစစ်ရှင်ကို ဆင်နွှဲနေရာ စစ်ကောင်စီတပ် ထင်တိုင်းမပေါက်ပေ။ ထို့ပြင် အထူးသတိပြုရမည့် အချက်မှာ ထိုသို့ အချိန်ကြာမြင့်သည့် ခံစစ်ရှင်ဆင်နွှဲနိုင်ရန်အတွက် KIA သည် လုံလောက်သော စစ်အင်အားနှင့် လက်နက်ခဲယမ်း ပြင်ဆင်ထားနိုင်သည့်အချက် ဖြစ်၏။ ဤသည်မှာ နန်ဆန်ယန်တိုက်ပွဲအတွင်း KIA ၏ အားသာချက်ဖြစ်၏။

KIA တပ်များသည် နယ်မြေကျွမ်းကျင်ကြ၏။ ထိုးစစ်ဆင်ရန် တက်လာသည့် စစ်ကြောင်းများကို ကြားဖြတ် တိုက်ခိုက်ရုံသာမက နန်ဆန်ယန်အနီးမှ စခန်းအချို့ကိုပင် ပြန်လည် တိုက်ခိုက်သိမ်းပိုက်ပြီး တက်ကြွသည့် ခံစစ်ရှင်ကို ဆင်နွှဲနေရာ စစ်ကောင်စီတပ် ထင်တိုင်းမပေါက်ပေ။

တတိယအနေနှင့် စစ်ကောင်စီတပ်သည် လေကြောင်းပစ်ကူ အားသာချက်ရှိသည်။ သို့သော် နန်ဆန်ယန် ဘက်ခြမ်းတွင် လေကြောင်းပစ်ကူ အပြည့်အဝ ပေးနိုင်သော်လည်း နန်ဆန်ယန်နှင့် လိုင်ဇာကြား၊ လိုင်ဇာဘက်ခြမ်းတို့တွင် တရုတ်နယ်စပ်နှင့် နီးသဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရန် အကန့်အသတ်ရှိပြီး လေကြောင်းပစ်ကူ ပြုလုပ်ခြင်း မတွေ့ရပေ။

စတုတ္ထအနေနှင့် စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် စစ်သည်ပို့ဆောင်ခြင်း၊ ရိက္ခာ၊ လက်နက်ခဲယမ်း ပို့ဆောင်ခြင်းတို့အား အရေးပေါ် အခြေအနေတွင် တပ်အင်အား အနည်းငယ်အတွက်သာ ပြုလုပ်နိုင်သည်။ ပုံမှန်စစ်ဆင်ရေးတွင် တပ်အင်အား အများအပြားအတွက် ပြုလုပ်နိုင်ခြင်း မရှိသည်ကို တွေ့ရ၏။

လက်ရှိ ဗန်းမော်၊ နန်ဆန်ယန်ဒေသသို့ ရိက္ခာ၊ ခဲယမ်းပို့ဆောင်ရန် ဗန်းမော်သို့ လေယာဉ်ဖြင့်၊ ဗန်းမော်မှ နန်ဆန်ယန်သို့ ရဟတ်ယဉ်ဖြင့် ပို့ဆောင်နိုင်ခြင်း မရှိပေ။ မန္တလေး – မြစ်ကြီးနား ရထားလမ်းလည်း လည်ပတ်နိုင်ခြင်း မရှိသဖြင့် မန္တလေး၊ ဗန်းမော် ဧရာဝတီမြစ်ကြောင်းဖြင့် ပို့ဆောင်နေရရာ လမ်းကြောင်းတလျှောက် တိုက်ခိုက်ခံနေရပြီး အချိန်ကြာမြင့်သည်ကို တွေ့ရ၏။

သို့ဖြစ်ရာ စစ်တပ်၏ ထောက်ပို့လမ်းကြောင်းသည် သမားရိုးကျအဆင့်က မတက်သေးဘဲ အချိန်ကြန့်ကြာခြင်း၊ ဖြတ်တောက် တိုက်ခိုက်နိုင်ခြင်း စသည့် အားနည်းချက်များ ရှိသည်ကို တွေ့ရ၏။

ပဉ္စမအနေနှင့် မပခ တိုင်းအတွင်းမှ တပ်များကို ထုတ်နုတ်စစ်ဆင်ရေး ပြုလုပ်ရသည်ဖြစ်ရာ အခြားနေရာများတွင် ဟာကွက် အားနည်းချက်များ ပေါ်လာသည်ကို တွေ့ရ၏။ သို့ဖြစ်ရာ ဩဂုတ်လအတွင်း ဖားကန့်ဒေသတွင် KIA မှ စခန်းသိမ်းတိုက်ပွဲများ တိုက်နိုင်သကဲ့သို့ စက်တင်ဘာလတွင်လည်း ဆွမ်ပရာဘွမ် လမ်းကြောင်းတွင် စခန်းသိမ်းတိုက်ပွဲများ တိုက်နိုင်သည်ကို တွေ့ရ၏။

ကချင်ပြည်နယ်၊ မိုင်ဂျာယန် မြို့နယ်တွင် လှုပ်ရှားနေသည့် KIA တပ်ဖွဲ့များ (ဓာတ်ပုံ – ဧရာဝတီ)

ဤအားနည်းချက်ကို တပ်အင်အား မလုံလောက်သည့် စစ်ကောင်စီတပ် ရှောင်လွှဲရန် မဖြစ်နိုင်ဘဲ KIA အနေနှင့် ကချင်ပြည်နယ် အခြားဒေသများတွင် အခွင့်အခါကောင်း ရယူနိုင်သည် အခွင့်အလမ်းရှိ၏။

ဆဋ္ဌမအချက်အနေနှင့် နန်ဆန်ယန် တိုက်ပွဲကာလအတွင်း စစ်တပ်၏ အားနည်းချက်အနေဖြင့် တိုင်းမှူး၊ တပ်မမှူး၊ စစ်ဦးစီးမှူးများ အရေးယူခံရခြင်း၊ ကစထမှူး အလဲခံရခြင်းများရှိပြီး တည်ငြိမ်မှု မရှိပေ။

စစ်တပ်၏ တိုက်ရည်ခိုက်ရည် ကျဆင်း‌နေသည်ကို တွေ့ရသည့်အပြင် အောက်ခြေတပ်မှူးများ၏ ဖြတ်ထိုးဉာဏ်ဖြင့် စွမ်းဆောင်နိုင်စွမ်းမှာလည်း မယ်မယ်ရရ ပြစရာမရှိပေ။

သို့သော် စစ်တပ်၏ အားသာချက်မှာ အောင်ပွဲမယ်မယ်ရရ ပြစရာမရှိသော်လည်း အောက်ခြေတပ်ရင်းများကို စစ်မြေပြင်သို့ ချီတက်စေလွှတ် တိုက်ပွဲဝင်စေနိုင်သည့် စည်းရုံးရေးပုံစံနှင့် အမိန့်ပေးစနစ်ကို နာခံစေနိုင်သည့် အားသာချက် ရှိနေသေးသည်ကို သတိပြုရန် လိုအပ်၏။

လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူကို လိုအပ်ပါက ကောင်းစွာအသုံးပြုနိုင်သည့် အားသာချက်ရှိသည်ကို တွေ့ရသည်။ ထို့ပြင် စစ်တပ်သည် လူထုအား အကြောက်တရား သွင်းနိုင်ရန်အတွက် အရပ်သားပစ်မှတ်များကို ပြင်းထန် ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်သည်ကို သတိပြုရန် လိုအပ်ပါသည်။

စစ်တပ်၏ အားသာချက်မှာ အောင်ပွဲမယ်မယ်ရရ ပြစရာမရှိသော်လည်း အောက်ခြေတပ်ရင်းများကို စစ်မြေပြင်သို့ ချီတက်စေလွှတ် တိုက်ပွဲဝင်စေနိုင်သည့် စည်းရုံးရေးပုံစံနှင့် အမိန့်ပေးစနစ်ကို နာခံစေနိုင်သည့် အားသာချက် ရှိနေသေးသည်ကို သတိပြုရန် လိုအပ်၏။

သုံးလခန့် ကြာမြင့်ခဲ့ပြီးဖြစ်သည့် ကချင်စစ်မြေပြင်မှ နန်ဆန်ယန်တိုက်ပွဲကြီးအတွင်း စက်တင်ဘာလအတွင်း၌ အကျအဆုံးစာရင်းများကို အတည်ပြုနိုင်ရန် ခက်ခဲသော်လည်း KIA နှင့် KPDF များဘက်က ဟောင်းပါးတိုက်ပွဲမှအပ ကျန်တိုက်ပွဲများတွင် အသာရသည်ကို တွေ့ရ၏။

စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိသည်ကို တွေ့ရ၏။ နန်ဆန်ယန် တိုက်ပွဲအတွင်း စစ်တပ်သည် ထိုးစစ်ဆင်နေသည် ဆိုသော်လည်း KIA ၏ ခံစစ်ရှင်ဖြင့် တုန့်ပြန်မှုကြောင့် အထိနာနေသည်ကို တွေ့ရ၏။

အချိန်ဆွဲတိုက်ပါက စစ်အသုံးစရိတ်နှင့် လက်နက်ခဲယမ်း သုံးစွဲမှုတွင် စစ်တပ် အသာရနိုင်သည်ဟု တွက်ဆထားသော်လည်း စစ်သည်အင်အား နည်းပါး၍ မလုံလောက်သည့်အပြင် တိုက်စိတ်ခိုက်စိတ်နှင့် တိုက်ရည်ခိုက်ရည် နိမ့်ပါးနေသည့် စစ်ကောင်စီတပ်သည် အချိန်ကြာကြာ အနားမရဘဲ ထိခိုက်ဆုံးရှုံးမှုများ များပြားလာ၍ စိတ်ဓာတ်ကျဆင်းလာသည့် အားနည်းချက် ပြန်ဖြစ်လာသည်ကို တွေ့ရ၏။

နန်ဆန်ယန်တိုက်ပွဲသည် မြန်မာပြည် ပြည်တွင်းစစ်အတွင်း သွေးမြေကျခံပြီး တိုက်ပွဲဝင်‌နေကြသည့် တိုက်ပွဲများစွာထဲမှသည့် တိုက်ပွဲကြီးတပွဲ ဖြစ်၏။ တခုချင်းအရ၊ တိုက်ပွဲတပွဲချင်းအရ ခံစစ်ရှင်ဖြင့် စစ်တပ်ကို ပြန်လည် တိုက်ခိုက်သည့်အပြင် ကချင်စစ်မျက်နှာ တခုလုံးအရ စစ်ကောင်စီတပ် ခံစစ် လစ်ဟာသည့်နေရာများကို ထိုးနှက်တိုက်ခိုက်ပြီး အောင်ပွဲများ ရယူနေဆဲဖြစ်သည့်၊ ကြံ့ကြံ့ခံ တိုက်ပွဲဝင်နေဆဲဖြစ်သည့် တိုက်ပွဲကြီးတပွဲ ဖြစ်၏။

ဘဏ္ဍာရေးအင်အား၊ စစ်လက်နက် ခဲယမ်းမီးကျောက် အင်အား သာလွန်သည့် စစ်တပ်၏ လုပ်လေ့လုပ်ထရှိသော စစ်ဆင်ရေးပုံစံများကို နန်ဆန်ယန် တိုက်ပွဲကြီးအပါအဝင် ပြည်တွင်းစစ် တိုက်ပွဲအတွေ့အကြုံများမှ ကောင်းစွာ စေ့ငုသုံးသပ်နိုင်ကြပြီး ရင်ဆိုင်ကြရန် လိုအပ်ပေသည်။ ကျွန်ုပ်တို့သည် ရက်စက်ကြမ်းကြုတ်သည့် စစ်မြေပြင်မှပင် စစ်ပညာကို သင်ယူကြရမည် ဖြစ်၏။

(မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

စစ်ကောင်စီက မြစ်ကြီးနား-ဗန်းမော် လမ်းကြောင်းကို စစ်ဆင်ရေးလုပ်နေ

စစ်ရေးသတိရှိကြရန် လိုင်ဇာလူထုကို KIA သတိပေး

KIA နှင့် TNLA ထိပ်သီးတွေ ဘာကြောင့် တွေ့ဆုံဆွေးနွေးတာလဲ

စစ်ကောင်စီ သက်ဆိုးမရှည်တော့ဟု KIA ဗိုလ်ချုပ် ပြော

ကချင်စစ်မျက်နှာကို မျှော်ကြည့်ခြင်း

Your Thoughts …
Tags: CDMEAOKIAKPDFNUGPDFSliderSNAတပ်အင်အားမြောက်ပိုင်းတိုင်းစစ်ဌာချုပ်ရှမ်းနီအမျိုးသားများတပ်မတော်လက်နက်ကြီးပစ်ကူလက်နက်ခဲယမ်းလိုင်ဇာလေကြောင်းပစ်ကူ
မိုးစက်ငြိမ်းချမ်း

မိုးစက်ငြိမ်းချမ်း

မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ရာဇဝတ်ဂိုဏ်းများ ဖမ်းဆီးနိုင်ရေး ဘူးသီးတောင်၌ AA ပိတ်ဆို့စစ်ဆေး

ရာဇဝတ်ဂိုဏ်းများ ဖမ်းဆီးနိုင်ရေး ဘူးသီးတောင်၌ AA ပိတ်ဆို့စစ်ဆေး

အွန်လိုင်းဈေးရောင်းသူများ အောက်တိုဘာ ၂ ရက်မှစ၍ မှတ်ပုံတင်ရမည်

အွန်လိုင်းဈေးရောင်းသူများ အောက်တိုဘာ ၂ ရက်မှစ၍ မှတ်ပုံတင်ရမည်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved